Internet for Myanmar : Powered by KK

Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

ကုသိုလ်ပြုလုပ်ငန်းအတွက် ဘီကနီဝတ်ပြီး အသားအနာခံကာ အလှူငွေရှာသူ


ကုသိုလ်ပြုလုပ်ငန်း တစ်ခုအတွက် ၀င်ငွေမြင့်စေဖို့ ရည်ရွယ်ပြီး အမျိုးသမီး
တစ်ဦး ဘီကနီဝတ်ကာ အမျိုးသားတစ်စုဆီက ဒေါ်လာ ၁၀၀ တောင်း တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ စက္ကန့်အနည်းငယ်ပဲကြာတဲ့ ဗွီဒီယိုဟာ ဒီနေ့ပဲ Youtube မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၂သိန်းခွဲကျော် ရှိခဲ့ပါတယ်။

ဒီ ၃၈စက္ကန့်ကြာ ဗွီဒီယိုမှာတော့ ဘီကနီ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ယောက်ကြားမှာ မတ်တပ်ရပ် အနေအထားနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသား နှစ်ဦးစလုံး ID မရှိပေမယ့် တစ်ဦးကတော့ တရားရေးရာ ၀န်ထမ်းကဲ့သို့ ၀တ်စုံ ၀တ်ထားပါတယ်။

လူများစွာ သူတို့သုံးဦး အနောက်မှာ ရှိနေပါတယ်။ အများစု ကတော့ ကင်မရာတွေ လက်ကိုင်ဖုန်းတွေနဲ့ ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်နေကြတာ တွေ့ရပါတယ်။

အမျိုးသားနှစ်ဦးက အဆိုပါ ဘီကနီဝတ် အမျိုးသမီးရဲ့ လက်မောင်းကို ဆွဲထားပြီး နောက်တစ်ဦးကတော့ မရည်ရွယ်ဘဲ သူမကို Taser (ယာယီနာကျင်စေရန် ရည်ရွယ်ပြီး ပစ်ခတ်သည့် လက်နက်) နဲ့ ပစ်ဖို့အတွက် အနောက်မှာ ရပ်နေပါတယ်။

သူမကို ချုပ်ထားသူ အမျိုးသားနှစ်ဦးက သူမအနောက်မှာ ရပ်နေသူကို Taser နဲ့ ပစ်ခိုင်းပါတယ်။

သူမနာကျင်စွာ အော်ဟစ်ပြီး ကြမ်းပြင်ပေါ်က အခင်းပေါ်ကို လဲကျသွားပါတယ်။ ခဏအကြာမှာတော့ သူမပြုံးရယ်ပြီး အခင်းပေါ်က ပြန်ထလာခဲ့တာကို တွေ့ရပါလိမ့်မယ်။

သူမဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းနဲ့ ဘယ်လို ကုသိုလ်ပြုလုပ်ငန်းအတွက် အလှူငွေရဖို့ လုပ်ကိုင်နေကြောင်းနဲ့ အလှူငွေ ဘယ်လောက်တိုးတက်လာပြီ ဆိုတာနဲ့ ဒီအခန်းထဲက အမျိုးသားတွေက ဘယ်သူတွေလဲ ဆိုတာ မသိရသေးပါဘူး။

ဗွီဒီယိုမှာတော့ မှတ်ချက်အမျိုးစုံပေးကြပါတယ်။ ဒါဟာ ကောင်းတဲ့ အတွေးအခေါ်လို့ ဘယ်သူပြောလဲ။

တုံးအတဲ့ အတွေးအခေါ်ဖြစ်ပေမယ့် သတ္တိရှိတဲ့ မိန်းကလေးစသဖြင့် မှတ်ချက်အစုံပဲလို့ သိရပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit: World Myanmar
 
Share on Facebook Share on Twitter

မလေးရှားလေယာဉ်@အိန္ဒိယသမုဒ္ဒရာ အတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု ယူဆရ

အိန္ဒိယသမုဒ္ဒရာ အတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု ယူဆရအိန္ဒိယသ မုဒ္ဒရာ တောင်ပိုင်း ရေပြင်ပေါ်တွင် အပိုင်းအစများ ၃၀၀ ခန့် တွေ့ရှိ ရသည်ဟု ထိုင်းဂြိုဟ်တု တစ်လုံးက မှတ်တမ်းတင်နိုင်ခဲ့ရာ မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် MH 370 ဟု ယူဆကာ ယင်းနေရာကို ရှာဖွေရန် ရှိကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။
မတ်လ ၂၄ ရက်နေ့က Thaichote ဂြိုဟ်တုမှ ရုပ်ပုံများတွင် ရေပေါ်တွင် မျောနေသော အရာဝတ္ထု ၃၀၀ ခန့် တွေ့ရှိရခြင်းဖြစ်ကာ ယမန်နေ့ကလည်း ပြင်သစ် ဂြိုဟ်တုတစ်ခုက အပိုင်းအစ ၁၂၂ ခုကို တွေ့ရှိခဲ့ရသေးသည်။မလေးရှားလေယာဉ် ခရီးစဉ်အမှတ် MH 370 သည် မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးလျက်ရှိရာ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၉ ဦး ပါဝင်သွားခဲ့သည်။
ယခုအချိန်အထိ ပင်လယ်ပြင်ထဲမှ အပျက်အစီး အပိုင်းအစများကို ပြန်တွေ့နိုင်ခြင်း မရှိသဖြင့် တိတိကျကျ သက်သေဖြင့် အဖြေထုတ်ရန် ခက်ခဲလျက် ရှိသည်။ တောင်အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် မြင်နိုင်စွမ်းက အလွန်ကျဆင်း နေသဖြင့် လေယာဉ်ဖြင့် ရှာဖွေသည့် လုပ်ငန်းများကို ယာယီအားဖြင့် ဆိုင်းငံ့ထားရသည်။ ရာသီဥတုက မကောင်းသော်လည်း သင်္ဘောများက ခက်ခဲစွာဖြင့် ရှာဖွေရေး လုပ်ငန်းများကို လုပ်လျက်ရှိကြောင်း သြစတြေးလျ အရာရှိများက ပြောကြားသည်။
ထိုင်းသတင်းစာ the nation က ဂြိုဟ်တုမှ ရရှိထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့ကာ ယင်းအရာဝတ္ထုများသည် ပြင်သစ်ဂြိုဟ်တုက ရရှိထားသော ဓာတ်ပုံပါ အရာဝတ္ထုများနှင့် ကီလိုမီတာ ၂၀၀ ခန့်ဝေးနေသည်။ ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော မလေးရှားအဖွဲ့သို့ ယင်း သတင်းအချက်အလက်များ လွှဲပြောင်း ပေးလိုက်ပြီး ဖြစ်သည်ဟု ထိုင်းသတင်းစာက ဖော်ပြထားသည်။
တွေ့ရှိရသော အရာဝတ္ထုများသည် ၂ မီတာမှ ၁၅ မီတာအထိ အရှည်ရှိပြီး မျောနေသည်ဟု ထိုင်းဘူမိ သတင်း အချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီမှ အနွန်စနစ်ဗွန်စ်က ပြောကြားခဲ့သည်။ လေယာဉ်မှ အပျက်အစီးများ ဟုတ် မဟုတ်ကိုမူ သဲသဲကွဲကွဲ အတည်မပြုနိုင်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရေပြင်တွင် အပြန်အလှန်ပစ်ခတ်

တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရေပြင်တွင် အပြန်အလှန်ပစ်ခတ်







နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသော မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် တနင်္လာနေ့က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက် ရှိသော မြောက်ကိုရီးယားက တောင်ကိုရီးယား ရေပြင်ပိုင်နက် အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်သည်ကို တုံ့ပြန်သည့်အနေနှင့် တောင်ကိုရီးယားက ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားသည်။
“မြောက်ကိုရီးယားက ပစ်တဲ့ လက်နက်ကျည်တွေ ကျွန်တော်တို့ ပိုင်နက်ထဲကို ကျလာတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပါတယ်” ဟု တောင်ကိုရီးယားပူးတွဲ ကာကွယ်ရေးဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
ယင်းသို့ အပြန်အလှန် ပစ်ခတ်ရာတွင် မည်သည့်ပစ်မှတ်ကို ပစ်ခတ်ခဲ့ကြောင်းကိုမူ နှစ်ဖက်စလုံးက ပြောကြားခြင်း မရှိပေ။ တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရှိ တောင်ကိုရီးယား Baengnyeong ကျွန်းနေ ပြည်သူများကို ကြိုတင် ကာကွယ်သည့်အနေနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလိုက်ကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
မြောက်ကိုရီးယားသည် ပုံစံသစ် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆိုအပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ အနောက်ဘက်တွင် ရှိသော ပင်လယ်ဝါရှိ နယ်စပ်ဧရိယာသည် ယခင် အတိတ်ကာလတုန်းကလည်း နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားလေ့ရှိသော နေရာတစ်ခု ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားသည် နှစ်နိုင်ငံ နယ်စပ်အနီးရှိ တောင်ကိုရီးယား ကျွန်းတစ်ကျွန်းပေါ်သို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူလေးဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားမည့် အရေးအတွက် စိုးရိမ်ခဲ့ရသည်။
မြောက်ကိုရီးယားသည် ယခင်က ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများကို ကြိုတင် အသိပေးခြင်း မရှိဘဲ ပြုလုပ်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ကြိုတင် အသိပေးမှု ပြုလုပ်ခြင်းသည် မြောက်ကိုရီးယား၏ ရန်လိုသော ရည်ရွယ်ချက်ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝီယောင်ဆောက်က ပြောကြားသည်။ မြောက်ကိုရီးယားသည် လက်ရှိ ပြုလုပ်လျက်ရှိသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေနှင့် လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုနှင့် တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည်များကို ပစ်ခတ် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ဆွစ်ဇာလန်မှာ အရိုးပြာကို စိန်ဖြစ်အောင် ပြောင်းလဲပေး

diamond
ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းက Algordanza လို့အမည်ရတဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယင်း ကုမ္မဏီကပေးတဲ့ ဝန်ဆောင်မှုကတော့ ကွယ်လွန်ပြီး လူတို့ရဲ့  ပြာကို စိန်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ မိမိချစ်ခင် တန်ဖိုးထားသူကို တစ်သက်တာ အမြဲ တနိုး သိမ်းဆည်း သွားနိုင်စေဖို့ ဖြစ်ပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့်က ဒီလိုပါ။ ရရှိလာတဲ့ ပြာကို ဓာတုဗေဒ ဒြပ်ပေါင်း များနဲ့ ရောစပ်ပြီးတော့ ကာဘွန်ကို မရရအောင် ထုတ်ပါတယ်။ ပြီးတော့ ရရှိလာတဲ့ ကာဘွန်ကို အပူပေးပြီး ဂရက်ဖိုက်အစုအဖွဲ့ ဖြစ် လာတဲ့ အခါ နောက် ဆုံးတော့ စိန်တုံး ဖြစ်သွားပါတယ်။ လက်ရှိ ကမ္ဘာမြေပေါ်က စိန်တုံးများ ဆိုတာကလည်း သက်ရှိတွေရဲ့ ဇီဝရုပ်ကြွင်းတို့ လောင်ကျွမ်း စုဆေင်းပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီအတွက်လိုအပ်တဲ့ အပူချိန်ကလည်း မနည်း ပါဘူး။ ၁၅၀၀ ဒီဂရီ ဆဲလ်ဆီးယက်တောင် ရှိပါတယ်။
ဒီတော့ အရိုးပြာကို စိန်ဖြစ်အောင်လုပ်တဲ့နေရာမှာ ဘာစိန်မှ ထပ်ဖြည့်ထားခြင်း မရှိပါဘူး။ တကယ့် ပြာတွေနဲ့သာ စုဆောင်းလို့ ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ ဒီအတွက် ရလာတဲ့ စိန်အရည်အသွေးကလည်း ၁.၈ ကာရပ် ဝန်းကျင်လောက်အထိ ရှိပါတယ်။ တန်ဖိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၅၀၀၀ တန်ကနေ ၂၂၀၀၀ တန် အထိ ဖန်တီး ပြုလုပ် ပေးခြင်း ဖြစ်ပါတယ်။ လည်ဆွဲ လော့ကတ်သီး၊ လက်စွပ် အစရှိသဖြင့် ကိုယ်လိုချင်တဲ့ ပုံစံကို Algordanza အဖွဲ့အစည်းမှ ဖန်တီး ပြုလုပ် ပေးကြောင်း သိရ ပါတယ်။
.
 Ref: motdboar

နည်းပညာသစ်တွေ အသုံးပြုပြီး ပျောက်ဆုံးမလေးလေယာဉ် ရှာဖွေ

ဂျာမန်အင်ဂျင်နီယာတွေ တီထွင်ထုတ်လုပ်ထားတဲ့ သမုဒ္ဒရာရေနက် လေ့လာရှာဖွေရေးယာဉ် ABYSS ဟာ ရေအနက် မီတာ ၂၀၀၀ ကနေ မီတာ ၆၀၀၀ ထိ ရေနက်ပိုင်း ရှာဖွေလေ့လာရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တာကြောင့် မလေးရှားလေကြောင်း လေယာဉ်ပျောက် ရှာဖွေရေး လုပ်ငန်းမှာ အသုံးတည့်နိုင်တယ်လို့ ဆိုပါတယ်။

ရှာဖွေရေးယာဉ်ဟာ အလားတူဖြစ်ရပ်မျိုး အတွေ့အကြုံရှိပြီး ၂၀၁၁ ခုနှစ်က ဘရာဇီးကမ်းလွန်မှာ ပျက်ကျပျောက်ဆုံးခဲ့တဲ့ ပြင်သစ်လေကြောင်းလိုင်းကို ရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။

ရေယာဉ်ဟာ ဘက်ထရီနဲ့ အလုပ်လုပ်တာဖြစ်ပြီး အရှည် ၄ မီတာ အကျယ် မီတာဝက်လောက်ပဲရှိပါတယ်။ ၈၈၀ ကီလိုအလေးချိန်ရှိပြီး ရေအောက်မှာ ၂၂ နာရီကြာ အလုပ်လုပ်နိုင်တယ်တာလည်းဖြစ်ပါတယ်။

ရေယာဉ်ရဲ့ အင်ဂျင်နီယာတဦးဖြစ်တဲ့ မာရှယ် ရောသန်ဘတ် က ၁ ရက်ကို စတုရန်းကီလိုမီတာ ၅၀ လေ့လာရှာဖွေရေး လုပ်နိုင်တာကြောင့် ရှာဖွေရေးယာဉ် ၃ စီးဆိုရင် ဧရိယာ ၁၅၀ စတုရန်း ကီလိုမီတာကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တောင်းဆိုလာရင် အဆင်သင့်ပါပဲလို့ ပြောဆိုခဲ့ပါတယ်။ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေနေတဲ့ နိုင်ငံစုံအဖွဲ့တွေဟာ သြစတြေးလျနိုင်ငံနဲ့ ပိုနီးတဲ့ ရှာဖွေရေးဇုန်သစ်မှာ မတ်လ ၂၇ ရက်နေ့ကတည်းက ပြောင်းလဲရှာဖွေနေကြပါတယ်။

အမေရိကန်နိုင်ငံကလည်း လေယာဉ်ရဲ့ မှတ်တမ်းသေတ္တာ Blackbox ကို ရှာဖွေနိုင်တဲ့ ကိရိယာတခုကို ပေးပိုထားပါတယ်။ Blackbox ကို ရှာဖွေလို့လွယ်ကူအောင် အချက်အလက်တွေ လွှင်ထုတ်နိုင်ဖို့ တပ်ဆင်ထားတဲ့ ဘက်ထရီဟာ ၁ လ သက်တမ်းပဲရှိတာကြောင့် အချိန် မကျန်တဲ့ အခြေအနေဖြစ်နေပါတယ်။

