အဲဒီအမှတ်တရတစ်ခု ကတော့ သမီးရဲ့ဘဝမှာ လုံးဝမေ့လို့ မရနိုင်တဲ့ ငယ်ဘဝအမှတ်တရတစ် ခုပါ။ နောက်တစ်ခု ငယ်ဘဝအမှတ် တရဆိုရင် သမီးက လေးနှစ်အရွယ်နဲ့ ကျောင်းတက်ခဲ့ရတယ်။ ကျောင်းမှာ သူငယ်တန်းအနေနဲ့ စတင်တက် ဖြစ်တာက ကျောင်းတက်တဲ့အရွယ် မှာ အမေကကျောင်းသွားတဲ့ အချိန် ဆိုရင် အိမ်မှာတစ်ယောက်တည်း မနေချင်ဘူး။ သမီးကအမေ အရမ်း ချစ်တာလေ။
အမေကျောင်းသွား တာနဲ့ ကျောင်းကိုတကောက် ကောက်လိုက်ပြီး ကျောင်းလိုက် တက်တာ လေးနှစ်သမီးအရွယ်ပဲ ရှိသေးတယ်။ အဲဒါနဲ့ ဆရာမတွေက သမီးကိုတစ်ခါ တည်းကျောင်းတက် လိုက်ပါလားပြောတာနဲ့ သမီးလေး နှစ်သမီးရွယ်နဲ့ ကျောင်းစတက်ဖြစ် ခဲ့တာပါ။ ငယ်စဉ်တုန်းက အနုပညာ နဲ့ပတ်သက်ပြီးတော့ သိပ်မလုပ်ဖြစ် ဘူးလို့ပြောလို့ရတယ်။ စာကိုပဲ အဓိ ကကြိုးစားခဲ့တာ။ ပန်းပွားအသင်း မှာကတာ တစ်ခုလောက်ပဲရှိပါ တယ်။
အရွယ်ရောက်မှသာ အနု ပညာအလုပ်ကို လုပ်ကိုင်ဖြစ် တာပါ။ သမီးကမူလ တန်းကို အမက (၁)၊ အလယ်တန်းကနေ အထက်တန်း ထိကို အထက (၁) မှော်ဘီမြို့မှာ နေခဲ့ပြီး တက်ရောက်ခဲ့ တာပါ။ တစ်ခါတလေ ငယ်ဘဝဓာတ်ပုံ လေးတွေကို ပြန်ကြည့်မိတဲ့အခါ ငယ်စဉ်ဘဝတုန်းက ကျောင်းတက် ခဲ့ရတဲ့အချိန်လေးတွေကို ပြန်သတိ ရပါတယ်။ ဒါကြောင့် ငယ်ဘဝ ဓာတ်ပုံလေးတွေကို အချိန်ပြည့်ပြန် ကြည့်လို့ရအောင် အမှတ်တရ အနေနဲ့ သေချာသိမ်းထားဖြစ် ပါ တယ်။
ငယ်စဉ် ကမမေ့နိုင်တဲ့ အမှတ် တရတစ်ခုရှိ ပါသေးတယ်။ ဒါကဘာ လည်းဆိုတော့ ငယ်စဉ်တုန်းက ကျောင်းမှာပန်းပွား ကရတာဆိုတော့ မှော်ဘီကနေ ရန်ကုန်မြို့ကကျောင်း မှာ သွားနေခဲ့ရတဲ့ အမှတ်တရတစ်ခု ပါ။ မိဘတွေနဲ့ခဏခွဲပြီး သူငယ်ချင်း တွေနဲ့အတူကျောင်းအိပ်၊ ကျောင်း စားသွား နေခဲ့ရတာပါ။ ရန်ကုန်မှာ နေခဲ့တုန်း အမှတ်တရကသူငယ်ချင်း တွေနဲ့အတူ Balzon ကသွားခဲ့ ရတာတွေ လျှောက်လည်ကြတာ တွေပေါ့။
မှော်ဘီမြို့မှာပဲကျောင်းကို အမြဲတမ်းတက်နေရပြီး ပထမဦးဆုံး အနေနဲ့ ရန်ကုန်ကိုမိဘတွေနဲ့ခွဲပြီး ခဏသွားနေခဲ့ရတဲ့ အချိန်လေးပေါ့။ အခုဆိုရင် သမီးရဲ့ငယ်ဘဝအမှတ် တရ တစ်စိတ်တစ်ပိုင်းနဲ့အတူ ငယ် ဘဝပုံ ရိပ်လေးတွေလည်း ပရိသတ် တွေ တွေ့ မြငဖ် တမ် ယ့်ပြီး ပါပြ။ီ ဒါ ကြောင့် သမီးရဲ့ ဆက်လက်လှုပ်ရှား သွားမယ့် အနုပညာလှုပ်ရှားမှုတွေ ကိုလည်း အားပေးပါဦးလို့ နှုတ်ဆက်ပါရစေ။

No comments:
Post a Comment