ကမ္ဘာကျော် King Kong ရုပ်ရှင်ထဲက လူဝံကြီး တက်တဲ့ တိုက်ကို သိကြမယ် ထင်ပါတယ်။ Empire State Building ဆိုတာ ကမ္ဘာ ပေါ်မှာ အမြင့်ဆုံး တာဝါ ထိပ်တန်း စာရင်းထဲမှာ ပါဝင် နေပါတယ်။ သူဟာ ယနေ့တိုင်လည်း ရှိနေသေးပြီး အမေရိကန်ရဲ့ သမိုင်းဝင်တိုက်တစ်ခုလည်း ဖြစ်၊ ခေတ် အဆက်ဆက် ပြင်ဆင် လာတော့ ခေတ်မှီတဲ့ တိုက်ကြီး တစ်ခုလည်း ဖြစ်နေပါတယ်။
၁၉၂၉ ခုနှစ်က အမေရိကန် နယူးယောက်မှာ စတင် တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀ ပဲ ကုန်ကျခဲ့ ပါတယ်။ ယနေ့မှာ သူ့တန်ကြေး ကတော့ ကန်ဒေါ်လာ ၆၃၅ သန်း ရှိပါတယ်။ သူ့ရဲ့ အငှားစရိတ်က တစ်လကို အမေရိကန်ဒေါ်လာ ၁၀ သန်း ရှိပါတယ်။ အကယ်၍ အဲ့ဒီ တိုက်သာ အခြား နိုင်ငံ အသီးသီးက မြို့တွေမှာ ရှိရင် အငှားစရိတ် တစ်လကို ဘယ်လောက်ရှိတယ် ဆိုတာကို ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ တာဝါ အကြောင်းကို wiki မှာ ဝင်ရောက် ဖတ်ရှု ကြည့်နိုင် ပါတယ်။
မြန်မာပြည်မှသာ ရှိနေရင် ယင်း အဆောက်အအုံရဲ့ တစ်လ အငှားစရိတ်က အမေရိကန်ဒေါ်လာ ၃.၈ သန်းသာ ကုန်ကျမှာ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် နှစ်ဆန်းက တွက်ချက်ခဲ့ပေမယ့် ဒေါ်လာဈေးတက်လာတာကြောင့် ကန်ဒေါ်လာ ၄ သန်းနဲ့ ၅ သန်းကြားအထိ ကုန်ကျမှာ ဖြစ်ပါတယ်။ မြန်မာငွေ နဲ့ တွက်လိုက်ရင် တွက်လို့ မရလောက်အောင်ကို အင်မတန် များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ ရန်ကုန်က ဆာကူရာ တာဝါ တို့ထက်တောင် နှိုင်း ယှဉ် လို့ မရလောက်အောင် ကြီးမားတဲ့ ငွေကြေး ပမာဏ ဖြစ်ပါတယ်။ မြန်မာပြည်မှာ Empire State Building မရှိပေမယ့် အင်မတန် မြင့်မားတဲ့ တိုက်မျိုးတွေကို တည်ဆောက်လာပါပြီ။ အထူးသဖြင့် ရန်ကုန်မြို့မှာ ဖြစ်ပြီး အိမ်ခြံမြေ ဈေးကွက် အရှိန်အဟုန်နဲ့ မြင့်တက်လာတာကို တွေ့မြင်ရပါတယ်။ Golden City ဟာဆိုရင် လက်တလော လူသိများတဲ့ စီမံကိန်း တစ်ခုဖြစ်ပြီး အခြားအလားတူ အိမ်ခြံမြေများလည်း တိုးတက်လာနေပါတယ်။ ယင်းတို့ကို လေ့လာချင်ရင်တော့ iMyanmarHouse ဝဘ်ဆိုဒ်ထဲမှာ ဝင်ရောက် လေ့လာ ကြည့်နိုင်ပါတယ်။