 
DVB

MH370 လေယာဉ် ပျောက်ဆုံးမှု အသေးစိတ်ကို သိလိုသူများ ဖတ်နိုင်ပြီ


ပုံမှန် နှင့် ခရီးစဉ်ပျောက်ဆုံးသွားသော ပုံမှန်ခရီးစဉ်

အပိုင်း(၁)

ညဉ့်ကောင်းကင်ယံသည်တိမ်များအထက်တွင် ကြည်လင်နေသည်။ မလေးရှားလေကြောင်းလိုင်းခရီးစဉ် MH-370 ၏ဘေကျင်းသို့ ပျံသန်း
နေကျ လမ်းခရီးတွင် မလေးရှားနှင့် ဗီယက်နမ် လေကြောင်းနယ်နမိတ်
အစပ်ရှိရာထိုင်းပင်လယ်ကွေ့ ကောင်းကင်ယံ ပေ ၃၅၀၀၀ အရောက်
မှာတော့ လဆုတ်လ၏ မှေးမှိန်မှိန်တောက်ပမှုသည်ဖြည်းဖြည်းကွယ်
ပျောက်သွားလေပြီ။

နောက်ဆက်ဖြစ်သင့်တာကတော့ အာရှရဲ့ အရေးအပါဆုံးမြို့နှစ်မြို့
အကြားတစ်နေ့နှစ်ခေါက် ပုံမှန်ပျံသန်းနေတဲ့ ခရီးစဉ်သည် ပုံမှန်ဖြစ်
သင့်သည်။ ပုံမှန်အားဖြင့်တော့ ကွာလာလမ်ပူမြို့ပြင် လေကြောင်းထိန်း
ချု ပ်ရေးစခန်းက ထိန်းချု ပ်ရေးမှုးတွေဟာ လေယာဉ် တရုပ်ပြည်မကြီး
ရဲ့ မြို့တော်ကို ဦးတည်ဖို့ အရှေ့မြောက်ဘက်ကိုချိုးအကွေ့မှာ ဟိုချီ မင်း
ကကိုယ့်လို လုပ်ဖော်တွေလက်ထဲ လေယာဉ်ကို လွှဲပေးလိုက်လေ့ရှိပါတယ်။

သို့ပေမယ့် မတ်လ ၈ ရက်နေ့ မနက် အစောကြီးမှာ အနီးအနားမှာပျံသန်း
နေကြတဲ့ လေယာဉ်တွေက လေယာဉ်မှုးတွေဟာ သူတို့လေယာဉ်တွေက
ဗီယက်နမ် နဲ့ မလေးရှားမြေပြင်ရေဒါထိန်းချု ပ်ရေး စခန်းတွေက သုံးတဲ့
ရေဒီယို အသံလှိုင်းတွေမှာ ပုံမှန်မဟုတ်တဲ့ စကားအပြန်အလှန်ပြောသံတွေ
တစထက်တစ ကျယ်လောင်လာတာကို သတိပြု မိခဲ့ကြပါတယ်။နှစ်နိုင်ငံစလုံး
က လေကြောင်းထိန်းသိမ်းရေးမှုးတွေဟာ ပျောက်နေတဲ့ လေယာဉ်တစ်စင်း
ကို အဆက်အသွယ်ရအောင် အောင်မြင်မှုမရှိပဲကြိုးစားနေကြတာပါ။

"ဘယ်လေယာဉ်မဆို မလေးရှား ၃၇၀ နဲ့ ဆက်သွယ်ကြည့်ပါ။ သတင်းလက်ဆင့်ကမ်းပေးပါ "

ဗီယက်နမ် နှင့် မလေးရှား ထိန်းချု ပ်ရေးမှုးများ အနီးဝန်းကျင်မှ လေယာဉ်
များကို ဂျက်လေယာဉ်ကြီးနှင့် ဆက်သွယ်ခိုင်းနေခြင်းဖြစ်သည်။ လေယာဉ်
မှုး များ တစ်စင်းပြီး တစ်စင်းကြိုး စားဆက်သွယ်ကြသော်လည်း တုန့်ပြန်မှု
မရှိတဲ့ တရှဲရှဲလေသံတွေသာကြားနေရပါတယ်။

" မလေးရှား ၃၇၀၊ မလေးရှား ၈၈ ခေါ်နေတယ်။ "

" မလေးရှား ၃၇၀၊ မလေးရှား ၅၂ ခေါ်နေတယ်။ "

လေယာဉ်တွေမှာ ဒီလိုလှမ်းခေါ်နေကြသူတွေ တည်တည်ငြိမ်ငြိမ်နဲ့ တိုတို
ပြတ်ပြတ်ပဲလှမ်းခေါ်တာပါ။ လေယာဉ်ကြီးကို လှမ်းဆက်သွယ်ဖို့ကြိုးစား
နေတဲ့ လေယာဉ်မှုးတွေရဲ့ ရှုထောင့်မှာတော့ဆက်သွယ်ရေး ရေဒီယိုစက်
ထပြီးကြောင် လို့ဖြစ်မှာပါဆိုတာထက်ပိုပြီး ဘာကိုမှ ထင်စရာအကြောင်း
မရှိပါဘူး။

ဒါပေမယ့် ဒီလို ကနဦး ကောင်းကင်ယံမှာ လေယာဉ်တစ်စင်းကို အစပျိုး
ရှာဖွေနေတာဟာ မကြာခင်မှာပဲ ကမ္ဘာလုံးခြမ်းနှစ်ဖက်အကွာအဝေးရှိတဲ့
ကုန်းမြေနဲ့ ပင်လယ်ကို နိုင်ငံတကာက တပ်ထောင်ပါဗိုလ်ထု လူစုလို့
အရေးတကြီး တောနင်းမြေလှန် ရှာရတဲ့ အသွင်ကို ကူးပြောင်းခဲ့ရပါတယ်။

ဒီလေယာဉ်မှုးတွေရဲ့ ရှာဖွေမှုဟာ ခေတ်ပေါ်လေကြောင်း ပျံ သန်းမှုမှာ
ဦးနှောက် အစားဆုံး အမှုအခင်းလို့ဆိုမယ့်ဖြစ်ရပ်ကို အစပျိုးလိုက်တာ
ဖြစ်ပြီး ကျွမ်းကျင်သူ စုံစမ်းရေးမှုးတွေရဲ့ အဆိုအရ ဒီအဖြေကိုရဖို့ နှစ်နဲ့
ချီ ကြာနိုင်သလို၊ တစ်သက်လုံး ပဟေဠိအနေနဲ့ လည်းဖြစ်သွားနိုင်တယ်
လို့ဆိုပါတယ်။

MH-370ပျောက်ကွယ်သွားပြီး နှစ်ပါတ်ကျော်အကြာမှာတော့ အထိမ်း
အကွတ်မဲ့ မှန်းဆချက်တွေဟာ ကမ္ဘာအနှံ့ဗာရာဏသီချဲ့ကြပါတော့တယ်။
လေယာဉ်ပေါ်မှာ ဘာဖြစ်တယ်ဆိုတာ မသေချာသလို မလေးရှားအစိုးရက
ဖွင့်ချ ပြသမျှ နဲ့ဝိရောဓိအသွင် ကွဲလွဲဆန့်ကျင်နေလေတာ့ လေယာဉ်ကြီးရဲ့
ကံကြမ္မာနဲ့ပါတ်သက်တဲ့ အယူအဆအမျိုးမျိုးကို လွယ်လွယ်နဲ့ ထုတ်ပယ်လို့
မရဖြစ်လာပါတယ်။

စနေတစ်ရက်မှာတော့ တရုပ်ဂြိုလ်တုက အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ
မျောနေတဲ့အပျက်အစီး အပိုင်းအစ နှစ်ခုတွေ့တယ်ဆိုပြီးတရုပ်
သင်္ဘောနှစ်စင်းလွှတ်ခဲ့ပါတယ်။

လေယာဉ်ခရီးစဉ် MH-370နဲ့ပါတ်သက်နေတဲ့ လူဒါဇင်ပေါင်းများစွာ
အပြင်လေယာဉ်ကိုရှာဖွေနေကြတဲ့ နှစ်ဒါဇင်သော နိုင်ငံတွေက ပြင်ပ
ကျွမ်းကျင်သူများ၊ စုံစမ်းရေးမှုများကို ကို တွေ့ဆုံမေးမြန်းအပြီးမှာ
လေယာဉ်ခရီးစဉ် MH-370 ရဲ့ ကောက်ကြောင်းပုံရိပ်ကိုဖော်ရင်း ဒီနေ့
အထိသိရသမျှ ပျောက်ဆုံးတာ ရှာဖွေမှုကိုတင်ပြပါတယ်။လိုအပ်ချက်
အရ ပုံရိပ်ဟာ ပြည့်စုံမယ့်ပုံရိပ်တော့ မဖြစ်နိုင်ပါဘူး။

ပုံမှန်ညတစ်ည

မလေးရှားလေကြောင်းဟာ ကွာလာလမ်ပူကနေ ဘေကျင်းကို တစ်ရက်
မှာ နှစ်ကြီမ် တိုက်ရိုက်ပျံသန်းပါတယ်။ Red-eye flight လို့ခေါ်တဲ့
ညဖက်ပိုင်းနောက်ကျ မှ ထွက်ပြီး မနက်စောစော ဆိုက်တဲ့ လေကြောင်း
ခရီးစဉ်ဟာည သန်းခေါင်ကျော် ၁၂း၃၅ မှာ ထွက်ခွာပြီး မနက်စောစော
၀၆း၃၀ မှာဆိုက်ရောက်မှာပါ။ လေယာဉ်ပေါ်မှာတော့ မလေးရှားမိသားစု
တွေ၊ အပေးအယူ အလုပ်ဖြစ်ဖို့အသဲအသန်လိုက်နေတဲ့ ဥရောပသား
စီးပွားရေးသမားတွေ၊ဆွေမျိုးတွေဆီအလည်အပတ်သွား၊ ဈေးဝယ်ထွက်ရာ
ကပြန်လာတဲ့တရုပ်လူမျိုးတွေ စသဖြင့် အရောရော နှောနှောတင်ဆောင်
လာပါတယ်။

ခရီးသည်တွေကို နှစ်နာရီကြို တင်ပြီး လေဆိပ်အရောက် လာခိုင်းထား
ပါတယ်။မတ်လ ၇ ရက်နေ့ညမှာ ပြီးခဲ့တဲ့ တစ်ပါတ်က ကွာလာလမ်ပူ အနု
ပညာပြပွဲမှာပါဝင်ပြသခဲ့တဲ့ တစ်ရုပ်လူမျိုးအနုပညာရှင်တစ်စု ဆွေမျိုး သား
ချ င်းတွေနဲ့ပြပွဲစီစဉ်သူစုစုပေါင်း ၃၄ ယောက်ဟာ သောကြာနေ့ည မှာ
ဖြစ်တတ်တဲ့ လမ်းကြောပိတ်တာတွေ ရှောင်ရှားနိုင်အောင် ည ၈ နာရီ ကတည်းက လေဆိပ်ကို စောရောက်နေကြပါတယ်။

အနုပညာရှင်တစ်စုထဲက အရေးပါသူကတော့ လေယာဉ်ပေါ်မှာ အသက်
အကြီးဆုံး ခရီးသည် အသက် ရရ နှစ်အရွယ် လက်ရေးလှ ပန်းချီပညာရှင်
လျူ ရူရှန်းပါ။ သူဟာ တစ်ချိ န်ကသူ့အကြောင်း စာစီကုံးရေးသား
ထုတ်ဝေခဲ့ရာမှာ သူဟာ ကလေးပေါက်စအရွယ် တရုပ်ကို ဂျပန်တွေ ဝင်
တော့ မိဘတွေက ခဏ ပစ်ထားရချိ န်ကတည်းက သေမင်းကို ၆ ကြိမ်
တိုင်တိုင်လှည့်စား အနိုင်ယူခဲ့ရလို့ သူ့အသက်ကို မြတ်နိုးကြောင်း
ရေးသားထားပါတယ်။

အနုပညာအဖွဲ့ကို ဖိတ်ခေါ်ခဲ့တဲ့ ဒယ္နီရာယ္လိုင္ဟ် ဴ ကေတာ့ လ် ဴ ဟာ
လူငယ်လိုစွမ်းအင်ပိုင်တဲ့သူဖြစ်ကြောင်း၊ ပြောပါတယ်။

ညသန်းခေါင်လောက်မှာ လေယာဉ်ပေါ်တက်ရတာပါ။ လေကြောင်းလိုင်း
ဟာ အသက် အရွယ်ကြီးတဲ့သူတွေကို ဦးစားပေးတဲ့အနေနဲ့ သူ့ကို အရင်
တက်စေပြီးနေရာချ ပေးပါတယ်။ နောက်မှ သူ့ဇနီး အသက် ၇၃ နှစ်
အရွယ်ရှိတဲ့ ဘောင်ယွမ်ဟွာကို တက်ခိုင်းပါတယ်။ အဲဒီနောက်မှာ အထက်တန်းခရီးသည် ၃၅ ယောက်ကို တက်စေပါတယ်။

အသက် ၅၀ အရွယ် ဖိလစ်ဝုဒ် ကတော့ တက်က္ကဆက်က IBM ကွန်ပျု တာ
ရဲ့အလုပ်အမှုဆောင်တစ်ယောက်ပါ။ မကြာခင် ကွာလာလမ်ပူကနေ
ဘေကျင်းကို ပြောင်းရတော့မှာမို့ ဒီလေယာဉ်နဲ့ ခဏခဏ အသွားအပြန်
လုပ်နေသူပါ။ သူ့ အမျိုးသမီးအဖော် အသက် ၄၈ နှစ် အရွယ် ကျောင်း
ဆရာမ ဆာရာ ဘာ့ဂ်ျ ရဲ့ အပြောအရ ရိုးရိုးတန်းထိုင်ခုံမှာထိုင်နေပြီး
အထက်တန်းခုံပြောင်းထိုင်မယ့်သူပါ။ သူ့ခြေထောက်ရှည်တာရယ်၊ သူ့မှာ လေယာဉ်ခဏခဏစီးသူတွေ ရထားတဲ့ ပလက်တီနမ် အခွင့်
ထူးကဒ် ရထားလို့ပါ။

မစ္စဘာ့ဂ်ျ ရဲ့ အဆိုအရ သူနဲ့ ဝုဒ်တို့ ပစ္စည်း အပြောင်းအရွေ့လုပ်သူတွေ
နဲ့ ပါတ်သက်ပြီး အပြန်အလှန် မက်ဆေ့ခ်ျတွေတစ်ဒါဇင်ကျော်ပို့ခဲ့ပါသတဲ့။ အိမ်ပြောင်းပေးသူတွေဟာ နောက်နေ့မနက် မှာ ဘေကျင်းကို ရောက်မှာမို့ သိမ်းစရာကျန်တာတွေ အကြောင်းမက်ဆေ့ခ်ျပို့တာ သူ လေဆိပ်ထွက်သွား
တဲ့ အထိပဲလို့ဆိုပါတယ်။

လေယာဉ်ပေါ်ပါသွားတဲ့တစ်ခြားသူတစ်ဦးကတော့ကွာလာလမ်ပူမှာလေယာဉ်
ပြောင်းစီးတဲ့ အသက်၂၆ နှစ်အရွယ် ကလေးအဖေ အသစ်စက်စက် ရှီရှန်းဝန်
ပါ။ သြစတြေးလျနိုင်ငံ ကနေ တရုပ်ကို အလုပ်ကိစ္စခရီးက ပြန်လာတာပါ။
ပါ့သ်မြို့  လေဆိပ်မှာတုန်းက သူ့မိန်းမမွေးနေ့နီးလာလို့ လက်ကောက်
နာရီလေး ဝယ်ဖို့အကောက်ခွန်လွတ်ဆိုင်မှာ မိနစ် ၄၀ လောက်ဝင်
သွားသေးတယ်လို့ လေဆိပ်အကောက်ခွန်လွတ်ဆိုင်က ဝန်ထမ်းတစ်ဦးက
ဆိုပါတယ်။
်.

