Internet for Myanmar : Powered by KK

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

EQ နဲ့ IQ အကြောင်း



ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည်ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
I.Q မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့်တယ်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်ကစပြီး E.Q ဆိုတာ ခေတ်စားလာတယ်။ E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့လဲဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ I.Q မြင့်တဲ့သူတွေထက် E.Q မြင့်တဲ့သူတွေဟာ ဘ၀မှာ ပို အောင်မြင်တာ တွေ့ရတယ်။
ဆိုလိုတာက ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ် ရင့်ကျက်၊ ခိုင်မာမှုက ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။

လွန်ခဲ့တဲ့ တစ်ပါတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော်တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲလို့ ပြောရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့်နိုင်တယ်ဆိုတာ ပြေပြထားတာ။ အကျဉ်းချုပ်ကို အောက်မှာ ဖတ်ကြည့်ပါ... “အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့ သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခုဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည်တွေကတော့ .. (၁) Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။ အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. (၂) Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) (၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ. (၄) Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. (၅) Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က
မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည်တွေကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့်ဖို့ နည်းတွေကတော့ ...ဇွဲ ရှိရှိနဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ “

ကျနော် ကိုယ့်ကိုယ်ကို ဆန်းစစ်တဲ့ နည်းကတော့ စွမ်းရည်တစ်ခုမှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။ နံပါတ် (၁) စွမ်းရည်မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။

E.Q ကောင်းအောင်......

ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..” သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Q နိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေးမိလို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြောလိုက်ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေးခြင်း နဲ့ အခြားစာတန်းများ “ စာအုပ်ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထားတဲ့ စာပုဒ်ကို ဖတ် ကြည့် စေချင်တယ်..

“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာလို့ ရသော ဥာဏ်စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊

ထို ခုနှစ်မျိုးမှာ......

၁။ ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။

၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊

၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။

၎။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်..

၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။

၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။

၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”

ဆရာ ကိုတာရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။

အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကိုစိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုပ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။ စာပေ ပညာရှင်တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာနေမှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆိုရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အားသန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့သာ အောင်မြင်ကြတာ..လို့ ။

တကယ်တော့ ကျနော် တို့ မှာ မွေးကတည်းက ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆိုတာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေမှာလည်း သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...

ဒေါက်တာ အောင်မျိုး
အဆင်ပြေပါစေ..

အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရပါက









အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရပါက တွေဝေခြင်းမရှိပဲ ချက်ချင်း take action လုပ်ပါ။
ဖုန်းနံပါတ် တောင်းပါက မပေးပါနှင့်။
Credit to Ko Ei Maung and Wiki How


အိမ်သုံး စီစီတီဗီ ကင်မရာ ဝယ်တော့မယ်ဆိုရင်

အိမ်သုံး စီစီတီဗီ ကင်မရာ များ တပ်ဆင်ခြင်းဖြင့် မိမိရဲ့ အိမ် လုံခြုံရေးကို များစွာ အထောက်အကူ ပြုစေ ပါတယ်။ ဒါပေမယ့် သူဟာ တကယ်တန်းလိုအပ်မှု ရှိမရှိဟာလည်း စဉ်းစားစရာ လိုအပ်ပါသေးတယ်။ ဒီတော့ မိမိရဲ့ အိမ်အတွက် စီစီတီဗီ ကင်မရာ လိုမလို ကြည့်ရအောင်.

