Download - Iphone_Tips_by_Ko Pay tuee
Internet for Myanmar : Powered by KK
Showing posts with label iOS နှင့် ဆိုင်သော e-book များ. Show all posts

i devices များအတွက် လက်တွေ့သုံးနည်းပညာ
စာအုပ်အမည် - Idevices များအတွက် လက်တွေ့သုံးနည်းပညာ
စာရေးသူအမည် - သန်းထိုက်(ရွှေရိပ်)
အဆင်ပြေပါစေနော်
Category -
iOS နှင့် ဆိုင်သော e-book များ
ios- 7 အထက် အိုင်ဖုန်းမှာ မြန်မာစာနဲ့ မြန်မာကီးဘုတ် မှန်ကန်စွာသွင်းယူနည်း
မြန်မာစာမထည့်တတ်သူတွေ ထည့်နည်းအပြည့်အစုံမသိသေးသူတွေ
ဒီနည်းအတိုင်း လုပ်ကြည့်ပါ -လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ
ဒီနည်းက ကိုမိုးသကြားရေးထားတာပါ ပြန်လည်မျှဝေခြင်းဖြစ်ပါ၏
Download -IOS7+++မြန်မာဖောင့်နဲ့ ကီးဘုတ်ထည့်နည်း.pdf
Cydia Crash အတွက် နောက်ထပ် ဖြေရှင်းနည်းသစ် (for iOS)
အကြောင်းအမျိုးမျိုးကြောင့် Jailbreak လုပ်ထားသော iDevice များတွင် "Cydia"
ပျောက်ဆုံးသွားခြင်း၊ ဝင်၍မရတော့ခြင်းများကို ဖြေရှင်းရန်အတွက်
နောက်ထပ်နည်းလမ်း အသစ်တစ်ခု ဖြစ်ပါတယ်..
ယခု Tutorial ကိုရေးသားသူမှာ ကိုဘုန်းမြင့်ဝင်းထွန်း ဖြစ်ပြီး PDF အဖြစ်ဖန်တီးကာ အခက်အခဲဖြစ်နေသူများ အားလုံးတွက် ပြန်လည်ဝေငှနိုင်ရန် ကျွန်တော့်ထံသို့ email မှတစ်ဆင့် ဆက်သွယ်ပေးပို့ထားခြင်းဖြစ်ပါတယ်...
Download Cydia Crash New solution (PDF)
ယခုတစ်လောမှာ iDevice ကို Jailbreak လုပ်ပြီး (အထူးသဖြင့် iOS 6.1.3 တွင်) Cydia ကို ဖွင့်လိုက်တဲ့ အချိန်မှာ မပွင့်ပဲ ပြန်ပြန်ပိတ်သွားတဲ့ ပြဿနာကို မကြာခဏ ကြုံဆုံနေရတတ်ပါတယ်။ ဒီအခါမှာ Jailbreak ပဲ ပြန်လုပ်ရမလား Cydia ပဲ install ပြန်လုပ်ရမလား စသည်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။
ယခုလို ပြဿနာမျိုးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး တစ်ခုကို တင်ပြပေးလိုက်ပါတယ်...
Download Software
>> Download iExplorer 3.2.3.3
>> Download iFunBox 2.6
ပထမဦးစွာ iExplorer (သို့) iFunBox ကို download လုပ်ပြီး စက်မှာ install လုပ်ပါ။
အဆင့် ၁)
Cydia crash ဖြစ်နေသော iDevice ကို PC နှင့် ချိပ်ဆက်ပြီး iExplorer/iFunBox ကို Run ပါ။
အဆင့် ၂)
" /var/lib/apt/lists " လမ်းကြောင်းကို ရှာသွားပါ။
(မှတ်ချက်။ ။ iFunBox မှာ ဆိုရင် iFunBox Classic Tab ကို သွားပြီး"Raw File System" အောက်မှာ ရှာပါ)
အဆင့် ၃)
"lists" folder ထဲမှ "partial" folder ကို ချန်ခဲ့ပြီး ကျန်ဖိုင်များကို ဖျက်ပစ်ပါ။
အဆင့် ၄)
" /var/lib/dpkg/updates " လမ်းကြောင်းကို ထပ်ရှာသွားပါဦး...
အဆင့် ၅)
"updates" folder ထဲကို စစ်ပါ။ file တွေရှိနေရင် အားလုံး ဖျက်ပစ်လိုက်ပါ။
အဆင့် ၆)
သင့်၏ iDevice ကို Reboot လုပ်ပါ။
ပြန်တက်လာပါက Cydia ကောင်းစွာ ပြန်လည် အလုပ်လုပ်ပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်
မိုးသိကြား

Subscribe to:
Posts (Atom)