Internet for Myanmar : Powered by KK

Showing posts with label iOS Cracking. Show all posts
Showing posts with label iOS Cracking. Show all posts

iCloud Account အား Password မလိုပဲ Delete လုပ်နည်း။ ( Only for Jailbroken Device) ( Tested on iOS 9- 9.0.2 )






ကဲ iDevice Users တွေအတွက် Jailbreak ပြု လုပ်ထားသူတွေအတွက်နှစ်သက်စေမယ်ထင်ပါ တယ်။ Apple မှာ iCloud Account ကြောင့်စိတ် ညစ်ရနေသူတွေရှိကြမှာပါ။ ဆိုင်တွေမှာ Jailbreak လုပ်ပြီး iCloud မှာအခြားသူအ ကောင့်ဖြစ်နေတာတွေ။ မိမိအကောင့် password မေ့နေလို့ Delete လုပ်လို့
မရတာတွေအတွက် အဆင်ပြေကြမယ်ထင်မိပါတယ်။ ၁)မိမိ iDevice သည် Jailbroken ဖြစ်ရပါမည်။ ၂)Cydia မှ iFile Tweak ကိုအင်စတောလိုက်ပါ။ ၃)iFile ထဲဝင်ပြီးအောက်ပါလမ်းကြောင်းထဲသွား
 ပြီး Delete လုပ်ပါမည်။ iFile > var > mobile > Library > account ဖိုဒါထဲတွင်ရှိသောဖိုင် ၃ ခုကို Delete လုပ်ပါ။ ၄)iFile ထဲမှနောက်လမ်းကြောင်းတခုသို့ဝင်းပြီး delete ထပ်မံပြုလုပ်ပေးရန်လိုအပ်ပါ
သည်။ iFile > var > mobile > Library > configurationProfiles > ClirntTruth.plist ဆိုတာကို configurationProfile ဖိုဒါထဲဝင် ပါကတွေ့ရပြီး သူ့ကို delete လုပ်ပြီး iDevice ကို
reboot or power off / on ချပေးလိုက်ပါ။ iDevice ပြန်ပွင့်လာပါက setting > iCloud တွင်
 User Account မရှိတာကိုမြင်တွေ့ရမှာဖြစ် ပါတယ်။ Jailbroken Devices တွေအဆင်ပြေ ကြပါစေ။
 ( Non-Jailbroken Devices တွေ တော့မသိပါ) မှတ်ချက်။ ။ iCloud Account delete မလုပ်ခင်
 က setting > mail, calendar, contact ထဲတွင် ထည့်ထားသော mail များကို icloud account delete လုပ်ပြီးချိန်တွင် ပြန်ထည့်ပေးပြီးမိမိ mail account ထဲမှ contact, note အစရှိတာတွေကို ပြန်ဖွင့်ပေးရန်
လိုအပ်ပါသည်။
ref:iOS Knowledge Bank.MM
အဆင်ပြေပါစေ..

Contract Killer 2 ကို Credit တွေအများကြီး ဟက်ယူကြမယ်




မင်္ဂလာပါ Contract Killer 2 ကိုကစားနေတဲ့ ios သမားတွေအတွက် Credit တွေခိုးတဲ့နည်းလမ်းလေးရေးပေးချင်ပါတယ် .. နဲနဲတော့ လက်ဝင်ပါတယ်.. JB လုပ်မထားတဲ့ သူတွေလည်း ခိုးလို့ရတဲ့နည်းလမ်းလေးဆိုတော့ သဘောကျလိမ့်မယ်ထင်ပါတယ်.. ၁၀၀% အဆင်ပြေကြောင်း အာမခံပါတယ် .. ကဲစလိုက်ကြရအောင်...

မစခင် .. လိုအပ်တာတွေကို   ဒီမှာ     ဒေါင်းလိုက်ပါ..   

