Internet for Myanmar : Powered by KK

Showing posts with label iOS အတွက် မြန်မာဖောင့်. Show all posts
Showing posts with label iOS အတွက် မြန်မာဖောင့်. Show all posts

iOS 8 တွင် မြန်မာဖောင်. နှင်. ကီးဘုတ်သွင်းနည်း ( Non - Jailbreak)




iDevices အသုံးပြုရာအတွင် iOS 7 အထိ Jailbreak ရ မှ သာ မြန်မာကီး ဘုတ်ကို အသုံး ပြုလို.ရသော်လည်း iOS 8 တွင် Jailbreak လုပ်စရာ မလိုဘဲး ( Thard-Party Keyboard) မြန်မာဖောင်. နှင်. ကီးဘုတ် ကို အသုံးပြုလို.ရပါပြီ......Black Keys လို.အမည်ရသော Application ကို Apple Store တွင် $ ဖြင့်ဝယ်ယူအသုံးပြု.ရပါမည်။


အောက်ကလင်.တွင် ဝင်ပြီး ဝယ်ယူပါ။

https://itunes.apple.com/us/app/black-keys/id899894778?mt=8


 install လုပ်ပြီးပါက မြန်မာဖောင်.သွင်းရန် install missing fonts ကိုဝင်ပါ။




iPhone Screenshot 2



Myanmar Zawgyil ကို install လုပ်ပေးပါ။












ZawGyi  Font ကို install လုပ်ပြီးလျှင် Keyboard သွင်းရန် အတွက်   Setting > General > Keyboard > Keyboards > Add New Keyboard > Black Keys ကိုဝင်ပြီး  Burmese-Zawgyi ကို Enable လုပ်ပေးပါ ခင်ဗျ။






  ref:http://www.myanmaridroidappfree.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း


iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...


iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်


မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။



လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



မြန်မာလက်ကွက် အတွက် Install Source (2)

  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**အထက်ပါအတိုင်း သွင်းယူပြီးနောက် ကီးဘုတ်တွင် ?? များပေါ်နေသူများ**

ကီးဘုတ်တွင် ?? များပေါ်နေခဲ့ပါက "macforus repo" တွင် သွင်းယူထားသော "Zawgyi iOS 7 Font" ကို Remove/Uninstall လုပ်၍ "ttkz.me" ထဲကမှ "Zawgyi iOS 7 Font" ကို သွင်းယူပါ။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

IOS 7.1 တင်လိုက်လို့ ဇော်ဂျီဖောင့် ပျောက်နေရင် ဖြေရှင်းနည်း

IOS 7.1 တင်လိုက်လို့ ဇော်ဂျီဖောင့် ပျောက်နေရင် ဒီလိုလေး ရှင်းလိုက်ကြရအောင်။
တနေ့ ကထွက်လာတဲ့ IOS 7.1 ကြောင့် ဇော်ဂျီဖောင့် ပျောက်သွားပြီး သူငယ်ချင်းတွေ တော်တော်များများ ခေါင်းစားနေကြတာ တွေ့ ရပါတယ်။ အဲ့ဒါကြောင့်မို့ တလက်စတည်း အားလုံးအတွက် အဆင်ပြေအောင် လုပ်နည်းလေးကို ဒီကနေ တဆင့် တင်ပေးလိုက်ပါတယ်။ ပုံလေးတွေနဲ့ ရှင်းပြထားတာမို့ သာမန်လူတွေအတွက်ပါ နားလည်လွယ်ပါတယ်။ ဂျေးဘရိတ် မလုပ်ထားတဲ့ အိုင်ဖုန်းတွေအတွက်ပါ။ ဇော်ဂျီကို ပြန်မြင်အောင် လုပ်တဲ့နည်းပါပဲ။ ရိုက်ဖို့ ကီးဘုတ်ကတော့ အဆင်မပြေသေးပါဘူး။
ကဲ စလိုက်ကြရအောင်နော်။
 


