Internet for Myanmar : Powered by KK

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

နောက်တစ်ခေါက် ထပ်စီး ရအောင်

jok







ကားတစ်စီးထဲမှာ သူငယ်ချင်း ၃ ယောက် အတူပါလာပြီး ခရီးသွားကြပါတယ်။ တစ်ယောက်က ရူပဗေဒ ပညာရှင်၊ တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ပရိုဂမ်မာ။ လမ်းတစ်နေရာရောက်တော့ ကား ဘရိတ်ပေါက်လေရော။ အရှိန်က ထိန်းမရတော့ပဲ ပိုပိုလို့ မြန်လာ ပါတယ်။

ချောက်ထဲ ကျခါနီးနီးကားကို ကြိုးစားပန်းစားနဲ့ ပြန်မောင်းယူရပြီး အသက်ဘေးမှ သီသီလေး လွတ်သွားပါတယ်။

( မသီသီလေးကို ဆိုလိုခြင်းမဟုတ်ပါ) ဒီလို ရင်တမမနဲ့ ပြီးသွားတော့
ရူပဗေဒ ပညာရှင် လူငယ်က - “ဘရိတ်ပေါက်တယ်ဆိုတာ Brake pad မှာ ပွတ်တိုက်မှု - Friction များပြီး အပူလွန်ကဲလို့။ အဲဒါကို လျော့ချနိုင်အောင် ပြန်ပြင်ရမယ်”

အင်ဂျင်နီယာ လူငယ်က - “ကားနောက်မှာ Spanner တွေ ငါထည့်လာတယ်။ အဲဒါသုံးပြီး ဘာအမှားအယွင်းရှိလဲ ပြန်ကြည့်ရအောင်”

ပရိုဂမ်မာ က ယခုလို ပြောပါတယ်။ “နောက်တစ်ခါ ထပ်စမ်းပြီး စီးရအောင်။ သေချာတဲ့ Error တွေ့မှ တို့တွေ ပြန်ပြင်ကြတာပေါ့” .

Ref:techjoke

Thihahtike

Welcome From My Blog






www.internetformm.com

ဟာသ


======
ဟောပြောတဲ့သူက ပြောင်မြောက်တဲ့ ဟာသတစ်ခုကိုပြောလိုက်တယ်... လူတွေ ခွက်ထိုးခွက်လှန်ရယ်ကြတာပေါ့....

နည်းနည်းကြာပြီးတဲ့အခါ ခုနက ဟာသကိုပဲ သူကထပ်ပြောတယ်... ဒီတစ်ခါတော့ လူအနည်းငယ်ကပဲ လိုက်ရယ်ကြတယ်....

သူက ဒီဟာသကိုပဲ နားထောင်တဲ့လူအုပ်ထဲက ရယ်သံလုံးဝထွက်မလာတော့တဲ့အထိ ထပ်ခါထပ်ခါ ထပ်ပြောတယ်...

ပြီးတော့မှ သူပြုံးပြီးပြောတယ်...
"ဟာသပြက်လုံးတစ်ခုထဲကို ထပ်ခါထပ်ခါပြောတဲ့အခါမှာ ခင်ဗျားတို့အတွက် မရယ်ရတော့ဘူးမလား... ဒါနဲ့များတောင် တူညီတဲ့အကြောင်းအရာတစ်ခုထဲအတွက်နဲ့ ဘာလို့ ထပ်ခါထပ်ခါငိုကြွေးနေကြရတာလဲ...."

"အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး ရှေ့ဆက်သွားကြပါစို့"

-နှိုင်းရင့်နွေ

Member ၀င်ရန်