Internet for Myanmar : Powered by KK

Showing posts with label iOS အတွက် Facebook. Show all posts
Showing posts with label iOS အတွက် Facebook. Show all posts

Facebook က iOS ဖုန်းတွေအတွက် ဖေ့ဘုတ် Apps အသစ် ထုတ်



Facebook က iOS ဖုန်းတွေအတွက် ဖေ့ဘုတ် Apps အသစ် ထုတ်


သတင်းစာမျက်နှာများ ဖတ်ရန်အတွက်သီးသန့်ဖြစ်ပြီး အဓိက ရည်ရွယ်ချက်က ဖေ့ဘုတ်ကနေ တစ်ခြား အနှောင်အယှက်ကင်းကင်းနဲ့ စာဖတ်နိင်ဖို့အတွက် ဖြစ်ပါတယ်။ ပုံမှန်ဖေ့ဘုတ်လိုပဲ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေဖြင့် သတင်းတွေကို Sharing လုပ်နိင်မှာ ဖြစ်ပါတယ်။ စိတ်ကြိုက် စာအုပ်တစ်အုပ်လို လှန်လှော ဖတ်ရူနိင်မဲ့ အပြင် တကယ် စာအုပ် အတွေ့အကြုံကိုရရှိမှာ ဖြစ်ပါတယ်။ စာဖတ်ရန် သီးသန့်ဖြစ်တာကြောင့် ချက်တင် လို့မျိုး စာဖတ်ခြင်းကို အနှောက်အယှက်ဖြစ်စေမဲ့ feature တွေက်ုတော့ ထည့်သွင်းထားမှာ မဟုတ်ပါဘူး. နာမည်ကိုတော့ ” paper” လို့ပေးထားပြီး စာဖတ်နှစ်သက်သော သူတွေအတွက် မဖြစ်မနေ စိတ်ဝင်စား စေမဲ့ Apps တစ်ခု ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၃ရက်နေ့ကို တရားဝင်ထုတ်ဖော် ပေးသွားမှာ ဖြစ်ပါတယ်။ Full Screen အနေနဲ့ ဖတ်ရူနိင်မှာ ဖြစ်တဲ့ အပြင် ဖေ့ဘုတ်က ကိုယ်စိတ်ဝင်စားတဲ့ အရာတွေ၊ သတင်းတွေကို သိမ်းဆည်းထားနိင်ဦးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို အနီးအဝေးဆွဲငင်ကြည့်ရူနိင်မဲ့ အပြင် ဗီဒီယိုတွေပါကြည့်ရူနိင်ပါတယ်။ iOS 7 တွေအတွက်သာ ဖြစ်တယ်လို့သိရပါတယ်။ ဒီအတွက် စာဖတ်ခြင်ကိုနှစ်သက်သော iOS ဖုန်းပိုင်ရှင်တို့ စောင့်မျှော်ရမဲ့ App တစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
Aung Heine ( www.smart.com.mm )
Ref:Smart Pro Journal

Member ၀င်ရန်