၁.
အရင် ရှိပြီးသား ဇော်ဂျီဖောင့် ရဲ့ ပရိုဖိုင် အဟောင်းကို ဖျက်ဖို့ လုပ်ပါမယ်။
အိုင်ဖုန်းရဲ့ Setting အောက်က General ကို နှိပ်ပါ။


၂. General ကို ရောက်ရင် Screen အောက်ထိရောက်အောင် ဆွဲချပြီး Profile ကို နှိပ်ပြီး ဖွင့်ပါ။ Installed လုပ်ထားတဲ့ ကဏန်းလေးတွေတော့ ကွဲပြားနေပါလိမ့်မယ်။

၃. Profile အောက်မှာ ရှိနေတဲ့ Zawgyione-font ဆိုတာလေးကို နှိပ်ပြီး Remove လုပ်လိုက်ပါ။ အဲ့ဒါဆိုရင် ရှိပြီးသား ဇော်ဂျီကို Delete (Uninstall) လုပ်သွားပါလိမ့်မယ်။

၎. Home ခလုပ်ကို နှိပ်ပြီး စက်တင်ထဲက ထွက်ပါမယ်။
ဒီလင့်လေးကို http://cl.ly/UMK0
Safari ထဲမှာဖွင့်ပြီး Zawgyi font ဒေါင်းလုပ် လုပ်ပါမယ်။ (အိုင်ဖုန်းနဲ့ ဖေ့ဘုတ်ပေါ်မှာ ရှိတဲ့ အပေါ်က လင့်လေးကို နှိပ်လိုက်ရုံပါပဲ။)

၎-က. အဲ့ဒီလင့်နဲ့ အဆင်မပြေရင် Safari မှာ http://blog.saturngod.net/knowledgebase/zawgyi-for-ios-7-thank-thant-thet
ကို ဖွင့်ပြီး http://d.pr/f/M8Es+
ကို နှိပ်၊ ဇော်ဂျီဖောင့် အင်စတော်လာ လေး ကျလာရင် Install ကို နှိပ်ပြီး ဇောင်ဂျီဖောင့် သွင်းပါမယ်။

ကဲ အဲ့ဒါဆိုရင် ဖေ့ဘုတ်မှာ SMS တွေ Safari တွေမှာ ဇော်ဂျီဖောင့်တွေ ပြန်မြင်ရ ပြန်ဖတ်လို့ ရပြီပေါ့။

အိုင်ဖုန်း အသစ်သမားတွေ အတွက်ကတော့ အပေါ်က အဆင့်တွေ မပါဘဲ အဆင့် ၄ ကို တန်းလုပ်ပြီး ဇော်ဂျီဖောင့် ကို တင်လို့ ရပါတယ်။

ကဲ ပန်းသီး ချစ်သူတွေ အားလုံး ခေါင်းစားတဲ့ အရေးမှ ကင်းဝေးကြပါစေ။

credit >>>> FONECLUB..
admin_lin

တစ်ခု ရှိတာ....အဲဒီအဆင့်တွေအားလုံးပြိးလို့..မြန်မာဖောင့်မြင်ရရင်....
ဖေ့ဘုတ်ပဲဖြစ်ဖြစ်...website ပဲဖြစ်ဖြစ်...ကိုယ်သုံးတဲ့ app ကို....အိုင်ဖုန်းမှာ.
multitasking နဲ့ သွားမပိတ်မိပါစေနဲ့...
အဲလိုဆို အစကနေ ပြန်install လုပ် နဲ့ ပြန်စရပါလိ့်မ်မယ်..
တချို့က ဖုန်း battery ကုန်မှာစိုးလို့...ပိတ်တတ်တဲ့ အကျင့်လေးတွေ ရှိလို့ပါ..
တခြား app တွေကို ပိတ်လို့ရပါတယ်...ကိုယ်မြန်မာလို့ မြင်ချင်တဲ့ app က လွဲရင်ပေါ့....

Member ၀င်ရန်