  1.  ပထမဆုံးအနေနဲ့ ဒေါင်းထားတဲ့ဖိုင်ကိုဖြေပြီးတော့ အထဲက ContractKiller2 XML ဖိုင်ကို Desktop ပေါ်ကိုတင်ထားပါ.
  2. နောက်ပြီးတော့ Charles Pro ကို ကွန်ပျူတာမှ install လုပ်ပါ.
  3. Devices ထဲက Safari ကနေပြီးတော့ www.charlesproxy.com/charles.crt/ ကိုရိုက်ပြီးတော့ Charles Proxy ကို install လုပ်ထားပါ။  
  4. ပြီးရင် ကွန်ပျူတာမှာ Charles ကိုဖွင့်ပါ.. ပွင့်လာပြီဆိုရင် Proxy ကိုနှိပ်လိုက်ပါ.. 
  5. ပြီးသွားရင်တော့ Proxy Settings ကိုဝင်လိုက်ပါ ။
  6. Setting ကိုရောက်သွားတာနဲ့ Port မှာ 8888 ကိုရိုက်ထည့်လိုက်ပါ။
  7. ပြီးသွားရင် SSL ကိုနှိပ်ပါ... Enable SSL Proxying ကို အမှန်ခြစ်ပေးလိုက်ပါ..
  8. ပြီးရင် Add ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ ဇယားပေါ်က  Host ;; မှာ ကြယ်ပွင့် ( * ) ကိုနှိပ်ထည့်လိုက်ပါ.. Port မှာကတော့ 8888 ကိုရိုက်လိုက်ပါ ပြီးရင် OK ကိုနှိပ်ပါ..
  9.  ပြီးရင် Tools ကိုနှိပ်ပါ ကျလာတဲ့အထဲမှ Rewrite ကိုနှိပ်လိုက်ပါ ..ဘောက်တစ်ခုကျလာပါလိမ့်မယ် ကျလာတဲ့ ဘောက်မှာ Enable Rewrite ကိုအမှန်ခြစ်ပေးလိုက်ပါ  ပြီးရင် အောက်က Import ကိုနှိပ်ပြီးတော့ စောစောက Desktop ပေါ်တင်ခိုင်းထားတဲ့ Contract Killer 2 XML ဖိုင်ကိုရွေးပေးလိုက်ပါဗျာ.
  10. နောက်တစ်ဆင့်ကတော့ Help ကိုနှိပ်ပါ .. ကျလာတဲ့အထဲကမှ Local IP Adress ကိုနှိပ်လိုက်ပါ ထွက်လာတဲ့ IP ကို သေချာမှတ်ထားလိုက်ပါ.. 
  11. ဒီအဆင့်ကတော့ မိမိရဲ့ devices မှာလုပ်ရမှာဖြစ်ပါတယ် .. Wifi Connection ရှိနေဖို့တော့လိုအပ်ပါတယ် ခင်ဗျာ.. ရှိနေပြီဆိုရင် Setting ကိုဝင်လိုက်ပါ.. မိမိချိတ်ထားတဲ့ wifi နည်မည်ရဲ့ ဘေးနားက (i) လေးကိုနှိပ်လိုက်ပါ .. ပြီးရင် HTTP PROXY အောက်က Manual ကိုနှိပ်ပါ ပြီးရင် အောက်မှာ .. Server ဆိုတဲ့နေရာမှာ စောစောက မှတ်လာခဲ့တဲ့ Local ip ကိုထည့်ပေးလိုက်ပါ.. Port မှာတော့ 8888 လို့ပဲပေးလိုက်ပါ.. Proxy ထည့်လို့ပြီးရင် ပြန်ထွက်လိုက်ပါ .. Safari ကနေ Proxy အလုပ်လုပ်မလုပ်ကို Google လို့ရိုက်ပြီးတော့ စမ်းကြည့်လိုက်ပါ တက်လာပြီဆိုရင်တော့ အလုပ်လုပ်ပါတယ် ကဲဒါဆိုရင်တော့ Hack လုပ်လို့ရပါပြီ..