ခိုးယူထားတဲ့ ပါ့စ်ပို့တွေကို အသုံးချ ပြီးလေယာဉ်ပေါ်တက်လာတဲ့ ခရီးသည်
နှစ်ယောက် ကတော့ အသက် ၁၉နှစ်အရွယ် ပူရီယာ နူးမိုဟာမဒီ မာ့ဒက် နဲ့
အသက် ၂၉ နှစ်အရွယ် ဆာရစ် မိုယာမက် ရီဇာ ဒီလာဗာ တို့ဖြစ်ကြပြီး
နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဥရောပကို ပြောင်ရွေ့ခိုးဝင်လာကြတဲ့
အီရန်နှစ်ဦးလို့သိရပါတယ်။

အသက် ၁၈နှစ်အရွယ် ကွာလာလမ်ပူက ITကျောင်းသား မိုဟာမက် မယ်လိုင်ဘာဆာက သူတို့ နှစ်ယောက်ဟာ လေယာဉ်ပေါ်မတက်ခင်
သူ့အခန်းမှာ တစ်ည နေသွားတယ်လို့ပြောပါတယ်။ တီဟီရန် အထက်
တန်းကျောင်းက မာ့ဒက်ရဲ့သူငယ်ချ င်းတစ်ယောက်ကတော့ သူဟာ
စိတ်အတော်လှုပ်ရှားနေပြီး သူ့အမေစောင့်နေတဲ့ ဂျာမဏီနိုင်ငံက
ဟမ်းဘာ့ဂ်မြို့ မှာ ဘဝအသစ်စမှာလို့ပြောခဲ့တယ်လို့ဆိုပါတယ်။

မယ်လိုင်ဘာဆာကလည်း သူ့မျ က်နှာမှာစိတ်လှုပ်ရှားနေတာ
တွေ့ရတယ်လို့ပြောပါတယ်။

နောက်တစ်ညမှာတော့ မိုဟာမက် မယ်လိုင်ဘာဆာယာ ကားမောင်း
ပြီးသူတို့နှစ်ယောက်ကို လေဆိပ်ကို လိုက်ပို့ပါတယ်။လေဆိပ်ထဲမှာ
ကောင်တာထဲ ဝင်ဖို့ ကူညီပေးမယ်ပြောတော့ အတင်းငြင်းပြီး ခွဲဝင်ကြမှာလို့ပြောပါသတဲ့။

ဒီလာဗာက အရင်ဝင်ပါတယ်။မာ့ဒက် ကားပေါ်က မဆင်းမီသူတို့
နှစ်ယောက် ၁၀ မိနစ်လောက် စီးကရက်သောက်ရင်း အချိ န်ဖြု န်း
ကြပါသေးသတဲ့။

မယ်လာဘာဆာဟာ သူ့မိတ်ဆွေကို ပခုံးဖက်နှုတ်ဆက်ရင်း လမ်းခရီး အဆင်ပြေ ချောမွေ့စေဖို့ ဆုတောင်းပေးရင်း ကျောပိုးအိပ်နဲ့ ခရီး
ဆောင်ကွန်ပျူ တာကိုဆွဲလို့ လေဆိပ်ထဲဝင်သွားတဲ့သူ့မိတ်ဆွေရဲ့
ကျောပြင်ကို ကြည့်နေရင်းကျ န်ခဲ့ပါတယ်။ ဒါကတော့ သူ့ကို နောက်
ဆုံးမြင်ခဲ့ရတာပါ။

အပိုင်း(၂) ဆက် တင်ပေးပါဦးမည်။

ပုံမှန် နှင့် ခရီးစဉ်ပျောက်ဆုံးသွားသော ပုံမှန်ခရီးစဉ်

အပိုင်း(၂)

ပထမဆုံးမေတ္တာရပ်ခံချင်တာကတော့ ကျွ န်တော့် Firefoxက
ဗားရှင်း အသစ် ၂၈ ကို တက်သွားတာရယ် မနေ့က ဖေ့ဘုတ်
ကလည်း ဗားရှင်းပြောင်းတာရယ်ကြောင့် စာရိုက်ပြီး ပို့စ်တင်
လိုက်ရင် သဝေထိုး၊ ရပင့်၊ ရရစ်တွေ ဒေါင့်စွန်မှာပျောက်နေပါ
တယ်။ မဖြေရှင်းတတ်သေးတော့ သည်းခံဖြည့်စွပ်ဖတ်ပါလို့
ပဲတောင်းပန်ပါရစေ။

အင်္ဂလိပ်လိုဖတ်တတ်၊ ဖတ်နိုင်သူတွေတစ်ပုံကြီးပါ။ ကျွ န်တော်
ဖတ်ရ သိရတာလေးကို မျှ ဝေတဲ့ သဘောသက်သက်ပါ။ အချိန်နဲ့
အမျှပြေးလွှားလှုပ်ရှားနေကြတဲ့ ဝန်းကျင်မှာနေသူတွေအဖို့ အင်္ဂလိပ်
လိုဖတ် တဆင့် မြန်မာပြန်တွေး အလုပ်မရှုပ်ရအောင် အသင့်ဖတ်
ဖို့ ပြင်ဆင်ပေးသည့် စေတနာရင်းသာဖြစ်ပါကြောင်း။

-လေယာဉ်ပျံအကြောင်း

ခရီးသည်များ တက်ခဲ့ကြတဲ့ လေယာဉ်ပျံက ဘိုးရင်း ၇၇၇ လေယာဉ်ပါ။
ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးနဲ့ ရှေ့ပြေးနေတဲ့ ခရီးသည်တင်ဂျက်လေ
ယာဉ်အမျိုးအစားပါ။ ဘိုးရင်းလေယာဉ်ကုမ္ပဏီရဲ့ ပထမဦးဆုံးသော
လျှပ်စစ်နဲ့ သုံးပျံ သန်းတဲ့ခရီးသည်တင်လေယာဉ်ပါ။ ဆိုလိုတာက လေ
ယာဉ်ပျံ သန်းရာမှာ လက်နဲ့ မထိန်းချု ပ်ပဲ အီလက်ထရွန်နစ်နည်းပညာ
က အစားထိုးထိန်းချု ပ်တာပါ။လေယာဉ်မှုးဟာစီမံခန့်ခွဲမှုပေးရပြီး အဲဒီ လုပ်ဆောင်ခိုင်းချ က်တွေ လေယာဉ် တောင်ပံနဲ့ အစိတ်အပိုင်းတွေ
ကို ပေးပို့လုပ်ဆောင်စေပါတယ်။ ကွန်ပျူ တာကတော့ လေယာဉ်
တည်ငြိမ်အောင်ထိန်းပေးပါတယ်။

ခွန်သုံးလုံးလို့ခေါ်လေ့ရှိကြတဲ့ လေယာဉ်ဟာ ပျံ သန်းတဲ့ စားရိတ်စက
သက်သာတာရယ် ၁၆နာရီကြာမနားတမ်း ဆီမဖြည့်ပဲ ပျံ သန်းနိုင်တာရယ်
တို့ကြောင့် ဘိုးရင်း ၇၄၇ လေယာဉ်တွေ နေရာမှာအစားထိုးဝင်လာတာပါ။
လေယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းသက်တမ်းတလျှောက် လုံခြုံ စိတ်အချ ရဆုံး
မှတ်တမ်းဝင်လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ စပြီးအသုံးပြုတဲ့ ၁၉ နှစ်
အတောအတွင်း ကြီးကြီးမားမား မတော်တဆမှု နှစ်ခု သာရှိခဲ့တာပါ။

မလေးရှားအစိုးရပိုင် မလေးရှားလေကြောင်းလိုင်းဟာ ဘိုးရင်း ၇၇၇ လေ
ယာဉ်တွေကို ၁၉၉၇ ခုနှစ်ကတည်းကသုံးခဲ့ကြတာဖြစ်ပီး နောက်ဆုံး အထိ
၁၅ စင်း ပိုင်ဆိုင်တားပါတယ်။ အဲဒီ ၁၅ စင်း ထဲက တစ်စင်းဟာ ဝါရှင်တန်
အဲဗရက် ဘိုးရင်းတပ်ဆင်ရေးစက်ရုံကထွက်လာတဲ့ ၄၀၄ စင်းမြောက် လေ
ယာဉ်ဖြစ်ပြီး ၂၀၀၂ ခုနှစ် မေလမှာ လေကြောင်းလိုင်းကို ပေးပို့ခဲ့တာပါ။

အမြီးပိုင်းနံပါတ် 9M-MRO အနေနဲ့ မှတ်ပုံတင်ပါတယ်။ ဒါကတော့ ခရီးစဉ်
MH- 370 မှာအသုံးပြု ခဲ့တဲ့ လေယာဉ်အကြောင်းပါ။

မလေးလေကြောင်းလိုင်းအဆိုအရ ဒီလေယာဉ်ဟာ အရင်က လုံခြုံ ရေးနဲ့
ပါတ်သက်ပြီးမတော်တဆ တစ်ခါပဲ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါသတဲ့။ ၂၀၁၂ သြဂုတ်
လ ၉ရက်မှာ ရှန်ဟိုင်းပူဒေါင်နိုင်ငံတကာလေဆိပ် လေယာဉ်ပြေးလမ်းကနေ
ချ ဉ်းကပ်ရာမှာ ချို င်းနားအီးစ်တန်းလေကြောင်းပိုင် အဲဘတ်စ်လေယာဉ်
A340 ရဲ့အမြီးကို ဖြတ်တိုက်မိခဲ့လို့ လေယာဉ်တောင်ပံအဖျားပြု တ်ထွက်
သွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူမရှိပဲပျ က်စီးသွားတဲ့ တောင်ပံ အစိတ်
အပိုင်းကို အင်ဂျ င်နီယာနဲ့ စက်ပြင်အဖွဲ့စေလွှတ်ပြီး ပျ က်သွားတဲ့တောင်ပံ အပိုင်းကို ဖြု တ် အသစ်လဲပြီး စမ်းသပ်ပျံ သန်းကြည့် ပီးမှ လုပ်ငန်းခွင်ဝင်စေ
ခဲ့တယ်လို့ ဘိုးရင်းက ဆိုပါတယ်။

ဘိုးရင်းကုမ္ပဏီ ဟာ ခွန်သုံးလုံးလေယာဉ်တွေကို ပျံသန်းချိ န် နာရီ ၅၀၀ ပြည့်
တိုင်း A Check လို့ခေါ်တဲ့ အသေးစားပြုပြင်ထိန်းသိမ်းမှု စစ်ဆေးရေး
လုပ်ခိုင်းပါတယ်။

ဒီစစ်ဆေးမှုဟာ လေယာဉ်ရုံထဲမှာတင် အင်ဂျ င်နီယာ ၁၅ ဦးလောက်နဲ့
၁၀နာရီကြာလောက်လုပ်ရတာပါ။ အများအားဖြင့် ညဖက်မှာလုပ်လေ့ရှိပါ
တယ်။ မလေးရှားလေကြောင်းလိုင်းကတော့ လေယာဉ်ဟာ A check
စစ်ဆေးမှုကို ၂၀၁၄ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလုပ်ခဲ့ပြီး ဘာမှ
ထူးထူးခြားခြားပျက်စီးတာမတွေ့ခဲ့ရဖူးလို့ဆိုပါတယ်။

လေယာဉ်က်ု ကွာလာလမ်ပူလေဆိပ်ဝင်ပေါက်ဂိတ်အထိဆွဲလာချိန် ၂၀၁၄
မတ်လ ၈ရက်နေ့မှာ လေယာဉ်ဟာ ခရီးစဉ်ပေါင်း ၇ ၅၀၀ ကျော်ပြေးဆွဲ
ခဲ့ပြီး ပျံ သန်းချိ န် နာရီပေါင်း ၅၃ ၄၀၀ ကျော်နေပါပြီ။ ဒီလေယာဉ်နဲ့စီးပွား
ရှာစားလို့ရတဲ့ပျှ မ်းမျှ သက်တမ်း ၂၃ နှစ်မှာ ကိုယ်ထည်ကြီးခရီးသည်
တင်လေယာဉ်ကြီးအနေနဲ့ အလတ်ကြီးရှိပါသေးတယ်။

တနည်းအားဖြင့်ပြောရရင် ပျံ သန်းနေကြတဲ့ ၇၇၇ လေယာဉ်ပေါင်း ၁၁၇၀
စင်းထဲက ဒီလေယာဉ်ဟာ နဲနဲလေးမှ ပိုထူးနေတာမဟုတ်ပါဘူး။ဒါကြောင့်
စက်ချို့ယွင်းလို့၊ဒီဇိုင်းမှာ၊ တည်ဆောက်ရာမှာ၊ စက်ပိုင်းမှာ အမှားပါလို့
ပျ က်ကျ ပျောက်ဆုံးရတယ်လို့ ဆုံးဖြတ်ရမှာ ရက်စက်လွန်းပါတယ်။

မသေချာမရေရာဘူးဆိုတာ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းမှာမရှိပါဘူး။
ကျွ န်တော်တို့ ဘာဖြစ်တယ်ဆိုတာရှာမှာပါ..လို့ အမျိုးသားပို့ဆောင်မှု
လုံခြုံ ရေး ဥက္ကဌဟောင်း မာ့ခ်ရိုဆန်ကာက ပြောသွားပါတယ်။

အပိုင်း(၃) ဆက်တင်ပေးပါမည်။


ပုံမှန် နှင့် ခရီးစဉ်ပျောက်ဆုံးသွားသော ပုံမှန်ခရီးစဉ်

အပိုင်း(၃)

လေယာဉ်ပေါ်ရောက်လာရာဝယ်

၂၂၇ယောက်သော ခရီးသည်တွေလေယာဉ်ထဲရောက်လာတာနဲ့
လေယာဉ်မယ်၊ လေယာဉ်မောင်တွေကဆီးကြိုနေကြမှာပါ။ လေယာဉ်
မယ်လေးယောက်က ပါတိတ်ဝတ်စုံတွေဝတ်ထားပြီးလေယာဉ်မောင်
သုံးယောက်ကတော့ three-piece suit တွေဝတ်ဆင်ထားကြမှာပါ။
တချို့ကမျက်နှာသုတ်ပုဝါအေး၊အချိုရည်နဲ့ သတင်းစာတွေကို အထက်
တန်းမှာ ကမ်းဝေနေမှာဖြစ်ပြီး တချို့ကတော့ ရိုးရိုးတန်းခရီးသည်တွေ
ရဲ့ ထိုင်ခုံနေရာတွေလိုက်ပြပေးနေမှာပါ။

အပြင်မှာတော့ မြေပြင်အဖွဲ့သားတွေဟာခရီးသည်တွေရဲ့ ခရီးဆောင်
အိတ်တွေကို ကုန်တင်အခင်းပြား ၆ ချပ်စာ၊ ကွန်တိန်နာ ၁၄လုံးစာတင်
နိုင်တဲ့လေယာဉ်ကုန်ခန်းထဲကိုထည့်သွင်းနေခဲ့ကြမှာပါ။ လေကြောင်း
လိုင်းကတော့ လေယာဉ်ပေါ်မှာအန္တရာယ်ဖြစ်စေလောက်တဲ့ကုန်တွေ
တန်ဖိုးကြီးကုန်တွေပါမသွားဘူးလို့ဆိုပေမယ့် ကုန်တွေထဲမှာ မီးလောင်
လွယ်တဲ့ လီသီယမ်ဓါတ်ခဲတွေ အမြောက်အများပါသွားပါတယ်။ ဒါတွေ
ဟာ သာမန်ဆိုရင် သင်္ဘောနဲ့တင်ရမယ့်ကုန်တွေပါ။

