Internet for Myanmar : Powered by KK

Showing posts with label Firmware တင်နည်း. Show all posts
Showing posts with label Firmware တင်နည်း. Show all posts

Activation ကို ကျော်ခွ၍ iOS 7+ ကို သွင်းယူနည်း

iOS 7+ ကို သွင်းယူရာတွင် iCloud Password ကို မသိလို့ပဲဖြစ်ဖြစ်၊ မေ့သွားတာမျိုးပဲ ဖြစ်ဖြစ် Activation screen ကို Bypass ကျော်လွှားနိုင်မယ့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။

ယခု နည်းလမ်းလေးကို iDevice များအားလုံးတွင် အသုံးပြုနိုင်မည် မဟုတ်ပဲ "iPhone 4" တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်သေးပြီး iOS 4+, 5+, 6+, 7+ နှင့် UDID Register မရှိတဲ့ Beta Developer iOS version များမှာပါ အလုပ် လုပ်နိုင်ပါလိမ့်မယ်..

လုပ်ငန်းစဉ်အဆင့်များကို တစ်ဆင့်ခြင်း လိုက်နာလုပ်ဆောင်မည်ဆိုပါက မည်သူမဆို အခက်အခဲမရှိ လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဤနေရာတွင် WinScp ကို အတွေ့အကြုံရှိပြီး အသုံးပြုထားဖူးသူများ အနေနှင့် ပိုမိုလွယ်ကူနိုင်ပါလိမ့်မည်..

>> Download iCloudByPass_iPhone_4.rar

လုပ်ငန်းစဉ်များ မစတင်မီ Download လုပ်ထားသော "iCloudByPass_iPhone_4" Folder ထဲမှ WinScp, TinyUmbrella တို့ကို ဦးစွာပထမ PC တွင် Install လုပ်ပါ။

"SSH_ram_iPhone4.jar" နှင့် "SSH_ram_iPhone4_RevA.jar" တွင် "..RevA.jar" java file သည် iPhone 4 (8Gb) အတွက် သုံးရန်ဖြစ်ပါသည်..

>> လုပ်ငန်းစဉ်အဆင့်များ <<

အဆင့် ၁)
iPhone ကို PC နှင့် ချိပ်ဆက်မထားသေးပဲ "SSH_ram_iPhone4.jar" (သို့) "SSH_ram_iPhone4_RevA.jar" ကို Run ပါ။


အဆင့် ၂)
iPhone ကို PC နှင့် ချိပ်ဆက်၍ DFU mode ဝင်ပါ။
အောက်ဖော်ပြပါပုံအတိုင်း "Success!......" အစရှိသော အစိမ်းရောင် စာတန်းပေါ်လာသည်ထိ စောင့်နေပါ။


အဆင့် ၃)
iPhone တွင် Apple Logo နှင့် ဘားတန်းလေး ဖော်ပြပါပုံအတိုင်း ပေါ်လာပါမည်။


အဆင့် ၄)
PC မှ နေ၍ WinScp ကို Run ပြီး အောက်ပါအတိုင်း ဖြည့်စွက်ပါ။
  • Host name: localhost
  • Port number: 2022
  • User name: root
  • Password: alpine
ဟုပေးပြီး "Login" နှိပ်ပါ။


အဆင့် ၅)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကိုဖွင့်ပါ။
ထို့နောက် "mount.sh" ဟု ရိုက်ပြီး Execute လုပ်ပါ။


အဆင့် ၆)
"mnt1" folder ကို ရှာပါ (တိုက်ရိုက် မတွေ့လျှင် Back arrow နှင့် ရှာပါ)


အဆင့် ၇)
"mnt1 -> Applications -> Setup.app ကို မိမိ PC ၏ အခြားနေရာတစ်ခုတွင် Backup အဖြစ် Save လုပ်ပါ။
Save သိမ်းပြီးနောက် iPhone ထဲမှ "Setup.app" ကို Delete ဖျက်ပစ်ပါ။


အဆင့် ၈)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကို ပြန်ဖွင့်ပါ။
ထို့နောက် "halt" ဟု ရိုက်ပြီး Execute လုပ်ပါ။
ယခုအခါတွင် iPhone သည် Recover mode ပြောင်းသွားပါမည်။

အဆင့် ၉)
PC မှ TinyUmbrella ကို ဖွင့်၍ ဘယ်ဖက်ခြမ်းမှ မိမိ၏ iPhone ကိုရွေးပြီး "EXIT RECOVERY" နှင့် ထွက်လိုက်ပါ။


အဆင့် ၁၀)
iTunes နှင့် ချိပ်ဆက်ကာ iOS 7+ ကို Restore လုပ်နိုင်သွားပြီး iCloud Activation ကို အောင်မြင်စွာ ကျော်လွန်နိုင်သွားပါပြီ..