ကဲ Drive မှာရှိတဲ့  Contract Killer ကိုဖွင့်လိုက်ပါ..  ပြီးရင် Store ကိုဝင်လိုက်ပါ

ဝင်ပြီးပြီဆိုရင် အောက်ကအတိုင်းတွေ့ရပါလိမ့်မယ်....




တွေ့ပြီဆိုရင်..  Free ဆိုပြီးတော့ အောက်ဆုံးက Credit ပုံလေးနဲ့ဟာကို နှိပ်လိုက်ပါ..



အပေါ်မှာ Watch a Video For 9999999 Free ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်..  နှိပ်လိုက်ပါ.. Clash of Clans ထွက်လာပါလိမ့်မယ် ..  ပြီးတဲ့ကြည့်ပေးလိုက်ပါ ပြီးသွားရင်  X နှိပ်ပြီးတော့ထွက်လိုက်ပါ အောက်ပါပုံ အတိုင်း 9999999 Credit ရရှိပြီဖြစ်ကြောင်းပြောလာပါလိမ့်မယ်ဗျာ ဘယ်တော့မှမကုန်တော့ပါဘူးဗျာ အမုန်းသာဝယ်ပြစ်လိုက်တော့ ကုန်ရင်လည်း စောစောကလို Short Movie ကြော်ငြာလေးကြည့်ပေးလိုက်ရင် ရလာပါလိမ့်မယ်

ကဲအားလုံးပဲ အဆင်ပြေကြပါစေဗျာ.. အတတ်နိုင်ဆုံးတော့ နားလည်အောင်လို့ ကြိုးစားပြီးတော့ ရှင်းပြပေးထားပါတယ်.. အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် Comment ဖြစ်ဖြစ် C Box ကနေပဲဖြစ်ဖြစ်ပြောခဲ့ပါ..


ပြုလုပ်ပုံအဆင့်ဆင့် ပုံများ..








ကွန်ပျူတာမှာလုပ်ရန်...








အဆင်ပြေပါစေဗျာ..

စာကြွင်း၊၊၊၊၊၊ ။။ Windows System 32bit သမားများအတွက် .. Charles ကို ဒီနေရာမှာ  ဝင်ယူလိုက်ပါ...
License ဗားရှင်းမဟုတ်သည့်အတွက် မိနစ် ၃၀ သာဖွင့်လို့ရပါသည် ပြည့်သွားရင် ပိတ်ခိုင်းပါလိမ့်မယ်.. ပိတ်ပြီးရင် ပြန်ဖွင့်လိုက်ပါ ...ပြန်သုံးလို့ရပါတယ်..