လေယာဉ်တံခါးကိုပိတ်ပြီးတဲ့နောက်မှာ လေယာဉ်မောင်ချုပ် အင်ဒရူး
နရီဟာ လော်စပီကာ ကနေ ခရီးသည်တွေကို ကြိုဆိုမှာဖြစ်ပီး
မိုဘိုင်းဖုန်းတွေကိုပိတ်ထားဖို့လည်းသတိပေးနေမှာဖြစ်ပါတယ်။
သူကိုယ်တိုင်လည်းသူ့ဖုန်းကိုမပိတ်ခင်မှာ သူ့အမေဆီကို မက်ဆေ့ခ်ျ
ပို့မှာပါ။ သူက သူ့လေယာဉ်ထွက်တော့မယ်လို့ SMS ပို့နေကျပါ ဟု
အမေက The Sunသတင်းစာကိုပြောပြသည်။

လေယာဉ်ဦးခန်းထဲတွင်တော့၁၉၈၁ ခုနှစ်ကတည်းက မလေးရှားလေ
ကြောင်း လိုင်းမှာလုပ်လာတဲ့ ပျံသန်းချိန် နာရီပေါင်း ၁၈ ၃၆၅ နာရီရ
ထားတဲ့ အသက် ၅၃နှစ်အရွယ် လေယာဉ်မှုးကြီး ဇာဟာရီအာမက် ရှား
နဲ့ လေကြောင်းလိုင်းရဲ့ ကိုယ်ထည်သေးလေယာဉ်အုပ်စုကနေ ဘိုးရင်း
၇၇၇ ကိုပြောင်းလာတဲ့ အသက် ၂၇ နှစ်အရွယ် ပထမအရာရှိ ဖာရွတ်
အဘ်ဒူ ဟာမစ်တို့နှစ်ဦးရှိပါတယ်။

ဂိတ်ပေါက်ကနေ တဖြည်းဖြည်းဆုတ်ခွာလာပြီးနောက် လေယာဉ်ဟာ
ပြေးလမ်း 32R ကို ဖြေးဖြေးချဉ်းကပ်မောင်းနှင်လာမှာပါ။ လေယာဉ်မှုး
တစ်ယောက်ယောက်က လေယာဉ်ခန်းထဲကမီးတွေကို မှိန်ခိုင်းပြီး
လေယာဉ်အမှုထမ်းတွေက်ု ပျံတက်ဖို့ အတွက် ကိုယ့်နေရာမှာကိုယ်
ထိုင်ဖို့ပြောပါလိမ့်မယ်။ တစ်လုံးမှာ ပေါင် ၉၂ ၀၀၀ ထွင်းဖောက်အား
ရှိတဲ့ ရိုးရွိုက် ထရန့်ဂျက်အင်ဂျင်နှစ်လုံးတပ် လေယာဉ်ကြီးဟာ ၂.၅ မိုင်
အကွာအဝေးရှိတဲ့ ပြေးလမ်းမှာအပြေးပြိုင်ရင်း သန်းခေါင်ယံကျော်အပြီး
၄၁ မိနစ်မှာ မြေပေါ်ကကြွတက်လာပါတော့တယ်။ လေယာဉ်ကြီးဟာ
အတွင်းကိုစောင်းပြီးတက်လာတာနဲ့အမျှ တချို့ခရီးသည်တွေဟာ အမှောင်
ထုအတွင်းမှာပျိုးပျိုးပျက်ပျက်ထနေတဲ့ ကွာလာလမ်ပူမြို့ကိုမြင်ရနိုင်သလို
အဝေးက ပီထရိုနာ အမွှာမျှော်စင်ညီနောင်ကိုလည်းမြင်ရကောင်းမြင်
ရမှာပါ။

မနက် ၀၁း၀၇ နာရီ ဂျက်လေယာဉ်ပျံကြီး မလေးရှားကျွန်းဆွယ် အရှေ့
ဖက်ကမ်းကို ချဉ်းကပ်လာချိန်မှာတော့ မြေပြင် အမှုထမ်းတွေဟာ ပုံမှန်
ရရှိနေကြ လေယာဉ်ရဲ့ ACARS ကနေ လေယာဉ်ရဲ့ အမှတ်အသား
သတင်းပို့စံနစ်က စာသားသတင်းတိုကို ဖမ်းယူရရှိပါတယ်။

အဲဒီနောက်မှာတော့ ပထမဆုံး အဖျော်ယမကာ.တိုက်ကျွေးမှုစတင်
ပြင်ဆင်နေလောက်ပါတယ်။ ရိုးရိုးတန်းမှာတော့ အချိုရည်၊ သစ်သီးရည်၊
နဲ့ မြေပဲတို့ပေးမှာဖြစ်ပြီး အထက်တန်းမှာတော့ ရှန်ပိန်အပါအဝင်
ယာမကာမျိုးစုံ နဲ့အတူ သားရေစာ မီးသွေးနဲ့ကင်ထားတဲ့ကြက်သား
ဒါမှမဟုတ် ဆိတ်သားကင်နဲ့ မြေပဲထောင်းဆော့စ် အစရှိသဖြင့်ပေါ့။
ခရီးစဉ်အတွင်းဖော်ဖြေရေးအနေနဲ့လည်း ရုပ်ရှင်ပေါင်းစုံပါဦးမှာပါ။

ကွာလာလမ်ပူ မြို့ပြင် ဆူဘမ်မှာရှိတဲ့ လေကြောင်းထိန်းသိမ်းရေးစခန်း
ဟာ လေယာဉ်ရဲ့မြေပြင်ရေဒါက အချက်ပေးသင်္ကေတ ကိုတုန့်ပြန်တဲ့
ထရန်စပွန်ဒါကို ခြေရာခံပြီး လေယာဉ်တည်နေရာ၊အမြင့်ပေ၊ မြန်နှုန်း၊
ရပ်ညွှန်းတွေကို နောက်ကလိုက်မှတ်တမ်းတင်နေပါပြီ။ အဲဒီညက
လေကြောင်းခရီးစဉ် ၃၇၀ ရဲ့ အသံပေး squawking code ကတော့
၂၁၅၇ ပါ။

လေယာဉ်ဟာ ဗီယက်နမ်လေပိုင်နက်ကို ချဉ်းကပ်လာတော့ ဆူဘန်လေ
ကြောင်းထိန်းမျှော်စင်ကနေ လေယာဉ်မှုးတွေကို ဟိုချီမင်းလေကြောင်း
ထိန်းမျှော်စင်ရဲ့ ရေဒါထိန်းချုပ်မှုကို လွှဲပေးတော့မယ်လို့အကြောင်းကြား
လာပါတယ်။ ၀၁း၁၉ နာရီမှာတော့ အာဏာပိုင်တွေဖော်ထုတ်ခဲ့သလို
ပထမအရာရှိ ဖာရွတ်ရဲ့ အကြောင်းပြန်သံ ကောင်းပါပြီ။ မင်္ဂလာညပါ ဆို
တဲ့ အကြောင်းပြန်သံ ကြားခဲ့ရတာပါ။

နောက်ထပ်နှစ်မိနစ်အကြာမှာတော့လေယာဉ်ရဲ့ ထရန်စပွန်ဒါဟာတုံ့ပြန်
မှုရပ်ဆိုင်းသွားပါတယ်။ မရေမရာဖြစ်နေတဲ့ အချက်က လေယာဉ်မှုးကြီး
ရဲ့ထိုင်ခုံနဲ့ လက်ထောက်လေယာဉ်မှုးရဲ့ထိုင်ခုံအကြား ထိုင်ထားတဲ့
စက်ခလုပ်ခုံပေါ်က ထရန်စပွန်ဒါခလုပ်ကို တစ်ယောက်ယောက်က အသင့်အနေအထားကိုပဲ လှည့်လိုက်မိသလား၊ ချို့ယွင်းချက်တစ်ခုခုကပဲ
အသံတိတ်သွားအောင်လုပ်ဆောင်ခဲ့လေသလားဆိုတာပါပဲ။

အပိုင်း(၄)နောက်ဆုံးပိုင်း ဆက်တင်ပေးပါမည်။

ပုံမှန် နှင့် ခရီးစဉ်ပျောက်ဆုံးသွားသော ပုံမှန်ခရီးစဉ်

အပိုင်း(၄) နောက်ဆုံးပိုင်း

ပဟေဠိဆန်သော အချက်ပြသင်္ကေတ

လေကြောင်းထိန်းသိမ်းရေးမှုးများ လေယာဉ်ခရီးစဉ် MH-370နှင့်
အဆက်အသွယ်ပြန်ရရှိအောင်လုံးပမ်းနေခိုက် မလေးရှားနိုင်ငံရဲ့
အနောက်ဖက်ကမ်းခြေ ဘတ်တာဝေါ့သ်လေတပ်စခန်းရှိ စစ်တပ်
သုံးရေဒါက အမျိုးအမည်မသိ လေယာဉ်ပျံတစ်စင်းကို ပျောက်ဆုံး
နေသောလေယာဉ်တည်ရှိရာ အနီးအနားတစ်ဝိုက်မှ ခြေရာခံ
မိပါတယ်။

သို့ပေမယ့် အရာရှိတစ်ယောက်နဲ့ အခြားအဆင့် သုံးယောက်လောက်
ပါလေ့ရှိတဲ့ ကင်းအဖွဲ့ဟာ အချက်ပြတာကို သတိမထားမိ
တာပဲလား။ အထက်အရာရှိ အဆင့်ဆင့်ကို သတင်းပို့ပြီးလေတပ်
အခြေစိုက်စခန်းတစ်ခုလုံးကိုတပ်လှန့်ရမှာစိုးလို့ပဲ ရောင်ပြန်ရိပ်
အနေနဲ့သတ်မှတ်ပြီးလွှတ်ပေးလိုက်လားတော့မသိ။

နောက်နေ့ညလေတပ်အခြေစိုက်စခန်း ဆောင်ရွက်ချက်များတင်ပြ
တဲ့ အစည်းအဝေးမှာ လေတပ်အရာရှိ အယောက် ၈၀ လောက်ကို
ပျောက်နေတဲ့ လေယာဉ်ဟာ ချိုးကွေ့ပြီး မလေးရှားကျွန်းဆွယ်ကိုဖြတ်၊
နောက်ထပ်ချိုးပြီး မလက်ကာရေလက်ကြားရှိရာ အနောက်မြောက်အရပ်
ကိုဦးတည်တယ်ဆိုတာနဲ့ပါတ်သက်ပြီး အမျိုးအမည်မသိအချက်ပြချက်
ကို ရရှိကြောင်းသက်သေပြစရာမရှိလို့ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

အခုတော့ လေယာဉ်ပျောက်ကို ရှာဖွေနေသူတွေက ဒီအတိုင်းပဲဖြစ်
ခဲ့တာလို့ ယုံကြည်နေကြပါပြီ။

ခရီးစဉ် ၃၇၀ရဲ့ ခြေရာကို ရေဒါကပဲ အချက်အလက်မသိမ်းမိတာလား၊
တမင်ပဲ မသိမ်းမိပါဘူးလို့ ငြင်းနေသလားတော့ ဝေခွဲမရ။ အကြောင်း
ကတော့ မိမိလေပိုင်နက်အတွင်း အမျိုးအမည်မသိလေယာဉ်ပျံ ကျူးကျော်
ဖြတ်သန်းသွားသည်ကို မသိကြောင်းဝန်ခံဖို့ရာ နိုင်ငံတကာမျက်နှာစာ
တွင် အရှက်ရစရာသဖွယ်ဖြစ်နေသောကြောင့်ပင်။

သို့ နှင့် မလေးရှားအစိုးရဟာ မိမိကျွန်းဆွယ်၏ အနောက်ဖက်ကိုရှာရ
မည့်အစား အရှေ့ဖက် ပင်လယ်များတွင်သာ တွင်တွင်ရှာပါလေတော့
တယ်။ရေဒါခြေရာခံ ပုံရိပ်များအရ စစ်တပ်၏ရေဒါမှအချက်ပြချက်ကို
နောက်ဆုံးမှတ်တမ်းတင်ချိန်မှာ ၀၂း၂၂ နာရီတွင်ဖြစ်ပြီး လေတပ်
အခြေစိုက်စခန်းတည်ရှိရာ ဘတ်တာဝေါ့သ်၏ အနောက်မြောက်ဘက်
ရေမိုင် ၂၀၀ အကွာတွင်ဖြစ်သည်။

လေယာဉ်ဟာနောက်ထပ် ၇ နာရီနီးပါး ဆက်လက်ပျံသန်းနေရာတွင်
ဂြိုလ်တုကို ဆက်သွယ်သော အချက်ပြစံနစ်များကို မှန်မှန်ထုတ်လွှတ်
ပေးနေခဲ့သည်။မလေးရှားအာဏာပိုင်များအနေဖြင့် လေယာဉ် နှင့်
ပါတ်သက်ပြီး ရရှိထားသည့် အချက်အလက်များအပေါ်တွင် လျင်မြန်
စွာ လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။

အင်မားဆက်ဂြိုလ်တုလုပ်ငန်းမှ ဒုတိယ ဥက္ကဌ ခရစ် မက်လဖ်လင်က
လေယာဉ်ပျောက်ဆုံးချိန် လေးနာရီအတွင်း လေယာဉ်မှ ထုတ်လွှင့်ချက်
အားလုံးကို အတတ်ပညာရှင်များက မှတ်တမ်းများဆွဲထုတ်ခဲ့ကြောင်း
လေယာဉ်ထံမှ အချက်အလက်များရပ်သွားပြီးနောက်တစ်နေ့မှာ
ခရီးစဉ် ၃၇၀၏ အချက်အလက်များ ကျန်လိုကျန်ငြား ကုမ္ပဏီပိုင်
ဒေတာဘေ့စ်များအားပိုက်စိတ်တိုက်ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။

ပညာရှင်တွေရဲ့တွေ့ရှိချက်အရ လေယာဉ်၊ အိန္ဒိယသမုဒ္ဒရာပေါ်မှ ဂြိုလ်
တု နှင့် သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ မြေပြင်ရေဒါစခန်းတို့အကြား
လေယာဉ်အချက်ပြအဆက်အသွယ် တို့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

တစ်နာရီအတွင်း အချက်ပြသင်္ကေတ ၇ ကြိမ်ထုတ်လွှင့်မှုဟာ အရေး
ပါတဲ့ သဲလွန်စဖြစ်ပြီး အဆိုပါ အချက်ပြသင်္ကေတဟာလေယာဉ်ကရတဲ့
စွမ်းအင်နဲ့သာ လေယာဉ်အင်တီနာမှ ထုတ်လွှင့်ပေးနိုင်လို့ပါ။ ဒါပေမယ့်
ဒီ အချက်ပြသင်္ကေတတွေက လေယာဉ်ဟာ ခရီးစဉ် ၃၇၀ ဖြစ်တယ်
ဆိုတဲက အချက်သာပါလာခဲ့ပြီး ကျန်တဲ့ တည်နေရာနဲ့ တခြားအချက်
အလက်တွေ ပါမလာလေတော့လေယာဉ် ဒီသင်္ကေတကို လွှင့်ချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာမသိနိုင်တော့ပေ။