အားလုံးပဲ Activation ကို ချောမွေလွယ်ကူစွာ ဖြတ်ကျော်နိုင်ကြပါစေ.. Good Luck!!


Credit to : Camilo Rodrigues


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Samsung Galaxy Note 3 SM-N900 ကို အသစ်ထွက်လာတဲ့ Android Version 4.4.2 Kitkat Official Firmware တင်နည်း

8.volume up ဖြင့်သွားပြီး Continue ကိုရွေးချယ်လိုက်လျှင် အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ်။

9. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)

10.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmwareဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။

11.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmware တင်လို့ ပြီးသွားပါပြီ။
12.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logoမှာရပ်နေရင် ဖုန်းရဲ့ Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။

13.အပေါ်ကအတိုင်းမှ ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Key သုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Volume ခလုတ်များဖြင့် အပေါ်အောက် ရွေ့ပြီး Wide Data/Factory Reset ကို Power key ဖြင့် ရွေးလိုက်ပါ။ Factory Reset တကြိမ်ချပြီးပြီဆိုရင်တော့ အောက်က ပုံအတိုင်းပြန်ပေါ်လာရင်Reboot system now ကိုရွေးချယ်ပြီး ဖုန်းကို Restart ချလိုက်ပါ။

14.ဖုန်းက Power ပြန်တတ်လာရင်တော့ သင့်ရဲ့ Note 3 မှာ Officail  Android 4.4.2Kitkat ဖြင့် လန်းနိုင်ပါပြီ။ အားလုံးအဆင်ပြေပါစေ........


Logo ကနေ ဆက်မတက်တော့တဲ့ Sony Experia Arc S LT18i ကို Original Firmware ပြန်တင်ပြီး Root လုပ်နည်း



ဒီနေ့ ကျွန်တော့်ဆရာက သူ့တပည့် ဘယ်လောက်လေ့လာထားပြီးပြီလဲ စမ်းသပ်တာလား၊ သူတကယ်ပဲ မအားလို့လားတော့ မသိဘူး.. Power ဖွင့်လိုက်ရင် Ericsson ဆိုတဲ့ စာကနေ ဆက်မတက်တော့ဘဲ ခဏခဏ ပြန်တက်လိုက်ကျလိုက်ဖြစ်နေတဲ့ Sony Experia Arc S LT18i တစ်လုံးကို Original Firmware တင်ပြီး Root ထားပါအုံး. မအားလို့ပဲတဲ့..

ကျွန်တော်လည်း တော်တော် ခေါင်းခြောက်သွားတာအမှန်ပါ.. ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ဝယ်ထားတာ ၂ ရက်ပဲရှိသေးတဲ့ မျက်မှန်တောင် ပါဝါ ထပ်တောင်းလာသလိုပဲ..

နောက်ဆုံး နည်းတစ်ခုတွေ့ပါတယ်.. ဒီနည်းကတော့ Developer ဆရာကြီးများ ရေးတဲ့http://blog.myanmarmobileusers.com မှာဖြစ်ပါတယ်.. ဆရာတွေ ရေးတဲ့နည်းကို နားလည်အောင်ကြည့်၊ အကြိမ်ကြိမ်လုပ်ရင်း Original Firmware 2.3.4 ကို အောင်မြင်စွာ ပြန်တင်နိုင်ခဲ့ပါတယ်..

ကျွန်တော်လုပ်တဲ့နည်းကို ပြောပြပါမယ်..
1. ပထမဆုံး လိုအပ်တဲ့ ဖိုင် (၂) ခုကို ဒေါင်းပါမယ်..
2. ရပြီဆိုရင် Flash Tool ကို Run ပါ.. ပြီးသွားပြီဆိုရင်တော့ C:\Flashtool ဆိုတဲ့ Folder ထဲက Drivers ဆိုတဲ့ Folder အောက်မှာ Flashtool-drivers.exe ကို Run လိုက်ပါ.. ဘောက် ၂ ခု ပေါ်လာပြီး တစ်လှည့်စီနှိပ်ရင်း Next နဲ့ Install Drivers Anyway ကိုပါ ပေါ်လာတိုင်း တစ်လှည့်စီနှိပ်ပေးပါ.. နောက်ဆုံးမှာ Next နှိပ်ပြီး အဆုံးသတ်ပါတယ်..
3. ဒေါင်းထားတဲ့ Firmware ဖိုင်ကို ဖြည်လိုက်ရင် Xperia Arc (LT18i)_4.0.2.A.0.42_CE.ftf ရလာပါတယ်.. အဲဒီဖိုင်ကို C: အောက်က Flashtool ဆိုတဲ့ Folder ထဲက Firmwares ဆိုတဲ့ Folder ထဲကို ထည့်ပေးပါ..