မြန်မာ့ အိမ်ခြံမြေဈေးကွက်၊ ၀ယ်လိုသူနှင့် ဌားလိုသူ




လေ့လာသုံးသပ်ချက် အရ မြန်မာ့ အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံလို သူ ၇၅ % နှုန်း ရှိကြောင်း ဒေသခံ အိမ်ခြံမြေရောင်းဝယ်မှုကိုဝန်ဆောင်မှုပေးသည့် house.com.mm မှ ပြောကြားသွားသည်။ လူတော်တော်များဟာ ဌား တာနဲ့ ၀ယ်တာ ယှဉ်လိုက်ရင် ၀ယ်တာကို ပိုစိတ်ဝင်စားကြောင်း House မှ လွန်ခဲ့ သည့် ဇွန်လ က သုံးသပ်လိုက်ပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ။

၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။

၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။

၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။

၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)

၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(C) trend.com.mm
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

"အလုပ်များလှတဲ့တစ်နေ့တာမှာ သင့်အတွက် ကိုယ်ပိုင်အချိန်ရဖို့"


 ဘ၀ဟာ အလွန်ပဲ အလုပ်များလှပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အဲဒါကို ရင်ဆိုင်ကြရမှာပါပဲ။ ကျနော်တို့ဟာ အလုပ်တချို့ကို စိတ်မပါလက်မပါ လုပ်နေကြရတယ်၊ ဒါပေမဲ့ နောက်ထပ် လုပ်စရာတွေကလည်း တသီတသန်းကြီး ရှိနေတယ်။ အ၀တ်တွေ လျှော်ရဦးမယ်၊ ညနေစာအတွက်လည်း ပြင်ဆင်ရမယ်၊ စားပွဲခုံပေါ်မှာလည်း အလုပ်တွေက တစ်ထပ်ကြီး ရောက်နေတယ်။ ဟောဗျာ.. သင့်သားရဲ့ ဘောလုံးပွဲကို သွားအားပေးဖို့တောင် နောက်ကျနေပြီ။ ဒီလိုကမ္ဘာကြီးမှာ သင့်အတွက် ကိုယ်ပိုင်အချိန်ရဖို့ ဘယ်လိုလုပ်မှာလဲ။ သင် အေးအေးဆေးဆေး အနားယူဖို့၊ အားသစ်လောင်းဖို့ အချိန်တွေသာရမယ်ဆိုရင် သင်ဟာ ပိုကောင်းတဲ့ အလုပ်သမားတစ်ယောက်၊ ပိုကောင်းတဲ့ မိတ်ဆွေတစ်ယောက်၊ ပိုကောင်းတဲ့ မိခင်တစ်ယောက်၊ ပိုကောင်းတဲ့ အိမ်ထောင်ဖက်တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာ သင် သေချာပါတယ်။ ကျနော်တို့အားလုံးဟာ တစ်နေ့မှာ ၂၄နာရီပဲ အကန့်အသတ်နဲ့ ရကြတယ်။

သင်ဟာ အချိန်ပိုလည်း မရနိုင်တာကြောင့် နာရီတစ်ချို့ ပိုထွက်လာဖို့ဆိုရင် သင့်ရဲ့ အလုပ်တစ်ချို့ကို တခြားသူတွေကို တာဝန်ခွဲပေးဖို့လိုပါတယ်။ အိမ်မှုကိစ္စတွေကို ကူညီဖို့ ကလေးတွေကို တာဝန်ခွဲပေးပါ။ ဒီနှစ်အတွက် ဘုရားကျောင်းရံပုံငွေကိစ္စတွေလုပ်ဖို့ တစ်ခြားတစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပါ။ ရိုးရှင်းတဲ့အလုပ်လေးတွေကို သင့် လက်ထောက်ကို တာဝန်ခွဲပေးလိုက်ပါ။ ဒါမှမဟုတ် သင်ဟာ သင့်ကိုယ်ပိုင်စီးပွားရေးကို လုပ်နေတယ်ဆိုရင်တော့ outsourcing ကို စဉ်းစားပါ။ အလုပ်တွေအများကြီးလုပ်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့၊ သင်ဟာ တစ်ချိန်တည်းမှာ အလုပ်ငါးခုလောက် ပြီးဖို့ ကြိုးစားရင်းနဲ့ အချိန်တွေ အများကြီးကို ဖြုန်းတီးပစ်တတ်ပါတယ်။ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ပါ။ သင့်ခေါင်းကို အဲဒီအလုပ်ထဲမှာပဲ မပြီးမချင်း နှစ်ထားပါ။ ပြီးပြီဆိုမှ နောက်တစ်ခုကို လုပ်ပါ။ ဒါဆိုရင် အနှောင့်အယှက်တွေမရှိဘဲ အလုပ်တွေအများကြီး ပိုပြီးနိုင်တာကို တွေ့ရပါလိမ့်မယ်။