တနင်္ဂနွေနေ့လည်လောက်မှာတော့ အင်မားဆက်ဂြိုလ်တုလုပ်ငန်းက
အဖွဲ့တစ်ဖွဲ့ဟာ တြီဂိုနော်မက်ထရီ သင်္ချာရဲ့ နိယာမတွေကိုသုံးပြီး
လေယာဉ်က သင်္ကေတတစ်ခုစီပို့စဉ်မှာတည်နေတဲ့ အနေအထား
ဂြိုလ်တုရှိတဲ့နေရာတို့ရဲ့ အကွာအဝေးကို တွက်ချက်ပါတော့တယ်။
အဲလိုတွက်ချက်ပြီးတဲ့နောက်မှာ လေယာဉ်ပျံသန်းနိုင်မယ့်အကြမ်းဖြင်း
လမ်းကြောင်း နှစ်ခုကို အဖြေထုတ်ပါတယ်။

သူတို့ရဲ့ အဆုံးသတ်မှတ်ချက်ကတော့ လေယာဉ်ဟာ ထပ်ကွေ့တယ်။
နောက်ထပ် အနဲနဲ့အများဆိုသလို အဖြောင့်ပျံတယ်။မြောက်ဘက်ကိုပျံ
ရင်တော့ ဖြတ်ကျော်သွားတဲ့ တိုင်းပြည်က ရေဒါတွေက ခြေရာခံမိမယ်။
တောင်ဘက်ကိုပျံရင်တော့ အိန္ဒိယသမုဒ္ဒရာတောင်ဘက် နဲ့ တောင်ဝင်ရိုးစွန်း
အန္တာတိကကိုဦးတည်မယ်လို့ဆိုပါတယ်။

မလေးရှားအစိုးရကတော့ အင်မားဆက်ဂြိုလ်တုက အချက်အလက်တွေကို
မတ်လ ၁၂ရက်နေ့က ရပြီးအမေရိကန်က စုံစမ်းရေးမှုးတွေနဲ့အတူ သေသေချာချာ
စီစစ်သုံးသပ်ပြီးမှ မတ်လ ၁၅ ရက်မှာ ရှာဖွေမှုလမ်းကြောင်းပြောင်းခဲ့ပါသတဲ့။

အဲဒီနောက်တော့လေယာဉ်ရောက်ရှိသင့်ရာ ဘေကျင်းကနေ
ကမ္ဘာတဝက်ကျော်ခရီးကွာဝေးတဲ့ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာရှာနေရပါပြီ။

Credit - Zawmin Htun

https://www.facebook.com/zawminn

ပဟေဠိဆန်သောမလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ် MH-370 ပျောက်ဆုံးမှုအကြောင်း






မယုံကြည်ဖွယ်ရာ..မနှစ်မြိုဖွယ်ရာပင်။ ခေတ်မှီ ဆန်းပြားသည့် ခရီးသည်တင်လေယာဉ်ကြီးတစ်စီး..၊
၇၄ မီတာ x ၇၀ မီတာ..လူ ၂၃၉ ဦး နှင့် အတူ.. အကြမ်းဖက် ဓါးမြ များလက်ထဲတွင်လား.............၊
အကြမ်းဖက်လေယာဉ်မှုးလက်ထဲတွင်လား.....................။

ကျွန်တော်တို့ကို ပြောထားသလိုဆိုရင် ရုရှားအလယ်ပိုင်းဒေသရဲ့ အောက်ဘက်နား ကာဇက်စတန်
ကနေ အိန္ဒိယသမုဒ္ဒရာတောင်ဖက် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက်ဖက်တစ်နေရာနားအထိ
ဖြစိနိုင်ပါတယ်။

ကွာလာလမ်ပူ ကနေ ဘေကျင်း အထိပျံသန်းတဲ့လေယာဉ်ပေါ်ပါ အသက် ၂ နှစ်ကနေ ၄ နှစ်အရွယ်
ကလေးငယ် ၅ ဦးရဲ့ ဓါတ်ပုံလေးတွေ ထပ်မြင်ရတော့ ကြောက်စရာပုံပြင်မှာ နာကျင်စရာအခန်းထပ်
တိုးလာသလိုပါပဲ။

လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုဟာ ဂျက်လေယာဉ်ကို ထိန်းချုပ်ခဲ့ပါတယ်။  ပေါ့ပျက်ပျက်
အပျော်တမ်းသမားတွေတော့ မဟုတ်ပါဘူး။ လေယာဉ်ရဲ့ ထရန်စပွန်ဒါလို့ခေါ်တဲ့ လေယာဉ်
တည်နေရာကို မြေပြင်ရေဒါ ဆီပို့ပေးတဲ့ ကရိယာကို ပိတ်ပစ်နိုင်စွမ်းရှိအောင် နားလည်ထားတဲ့
သူတွေပါ။ သူတို့ဟာ လေယာဉ်မှုးရဲ့ ခေါင်းကိုသေနတ်တေ့၊ ဓါးထောက်ပြီးလုပ်ခိုင်းတာဖြစ်နိုင်သလို..၊
လေယာဉ်မှုး ကိုယ်တိုင် အကြမ်းဖက်သမားလည်းဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့အပတ် စနေနေ့က ထိုင်းပင်လယ်ကွေ့ပေါ်မှာ ဘေကျင်းမြို့ကို အသွား အရပ်ဘက်ရေဒါပေါ်
ကနေမနက် ၀၁း၂၁ နာရီမှာ ကွယ်ပျောက်သွားတယ်လို့ ပထမဦးဆုံးသတင်းပို့လာပါတယ်။

အခုတော့ အဲဒီနေရာနားမှာ ထိုးကျမယ်ထင်လို့ အသေးစိတ် ပိုက်စိတ်တိုက်ရှာနေရာကနေ
လေယာဉ်ပျံဟာ ရက်စက်ယုတ်မာတဲ့ လူတစ်စုလက်တွင်းကို ကျရောက်နေပြီလိုယူဆရပြန်ပါတယ်။

လေယာဉ်ဟာ ဘိုးရင်း ၇၇၇-၂၀၀ အီးအာရ် လေယာဉ်တွေအတွက် သင့်တော်တယ်လို့သတ်မှတ်
ထားတဲ့ အမြင့်ပေကိုကျော်လွန်ပြီး ပေ ၄၅ ၀၀၀ အထိထိုးတက်ခဲ့ပါတယ်။ ဖြစ်နိုင်ခြေကတော့ အရပ်
ဖက်ရေဒါကို လေယာဉ်တည်နေရာလှည့်ဖျားချင်လို့ တမင်သက်သက် လုပ်ကြံတဲ့ကြိုးပမ်းမှုတစ်ရပ်
ဖြစ်ပါတယ်။


အဲဒီနောက် လေယာဉ်ဟာ အနောက်ဘက်ကို ရုတ်တရက်ထိုးကွေ့ကာ ပေ ၂၃ ၀၀၀ အထိထိုးဆင်း
လာပြီး မလက္က္ကာရေလက်ကြားထိပ်ကနေ မလေးရှားဆီးဦးပြန်တည့်လာပါတယ်။ အဲဒီနောက် အမြင့်ပေ
တည်ငြိမ် လာပုံရပြီး အနောက်မြောက်ဘက်ယွန်းယွန်းဆီကို ကပ္ပလီပင်လယ်ပေါ်လောက်ကနေ
ပျံသန်းပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကာဂျက်စတန်..အဲဒီကနေ မြောက်ဘက်အစွန် ကာဇက်ခ်စတန်
ဘက်ကိုပျံသန်းသွားပုံရပါတယ်။

ဒါမှမဟုတ်လည်း စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ မလေးရှားဝန်ကြီးချုပ်ပြောခဲ့သလို အနောက်
တောင်ဘက်က အင်ဒိုနီးရှားနဲ့ အပြောကျယ်ပြီး လူသူရှားပါးတဲ့ အိန္ဒိယသမုဒ္ဒရာတောင်ဖက် တစ်နေ
ရာရာရောက်ကောင်းရောက်နေမှာပါ။

ဂျက်လေယာဉ်ရဲ့နောက်ဆုံးထုတ်လွှတ်လိုက်တဲ့ ဂြိုလ်တုဆက်သွယ်ရေးအချက်ပြစနစ်က မနက်
၀၈း၁၁နာရီမှာထုတ်လွှတ်ခဲ့တာပါ။ တောင်တရုပ်ပင်လယ်က အရပ်ဖက်လေကြောင်းသုံးရေဒါမျက်နှာ
ပြင်ကနေ ပျောက်သွားပြီး ၇ နာရီ အကြာမှာပါ။  ၀၈း၁၁ နာရီမှာ ထုတ်လွှင့်ခဲ့တဲ့ အချက်ပြ အဆက်
အသွယ်.. ကြိုတင် စီစဉ်ထားတဲ့ လူလုပ်စရာမလိုပဲအလိုလျောက် ဂျက်လေယာဉ်ရဲ့ ဂြိုလ်တုဆက်
သွယ်ရေးစံနစ်ကနေ ထုတ်လွှတ်လိုက်တဲ့ အချက်ပြစံနစ်ဟာ လေယာဉ် ဘယ်နေရာမှာရှိမှန်းတောင်
မသိနိုင်ပါ။ ကမ္ဘာ့မြောက်ဘက်စက်ဝိုင်းခြမ်းလား၊ တောင်ဘက်စက်ဝိုင်းခြမ်းလား၊ လေယာဉ်ပျက်
ကျတာလား၊ ဘေးကင်းရန်ကွာ မြေပြင်ပေါ်ဆင်းသက်နိုင်သလား... သက်သေမထူနိုင်ပါ။
ဒီအချက်ြပ စံနစ်ကနေ ကျယ်ပြန့်လှတဲ့ စင်္ကြန်လမ်းကြောင်းကြီး ၂ခုထဲက နေ တစ်ခုဖြစ်နိုင်ဖို့
အလားအလာများတယ်ဆိုရုံမျှသာ အကြံပေးနိုင်ခြေရှိတဲ့ အနေအထားပါ။




မသင်္ကာဖွယ်ဖြစ်သူများ

လေယာဉ်မောင်းခန်းထဲမှာ ရှိတဲ့သူတွေကို အခုတော့ အာရုံစိုက်နေရပါပြီ။ သူတို့ နှစ်ယောက်ထဲက
တစ်ယောက်ကတော့လေယာဉ်ခရီးစဉ်အမှတ် MH-370 ရဲ့လက်ထောက်လေယာဉ်မှုး လူပေါ်ကြော့လို
နေတတ်တယ်လို့ ထင်ရတဲ့ ဖာရွတ် အက်ဘ် ဟာမစ်ပါ။  ဖာရွတ်ဟာ  ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့
အမေရိကန်မှာ အကြမ်းဖက်မှုဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကမ္ဘာအနှံ့တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့
စည်းကမ်းကိုဖောက်ဖျက်ပြီး မလေးရှားလေကြောင်း လေယာဉ်မောင်းခန်းအတွင်းကို တောင်အာဖရိက ကမိန်းမချောလေး နှစ်ဦးကို အလည်ခေါ်ခဲ့သူပါ။ လေယာဉ်မောင်းခန်းထဲဆေးလိပ်သောက်တာ
ကောင်မလေးချောချောကို ငမ်းတာတွေဟာ အခုလောလောဆယ် တော့ ဖြစ်ရပ်နဲ့ မပါတ်သက်
ပေမယ့် နောင်သူ့အလှည့်လာပါဦးမယ်။

အသက် ၅၂ နှစ်အရွယ် လေယာဉ်မောင်းသက် ၃၃ကြာ အတွေ့အကြုံရှိပြီဖြစ်တဲ့ လေယာဉ်မှုးကြီး
ဇာဟာရီ အာမက် ရှား ကိုတော့ တည်ငြိမ်ပြီး ကျွမ်းကျင်အတတ်ပညာရှင်အဖြစ်ပုံဖော်ထားခဲ့ကြပါတယ်။
ဒါပေမယ့် အခုတော့သူ့ကို အလွန့်အလွန်စေ့စေ့စပ်စပ်စစ်ဆေးစရာ လူအဖြစ် သတ်မှတ်ခံနေရပါပြီ။ အတည်မပြုနိုင်သေးတဲ့ပေါ်ထွက်နေတဲ့သတင်းများအရ လေယာဉ်မှုးကြီး ဇာဟာရီဟာ မလေးရှား
အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကိုပြင်းပြင်းထန်ထန် ထောက်ခံသူဖြစ်ပြီး လေယာဉ်မပျံ
သန်းမီ နာရီပိုင်းအလိုမှာ  အန်ဝါအီဘရာဟင်ကို ၂၀၁၂ခုနှစ်ကတည်းက အပြစ်မရှိကြောင်းစီရင်ချက်
ချထားတဲ့ လိင်တူချင်းဆက်ဆံမှု ကို မလေးရှားတရားရုံးက ထောင် ၅ နှစ်ပြန်ချမှတ်လိုက်တဲ့ညအမှု
အတွက် တရားရုံးကိုသွားနားထောင်ခဲ့တယ်လို့ဆိုပါတယ်။

အပြင်ပန်းကကြည့်ရင် တည်ငြိမ်တယ်၊ ပွင့်လင်းတယ်၊ခေတ်ဆန်တယ်၊ ခေတ်မီဆန်းပြားတယ်ဆိုတဲ့
နိုင်ငံဟာ စာနယ်ဇင်းနဲ့တရားရုံးတွေအပေါ်မှာ ဖိစီးကြီးစိုးမှုတွေရှိနေပါသေးတယ်။ ရွေးကောက်ပွဲတွေ
မလွတ်လပ်တာအပြင် သဘောထားကွဲလွဲမှုတွေကို ပေါ်ပေါ်ထင်ထင်တွေ့ရခဲပေမယ့် အတွင်းလှိုက်ပြီး
နက်နက်နဲနဲ ခါးခါးသီးသီး ကွဲပြားနေတဲ့ နိုင်ငံပါ။ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက
အန်ဝါအီဘရာဟင်ကို အမိန့်ချမယ့်နေ့ မှာ ဇာဟာရီ သွားမယ်လို့ ပြောပေမယ့် တစ်ကယ်ရောက်သွား
မသွားဆိုတာတော့ ဘယ်သူမှ အတည်မပြုနိုင်ပါဘူ။

အမည်မဖော်တဲ့ အမေရိကန်ထောက်လှမ်းရေးတစ်ဦးကတော့ လေယာဉ်မောင်းခန်းက သူတွေသာ ဂျက်လေယာဉ်ပျောက်ဆုံးမှုရဲ့နောက်ကွယ်မှာရှိတယ် ဆိုတဲ့ အယူအဆကို လိုလားကြပါတယ်။
ဒီအယူအဆကို အမေရိကန်ရဲ့ တခြားအမြင်ဖြစ်တဲ့ လေယာဉ်ကို အရပ်ဖက်ရေဒါမြင်ကွင်းကနေ
ဖျောက်ဖို့ဆိုတာ ပရိယာယ်ဆင်ပြီး လွတ်အောင်လှည့်တတ်တဲ့ လေယာဉ်မောင်းသိပ်ကျွမ်းကျင်သူမှ
ဖြစ်နိုင်တယ်ဆိုတဲ့ အမြင်ကလည်း ပံပိုးနေပါတယ်။

တစ်ချို့ကလည်း လေယာဉ်မှုးတွေအပေါ် ဦးတည်တာဟာ အပေါ်ယံ ဟန်ဆောင်သိမ်မွေ့ပြတဲ့
မတရားအုပ်ချုပ်သူ ဝန်ကြီးချုပ်ရာဇတ်ရဲ့ နိုင်ငံရေးအာရုံလှည့်စားဖို့ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့
ဆိုကြပါတယ်။