4. ပြီးရင် C: အောက်က Flashtool ဆိုတဲ့ Folder ထဲမှာ FlashTool.exe ကို Run ပါ.. ( 64bit သမားက FlashTool64.exe ကို Run ပါ )
5. ပေါ်လာတဲ့အကွက်ထဲက ဘယ်ဘက်အပေါ်ထောင့်မှာ မိုးကြိုးပုံ Flash ကိုနှိပ်ပါ..


6. ထပ်ပေါ်လာတဲ့ထဲမှာ Flashmode ကိုရွေးပြီး OK ကိုနှိပ်ပါ။
7. ပေါ်လာတဲ့အကွက်ထဲက ဘယ်ဘက်မှာ ခုနက ထည့်ထားပေးတဲ့ Xperia Arc (LT18i) 4.0.2.A.0.42 ကိုရွေးပါ။ ညာဘက်က Wipe ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့
Wipe data
Wipe cache
Wipe apps log နဲ့ Misc ခေါင်းစဉ်အောက်က
No Final Verification ကို အမှန်ခြစ်ပေးပါ။ ပြီးရင် OK ကိုနှိပ်ပါ။
 8. ခဏကြာရင် ဖုန်းရဲ့ Back Key ကိုနှိပ်ပြီး ကွန်ပျူတာနဲ့ချိတ် ဖို့ ပြောပါတယ်.. ဖုန်းကိုပါဝါပိတ်ပြီး Back Key ကိုဖိထားပြီး ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ.. အလုပ်လုပ်နေစဉ်အတွင်း တောက်လျှောက် ဖိထားရမှာဖြစ်ပါတယ်..
9. ဒါဆို Flash လုပ်နေပါပြီ.. ပြီးတဲ့အချိန် Flash မှာ error ပေါ်ရင်လည်း စိတ်မပူပါနဲ့. ပိတ်ပစ်လိုက်ပါ..  ပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ..


ပြန်တက်လာချိန်မှာတော့ Original Firmware လေးနဲ့ လှပနေတာကို တွေ့မြင်ရမှာပါ..

------
Root လုပ်ခြင်း
1. ဖုန်းမှာ USB Debugging Mode နဲ့ Unknown Source ကို On ပေးပါ.. မသိရင် ဒီမှာ ကြည့်ပါ..
2. အောက်ကလင့်မှာ Root Tool ကို ဒေါင်းပါ..
3. ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ Root Tool ကိုဖြည်ပါ.. ပြီးရင် Runme.bat ကို Run လိုက်ပါ.. ကြိုက်တဲ့ကီးတစ်ခု ရိုက်ထည့်ပေးလိုက်ပါ.. Root နေပါပြီ. ခဏအကြာမှာ Root ပြီးသွားမှာဖြစ်ပါတယ်.. 
မြန်မာစာနဲ့ ကီးဘုတ်ကိုတော့ အောက်က လင့်မှာ ဒေါင်းပါ.. ကျွန်တော်ကတော့ thuria Zawgyi Installer ကိုသုံးပြီး ကီးဘုတ်ကိုတော့ thuria MyanKey ကိုသုံးပါတယ်..
ပထမဆုံး Apk ကို Install လုပ်ခြင်း..
ဒီကောင်က သူ့မှာ File Explorer ပါမလာဘူးဗျ.. ဒီတော့ အထဲက App ကို Install လုပ်ဖို့ အဆင်မပြေဘူး.. ဒီတော့ File Explorer တစ်ခု အရင် တင်ရမယ်.. အဲဒါကို ဒီအတိုင်းတင်မရတော့ ကွန်ပျူတာနဲ့ ADB သုံးပြီး တင်ပေးရပါမယ်..

