Internet for Myanmar : Powered by KK

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Telenor က ကိုယ်ပိုင်အင်တာနက်လိုင်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးရန်ရှိ

Telenor_logo 




နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor က အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်ခုကို နိုင်ငံတကာ အင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုနေပြီဖြစ်ကြောင်း ယခုလ ပထမပတ်အတွင်းတွင် ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့၏ တရားဝင် အင်တာနက်စာမျက်နှာများပေါ်၌ ရေးသားဖော်ပြလာခဲ့ကြသည်။   Telenor Myanmar ကုမ္ပဏီသည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက်လိုင်း တစ်ခုကို  သီးသန့်တည်ဆောက်ရန်ရှိပြီး အဆင့်မြင့် အင်တာနက်ဝန်ဆောင်မှုကို ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာသို့ ပြောကြားခြင်းများ ရှိခဲ့သည်။   ယခုထွက်ပေါ်လာသည့် သတင်းများတွင် စင်ကာပူနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီမှဖြစ်သည့် TaTa မှ တစ်ဆင့် နိုင်ငံတကာ အင်တာနက်လိုင်းကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး ယင်းချိတ်ဆက်မှုသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်က စတင်ခဲ့သည့်ဟု အထက်ပါသတင်းများတွင် ဆက်လက်ဖော်ပြထားကြသည်။   Telenor Myanmar ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မမှီခိုသည့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှုသည် မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်ဆောင်လိုက်သည့် အင်တာနက်ဆက်သွယ်မှုနှင့် ပတ်သက်ပြီး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု သိရသည်။




ref:Internet Journal

၂၀၁၄ ခုနှစ်အတွင်း မြန်မာစာစနစ်ကို တရားဝင်သတ်မှတ်ပြဌာန်းပေးနိုင်ဖွယ်ရှိ


ပြည်တွင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သောစံမြန်မာစနစ်ကို ၂၀၁၄ခုနှစ်အတွင်း သတ်မှတ်ပြဌာန်း ပေးဖွယ်ရှိကြောင်းကွန်ပျူတာနည်းပညာရပ်ဝန်း မှတစ်ဆင့်သိရှိရသည်။

လက်ရှိကာလတွင် ဇော်ဂျီမြန်မာစာစနစ်၊ စံမြန်မာစာစနစ်၊ Myanmar 3 စနစ် အပါအ၀င် များစွာသော မြန်မာစာစနစ်များ ပြည်တွင်းနည်းပညာရပ်ဝန်းအတွင်း အသုံးပြုလျက်ရှိသည်။ 
 
စံမှီသော မြန်မာစာစနစ်ကို သတ်မှတ်ပြဌာန်းပေးနိုင်ခြင်းမရှိခြင်းကြောင့် Internet ပေါ်မှတစ်ဆင့် ဗဟုသုတများရှာဖွေရာတွင်များစွာ အခက်အခဲရှိကြောင်း သိရှိရသည်။ ““ တကယ်ဆို Data အားနည်းတဲ့ အပိုင်းလည်းပါတယ်။ Web ပေါ်မှာရှာလိုက်ရင် English နဲ့ရေး ထားတာတွေများပါတယ်။ 
 
ဒါက မြန်မာစာစနစ်ကို စံအနေနဲ့သတ်မှတ်ထားခြင်းမရှိလို့ပါ။ နောက်ပိုင်းကာလတွေမှာ မြန်မာစာကိုရေးချင် သလိုရေးလိုက်တဲ့အတွက် ကလေးသူငယ်တွေအနေနဲ့ ဗဟုသုတရှာ ဖွေရာမှာ များစွာအားနည်းစေတာကိုတွေ့ရပါတယ် ”” ဟု သာကေတ မြို့နယ်နေ ကိုသီဟနောင်က ပြောကြားခဲ့သည်။

မြန်မာစာစနစ်နှင့်ပတ်သက်၍ IT ပညာရှင်ကိုဇော်ဇော်မျိုးလွင်မှ ““ ဘယ်လမ်းကိုပဲသွားသွား အဆင်ပြေတဲ့ လမ်းကိုသွားရမှာပဲ၊Unicode ဆိုတာကရှိကိုရှိရမယ်။ ဒါပေမယ့် Unicode မှာလည်းအား နည်းချက်တွေရှိသေးပေမယ့် အဲ့ဒီအားနည်းချက်တွေကိုသာဖြေရှင်း ပေးနိုင်မယ် ဆိုရင်တော့ မကြာခင်မှာပဲတရားဝင်သတ်မှတ်ထားတဲ့ စံ မြန်မာစနစ်ထွက်လာမှာပါ။ ဆိုလိုတာက အသုံးပြုသူတွေက ဘာစနစ် ကိုပဲသုံးသုံး အစိုးရအနေနဲ့ စံမြန်မာစနစ်ကိုတော့ သတ်မှတ်ပြဌာန်း ပေးဖို့လိုပါတယ်။ 
 
အဲ့ဒီအတွက်လည်း အစိုးရကပြင်ဆင်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်တွင်း Developer များအနေဖြင့် မြန်မာစာစနစ်ဖြင့် ပတ် သက်၍ စနစ်ပေါင်း မြောက်များ စွာရေးသားဖြန့်ချိလျက်ရှိခြင်းကြောင့် အသုံးပြုရာတွင်လွယ်ကူ၍လူသုံးများသောမြန်မာစာစနစ်ကို အသုံးပြုလျက်ရှိ ကြောင်း နည်းပညာရပ်ဝန်းမှတစ်ဆင့် ကြားသိရသည်။


Ref:
Myanmar Digital Life journal






ပြည်တွင်းမိုဘိုင်း ဟန်းဆက်ဈေးနှုန်းများ(15.3.2014)

 mobile-phone-technology













ပြည်တွင်းတွင် ရောင်းချနေသော မိုဘိုင်းဟန်းဆက် မျိုးစုံရဲ့ဈေးနှုန်းများကို သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။
 