Photo: "အလုပ်များလှတဲ့တစ်နေ့တာမှာ သင့်အတွက် ကိုယ်ပိုင်အချိန်ရဖို့"ဘ၀ဟာ အလွန်ပဲ အလုပ်များလှပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အဲဒါကို ရင်ဆိုင်ကြရမှာပါပဲ။ ကျနော်တို့ဟာ အလုပ်တချို့ကို စိတ်မပါလက်မပါ လုပ်နေကြရတယ်၊ ဒါပေမဲ့ နောက်ထပ် လုပ်စရာတွေကလည်း တသီတသန်းကြီး ရှိနေတယ်။ အ၀တ်တွေ လျှော်ရဦးမယ်၊ ညနေစာအတွက်လည်း ပြင်ဆင်ရမယ်၊ စားပွဲခုံပေါ်မှာလည်း အလုပ်တွေက တစ်ထပ်ကြီး ရောက်နေတယ်။ ဟောဗျာ.. သင့်သားရဲ့ ဘောလုံးပွဲကို သွားအားပေးဖို့တောင် နောက်ကျနေပြီ။ ဒီလိုကမ္ဘာကြီးမှာ သင့်အတွက် ကိုယ်ပိုင်အချိန်ရဖို့ ဘယ်လိုလုပ်မှာလဲ။ သင် အေးအေးဆေးဆေး အနားယူဖို့၊ အားသစ်လောင်းဖို့ အချိန်တွေသာရမယ်ဆိုရင် သင်ဟာ ပိုကောင်းတဲ့ အလုပ်သမားတစ်ယောက်၊ ပိုကောင်းတဲ့ မိတ်ဆွေတစ်ယောက်၊ ပိုကောင်းတဲ့ မိခင်တစ်ယောက်၊ ပိုကောင်းတဲ့ အိမ်ထောင်ဖက်တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာ သင် သေချာပါတယ်။ကျနော်တို့အားလုံးဟာ တစ်နေ့မှာ ၂၄နာရီပဲ အကန့်အသတ်နဲ့ ရကြတယ်။ သင်ဟာ အချိန်ပိုလည်း မရနိုင်တာကြောင့် နာရီတစ်ချို့ ပိုထွက်လာဖို့ဆိုရင် သင့်ရဲ့ အလုပ်တစ်ချို့ကို တခြားသူတွေကို တာဝန်ခွဲပေးဖို့လိုပါတယ်။ အိမ်မှုကိစ္စတွေကို ကူညီဖို့ ကလေးတွေကို တာဝန်ခွဲပေးပါ။ ဒီနှစ်အတွက် ဘုရားကျောင်းရံပုံငွေကိစ္စတွေလုပ်ဖို့ တစ်ခြားတစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပါ။ ရိုးရှင်းတဲ့အလုပ်လေးတွေကို သင့် လက်ထောက်ကို တာဝန်ခွဲပေးလိုက်ပါ။ ဒါမှမဟုတ် သင်ဟာ သင့်ကိုယ်ပိုင်စီးပွားရေးကို လုပ်နေတယ်ဆိုရင်တော့ outsourcing ကို စဉ်းစားပါ။အလုပ်တွေအများကြီးလုပ်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့၊ သင်ဟာ တစ်ချိန်တည်းမှာ အလုပ်ငါးခုလောက် ပြီးဖို့ ကြိုးစားရင်းနဲ့ အချိန်တွေ အများကြီးကို ဖြုန်းတီးပစ်တတ်ပါတယ်။ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ပါ။ သင့်ခေါင်းကို အဲဒီအလုပ်ထဲမှာပဲ မပြီးမချင်း နှစ်ထားပါ။ ပြီးပြီဆိုမှ နောက်တစ်ခုကို လုပ်ပါ။ ဒါဆိုရင် အနှောင့်အယှက်တွေမရှိဘဲ အလုပ်တွေအများကြီး ပိုပြီးနိုင်တာကို တွေ့ရပါလိမ့်မယ်။သင့်အတွက် ကိုယ်ပိုင်အချိန်ကို အချိန်စာရင်းဆွဲထားပါ။ သင့်ရဲ့ စာရင်းမှာ သင်ဟာ ပထမဦးစားပေး ဖြစ်နေပါစေ။ သင့်မှာ လုပ်စရာကိစ္စတွေ ၂၅ခုလောက် ရှိချင်ရှိနေလိမ့်မယ်။ အဲဒါတွေကို ခဏလောက် လျစ်လျူရှုထားပြီး သင့်အတွက် ကိုယ်ပိုင်အချိန်ရဖို့ ပထမဆုံး အချိန်စာရင်းဆွဲလိုက်ပါ။ သင့်ရဲ့Planner စာအုပ်ကိုထုတ်ပြီး ရက်သတ္တပတ် တစ်ပတ်ချင်းစီအတွက် သင့်ကိုယ်ပိုင်အချိန်တွေကို ခွဲထုတ်ထားပါ။ သေရေးရှင်ရေးလိုမျိုး အရေးကြီးကိစ္စတစ်ခု ပေါ်မလာဘဲနဲ့တော့ အဲဒီအချိန်စာရင်းကို ပြန်မပြင်ပါနဲ့။သင့်အတွက် ကိုယ်ပိုင်အချိန်တစ်ချို့ ရပြီဆိုရင်တော့ အဲဒါကို ကောင်းကောင်းအသုံးပြုပါ။ ရေနွေးနဲ့ ရေချိုးချင်ချိုးပါ။ စာအုပ်ကောင်းတစ်အုပ် ဖတ်ချင်ဖတ်ပါ။ ဒါမှမဟုတ် မျက်နှာပေါင်းတင်ချင်လည်း တင်လိုက်ပေါ့။ သင့်ရဲ့ အလုပ်များလှတဲ့ နေ့စဉ်ဘ၀ထဲကို နောက်တစ်ကြိမ် ပြန်မ၀င်ခင်အထိ စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူလိုက်ပါ။Internet for Myanmar (www.internetformm.com)Credit : Min Thant Zaw

