Internet for Myanmar : Powered by KK

Showing posts with label iOS Help. Show all posts
Showing posts with label iOS Help. Show all posts

iTunes v11.0.4 for Window XP/Vista/7/8



http://ohguideme.com/wp-content/uploads/2013/06/iTunes-download-Links.png 
Android User တွေအတွက်ချည်းဘဲတင်နေလို့ iOS သမားများက သူတို့အတွက်တင်ပေးပါလို့ပြောကြလွန်း လို့ iOS သမားတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့iOS သမားတွေအတွက် မရှိမဖြစ် 
 iTunes v11.0.4 နောက်ဆုံးထွက် Version ကိုတင် လိုက်ပါတယ်ဗျာ။ iTunes ဆိုတာမျိုးက PC/Laptop နဲ့ i Devices တွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့နေရာမှာ မရှိမဖြစ် အသုံးဝင်တဲ့ Software မျိုးဖြစ်ပါတယ်ဗျာ။ အခုနောက်ဆုံးထွက်Version မှာတော့ iOs 7 တင်ထား တဲ့ iPhone တွေအထိ အသုံးပြုလာနိုင်တာကိုတွေ့ရပါတယ်။ Window xp , vista , 7 နဲ့ Window 8 အထိ Support လုပ်နိုင်ပါပြီဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

iOS 7 in iPad 2 Review


 iPad 2 ကို update လုပ်လိုက်ပါတယ်။ Update လုပ်ပြီးတဲ့ အချိန်မှာ ပထမဦးဆုံး ခံစားမိတာကတော့ iPad အသစ်တစ်လုံး ရလိုက်သလိုပါပဲ။

စ စချင်းတွေ့ရတာကတော့ Apple logo ခပ်ကြီးကြီးနဲ့ တက်လာပါတယ်။ Home screen ရဲ့ UI design ကွဲပြားမှုက နဲနဲတော့ သူစိမ်းဆန်သွားတယ်၊ Home screen မှာရှိတဲ့ Dock က flat design ဖြစ်လို့ ပိုကြီးလာတယ်လို့ ခံစားမိတယ်။ အပြောင်းအလဲကို လက်ခံနိုင်ဖို့ App icon တွေနဲ့ ပြန်ရင်းနှီးဖို့ အာရုံခဏစိုက်လိုက်ရပါတယ်။



သဘောကျမိတာကတော "Control Center" ပါ၊ Jailbreak သမားတွေ နှစ်ခြိုက်စွာ သုံးလေ့ရှိတဲ့ SBsetting, NCsetting လိုမျိုး Application ထဲမှာ ဖြစ်ဖြစ် Home screen, Lock screen တွေမှာတောင် အောက်ဖက်ကနေ အပေါ်ဖက်ကို swipe လုပ်လိုက်တာနဲ့ ပေါ်လာပါတယ်။ (Tweaks လောက်တော့ setting မစုံလှပါဘူး) ဘာပဲဖြစ်ဖြစ် Settings ထဲကိုတော့ ပြန်သွားနေစရာ မလိုတော့ဘူးလေ။ Jailbreak မှာ သုံးနေကျဖြစ်လို့ သဘောကျနေမိပါတယ်။


"Multitasking" မှာ အရင် iOS တွေတုန်းကလို long press ဖိထားပြီး လိုက်ပိတ်စရာ မလိုတော့ပဲ ပိတ်ချင်တဲ့ App ကို လက်နဲ့ အပေါ်ကို swipe up လုပ်လိုက်တာနဲ့ ပိတ်သွားလို့ ပိုလွယ်ကူစေပါတယ်။


Home screen ရဲ့ နေရာလွတ်မှာ လက်တစ်ချောင်းနဲ့ swipe down လုပ်ရုံနဲ့ Spotlight search ကို သုံးလို့ရပါပြီ။


iTunes ရေဒီယို ကနေ သီချင်းမျာကို နားဆင်နိုင်တာလည်း အခွင့်အရေး တစ်ခုပါပဲ။


"Safari" browser မှာ search နှင့် URL (website address) bar ကို နှစ်ပိုင်းမခွဲတော့ပဲ တစ်နေရာထဲမှာ ရှာချင်သော စာလုံးကို စတင် ရိုက်လိုက်သည်နှင့် suggestion အနေနဲ့ အပိုင်းလိုက် ဖော်ပြပေးပါတယ်။


နောက်ထပ် iPad အနေနဲ့ ပိုမို ထူးခြားလာတာကတော့ အရင် iOS များတွင် iPhone App (ဥပမာ။ ။ Viber) ကို install လုပ်လိုက်ပါက iPad ၏ screen မှာ iPhone size အနေနှင့်သာ တွေ့မြင်ရပြီး "2X" သုံးတဲ့အခါမှာ မပြတ်မသားသာ မြင်ရပါတယ်။ Full screen အဖြစ် မြင်ရအောင် Cydia က Retina pad tweak သုံးခဲ့ရပါတယ်။ အခု iOS 7 မှာတော့ Full screen အဖြစ် တိုက်ရိုက် မြင်ရပါပြီ။


အခုမှ စသုံးနေတာဖြစ်လို့ အများကြီး မပြာနိုင်သေးပေမယ့် အကယ်၍ မြန်မာစာ ရေးမရ ဖတ်မရတာကြောင့်သာ မဟုတ်ခဲ့ရင် Jailbreak လုပ်ချင်စရာတောင် မရှိပါဘူး။ လောလောဆယ် မြန်မာစာ ရေးနိုင်ဖို့ အတွက် "Sar" "Mogok" "iMyanmar Pad" တို့ကို အသုံးပြုနေပြီး "Mogok" က မြန်မာစာရေးနေချိန်မှာ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။


iDevice ဟာ jailbreak မလုပ်ရင် စွမ်းဆောင်ရည်အပြည့် လုပ်ဆောင်ပေးနိုင်တာကြောင့် iOS 7 ကို Jailbreak မလုပ်ပဲ အကောင်းဆုံးသုံးနိုင်မယ့် နည်းလမ်းများကိုလည်း တစ်ဖြည်းဖြည်းခြင်း ရေးသားပေးပါမယ်

Source : မိုးသိကြား

Member ၀င်ရန်