ယူကေ ရဲ့ နာမည်ကြီး တယ်လီဂရပ်ဖ် သတင်းစာကြီးကတော့ အယ်ခိုင်ဒါရဲ့ ဖော်ကောင်တစ်ဦးဟာ
ပြီးခဲ့တဲ့ အပတ်က နယူးယောက်က   အိုစမာဘင်လာဒင်ရဲ့ သားမက်ဖြစ်တဲ့ ဆူလေမန် အဘူ ဂါ့သ်ရဲ့
အမှုစစ်ဆေးရာမှာ  မလေးရှားက လူ ၄-၅ ယောက်ဟာ ရှုးဖိနပ်ထဲမှာဖွက်ပြီးသယ်လာတဲ့ အသေးစား
ဗုံးတစ်လုံးကို ဖောက်ခွဲပြီး လေယာဉ်မောင်းခန်းတံခါးကို ဖွင့်ဝင်ကာလေယာဉ်ကို ထိန်းချုပ်ဖို့ စီစဉ်နေ
တယ်လို့ သက်သေခံချက်ပေးခဲ့ကြောင်း သတင်းပေးပို့ခဲ့ပါတယ်။

အမေရိကန်ကလည်း ဒီရက်သတ္တပတ်များအတွင်းမှာ ရှုးဖိနပ်ဗုံးများလေဆိပ်လုံခြုံရေးကိုဖြတ်ပြီးသယ်နိုင်
မယ့် ဘေးအတွက်သတိပေးချက်တွေထုတ်ပြန်ထားခဲ့ပါတယ်။

ဗြိတိသျှဖွား သက်သေခံ ယခင် ဂျီးဟတ်ဝါဒီတစ်ဦးဖြစ်တဲ့ ဆာဂျစ် ဘာဒါဟာ ဗြိတိန်ရဲ့ လျို့ဝှက်တစ်နေရာ
ကနေ ဗီဒီယို လင့်ခ်မှာပေါ်လာပြီးမလေးရှား အကြမ်းဖက်သမားတစ်စုကို အာဖဂန်နစ်စတန်မှာတွေ့ဆုံခဲ့ပြီး ရှုးဖိနပ်ဗုံးကို ပေးခဲ့တယ်လို့ဆိုပါတယ်။

သူ့အဆိုအရ  အဖွဲ့ထဲက တစ်ယောက်ဟာ လေယာဉ်မှုးဖြစိပြီး ခရီးသည်တင်လေကြောင်းလိုင်း လေယာဉ်
မှုးတွေသေသွားရင် ဒါမှမဟုတ် လေယာဉ်ကို ထိန်းချုပ်ပျံသန်းနိုင်စွမ်းမရှိတော့ရင် သူက ဝင်ထိန်းချုပ်နိုင်တယ်
လို့ ဆိုထားပါတယ်။

သူတို့ရဲ့ ပစ်မှတ်ကတော့ ၂၀၀၄ ခုနှစ်အထိကမ္ဘာ့အရှည်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အာရှရဲ့ အကြီးဆုံး
ကွာလာလမ်ပူက ပီထရိုနာ့စ် အမွှာမျှော်စင်ပဲဖြစ်ပါတယ်။

ပတ်စ်ပို့ အတုနဲ့ ဥရောပက်ု သွားတဲ့ အီရန်နှစ်ယောက်ထဲက တစ်ယောက်လားလို့ သံသယ ဝင်နိုင်စရာ
ကနေ နောက်ပိုင်းမှာ ဥရောပမှာနိုင်ငံရေးခိုလှုံဖို့ကြိုးစားသူမျှသာဖြစ်ပြီး သူ့ဖေ့ဘုတ်မှာ လေယာဉ်ပေါ်
မတက်ခင်ရက်အနည်းငယ်က အဲဒီမျှော်စင်ရှေ့မှာ ထိုင်နေတဲကပုံကို ရိုက်တင်ထားတာပါ။ ကေအယ်လ်
ကို လာသူမှန်သမျှ အဲဒီမျှောင်စင်ရှေ့မှာ ဓါတ်ပုံရိုက်လေ့ရှိကြတာပါ။

ဒါ့အပြင် သင်္ကာမကင်းဖြစ်ခံရသူတွေထဲမှာ တရုပ်ပြည်ရဲ့ အူဂါလူမျိုး ခွဲထွက်ရေးလှုပ်ရှားမှုမှာအဖွဲ့ဝင်
တွေလည်းပါဝင်ပါတယ်။ အစောပိုင်းက လေယာဉ်ပျောက်ဆုံးမှုဟာသူတို့လက်ချက်ဖြစ်တယ်လို့
ကြေငြာခဲ့ပေမယ့် ဘယ်သူကမှာ အရေးတယူ ဂရုမစိုက်ခဲ့ကြပါဘူး။

မလေးသတင်းစာတစ်စောင်က အသက် ၃၅ နှစ်အရွယ် အူဂါလူမျိုးတစ်ယောက်ဟာ ပြဿနာဖြစ်နေတဲ့
တရုပ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ရေးရ မူဆလင် ရှင်ကျန်ပြည်နယ်က ဖြစ်ပြီး လေယာဉ်ခရီးစဉ် MH-370မှာ
ပါသွားခဲ့တယ်လို့ဆိုပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်မှာလေယာဉ်ပျံသန်းမှုလေ့ကျင့်ရေးစက်နဲ့
လေယာဉ်ပျံသန်းလေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ်။ တချို့တွေရဲ့ အဆိုအရ သူဟာ မလေးရှားမှာ
ပန်းချီနဲ့ လက်ရေးလှ ပြပွုကို တက်ရောက်ပြီးပြန်လာတဲ့ အန္တရာယ်မရှိတဲ့ တရုပ်အနုပညာရှင်
တစ်စုထဲမှာ ပါလာတယ်လို့ဆိုပါတယ်။

ဒါပေမယ့် မလေးရှားဝန်ကြီးချုပ်ပြောသွားတဲ့ ကာဇက်စတန် ဆိုတဲ့ စကားဟာ တရုပ်အနောက်ပိုင်း
ကာဇက်စတန်နဲက ထိစပ်နေတဲ့အူဂါ တွေကိုပါဆွဲထည့်လိုက်ရပါတယ်။

တရုပ်ဟာ အူဂါလူမျိုးခွဲထွက်ရေးသမားတွေအပေါ် လွန်ခဲ့တဲ့နှစ်ပါတ်ကျော်က ကူမင်းဘူတာကြီးမှာ
ဖြစ်ခဲ့တဲ့ သွေးဆာနေတဲ့ ဓါးခုတ်သတ်ဖြတ်မှုကြီး ၂ ခု အပေါ်မှာ တာဝန်ရှိတယ်လို့ စွတ်ဆွဲထားတာပါ။
လတ်တလောမှာ ပါကစ္စတန် နိုင်ငံအတွင်းက တစ်နေရာမှာရောက်နေတဲ့ အူဂါသူပုန် အက်ဘ်ဒူလာ
မန်ဆာဟာ ရိုက်တာသတင်းထောက်တစ်ဦးကို မကြာသေးခင်ရက်များအတွင်းကပြောသွားရာမှာ
တရုပ်အပေါ် မြင့်မြတ်သော တိုက်ပွဲ ဆငိနွဲတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ တရုပ်ကို
တိုက်တာဟာ ငါတို့ အစ္စလာမ့် တာဝန်ဖြစ်ပြီး ငါတို့ တာဝန်ကျေရမယ်လို့ ဆိုပါတယ်။
ပါကစ္စတန်ဟာ ဝန်ကြီးချုပ်ရာဇတ်ပြောသွားသလို ကာဇက်စတန် စင်္ကြန် လမ်းကြောင်းပါ။

ပြီးခဲ့တဲ့ အပတ်အတွင်းမှာ တရုပ်က သူတို့ ဂြိုလ်တုကနေရိုက်ထားတဲ့ မျောနေတဲ့ အပိုင်းအစ ကြီး ၃ ခု
လို့လို့ ထင်ရတဲ့ ဓါတ် ပုံကို ထုတ်ပြန်သွားပါတယ်။ အကြီးဆုံး အစိတ်အပိုင်းဟာ ၂၂ မီတာ x ၂၄ မီတာ
လောက်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ထူးခြားတာက ပထမဆုံး မလေးရှားနဲ့ တခြားဝိုင်းရှာနေကြတဲ့
နိုင်ငံတွေကို အသိမပေးပဲ  သူတို့ပိုင် ဆင်ဟွာသတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဦးဦးဖျားဖျား
တင်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရှာဖွေရမယ့်နေရာကို ကျဉ်မြောင်းမယ်လို့ ထင်တားရာကနေ
မလေးရှားဟာ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ စတုရန်းရေမိုင် ၂၇ ၀၀၀ မိုင်ကို တိုးချဲ့ ရှာဖွေဖို့
ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းပြချက်မပေးပဲ မလေးရှားဟာ လေယာဉ်လမ်းကြောင်း ရဲ့ အနောက်ဖက်
ကီလို ၁၀၀၀ ကျော်ပိုဝေးတဲ့ ကပ္ပလီပင်လယ်ပြင်ဖက်ကို အာရုံစိုက်ရှာစေခဲ့ပါတယ်။ ကပ္ပလီပင်လယ်ပြင်
ဟာ ဝန်ကြီးချုပ်ရာဇတ်ပြောသွားသလို ကာဇက်စတန် စင်္ကြန် လမ်းကြောင်းနဲ့ တိုက်ရိုက်တန်းလျက်ပါ။





လေယာဉ်တစ်စင်း၊ မျှော်လင့်ချက်၊ ပျောက်ဆုံးနေဆဲ

အခု အဖြစ်အပျက်တွေ ခဏထားပြီး တဖက်ကို ပြန်ကြည့်ကြရအောင်ပါ။ ပတ်စ်ပို့ အတုကိုသုံးပြီး
လေယာဉ်ပေါ်တက်ခဲ့တဲ့ အီရန် ၂ယောက်က လေယာဉ်ပျောက်မှုနဲ့ ပါတ်သက်နေသလားဆိုတဲ့
သဘောအယူအဆကို ကြည့်ကြရအောင်..။

ဒါဆို ဘယ်လိုလုပ်ပြီး သူတို့ စာရွက်စာတမ်းအတုတွေနဲ့ လေယာဉ်ပေါ်တက်လာသလဲ ကြည့်ရအောင်။
အဖြေထဲမှာပဲ မလေးရှားဟာ ဘိုးရင်း၇၇၇ လေယာဉ်ရဲ့ ငရဲရောက်ခရီးစဉ်ကို အပိုင်စီးမှု လုပ်ရပ်အနေနဲ့
ကြိုသိထားရက်နဲ့  ကမ္ဘာကို တစ်ပတ်လောက် ဘာဖြစ်လို့ လှည့်စားထားရသလဲ ဆိုတဲ့ အကြောင်းပြချက်
တွေ့ရကောင်းတွေ့ရနိုင်ပါတယ်။

မနှစ်က ထိပ်တန်းစီးပွားရေးသမားတွေဆီက ကောက်ယူထားခဲ့တဲ့ စစ်တမ်းအရ  မလေးရှားဟာ တရုပ်လိုပဲ
ကမ္ဘာမှာလာဘ်ပေးလာဘ်ယူမှုအများဆုံးနိုင်ငံပါ။ လာဘ်ပေးလာဘ်ယူမှုဟာ ပြည်သူလူထုလုံခြုံရေး၊
နိုင်ငံနဲ့ နိုင်ငံတကာ အရေးတွေထက် ပိုပြီးအရေးပါ အရာရောက်ပါတယ်။

သြစတေးလျ နိုင်ငံရေးသမား ပေါလ် ခီတင်ပြောသလိုပဲဒီကနေ့မလေးရှားဟာ စိတ်ကြီးဝင်၊
မာန်တွေတက်ပြီး၊ ထိန်းမနိုင်သိမ်းမရဖြစ်နေတာပါ။ နှစ်ပေါင်း ၂၀ နီးပါး  ဒုက္ခသည်တွေနဲ့ နိုင်ငံရေး
ခိုလှုံခွင့်ရှာဖွေသူအမြောက်အများကို နိုင်ငံဖြတ်ပြီး ဝင်ခွင့်ထွက်ခွင့်ပေးထားတဲ့ နိုင်ငံပါ။

ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက အောက်ခြေဝင်ငွေနိမ့် အလုပ်သမားအတန်းအစားကြီး
တစ်ရပ်ဖန်တီးဖို့ပါ။အဲလိုဖန်တီးဖြစ်မှ ဒီလိုလူမျိုးတွေရဲ့လုပ်အားကို အမြတ်ထုတ်ပြီး
ချမ်းသာတဲ့ မလေးရှားရေပေါ်ဆီလူညွန့်လွှာကို ဖန်တီးနိုင်မှာမို့ပါ။ ဒါပေမယ့် အခုအချိန်မှာ
မလေးရှားဟာ ဘယ်သူတွေ ဒီနိုင်ငံမှာ နေထိုင်နေတာလဲ ဆိုတဲ့ လမ်းစလုံးဝပျောက်ပြီး အကြမ်းဖက်သမားတွေအတွက် ဒေသတွင်းအိမ်လိပ်စာ အဖြစ် ရောက်ရှိနေပါတယ်။
ကျယ်ပြန့်တဲ့ အာရှ အရှေ့တောင်ဖက်ဒေသတွင်းမှာ တခြားနိုင်ငံတွေထက်စာရင် မလေးရှားဟာ
မူဆလင် ဘာသာရေးစစ်ပွဲဆင်နွဲသူတွေအတွက် မျိုးဆက်မွေးရာ၊လှုံဆော်ရာ ရေမြေရာသီ
သဘာဝကောင်းကို ဖန်တီးပေးထားလို့ပါ။

နိုင်ငံရဲ့ စာနယ်ဇင်းလောက ကို အစိုးရက လုံးဝချုပ်ကိုင်ထားပြီး သတင်းစုံစမ်းမှု ဝေဖန်မှုတွေကို
ခွင့်မပြုပါဘူး။ အစ္စရေးနိုင်ငံကို အသိမပြုလို့ အနောက်တိုင်းဆန့်ကျင်ရေးဝါဒရောင်ပြန်ဖြစ်တဲ့
ဂျုးဆန့်ကျင်ရေးဝါဒကို ခွင့်ပြုထားလို့ ဒီ ဝါဒထွန်းကားပါတယ်။

အခုတော့ နိုင်ငံပေါင်း ၁၄ နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေ အများအပြားသုံးပြီး ပိုက်စိတ်တိုက်
ရှာဖွေခဲ့တဲ့ တောင်တရုပ်ပင်လယ်ပြင်မှာ လေယာဉ်မရှိကြောင်း မလေးရှားက ၅ ရက် ၆ ရက်လောက်
စောပြီးကြိုသိနေခဲ့တာရှင်းပါပြီ။

လေယာဉ်အပိုင်စီးမှုလုပ်ရပ်ဖြစ်နိုင်တယ်လို့ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မလေးရှားကမဟုတ်ပါဘူး။ ဝေါလ်စထရိဂျာနယ်ထဲက ပြောင်မြောက်လှတဲ့ သတင်းတစ်ပုဒ်ကြောင့်ပါ။
အဲဒီသတင်းမှာ အမည်မဖော်ထားတဲ့ အမေရိကန်အရာရှိတစ်ဦးက သူတို့အနေနဲ့ လေယာဉ်ဟာ
ည ၀၁း၃၀နာရီ အရပ်ဖက်လေကြောင်းရေဒါကနေ အတိအကျ နောက်ဆုံးပျောက်ကွယ်ပြီးနောက်မှာ အနောက်ဘက်ယွန်းယွန်းဦးတည်ရာကို လန်းကြောင်းကနေ လွှဲပြီး ၄ နာရီတိတိ ပျံသန်းသွားကြောင်း
ယုံကြည်တယ်လို့ ဆိုကြောင်းဖော်ပြခဲ့ပါတယ်။ ဒီလို ယုံကြည်ရတာဟာလည်း ဘိုးရင်းနဲ့ အင်ဂျင်
ထုတ်သူ ရိုးရွိုက်စ်တို့ကို ထုတ်လွှင့်ပေးပို့ခဲ့တဲ့ အချက်အလက်တွေပေါ်မှာ အခြေခံတာဖြစ်ကြောင်း
ပြောသွားခဲ့ပါတယ်။