1. အောက်ကလင့်မှာ ADB Installer ကိုဒေါင်းလိုက်ပါ..
2. ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ပြီး ကွန်ပျူတာနဲ့ ချိတ်ပါ..
3. ဒေါင်းထားတဲ့ ADB Installer ကို ဖြည်လိုက်ပါ.. Folder ထဲကို ဝင်ပြီး Shift ကီး ဖိထားရင်း ညာကလစ်နှိပ်ပါ.. ပေါ်လာတဲ့ Popup Menu မှာ Open command with window here ကိုရွေးပါ..
4. CMD အမဲရောင်ကြီး ပေါ်လာမှာဖြစ်ပြီး အောက်က စာလေးအတိုင်း ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ.. Space ခြားတာတွေ စာလုံးတွေ မှန်အောင်ရိုက်နှော်..

adb install xplore.apk 

ပြီးသွားရင် ပိတ်ပစ်လိုက်ပါ..
ဖုန်းမှာ ကြည့်လိုက်ပါ.. X-plore ဆိုပြီး File Explorer တစ်ခု ရောက်နေပါမယ်.. အဲဒါကိုနှိပ်ပြီး အပေါ်မှာ ဒေါင်းခဲ့တဲ့ font Installer နဲ့ ကီးဘုတ်ကို Install လုပ်နိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

SAMSUNG ဖုန်းများကို Firmware တင်နည်း 2 နည်း


  1. Multi Package Flashing
  2. Individual Package Flashing
(1) Multi Package Flashing

-Flashing မပြုလုပ်မည် မိမိ ကွန်ပြူတာတွင် run ထားသော Anti-virus Program အား Disable   
ပြုလုပ်ပေးရမည်။
-Flashing ပြုလုပ်မည့် Device မှ Data တို့အား Wondershare MobileGo (သို့မဟုတ်)အခြား Installer Program တစ်ခုခု အသုံးပြုကာ Backup လုပ်ထားပါက အသင့်တော်ဆုံးဖြစ်ပေလိမ့်မည်။
-ထို့နောက် မိမိ ဖုန်းနှင့်သင့်တော်သော Odin Version ကိုရွေးချယ် ပြီး မိမိ ကွန်ပြူတာတွင် Run as Administrator ဖြင့်ဖွင့်လိုက်ပါ။
-Samsung ဧ။် Latest brand တော်တော်များများကို Flash ရာတွင် Odim Version ၃.၀၄ ကိုရွေးချယ်လျှင်သင့်တော်သည်။
Download Link >> Odin3_v3.04
-Odim Program အား Run as Administrator ဖြင့်ဖွင့်ပြီးလျှင် အောက်ပါပုံအတိုင်းထည့်ပေးရမည်။



-Phone ကို Power Off လိုက်ပါ။
-ထိုနောက် Power buttom + Volume Down + Home Key တို့ကို ၁ပြိုင်တည်းနှိပ်လိုက်ပါ။
-ထို့နောက် Volume up နှိပ်ကာ Download mode သို့ဝင်လိုက်ပါ။
-ထိုအခါမှ မိမိ ဧ။် ဖုန်းကို ကွန်ပြူတာတွင် USB ကြိုးနှင့်စပ်လိုက်ပါ။
-ထိုအခါ Odinဧ။် Message box တွင် Added ဟူရ်ျ ပေါ်လာပါမည်။
-Flash စတင်လုပ်နိုင်ပြီဖြစ်သည်။
-Flash စတင်ပြုလုပ်နိင်ရန် Odin မှ Start ကို နှိပ်ကာ Firmware Flash နိုင်ပြီဖြစ်သည်။
-Odin တွင် Pass ဟူ့ ပြပါက Firmware Flash မှာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါသည်။
-ထို့နောက် ဖုန်းသည် Auto Restart လုပ်ပြီး Home Screen သို့ရောက်ရှိမည်ဖြစ်သည်။

(2) Individual Package Flashing

နံပါတ် (၁)လို Files များ အများကြီးပါမလာဘဲ ၁ File ထဲပါလာမည်ဖြစ်သည်။ထို ပါလာသော file ကို Odin ဧ။် PDA ဆိုသော နေရာတွင်သာထည့်၇န်လိုအပ်ပါသည်။ ထိုကဲ့သို့ထဲ့ပြီးပါက နံပါတ်(၁) အဆင့်များအတိုင်းဆက်လက်လုပ်ကိုင်နိုင်ပါသည်။


Ref : www.zwmnna.com

Member ၀င်ရန်