Internet for Myanmar : Powered by KK

Showing posts with label အင်တာနက်မှ ဈေးဝယ်ခြင်း. Show all posts
Showing posts with label အင်တာနက်မှ ဈေးဝယ်ခြင်း. Show all posts

Zalo App မှတစ်ဆင့် အွန်လိုင်းဈေးဝယ်နိုင်မည်


မိုဘိုင်း Chat App တစ်ခုဖြစ်သည့် Zalo မှတစ်ဆင့် အွန်လိုင်းဈေးဝယ်နိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ App မှတစ်ဆင့် ပြည် တွင်းအွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် Shop.com.mm မှ ကုန်ပစ္စည်းမျိုးစုံကို အလွယ်တကူ ၀ယ်ယူနိုင်မည်ဖြစ်ပြီး Shop.com.mm သည် အရည် အသွေးကောင်းမွန် ၍ ဈေးနှုန်းချိုသာသော ပစ္စည်းများကို အိမ်တိုင်ရာရောက်လိုက်လံ ပို့ဆောင် ရောင်းချ ပေးခြင်းဖြစ်သည်။

‘Shop.com.mm မှာ ဈေးဝယ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းအသစ်တွေနဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်ပါပြီ။ Zalo App မှာ branded ပစ္စည်းတွေ အားလုံးကို သေချာရွေးချယ်နိုင်ပြီး click တစ်ချက်နှိပ်ရုံနဲ့ ဘယ်မှသွားစရာမလိုဘဲ တစ်ထိုင်တည်း စိတ်ကြိုက်ပစ္စည်းတွေဝယ်ယူနိုင်ပါပြီ’ ဟု Shop.com.mm မှ Managing Director Mr.SumitJasoria က ပြောသည်။

မြန်မာနိုင်ငံတွင် Social Media များ အားကောင်းလာသည်နှင့်အမျှ Shop.com.mm ကို Beetalk, We Chat, Viber App တို့တွင် အသုံးပြု နိုင်ခဲ့ပြီးယခုအခါ ZALO App တွင်လည်း လွယ်ကူစွာ တိုက်ရိုက်သုံးစွဲနိုင်ပြီဖြစ်သည်။ ZALO App သည် မြန်မာနိုင်ငံ၏လူဦးရေ ၂သန်းကျော် တွင်ကျယ်စွာအသုံးပြုနေပြီး ဆက်သွယ်မှုအမြန်ဆုံး မိုဘိုင်း Chat apps တစ်ခုဖြစ်သည်။


Credit to ==> Internet Journal

Member ၀င်ရန်