 သင့်အတွက် ကိုယ်ပိုင်အချိန်ကို အချိန်စာရင်းဆွဲထားပါ။ သင့်ရဲ့ စာရင်းမှာ သင်ဟာ ပထမဦးစားပေး ဖြစ်နေပါစေ။ သင့်မှာ လုပ်စရာကိစ္စတွေ ၂၅ခုလောက် ရှိချင်ရှိနေလိမ့်မယ်။ အဲဒါတွေကို ခဏလောက် လျစ်လျူရှုထားပြီး သင့်အတွက် ကိုယ်ပိုင်အချိန်ရဖို့ ပထမဆုံး အချိန်စာရင်းဆွဲလိုက်ပါ။ သင့်ရဲ့Planner စာအုပ်ကိုထုတ်ပြီး ရက်သတ္တပတ် တစ်ပတ်ချင်းစီအတွက် သင့်ကိုယ်ပိုင်အချိန်တွေကို ခွဲထုတ်ထားပါ။ သေရေးရှင်ရေးလိုမျိုး အရေးကြီးကိစ္စတစ်ခု ပေါ်မလာဘဲနဲ့တော့ အဲဒီအချိန်စာရင်းကို ပြန်မပြင်ပါနဲ့။ သင့်အတွက် ကိုယ်ပိုင်အချိန်တစ်ချို့ ရပြီဆိုရင်တော့ အဲဒါကို ကောင်းကောင်းအသုံးပြုပါ။ ရေနွေးနဲ့ ရေချိုးချင်ချိုးပါ။ စာအုပ်ကောင်းတစ်အုပ် ဖတ်ချင်ဖတ်ပါ။ ဒါမှမဟုတ် မျက်နှာပေါင်းတင်ချင်လည်း တင်လိုက်ပေါ့။

