Internet for Myanmar : Powered by KK

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်

ဟန်ဆောင်မှုတွေနဲ့ သူ့ရဲ့ဘဝကို ချုပ်ကိုင်ဖို့
မကြိုးစားပါနဲ့…ရိုးသားမှုတွေနဲ့ ကိုယ့်ရဲ့အချစ်ကို
ဖော်ပြပေးပါ

အနိုင်ယူမှုတွေနဲ့ပဲ သူ့အပေါ် ချစ်နေသွားဖို့
မစဉ်းစားလိုက်ပါနဲ့…ကိုယ့်ဘက်ကလဲ နားလည်မှု
လေးတွေနဲ့ခွင့်လွှတ်ပေးတတ်အောင် ကြိုးစားပါ

သူ့ရဲ့ ပေးဆပ်ခြင်းတွေကို ရယူနေဖို့
မတွေးလိုက်ပါနဲ့…ကိုယ့်ဘက်ကလဲ သူ့အပေါ်
ပေးဆပ်မှုလေးတွေ ရှိအောင် ဖန်တီးပေးပါ

သူ့ဆီကပဲ သစ္စာရှိခြင်းတွေကို မျှော်လင့်မနေပါနဲ့
ကိုယ့်ဘက်လဲ သူ့အတွက် စစ်မှန်တဲ့ အချစ်စစ်တွေ
ဖြစ်ဖို့ သူ့ကို တန်ဖိုးထားပေးတတ်ပါစေ

တစ်ချို့ချစ်ခြင်းတွေက…အရမ်းချစ်တယ်ဆိုပေမဲ့
ကိုယ်ချစ်တဲ့သူအပေါ် နာကျင်မှုတွေပဲ ပေးနေသလို
ဖြစ်နေတတ်လွန်းလို့ပါ

Credit : Khin Myo Aye

www.internetformm.com

Member ၀င်ရန်