အမရိကန် စုံစမ်းရေးမှုးတွေဟာ လေယာဉ်မောင်းခန်းထဲက တစ်ယောက်ယောက်ဟာ တမင်ရည်ရွယ်ပြီး
လေယာဉ်ကို ရှာမတွေ့နိုင်အောင် MH-370 ရဲ့ ထရန်စပွန်ဒါလို့ခေါ်တဲ့ ရေဒီယို ရေဒါ အချက်အလက်
ဖမ်းယူထုတ်ပြန်စက်ကို ပိတ်ပစ်လိုက်တာ လို့လဲ တွေးတောခဲ့ကြပါတယ်။

သောကြာနေ့မှာတော့  မလေးရှားဟာ ခရီးသည်တွေရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေ၊ ပြည်သူတွေ အပြင် ရှာဖွေရေးမှာကူပြီးရှာဖွေပေးနေကြတဲ့ နိုင်ငံတွေ အပေါ်မှာတောင် မထောက်ထားပဲ အသက်တမျှ
အရေးပါတဲ့ သတင်းကို ထိန်ချန်ခဲ့တာ သေချာတယ်လို့ အဖြေထွက်ပေါ်လာပါတယ်။ သို့ပေမယ့်
မလေးရှားဝန်ကြီးချုပ် ရာဇတ်ကတော့ အချိန်နဲ့တပြေးညီ အခက်အလက်တွေကို အများသိအောင် လွတ်လွတ်လပ်လပ်မျှဝေနေပါတယ်လို့ ဇွတ်ပြောနေခဲ့ပါတယ်။

အမေရိကန် အရာရှိတွေက မလေးရှားဟာ သတင်းကို လွတ်လပ်စွာမျှဝေခြင်းမရှိပဲသိုဝှက်ထားကြောင်း၊
သူတို့ အနေနဲ့ လုံခြုံရေးနားလည်ကျွမ်းကျင်မှုကို များများဖော်ထုတ်ပြဖို့ တွန့်ဆုတ်နေဟန်ရှိကြောင်း၊
ဒီလောက် လူထူပြီး စိတ်တိုနေကြတဲ့ နေရာမှာ သူတို့ အတွက်သာ သူတို့ကြည့်ဖို့သတ်မှတ်ထားပုံ
ရကြောင်းပြောသွားပါတယ်။

မလေးရှားက သတင်းအချက်အလက်တွေကို အလွယ်တကူပေးဖို့ငြင်းနေတဲ့အပေါ်မှာ အထာနပ်နေတဲ့
အမေရိကန် အစိုးရ ရဲ့လုံခြုံရေးနဲ့ လေကြောင်းကျွမ်းကျင်သူတွေဟာ မလေးရှားမပေးတဲ့ သတင်းကို ကမ္ဘာအနှံ့ကစောင့်စားနေတဲ့သူတွေသိဖို့သတင်းယိုစိမ့်မှုတွေလုပ်ပေးလိုက်ပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ အစဦးပိုင်းမှာ ရေဒါပေါ်က မပျောက်ခင် လေယာဉ်ဟာ ခဏတဖြုတ်
အနောက်ဖက်ကို လမ်းလွဲခဲ့ကြောင်း အရိပ်အမြွတ်ပြောခဲ့ပါသေးတယ်။ ဒါကိုပဲ မလေးရှားလေတပ်
ဗိုလ်ချုပ်ကြီးရော့ဇာလီ ဒါအွတ်က မလေးသတင်းစာတစ်စောင်ကို ပြောရာမှာ နောက်ဆုံးအရပ်ဖက်
ရေဒါမှာတွေ့ခဲ့ပြီးနောက် တနာရီကျော်ကြာ စစ်တပ်ရေဒါကနေ ဖမ်းယူရနေဆဲဖြစ်ပြီး မလက်ကာ ရေလက်ကြားမှာရှိနေခဲ့တယ်လို့  ချဲ့ကားပြီးပြောပါတော့တယ်။ တနည်းအားဖြင့်
လေယာဉ်ဟာတရုပ်ပြည် ကို ဦးမတည်ပဲ မလေးရှားမြောက်ဘက်ကို ပြန်လှည့်ဖြတ်သွားတယ်လို့
ဆိုပါတယ်။


အင်္ဂါနေ့မှာ ဗိုလ်ချုပ်ကြီးဒါအွတ်က မလေးရှားစစ်တပ်ရေဒါမှ လေယာဉ်ကို ခြေရာခံရာမိရာမှာ
အနောက်ဖက်ကို ကွေ့သွားရုံသာမကပဲ လေယာဉ်ဟာ ပေ ၃၅ ၀၀၀ ကနေ ၂၉ ၀၀၀ အထိ
တဖြေးဖြေးဆင်း နေတာကိုတွေ့ခဲ့ ရကြောင်း အဲဒါကို နောက်ဆုံးတွေ့ချိန် ၀၂း၄၀ မှာ မလေးရှား
ထိပ်ဦးပိုင်း မလက်ကာရေလက်ကြားပေါ်မှာ ပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဆိုဟာ မလေးရှားအာဏာပိုင်တွေအစောပိုင်းက ထုတ်ပြန်ထားတဲ့ ၀၁း၂၁နာရီမှာ ထိုင်း
ပင်လယ်ကွေ့ပေါ်က ဗီယက်နမ်ဝေဟင် ပိုင်နက်ထဲ ဝင်ရောက်ပြီးနောက် လေယာဉ်ဆီက
အဆက်အသွယ်ပြတ်တောက်သွားပါတယ်ဆိုတဲ့ ကြေငြာချက်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။
(နောက်ပိုင်း လေယာဉ်မှုးတစ်ဦးက မလေးရှား ထိမ်းသိမ်းရေးမျှော်စင်ကို ကောင်းပါပြီ။
မင်္ဂလာညပါ။လို့ နှုတ်ဆက်သွားကြောင်းပေါ်ထွက်လာပါတယ်)

ဗိုလ်ချုပ်ကြီးဒါအွတ်က သူ့သုံးသပ်ချက်မှာ လေယာဉ်ကို နောက်မိနစ် ၇၀ စာ သက်တမ်းတိုး
ပေးလိုက်ပြန်ပါတယ်။ ဒီစကားအဆက်အစပ်ဟာ ဖြစ်နိုင်ခြေ အများကြီးကို ဖွင့်ချလိုက်သလိုပါ။
သူဟာ အဲဒီနောက်သူ့စကားကို ပြန်ရုပ်ပြီးသူ့ ဇာတ်လမ်းကို ဖျက်လိုက်ပါတယ်။ အဲဒီစကားနဲ့
ပါတ်သက်သမျှကိုလည်းငြင်း ပြန်ပါတယ်။  ဒီလို ရှုံ့ချည်နှပ်ချည်ပြောစကားဟာ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ သို့ပေမယ့် သူ့စကားထဲမှာ မျှော်လင့်ချက်တစ်ခု
ကတော့လေယာဉ်ဟာ ဘေကျင်းအသွား အရှေ့မြောက်အရပ်မှာ ပျောက်သွားတာမဟုတ်ပဲ
အနောက်ဖက်ကိုဦးတည်ခဲ့တယ်ဆိုတာပါပဲ။

ဒါအွတ်ရဲ့အဆိုသာမှန်ခဲ့ပြီးနှုတ်ပိတ်နေတာသာဆိုရင် လေယာဉ်ဟာ စစ်တပ်ရေဒါက နောက်ဆုံး
ခြေရာခံမိတဲ့ မလက်ကာရေလက်ကြားထိပ်မှာ ပျက်ကျစရာ မရှိတာသေချာသလောက်ဖြစ်သည်။
ပျက်ကျလည်း ဒီလောက်ကြာကြာရှာရစရာမလိုပေ။ ဒီရေလက်ကြားဟာ ကမ္ဘာ့ အသွားအလာအများ
ဆုံးရေလမ်းကြောင်းဖြစ်ပြီး သင်္ဘောအမြောက်အများ ၂၄ နာရီ ၇ ရက် အသွားအလာထူထပ်သော
နေရာဖြစ်သည်။

တခြားခိုးလိုးခုလုဖြစ်စရာ အချက်တစ်ချက်ကတော့ ပြန်ပေးစွဲခံရရင်ကော..
မြန်မာကိုလား..မြောက်ကိုရီးယားလား..ဖြစ်နိုင်ခြေမရှိ။


တချို့ကလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ ခြေရာခံမမိအောင်ခပ်နိမ့်နိမ့်ပျံရင်း ကျွန်းငယ်တစ်ခုမှာ ဆင်းနေ
လောက်ပြီးဟု ခပ်ဝါးဝါးမှန်းဆကြသည်။ စနေနေ့တွင် CNNမှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီးပြောခဲ့
ရာတွင် လေယာဉ်သည် မလက်ကာရေလက်ကြားကိုကျော်ဖြတ်ပြီးနောက် အနောက်မြောက်ဘက်ဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယကမ်းရိုးတန်းဘက် ဒါမှမဟုတ် အနောက်တောင်ဘက်သမုဒ္ဒရာပြင်ကျယ်
ကြီးဆီသို့ တစ်ဘက်ဘက်ဦးလှည့်ခဲ့မည်ဟုဆို၏။

ပျောက်ဆုံးနေသော ခရီးသည်များ၏ ဆွေမျိုးမိတ်သင်္ဂဟများက အရပ်ရှစ်မျက်နှာဦးတည်ရာကို
အစရှာနေကြ သလို အမေရိကန်က ယင်းတို့၏ရေတပ်သင်္ဘော ယူအက်စ်အက်စ် ကစ်ဒ်ကို
အိန္ဒိယသမုဒ္ဒရာဆီသို့စေလွှတ်ပြီးစတင်ရှာဖွေသည်။

ပျောက်နေသော ဘိုးရင်း ၇၇၇ ကိုအလောသုံးဆယ်ရှာတွေ့ဖို့သည် တစ်စတစ်စ အသည်းအသန်ဖြစ်
လာခဲ့သည်။ လေယာဉ်ပျံ ၄၈စင်း သင်္ဘော ၅၇စင်းတို့က ဘက်ထရီမကုန်ခင် ရက် ၃၀ သက်တမ်းရှိသော
အရေးပေါ်တည်နေရာပြ ကရိယာ၊ လေယာဉ်၏ သေတ္တာနက် ၂ လုံး တို့ဆီမှ အချက်ပေးသံ၊ အပျက်အဆီးပုံတို့ကို တွေ့လိုတွေ့ငြား ပင်လယ်ပြင်တဝှမ်း ဘီးစိတ်တိုက်ရှာကြလေ၏။




လျို့ဝှက်ချက်များနှင့် အညာအဖြီးများ

ဝေါစထရိဂျာနယ်က  လေယာဉ်သည် ဆက်လက်ပျံသန်းနေပြီး ဘိုးရင်းနှင့် ရိုးရွိုက် သို့ အချက်အလက်များ
ပေးပို့ခဲ့သည်ဟု တိတိကျကျ ကျယ်ကျယ်ပြန့်ပြန့်သတင်းပေးခဲ့ပြီးသည့်တိုင် မလေးရှားသည် မှန်သည်ဟု ယူဆရသည့်အတင်းအတွက် ဝန်မခံသေးပေ။

ဂျာနယ်မှသတင်းထွက်လာပေါ်ပြီး နာရီပေါင်းများစွာကြာသည့်တိုင် မလေးရှားလေကြောင်းလိုင်း စီအီးအို
ဂျဟရီ ယာဟျာက ကြာသပတေးနေ့တွင်  ဘိုးရင်းနှင့် ရိုးရွိုက်တို့ အခင်းဖြစ်သည့် မလေးရှားတွင်ရရှာဖွေမှုကို ကူညီရန်ရှိနေကြောင်းနှင့် ယင်းတို့မှ MH-370၏ အချက်ပြသင်္ကေတများရရှိကြောင်းကို ငြင်းဆိုသည်ဟု
ဆိုလေသည်။

ကာကွယ်ရေးနှင့် ယာယီ ပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင် ဟူစိန်ကလည်း ဘေးကျပ်နံကျပ်အခြေအနေ
သည် မလေးရှားကိုသာစမ်းနေသည်မဟုတ်ပဲ ကမ္ဘာ့ အတော်ဆုံးလေကြောင်းပညာရှင်တို့၏ စိတ်ကို
လည်းစမ်းသပ်နေကြောင်း၊ ယခုလို အခြေအနေမျိုးတကယ့်လက်တွေ့သာဓက မရှိ။ ဟုပြောဆိုရင်း
ပယ်ချခဲ့သည်။

အချို့သောသတင်းများက လေယာဉ်သည် သြစတေးလျ ပါ့သ်မြို့ အနောက်ဖက် ကီလို ၁ ၆၀၀ အထိပျံသန်းခဲ့နိုင်သည်ဟုဆိုလေသည်။ မလေးရှားအနေဖြင့် အဘယ်သို့သော အကြောင်းများကြောင့်
တပတ်ကျော်ကြာ ကမ္ဘာကို သတင်းတလွဲများ နောက်လိုက်စေပြီး၊ ကမ္ဘာအနှံ့မှ ခရီးသည်များ ဘိုးရင်း ၇၇၇
လေယာဉ်ကို စိတ်မချရသော လေယာဉ်များအဖြစ်အကြောက်ပိုစေခဲ့ရသနည်း။

ဘိုးရင်း ၇၇၇ လေယာဉ်များမှာ တောင့်တင်းပြီး ဆိပ်ငြိမ်သော လေယာဉ်များဖြစ်ပေသည်။ ၁၉၉၅ ခုနှစ် ပထမဦးဆုံးပျံသန်းမှုစတင်ပြီးကတည်းက ဝေဟင်တွင် အတောင့်တင်းဆုံးနှင့် ယုံကြည်စိတ်အချရဆုံး
လေယာဉ်များအဖြစ်ကျော်ကြားခဲ့သည်။ အတက်တွင် ဣနြေ္ဒမပျက်သက်တောင့်သက်သာအရှိဆုံးနှင့် သက်သက်သာသာဖြစ်အောင် လုပ်ပေးနိုင်သော လေယာဉ်များလည်းဖြစ်သည်။

ခရီးသည် ၂၂၇ ယောက်အနေဖြင့် ၆ နာရီကြာလေယာဉ်ခရီးစဉ်တွင် သက်တောင့်သက်သာ အိပ်ရေးရပြီး
လေယာဉ်အမှုထမ်း ၁၂ယောက်အနေဖြင့်လည်း သက်သာသော ညကိုဖြတ်သန်းရလိမ့်မည်ဟုမျှော်လင့်
ထားပုံရခဲ့ကြသည်။

လေယာဉ်စီးခရိးသည်များ၏ အမည်စာရင်းထုတ်ဝေပြီးမကြာမီပင် ပတ်စ်ပို့အတု ၂ ခုဖြင့်ခရီးသွားသော
လူ  ၂ ယောက်အတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။


ဗီယက်နမ်က မလေးရှား၏မရေရာသော အချက်အလက်များကြောင့်  စိတ်ပျက်လက်ပျက်ဖြင့် ရှာဖွေမှုကို နောက်ဆုတ်လိုက်ကြသည်။ တရုပ်က မလေးရှားပေးသော သတင်းများသည်
တည်ငြိမ်မှုမရှိပဲ အတော်ပင်ဖရိုဖရဲနိုင်လှသဖြင့် သတင်းများအပေါ်အတည်မပြုနိုင်ဟု
တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောလေသည်။