APPLE Price List

I Phone 5S(16GB)Gold –658000

I Pad air wifi(16GB) –495000
I Pad air wifi(32GB) –575000
I Pad air wifi(64GB) –671000

I Pad mini 4G(16GB) –453000
I Pad mini 4G(64GB) –630000
I Pad mini II wifi(16GB) –390000
I Pad mini II (4G) 16GB –522000
Samsung
Note III –543000
S IV –439000
S III –317000
S II Plus –228000
Ace II –157000
Young Dous –110000
GT-C3520 –52000

Sony
J –153000
C –230000
Neo L –181000
Sola –182000
QX10 Camera Lens –239000
QX 100 Camera Lens –469000

LG
Optimus G Pro Lite –285500
Optimus G 2 –581000
Optimus G –435000
Nexus 4 –399000
4XHD –349000
L3 –95000
L5 –149000
L7 –185000
L7 II –240000
L9 –275000

HTC
One max –699000
One –599000
Butterfly –525000
One X+ –447000
One X –338000
Desire X –263000
Desire 300 –190000
Wilddfire –75000

Emoto
E7000 –109500
E58L –96500
E58 –74000

TCL
S900 –70000
A989 –48000
A998 –70000
W718 –60000

Huawei
G610S –132000
G730 –137000
G606 –90000
Y511-T00 –72500
Y320-U05 –67000
Y320U –65500
Y600 –92500
U8860 –99900
U9202 –150000
P6 –297000

CDMA 800 MHz Handset
CDMA Grand –260000
C730 –158500
HG8 –86500
MP-6900 –100000
C8816 –151500

CDMA 450 MHz Handset
A8 –149500
S 1+ –72000
E6 –57000
E550 –204000

Promotion
C8850 –100000
U8860 –99900
KV 800 –55000
Tipo Dual –90000
GIO –100000

Lenovo
S920 –197000
S820 –197000
A850 –145000

Samsung Company(5ထောင်တန်ဘေကဒ်လက်ဆောင်)
Grand –247000
S III –346000
Note II –468000
S IV –575000(5Card)
Mega 5.8 –313000
Core –202000
Tab 3(10.1) P5200 –400000(1Card)
Ace 3 –170000
Win –224000
Note III –640000
Tab 3 Lite –199900
Gear –180000(1Card)
Star Plus –98000
Grand 2 –325000(3Card)

Vivo
X Play(510W) 16GB –428000
X Play(510W) 32GB –458000
Y 17W –299000
Y 11 i w –168000

(၁၅.၃.၂၀၁၄)Anycall Mobile Handset Price List
ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။



Ref:Anycall Mobile


Thihahtike

Welcome From My Blog

Credit-MMAS












www.internetformm.com

မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ





ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ Facebook Account ဖွင့်ထားတဲ့သူ အရေအတွက်က လက်ရှိမှာ ၁ ဒသမ ၄ သန်းကျော်အထိ ရှိနေပါပြီ။ အဲဒီထဲကမှ ၁ ဒသမ ၁ သန်းက မိုဘိုင်းလ် ဖုန်းတွေကနေတစ်ဆင့် သုံးစွဲကြတာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေပြီး မကြာမီ ပိုမိုကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများ သုံးစွဲနိုင်တော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ အရေအတွက် ပိုမို တိုးပွားလာရန်လည်း Facebook APAC က မျှော်မှန်းထားသည်။

အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည့် မြို့ကြီးများတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်း သုံးစွဲသူများ ဖြစ်ပြီး အားလုံးနီးပါး Facebook သုံးစွဲကြကာ ရေရှည်တွင် မိုဘိုင်းလ်ဖုန်း SIM Card နှင့် Handset ဈေးနှုန်းများ ပိုမိုသက်သာလာပါက Facebook သုံးစွဲသူ အရေအတွက် ပိုမိုလာမည်ဟု ပြည်တွင်းရှိ နည်းပညာဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည်။

Facebook က မြန်မာပြည်မှာ အသုံးအများဆုံး Social Network ပါပဲ။ အများစုက လူငယ်တွေပါ။ င်္ Facebook ကိုယ်တိုင်က Facebook For Business လို့ဆိုထားတော့ ဒီက လူငယ်တွေလည်း ဒီ Social Network ပေါ်ကနေ အခွင့်အလမ်းတွေ ရှာသင့်တယ်။ အခုနောက်ပိုင်းတော့ Online Shopping Page လိုဟာလေးတွေတော့ တွေ့လာနေရပါပြီ” ဟု ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံအတွင်း လက်ရှိ Internet Penetration (စုစုပေါင်း အင်တာနက် သုံးစွဲသူအချိုး) မှာမူ တစ်ရာခိုင်နှုန်းနှင့် တယ်လီဖုန်း သုံးစွဲသူပမာဏမှာ ဆယ့်တစ် ရာခိုင်နှုန်း ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တစ်ကမ္ဘာလုံးရှိ လူဦးရေ ၇ ဒသမ ၈ ဘီလီယံ၏ သုံးပုံတစ်ပုံမှာ အင်တာနက် သုံးစွဲကြပြီး Facebook သုံးစွဲသူ အရေအတွက်မှာမူ ၁ ဒသမ ၂၂၈ ဘီလီယံအထိ ရှိနေကာ အာရှ၊ ပစိဖိတ် ဒေသအတွင်း သုံးစွဲသူ ၃၅၁ သန်းအထိ ရှိကြောင်း Facebook Inc က ထုတ်ပြန်ထားသည်။

The Voice Weekly












www.internetformm.com

Member ၀င်ရန်