Internet for Myanmar : Powered by KK

Showing posts with label The Voice Journal. Show all posts
Showing posts with label The Voice Journal. Show all posts

★★ The Voice Weekly Vol.10/No.18 ★★


အပတ်စဉ်ထုတ်  The Voice Weekly ဂျာနယ်ကိုဖတ်ရှု့ကြတဲ့ ပြည်တွင်း ၊ ပြည်ပ သူငယ်ချင်းများအတွက်  Vol.10/No.18 ကို Full Screen အဖြစ်တိုက်ရိုက် ဖတ်ရှု့နိုင်ပြီး ၊ ညာဘက်ထောင့် အပေါ်တွင်ဒေါင်းလော့စ် ကိုနှိပ်ခြင်းဒေါင်းလော့စ်ရယူနိုင်ပါသည်....


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 

Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။




★★နည်းပညာမြို့တော်★★
 

တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရေပြင်တွင် အပြန်အလှန်ပစ်ခတ်

တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရေပြင်တွင် အပြန်အလှန်ပစ်ခတ်







နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသော မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် တနင်္လာနေ့က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက် ရှိသော မြောက်ကိုရီးယားက တောင်ကိုရီးယား ရေပြင်ပိုင်နက် အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်သည်ကို တုံ့ပြန်သည့်အနေနှင့် တောင်ကိုရီးယားက ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားသည်။
“မြောက်ကိုရီးယားက ပစ်တဲ့ လက်နက်ကျည်တွေ ကျွန်တော်တို့ ပိုင်နက်ထဲကို ကျလာတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပါတယ်” ဟု တောင်ကိုရီးယားပူးတွဲ ကာကွယ်ရေးဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
ယင်းသို့ အပြန်အလှန် ပစ်ခတ်ရာတွင် မည်သည့်ပစ်မှတ်ကို ပစ်ခတ်ခဲ့ကြောင်းကိုမူ နှစ်ဖက်စလုံးက ပြောကြားခြင်း မရှိပေ။ တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရှိ တောင်ကိုရီးယား Baengnyeong ကျွန်းနေ ပြည်သူများကို ကြိုတင် ကာကွယ်သည့်အနေနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလိုက်ကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
မြောက်ကိုရီးယားသည် ပုံစံသစ် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆိုအပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ အနောက်ဘက်တွင် ရှိသော ပင်လယ်ဝါရှိ နယ်စပ်ဧရိယာသည် ယခင် အတိတ်ကာလတုန်းကလည်း နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားလေ့ရှိသော နေရာတစ်ခု ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားသည် နှစ်နိုင်ငံ နယ်စပ်အနီးရှိ တောင်ကိုရီးယား ကျွန်းတစ်ကျွန်းပေါ်သို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူလေးဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားမည့် အရေးအတွက် စိုးရိမ်ခဲ့ရသည်။
မြောက်ကိုရီးယားသည် ယခင်က ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများကို ကြိုတင် အသိပေးခြင်း မရှိဘဲ ပြုလုပ်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ကြိုတင် အသိပေးမှု ပြုလုပ်ခြင်းသည် မြောက်ကိုရီးယား၏ ရန်လိုသော ရည်ရွယ်ချက်ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝီယောင်ဆောက်က ပြောကြားသည်။ မြောက်ကိုရီးယားသည် လက်ရှိ ပြုလုပ်လျက်ရှိသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေနှင့် လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုနှင့် တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည်များကို ပစ်ခတ် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်သင်္ကြန် လုံခြုံရေး အဆင့်မြှင့်မည်ဟု လုံခြုံရေးဝန်ကြီးဆို

ရန်ကုန်သင်္ကြန် လုံခြုံရေး အဆင့်မြှင့်မည်ဟု လုံခြုံရေးဝန်ကြီးဆိုဗုံးပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့သည့် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလတွင် လုံခြုံရေးအဆင့်မြှင့်ကာ ချထားပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
သင်္ကြန်ကာလတွင် လုံခြုံရေးကို ကော်မတီ ဖွဲ့စည်းပြီး တာဝန်ပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မဏ္ဍပ်များတွင်လည်း မဏ္ဍပ်နေရာချ ထားရေး ကော်မတီနှင့် လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ မဏ္ဍပ်ကြီးများတွင် လုံခြုံရေးကင်မရာ ငါးလုံး၊ လုံခြုံရေး ဝန်ထမ်း ၁၅ ဦး၊ မဏ္ဍပ် အလတ်တွင် လုံခြုံရေး ကင်မရာ လေးလုံး၊ လုံခြုံရေးဝန်ထမ်း ၁၀ ဦးစီ ထားပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်ပြီး အသက် ကယ်ဆယ်ရေး အရေးပေါ်ယာဉ်များ အသက်ကယ် မော်တော်ဘုတ်များ၊ သင်္ကြန်အတွင်း ပြဿနာ ဖြစ်ပွားပါက ဖြေရှင်းရန် အထူး တရားရုံးများ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောဆိုသည်။ ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ်၊ သာကေတမြို့နယ်နှင့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး အလုံမြို့နယ် ကမ်းနားလမ်းရှိ Wastern Park Ruby စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိခဲ့သည်။
ရန်ကုန်မြို့တော်တွင် ကျင်းပသော ၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် H2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့သည်။ ၂၀၁၃ ခုနှစ်က သင်္ကြန်ပွဲတော်တွင် မှုခင်းပေါင်း ၁၆၉ ဖြစ်ပွားခဲ့သည့်အနက် ယစ်မျိုးအမှု ၉၁ မှု ရှိပါကြောင်း၊ ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ယခုနှစ်အတွက် ပေတစ်ရာအထက် မဏ္ဍပ်ကြီး ၅၇ ခု ဖွင့်လှစ်ခွင့် ရရှိထားသည်။

Member ၀င်ရန်