Internet for Myanmar : Powered by KK

Google ရဲ့ Smart မျက်ကပ်မှန်ထီထွင်မှု

smartlens
Google ကတော သူရဲ့ Smart မျက်ကပ်မှန်စီမံကိန်းကို ဒီကနေ့ အတိအလင်း ပြောကြားလိုက်ပြီ ဖြစ်ပါသည်။ ဒါကတော့ အကြီးမားဆုံး နည်းပညာလောကကို ပစ်ခွင်းမှုတော့ မဟုတ်ပါဘူး။ 2011 လောက်တုန်းက အခုလက်ရှိ စီမံကိန်းကို လုပ်ကိုင်နေတဲ့ Google X နဲ့ ခဏတာအကျိုးတူပူးတွဲ ဆောင်ရွက်ခဲ့တဲ့ Mircrosoft သုတေသနလုပ်ငန်းနှင့် အခြားကုမ္ပဏီများလည်း ဒီ Smart မျက်ကပ်မှန်စီမံကိန်းကို လုပ်လာခဲ့တာတော့ ကြာခဲ့ပါပြီ။
Babak Parvis သည် Washington တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး Microsoft သုတေသနလုပ်ငန်းဖြင့် ပူးတွဲဆောင်ရွက်ခဲ့သူတစ်ယောက် ဖြစ်ပါသည်။ သူက Smart မျက်ကပ်မှန်စီမံကိန်းမှာ ပထမဆုံး အလုပ်လုပ်သူဖြစ်သည်။ ယနေ့မှာတော့ Google မှာ Google Glass နဲ့ Smart မျက်ကပ်မှန်စီမံကိန်းတွေမှာ ၀င်ရောက်အလုပ်လုပ်ကိုင်နေပြီ ဖြစ်ပေသည်။.
အောက်မှာတော့ 2011 တုန်းက Microsoftမှာ လုပ်ခဲ့တဲ့ Smart မျက်ကပ်မှန် Project တွေပဲ ဖြစ်တယ်။
ဒါကတော့ ကျွန်တော်တို့ရဲ့ ဈေးကွက်ထဲကိုတော့ ၀င်လာခဲ့ရင်တော့ အတော်ကို အကျိုးရှိတဲ့ Smart ပစ္စည်းလေးဖြစ်လာမှာပါ အသေချာပါပဲ။Sensimed Triggerfishလို့ခေါ်တဲ့ ရေတိမ်ခံစားနေရတဲ့ လူနာများကို ကုသဖို့အတွက် ကိုယ်ပိုင်အမှတ်ဖြင့်ထုတ်လုပ်ထားပြီး မျက်လုံးရဲ့ပြောင်းလဲမှုကို တိုင်းတာဖို့ Sensor ဖြင့် အသုံးပြုထားတဲ့ တစ်ခါသုံးမျက်ကပ်မှန်ကဲ့သို့ ဒီ Smart မျက်ကပ်မှန်က ရေတိမ်တွေရဲ့ပြောင်းလဲမှုကို တိုင်းတာနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီနည်းပညာက ဥရောပမှာ 2010 ကတည်းက စတင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် U.S မှာ ရောင်းချဖို့အတွက် FDA ခွင့်ပြုချက်မရသေးပါဘူး။
sensimed_lens
Google လိုပဲ Sweden နိုင်ငံမှာရှိတဲ့ Malmo တက္ကသိုလ်မှ မျက်ရည်ကျမှုအပေါ်မူတည်ပြီး ဆဲလ်ပြောင်းလဲမှုကို ဖြစ်စေနိုင်တဲ့ မျက်ကပ်မှန် Project တစ်ခုလည်းပဲ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
Tအမေရိကန်နိုင်ငံမှာရှိတဲ့ အခြားသောသုတေသနတွေနဲ့ ဒီလိုကဲ့သို့ လုပ်ကိုင်နေတဲ့ မထင်မရှားတွေလည်း ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဒါတွေအားလုံးက သိပ္ပံပညာတိုးတက်ဖို့ လမ်းကြောင်းများပင် ဖြစ်ပါသည်။ ခြားနားတဲ့အဖွဲ့တွေက မတူညီတဲ့ စိတ်ကူးသစ်တွေကို ဖြန့်ဝေပေးနေပြီ ဖြစ်ပေသည်။ Google ကတော့ ပထမဆုံး ထုတ်လုပ်သူတော့ မဟုတ်ပေမယ့် သူလည်းပဲ နည်းပညာပြန့်ပွားဖို့အတွက် ကြိုးစားနေကြတာပဲ မဟုတ်ပါလော..။
Ref-Techcrunch













www.internetformm.com

Member ၀င်ရန်