Internet for Myanmar : Powered by KK

Telenor က ကိုယ်ပိုင်အင်တာနက်လိုင်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးရန်ရှိ

Telenor_logo 




နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor က အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်ခုကို နိုင်ငံတကာ အင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုနေပြီဖြစ်ကြောင်း ယခုလ ပထမပတ်အတွင်းတွင် ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့၏ တရားဝင် အင်တာနက်စာမျက်နှာများပေါ်၌ ရေးသားဖော်ပြလာခဲ့ကြသည်။   Telenor Myanmar ကုမ္ပဏီသည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက်လိုင်း တစ်ခုကို  သီးသန့်တည်ဆောက်ရန်ရှိပြီး အဆင့်မြင့် အင်တာနက်ဝန်ဆောင်မှုကို ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာသို့ ပြောကြားခြင်းများ ရှိခဲ့သည်။   ယခုထွက်ပေါ်လာသည့် သတင်းများတွင် စင်ကာပူနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီမှဖြစ်သည့် TaTa မှ တစ်ဆင့် နိုင်ငံတကာ အင်တာနက်လိုင်းကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး ယင်းချိတ်ဆက်မှုသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်က စတင်ခဲ့သည့်ဟု အထက်ပါသတင်းများတွင် ဆက်လက်ဖော်ပြထားကြသည်။   Telenor Myanmar ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မမှီခိုသည့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှုသည် မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်ဆောင်လိုက်သည့် အင်တာနက်ဆက်သွယ်မှုနှင့် ပတ်သက်ပြီး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု သိရသည်။




ref:Internet Journal

Member ၀င်ရန်