iOS application များကိုအလွယ်ကူဆုံး Crack လုပ်နည်း





iPhone/Pad ဆော့ဝဲတွေဖြစ်တဲ့ iOS application (ipa) ဖိုင်များကိုအလွယ်ကူဆုံး Crack လုပ်နည်းရှိပါသလားလို့ မေးမြန်းလာသူတွေအတွက် ပြန်လည်
ဖြေပေးလိုက်ရခြင်းပါ။ အလွယ်ကူဆုံး Crack လုပ်နည်းရှိပါတယ်။ အသိတစ်ခုတိုးစေရန်သာရည်ရွယ်ပြီး ကောင်းမွန်စွာအသုံးချဖို့သာရည်ရွယ်ပါတယ်။ Crack လုပ်နည်းအကြောင်းမပြောခင် iOS Crack app ဆိုတာဘာလဲဆိုတာကို မသိသေးတဲ့ Beginner user တွေကိုရည်ရွယ်ပြီး ရှင်းပြဖို့လိုဦးမယ်ထင်ပါတယ်။ iOS ရဲ့ Official Store ဖြစ်တဲ့ iTunes ကနေ ကိုယ်ပိုင် iTunes acc အသုံးပြု download ရယူထားတဲ့ application (သို့မဟုတ်) game ကို ယင်း ကိုယ်ပိုင် iTunes account ထည့်ထားတဲ့ iPhone/Pad တွေမှာပဲထည့်သွင်းအသုံးပြုလို့ရပါတယ်။ အဲဒီတော့ တခြား iDevices ပေါင်းစုံမှာ တခြားသူရဲ့ iTunes acc နဲ့ download ရယူထားတဲ့ iOS app (ipa) ဖိုင်ကိုသွင်းချင်တယ်ဆိုရင်တော့ ယင်း iOS app ဖိုင်ကို download ရယူခဲ့တဲ့ iTunes acc data တွေဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါက users အားလုံး နားလည်လွယ်အောင်ပြောခြင်းသာဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ထားတဲ့ iOS app ဖိုင်သည် cracked app ဖိုင်ဖြစ်ပါတယ်။ ယင်း cracked app ဖိုင်ကိုသွင်းမယ့် ဖုန်းသည်လည်း Jailbreak လုပ်ပြီးသား ၊ Appsync လို့ခေါ်တဲ့ Cydia Tweak သွင်းပြီးသားဖြစ်ရပါမယ်။ ပြီးလျှင်တော့ Cracked app တွေကိုကိုယ့်ရဲ့ iPhone/Pad မှာသွင်းပြီးအသုံးပြုလို့ရပါပြီ။ ဒါဆိုရင် အလွယ်ဆုံး Crack နည်းအကြောင်းကိုပြန်သွားပါမယ်။ CrackAddit လို့ခေါ်တဲ့ Cydia Tweak လေးကိုအသုံးပြု၍ Crack ခြင်းပဲဖြစ်ပါတယ်။ ဒီ tweak လေးဟာ တစ်ချို့ iOS app တွေ အလွယ်တကူ crack လို့မရအောင်ပြုလုပ်ထားတာတွေကိုတောင်မှ Crack လုပ်ပေးနိင်လောက်အောင် လန်းတာကိုတွေ့ရပါတယ်။ အရင်ဆုံး ဒီ tweak လေးကို
http://cydia.appaddict.org/ ကနေ ၀င်ရောက်သွင်းယူလိုက်ပါ။ ပြီးလျှင်တော့ Home Screen ပေါ်မှာ CrackAddict လို့ခေါ်တဲ့နာမည်နဲ့ application လေးရောက်နေပါပြီ။ ယင်းဆော့ဝဲထဲသို့ဝင်ပါ။ Device ထဲမှာသွင်းထားသမျှဆော့ဝဲတွေ list နဲ့ပေါ်လာပါမယ်။


ကိုယ် crack လိုသော application ပေါ်ကို နှိပ်လိုက်ပါ။ ပြီးလျှင် Make it suffer ကိုနှိပ်ပါ။



ခရမ်းရောင်လေးနှင့်ဖြစ်သွားပြီး ဆော့ဝဲအားစတင် crack နေပါပြီ။



crack ပြီးသွားလျှင် Crack လုပ်လို့အောင်မြင်ကြောင်း Message ပြပါလိမ့်မယ်။



ပြီးလျှင်မိမိ crack လုပ်ထားသော crack app ဖိုင်အား iFanbox ကဲ့သို့သော Tool ကိုအသုံးပြု၍ File Manager မှတဆင့် Users/Documents/Cracked/ ထဲသို့ဝင်၍ ကွန်ပျူတာထဲသို့ cracked app ဖိုင်အားပြန်လည်ထုတ်ယူနိုင်ပါပြီ။
Crack လုပ်ထားပြီးသော app list အားကြည့်ရှုလိုလျှင်လည်း CrackAddit ဆော့ဝဲထဲက Cracked apps ဆိုတဲ့ tab ကိုနှိပ်၍ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သက်နိင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

Member ၀င်ရန်