ဗုံးပေါက်ကွဲမှုများ
ဖြစ်ပွား ခဲ့သည့် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလတွင်
လုံခြုံရေးအဆင့်မြှင့်ကာ ချထားပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။သင်္ကြန်ကာလတွင် လုံခြုံရေးကို ကော်မတီ ဖွဲ့စည်းပြီး တာဝန်ပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မဏ္ဍပ်များတွင်လည်း မဏ္ဍပ်နေရာချ ထားရေး ကော်မတီနှင့် လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ မဏ္ဍပ်ကြီးများတွင် လုံခြုံရေးကင်မရာ ငါးလုံး၊ လုံခြုံရေး ဝန်ထမ်း ၁၅ ဦး၊ မဏ္ဍပ် အလတ်တွင် လုံခြုံရေး ကင်မရာ လေးလုံး၊ လုံခြုံရေးဝန်ထမ်း ၁၀ ဦးစီ ထားပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်ပြီး အသက် ကယ်ဆယ်ရေး အရေးပေါ်ယာဉ်များ အသက်ကယ် မော်တော်ဘုတ်များ၊ သင်္ကြန်အတွင်း ပြဿနာ ဖြစ်ပွားပါက ဖြေရှင်းရန် အထူး တရားရုံးများ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောဆိုသည်။ ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ်၊ သာကေတမြို့နယ်နှင့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး အလုံမြို့နယ် ကမ်းနားလမ်းရှိ Wastern Park Ruby စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိခဲ့သည်။
ရန်ကုန်မြို့တော်တွင် ကျင်းပသော ၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် H2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့သည်။ ၂၀၁၃ ခုနှစ်က သင်္ကြန်ပွဲတော်တွင် မှုခင်းပေါင်း ၁၆၉ ဖြစ်ပွားခဲ့သည့်အနက် ယစ်မျိုးအမှု ၉၁ မှု ရှိပါကြောင်း၊ ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ယခုနှစ်အတွက် ပေတစ်ရာအထက် မဏ္ဍပ်ကြီး ၅၇ ခု ဖွင့်လှစ်ခွင့် ရရှိထားသည်။
No comments:
Post a Comment