Internet for Myanmar : Powered by KK

Showing posts with label Crack ပြုလုပ်နည်း. Show all posts
Showing posts with label Crack ပြုလုပ်နည်း. Show all posts

စက္ကူခေါက်နည်း သုံးရာစုစည်းမှု E-book



ဒီပိုစ့်ကိုဖတ်နေတဲ့သူ တတော်များများကို ကျနော် တစ်ခုမေးချင်လို့ပါ ငယ်ငယ်လေးတုန်းက အနည်းဆုံးစွန်တော့ ခေါက်ဖူးမယ်ထင်ပါတယ် ကျနော်တို့ငယ်ငယ် လေးကတည်းက စက္ကူခေါက်တာနဲ့ မစိမ်းပါဘူး ကျနော် ကိုယ်တိုင်လည်း ဝါသနာပါပါတယ် မှတ်မှတ်ရရ ငါးတန်းနှစ်တုန်းက လှေနှစ်ဘတ်တွဲတာကို မခေါက်တက်လို့ ခြောက်တန်းခန်းထဲသွားပြီး သူများကိုခေါက်ပြခိုင်းတာ အခုထိမှတ်မိသေးပါတယ် စာအုပ်တစ်အုပ်ပြန်ပြီး တော့ဝေမျှချင်ပါတယ်
ဝါသနာပါတဲ့ သူအတွက်တော့ ရွှေပေါ့ဗျာ သုံးရာကျော်ဆိုတော့ခေါက်စမ်းပါလေ့ ခေါက်လို့တောင်မကုန် နိုင်ဘူး  တတော် ခေါက်ယူရမှာ မိုက်တယ်နော် ကျနော်လည်းကျောင်းအားရက်တိုင်း တစ်ခုချင်းစီ ခေါက်ကြည့်ဦးမယ် ဒီနေ့တောင်သူငယ်ချင်းတစ်ယောက် ကိုပေးလိုက်တော့ စော်ကိုခေါက်ပေးမယ်ဆိုလားပဲ ကြိမ်းသွားသေးတယ် ဘယ်လိုအသုံးချချပေါ့ဗျာ ဝါသနာမပါလည်းခေါက်ကြည့်ပေါ့အနည်းဆုံးတော့အပျင်းပြေတာပေါ့
(ဒီပိုစ့်ကို တင်ချင်လွန်းလို့ အင်တာနက် ဆိုင်အထိလာတင်တာပါ ကျနော်အင်တာနက်လိုင်း(ဖုန်းလိုင်း)စုတ်နေလို့ ဘလော့ ပိုစ့်အသစ်မတက်နိုင်တာကြာပါပြီ စာအုပ်ကလည်း စက်ထဲမှာ ဖွရင်းတွေ့လာလို့ပါ)

Member ၀င်ရန်