Internet for Myanmar : Powered by KK

Showing posts with label စိတ်ဖိစီးမှု ဖြေရှင်းနည်းများ. Show all posts
Showing posts with label စိတ်ဖိစီးမှု ဖြေရှင်းနည်းများ. Show all posts

စိတ်ဖိစီးမှုဒဏ်ကို ယောဂနည်းဖြင့် ဖြေရှင်းနည်း

ဒီတစ်ခါ တင်ပြမှာလေးကတော့  စိတ်ဖိစီးမှုဖြစ်တဲ့အခါ ယောဂနည်းနဲ့ ကုသဖြေရှင်းနည်းများပါ။
ဒီနည်းတွေက SURESH K.S ရဲ့ နည်းကလေးတွေပါပဲ။ သူဟာ ယောဂ လေ့ကျင့်ခန်းများကို သင်ကြားပြသ
ပေးသော ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယောဂ လေ့ကျင့်ခန်းများကို အသက် ၁၆ နှစ်သားခန့်က
စတင် လိုက်စားခဲ့တာ ခုဆို သူ့ရဲ့အသက် ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။ သူက စိတ်ဖိစီးမှုများကို ခံစားနေရချိန်တွင်
တည်ငြိမ်မှု ရှိနေအောင် တစ်ဆင့်ပြီးတစ်ဆင့်မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုတာကို နည်းပေးထားပါတယ်။
  ၁။ သင့်ကို မနှောင့်ယှက်နိုင်သည့် ဆိတ်ငြိမ်သော နေရာတစ်နေရာကို ရှာပါ။
  ၂။ သင့်ခန္ဓာကိုယ်အား သက်တောင့်သက်သာ ရှိစေအောင် တင်ပျဉ်ခွေ၍ ထိုင်ပါ။ ခြေသလုံးများကို
      တစ်ခုပေါ် တစ်ခု မထပ်စေဘဲ အနည်းငယ်ခွဲ၍ ထိုင်ပါ။
  ၃။ မျက်စိကို မှိတ်ထားပါ။ ကျောရိုးကို မတ်မတ်ထားပါ။ သင်၏ မျက်နှာ၊ ပုခုံးနှင့် လက်မောင်းများမှ  
      ကြွက်သားများနှင့် အကြောအခြင်မျာားကို လုံးဝ ဖြေလျှော့ထားပါ။
  ၄။ သင့်ပတ်ဝန်းကျင်မှ အသံများကို တစ်မိနစ်ခန့် အာရုံစိုက်၍ နားထောင်ပါ။
  ၅။ ထို့နောက် သင်၏ စိတ်အား သင့်ခန္ဓာကိုယ်၏ အနေအထားကို သတိပြုမိလာအောင် တစ်မိနစ်ခန့်
      အာရုံ  စိုက်ခိုင်းထားပါ။
  ၆။ ယခုအချိန်တွင် သင် အသက်ရှူ၊ ထုတ် လုပ်နေသည့်ပုံစံ သင့်ဝမ်းဗိုက်၏ ဖေါင်းလိုက်ပိန်လိုက်
      ဖြစ်နေမှုနှင့် သင်၏ ရင်ဘတ် အနေအထားတို့ကို အာရုံစူးစိုက်၍ သတိကပ်ထားပါ။ ၂ မိနစ်ခန့်
      ကြာအောင် ပြုလုပ်ပါ။
  ၇။ သင်၏ နှလုံးခုံမှုကို အာရုံစိုက်ထားပါ။ သင့်အနေနှင့် နှလုံးသွေးခုန်မှုကို နှလုံးခုန်သံ တစ်ချက်ချင်း
      သိနေရပါမည်။ ၃ မိနစ်ကြာအောင် ပြုလုပ်ပါ။
  ၈။ ထို့နောက် သင်၏ အသက်ရှူမှုကို ၂ မိနစ်ခန့်ကြာအောင် ပြန်လည်၍ အာရုံစိုက်ပါ။
  ၉။ သင်၏ ထိုင်နေပုံ အနေအထားကို ကွက်ကွက်ကွင်းကွင်း အာရုံထဲ၌ မြင်ယောင်လာအောင် ၁ မိနစ်ခန့်
      အာရုံ စိုက်ကြည့်ပါ။
 ၁၀။ သင်၏ ပတ်ဝန်းကျင်မှ အသံဗလံများကို ၁ မိနစ်ခန့်ကြာအောင် အာရုံစိုက်ကြည့်ပါ။
 ၁၁။ သုံးကြိမ်တိတိ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပါ။
 ၁၂။ သင်၏ လက်ဖ၀ါးနှစ်ဖက်ကို အချင်းချင်း ပွတ်သတ်ပြီးနောက် သင်၏ မျက်လုံးများပေါ်၌ ဖုံးအုပ်ထားပါ။
       ထို့နောက် မျက်ခွံများကို လက်ဖ၀ါးနှင့် ညင်သာစွာ ပွတ်သပ်ပေးပါ။
 ၁၃။ သင့်မျက်စိများကို ဖြည်းညင်းစွာ ပြန်ဖွင့်ပါ။

                                                    သူငယ်ချင်းတို့ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးကြပါစေ

Member ၀င်ရန်