လမ်းညွှန်မှုအမှားများ နှင့် မှေးမှိန်လာသောမျှော်လင့်ချက်


ထိတ်လန့်ဖွယ်ရာအဖြစ်ဟုဆိုလျှင် ပထမဦးဆုံးအတွေးထဲရောက်လာသည်က ဗုံးလား.. ပြန်ပေးစွဲ
တာလား..။ နောက်ဆက်တွေးမိသည်က လေယာဉ်အင်ဂျင်ကြီးကြီးမားမားချို့ယွင်းတာလား...
လေယာဉ်စံနစ်များချို့ယွင်းမှုလား။ နောက်မှ လေယာဉ်မှုးရဲ့ အမှားအယွင်းလား....။

လေယာဉ်ပေါ်တွင် ပတ်စ်ပို့ အတု နဲ့ခရီးသည် နှစ်ဦးပါသွားသည်ဆိုတော့ လေကြောင်းလိုင်းတွေ ထပ်အတိုက်ခံရပြန်ပြီလားဆိုသည့် အကြောက်တရားလွမ်းမိုးခဲ့သည်။ တရုပ်ခရီးသည်အများစုသယ်
ဆောင်လာသည့်လေယာဉ်မို့ မသင်္ကာဖွယ် အစ္စလာမ်အကြမ်းဖက်သမားများ၏ ပုံမှန်ပစ်မှတ်မဟုတ်
ဟုထင်ခဲ့သည်။

မလေးရှားလေကြောင်းအာဏာပိုင်အဖွဲ့မှာရာမန်က ပတ်စ်ပို့အတုဖြင့်လေယာဉ်ပေါ်ပါသွားသူ အာရှပုံလားဟုအမေးကိုပြန်လည်ဖြေကြားရာတွင် ဘောလုံးသမား ဘယ်လိုတယ်လီကိုသိလားဆိုသော
တုံ့ပြန်သည့်အဖြေကြောင့် အာဖရိက အကြမ်းဖက်နယ်က ရီမန်လူမျိုးလား ဆိုမာလီကလားဟူသော
အတွေးက လည်သွားပြန်သည်။ ထွက်လာတော့ ဘယ်လိုမှ မအပ်စပ်သည့် အသားဖြူဖြူ
အီရန်နှစ်ယောက်။

မစ္စတာအလီဆိုသူကဘေကျင်းမှတစ်ဆင့်ဥရောပသို့ လေယာဉ်လက်မှတ်များကို  ထိုင်းနိုင်ငံရှိ
ခရီးသွားအေးဂျင့်တစ်ဦးထံမှ  အီရန်လူမျိုးလူငယ်နှစ်ယောက်ဖြစ်သည့် ပူရီယာ နူး မိုဟာမက် နှင့်
ဆရစ် မိုဟာမက်ရီဇာ ဒလာဗာ တို့အတွက်ဝယ်ပေးခဲ့သည်။

မစ္စတာအလီ၏ ဖောက်သည်နှစ်ဦးက အီရန်မှ မလေးရှားသို့လေကြောင်းဖြင့်တိုက်ရိုက်လာခဲ့ပြီး
ကွာလာလမ်ပူတွင် ခိုးယူထားသော အော်စတြီးယားပတ်စ်ပို့ နှင့် အီတလီပတ်စ်ပို့အပါအဝင်
လေယာဉ်လက်မှတ် ၂စောင်ကိုရယူခဲ့သည်။


မစ္စတာအလီက ကာတာလေကြောင်းလိုင်းနှင့် အီသက်ဒ်လေကြောင်းလိုင်းတို့ကိုဝယ်ရန်ကြိုးစား
သော်လည်းဈေးကြီးသဖြင့် ဈေးသက်သာသော မလေးရှားလေကြောင်းလိုင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ရာ
လေကြောင်းလိုင်းကို ပစ်မှတ်ထားခြင်းလည်းမဟုတ်ပြန်ပေ။

အင်ဒိုနီးရှားရှိ နိုင်ငံရေးခိုလှုံသောအသိုင်းအဝန်းတစ်ခု၏အဆိုအရ လူသယ်ဆောင်သောဂိုဏ်းသည်
မလေးရှား လူဝင်မှုကြီးကြပ်ရေးကိုလာဘ်ထိုးပြီး လေဆိပ်အကောက်ခွန်ကို ဖြတ်လေ့ရှိသည်ဟု
သိရသည်။




မသိရခြင်း၏ဒေါသ


ဘေကျင်းတွင် တ၇ုပ်ခရီးသည် ၁၅၃ ဦးတို့၏ မိဘမောင်ဘွားဆွေမျိုးသားချင်းများ ပထမတွင်
လေဆိပ်၊နောက်ပိုင်းတွင် လီဒိုဟော်တယ် တွင် သတင်းကိုစောင့်စားရင်း အချင်းချင်းဖြေသိမ့်
နေကြရာ သူတို့ရသမျှသတင်းမှာ မဖြစ်စလောက်သာဖြစ်လေသည်။

ဆု အမည်ရ အမျိုးသားတစ်ဦးက လေယာဉ်အပိုင်စီးတာပဲဖြစ်ပါစေလို့ မျှော်လင့်တယ်ဗျာ။
ကျွန်တော့် ညီဝမ်းကွဲလည်း အဲတာမှ မျှော်လင့်ချက်ရှိမှာ။ ကျွန်တော့် ဦးလေးနဲ့ အဒေါ်လည်း
စိတ်ချုံးချုံးကျပြီး မစားနိုင် မသောက်နိုင်မအိပ်နိုင်နဲ့။ ဒီကိုလာဖို့တောင်ခွန်အားမရှိကြဘူး။


အင်တာနက်ပေါ်က ရသမျှသတင်းကို ဖတ်ကြမည်မှာသဘာဝပင်။ ဒီလိုဖတ်ပြီဆိုကတည်းက
လုပ်ကြံမှု၊ တွင်းနက်ကြီးထဲရောက်သွားတာ၊ တခြားကမ္ဘာက ဂြိုလ်သားတွေနဲ့တွေ့တာ၊
အာရှ ဘာမြူဒါ အစရှိသဖြင့် ကောလဟာလပေါင်းစုံကိုလည်းတွေ့ရမည်ဖြစ်သည်။ အခြား
ပေါက်ကရ အယူအဆကတော့ မလေးရှားအာဏာပိုင်တွေကိုယ်တိုင်ပြောတာဖြစ်သည်။
မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ခါလစ် အဘူဘာကာကတော့ တစုံတစ်ယောက်
ငွေကြေးအခက်အခဲကိုဖြေရှင်းရန် လေယာဉ်ကို ပြန်ပေးဆွဲသွားသည်ဟုယူဆလေသည်။

ဒီလိုအဖြစ်မျိုးက မပြောပဲနေတာပိုကောင်းသော်ငြား အစိုးရသတင်းကျပ်မှုများကြောင့် စာနယ်ဇင်း
သမားများနှင့် အထိအတွေ့နည်းသော မလေးရှားလူမျိုးများအဖို့ သတင်းထောက်ရာပေါင်းများစွာ
၏ အလုအယက်မေးခွန်းများကို အလေ့အကျင့်ရှိကြမည်မဟုတ်တာတော့သေချာသည်။

အခြားအယူအဆများကတော့ လေယာဉ်မှုးသတ်သေခြင်း၊ ဥက္ကာပျံခဲနှင့်တိုက်မိခြင်း၊တခြား
တိုင်းပြည်တနေရာရာတွင် လျို့ဝှက်စွာလေယာဉ်ဆင်းသက်ခြင်း စသဖြင့် အမျိုးမျိုးယူဆကြသည်။

တနေရာရာပျံသန်းသွားပြီးလေယာဉ်ပြန်ပေးဆွဲဖို့ဆိုရာမှာ ဘိုးရင်း ၇၇၇ လေယာဉ်ကြီးဆင်းဖို့
အနည်းဆုံး၁.၆ကီလိုမီတာရှည်တဲ့ လေယာဉ်ပြေးလမ်းလိုအပ်သလို ခရီးသည်တင်လေယာဉ်
ပြန်ပေးစွဲရာမှာ ဘာမှ မတောင်းဆိုပဲပြန်ပေးဆွဲစရာ အကြောင်းမရှိချေ။

စီအိုင်အေညွှန်ကြားရေးမှုး ဂျွန်ဘရန်နန်ကတော့ အကြမ်းဖက်မှုဆိုတာ သူ့စိတ်ထဲမှာ ရှိနေဆဲလို့
ပြောပါတယ်။ဘာကိုမှ ဖယ်မထုတ်ဘူး။ ကြည့်ရတာ ပင်လယ်ပြင်ကြီးက အဖြေကို ထိမ်းထားဆဲပဲ
လို့ ပြောကြားသွားပါတယ်။

 Credit - Zawmin Htun

ကော်ဖီချစ်သူတွေ မိုဘိုင်းပေါ်က ကြိုတင် အော်ဒါမှာနိင်ပြီ။

Stru








နိင်ငံပေါင်း ၆၂ နိင်ငံမှာ ဆိုင်ပေါင်း ၂၀၀၀ ကျော်နဲ့ ကမ္ဘာ့တစ်ဝှမ်းမှာ ကျော်ကြားလှတဲ့ Starbucks လို့ ကော်ဖီဆိုင်တွင် မိတ်ဆွေဟာ ကော်ဖီမှာမယ်ဆိုရင်တော့ အတန်ငယ်စောင့်ဆိုင်းရဖို့ ရှိပါတယ်။ အခုတော့ Starbucks app ဟာ မိတ်ဆွေကို လွယ်ကူစေမှာ ဖြစ်ပါတယ်။ အိမ်ကနေ ဆိုင်ကို မထွက်ခင် မိုင်ဘိုင်းပေါ်ကနေ ကြိုတင် မှာထားနိင်မှာ ဖြစ်ပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အဆိုပါ မိုဘိုင်း App ကို ဒီနှစ်ကုန်လောက်တွင် ရရှိနိင်မှာ ဖြစ်ပြီး Seattle company က ထုတ်လုပ်စမ်းသပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကော်ဖီ ချစ်သူတွေဟာ ကော်ဖီဆိုင်မရောက်ခင် Starbucks app မှ တစ်ဆင့်အော်ဒါတွေ မှာနိင်တော့မှာ ဖြစ်ပါတယ်။ 


Thihahtike

Welcome From My Blog

Ref&Credit-smart pro journal





www.internetformm.com

US ကျောင်းသား ၉၉ ရာခိုင်နှုန်းအင်တာနက်လိုင်း ကောင်း ရမည် - အိုဘားမား

obama





၂၀၁၃ ခုနှစ် အောက်တိုဘာလ ကတည်းက အမေရိကန် သမ္မတ အိုဘားမားဟာ နယူးယောက်မြို့ မှာ ရှိတဲ့ Science and Technology အထက် တန်းကျောင်းတစ်ခုကို သွားရောက်ခဲ့ပြီး လူငယ်များ ကို တွေ့ဆုံ ဟောပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။ ယင်းဟောပြောချက်ထဲမှာ အမေရိကန်နိုင်ငံရဲ့  ကျောင်းသား
၉၉ ရာခိုင်နှုန်းကို မြန်နှုန်းမြင့် အင်တာနက်လိုင်း ရရှိရန် ကြိုးပမ်းသွားမယ် လို့ ပြောဆိုခဲ့ ပါတယ်။ “ နိုင်ငံက ကျောင်းသား လူငယ်အားလုံး ကမ္ဘာ့ သတင်းအချက်အလက် ကို အလွယ်တကူ ဝင်ရောက်ကြည့်ရှု နိုင်စေရမယ်။ အသုံးပြု နိုင်စေရမယ်။ ဒါကို ပညာရေးမှာ အကောင်းဆုံး အသုံးချနိုင်ရမယ်။ ဒီအတွက်လည်း နိုင်ငံက ထိပ်သီး နည်းပညာ ကုမ္မဏီ ပိုင်ရှင် ၄၊ ၅ ဦးနဲ့ တွေ့ဆုံ စကားပြောပြီးသွားပါပြီ။ မဖြစ်ဖြစ်အောင် အကောင် အထည်ဖော်တော့ မှာပါ။ ရွှေ့ ပြောင်းနေထိုင် လာနိုင် ဘယ်နိုင်ငံ သား ကျောင်းသားမဆိုလည်း အမေရိကန် citizen လိုပဲ တူညီတဲ့ အခွင့်အရေး ရရှိစေမယ်။ အမေရိကန် ရဲ့  ပညာရေးကို ဈေးကြီးတယ်လို့ ယူဆပါသလား။ ဘယ်လောက်ထိ ဈေးသက်သာတဲ့ ပညာရေး ဖြစ်တယ် ဆိုတာကို မြင်ရဖို့ ခဏသာ စောင့်ပေးပါ” လို့ ပြောကြားခဲ့ ပါတယ်။ အင်တာနက်လိုင်း ရရှိမှုအပြင်၊ မြန်ဆန်သော အင်တာနက်လိုင်းကြောင်း သတင်းအချက်အလက်အပြင်၊ ပညာ သင်ကြားရေးမှာ ကောင်းကောင်း အသုံးချနိုင်ပြီး ဒါဟာ ၂၁ ရာစုမှာ အင်မတန်အရေးကြီးတဲ့ အစိတ် အပိုင်းအဖြစ် အမေရိကန် အစိုးရတို့က လက်ခံထားကြောင်း သိရပါတယ်။

. Ref: mashable 

Thihahtike

Welcome From My Blog









www.internetformm.com

အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမလေး ခွဲစိတ်ပြုပြင်ခဲ့




တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။


ယခင်က လှပနေတဲ့ ရုပ်ရှည်ကို  ဂျပန်ကာတွန်းမလေးတွေ လို မှေးစေ့ချွန် ချွန် အသဲပုံ ပုံသဏ္ဍာန်လိုချင်တာကြောင့် ခွဲစိတ်ပြုပြင် လိုက်ခြင်း ဖြစ်ပါ တယ်။ သူမရဲ့  ခွဲစိတ်မှုဟာ အန္တရာယ် အင်မတန် များပါတယ်။ အသား အရည်တင်မဟုတ်ပဲ အရိုးအကြောများကိုပါ ခွဲစိတ်ပြုပြင်ရတာမို့ သေစေတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါကြောင့်မှု ပလပ်စတစ် ဆာဂျရီနဲ့ ပက်သက်လို့ တောင်ကိုရီးယား မှာ ဥပဒေ သစ်များ ပြန်ထုတ်ရမယ် လို့တောင် ဝေဖန်နေကြ ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလပ်စတစ် ဆာဂျရီ ပြုလုပ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စံချိန်တင် ထားပြီး အများဆုံးမြို့ က ဆိုးလ်မြို့ ဖြစ်ပါတယ်။ ဆိုးလ်မြို့ က ၅ ဦးမှာ ၁ ဦးက ပလပ်စတစ်စ် ဆာဂျီပြုလုပ်တဲ့အထကိုအရေအတွက်က အင်မတန် များပါတယ်။ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး အသက်အပိုင်းအခြားကတော့ ၁၉ ခုနှစ်ကနေ ၄၉ နှစ်ကြား ဖြစ်ပါတယ်။

အများအားဖြင့် ပြုပြင်မှုက မျက်လုံးတစ်ဝိုက်ဖြစ်ပေမယ့် ပုံထဲက အမျိုးသမီးလို့ အသဲပုံကတော့ ကမ္ဘာ့ပထမဆုံး ဖြစ်ပါတယ်။ အရှေ့ အာရှသူ အချို့ လိုချင်ကြတဲ့ မျက်နှာထားဖြစ်ပြီး သူမကတော့ တကယ်ပြုလုပ်ယူခဲ့ ပါတယ်။ သူမရဲ့ ပြုပြင်မှုနဲ့ ပက်သက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်က ကြည့်ရှုသူတို့ကို အံ့သြမင်သက်စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( www.innewsmyanmar.com )

.







www.internetformm.com

Member ၀င်ရန်