 သင့်ရဲ့ အလုပ်များလှတဲ့ နေ့စဉ်ဘ၀ထဲကို နောက်တစ်ကြိမ် ပြန်မ၀င်ခင်အထိ စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူလိုက်ပါ။

Internet for Myanmar (www.internetformm.com)

 Credit : Min Thant Zaw

သံပုရာသီးရဲ့အစွမ်း အံ့မခန်း











ခံတွင်း ကျန်းမာရေး .....
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။
ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

နှုတ်ခမ်းကွဲခြင်း .....
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

ဆံပင်ကျွတ်ခြင်း .......
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက် ....
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

အသားအရေခြောက်သွေ့ခြင်းအတွက် .....
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် ......
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

တံတောင်ဆစ်မည်းခြင်းအတွက် ......
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင် ....
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

ခြေထောက် .....
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့
လာပါလိမ့်မယ်။

နွေအပူမှာ ချွေးထွက်သက်သာအောင် အကောင်းဆုံးသစ်သီး
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက
 ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit : Myawady

အသားအရေခြောက်ရင်လဲသဘာဝနည်းနဲ့စိုပြေစေမယ်















အေးမြတဲ့ရာသီဥတုနဲ့အတူ ကျွန်မတို့ရဲ့ အရေပြားတွေဟာ သိသိသာသာ ခြောက်သွေ့လာပြီး တချို့သူတွေမှာ အသားပပ်တာ၊ ဆံသားတွေ ခြောက်သွေ့ တာနဲ့ နှုတ်ခမ်းကွဲတာတွေပါ ဖြစ်လာတတ် ပါတယ်။
လေထုစိုထိုင်းဆ လျော့ပါးလာတာကြောင့် အသားအရေတွေ ခြောက်သွေ့လာရတာပါ။ အသားအရေခြောက်သွေ့နေလို့ စိတ်ညစ် နေသူတို့အတွက် အသားအရေခြောက်သွေ့ မှုသက်သာစေဖို့ အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ သဘာဝနည်းတွေကို ဖော်ပြလိုက်ရပါတယ်။

၁။ သံလွင်ဆီစစ်စစ် လိမ်းပါ
တံတောင်ဆစ်၊ ဒူးခေါင်း၊ ခြေသလုံး စတဲ့နေရာတွေက တခြားအရေပြားတွေထက် ပိုခြောက်သွေ့နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က ခြောက်သွေ့လွန်းတဲ့ အရေပြားနေရာတွေမှာ အစိုဓာတ်ထိန်းအလှဆီ (Moisturizer) မလိမ်းခင် သံလွင်ဆီစစ်စစ် ခပ်ပါးပါးလိမ်းပေးပါ။ ညဘက်မှာလည်း သံလွင်ဆီစစ်စစ်ကို လိမ်းပြီးမှ အိပ်သင့်ပါတယ်။

၂။ ဒိန်ချဉ်နှင့် သင်္ဘောသီးကဲ့သို့ သဘာဝချေးချွတ်ပစ္စည်းသုံးပါ
သင့်အိမ်က မီးဖိုချောင်ထဲမှာ ခြောက်သွေ့တဲ့ အသားအရေကို ကုသနိုင်တဲ့ သဘာဝ ပစ္စည်းတွေ အများကြီးရှိနေပါတယ်။ ဒိန်ချဉ်အလွတ်မှာ ခြောက်သွေ့တဲ့ အရေပြားကို သန့်စင်စေတဲ့ ကြေးချွတ်အာနိသင် ပါဝင်နေပါတယ်။ ဒါ့အပြင် အရေပြားကို သန့်စင်လန်းဆန်းစေပြီး သက်သောင့်သက်သာ ရှိစေပါတယ်။ ပြုလုပ်နည်းကတော့ ဒိန်ချဉ်ခွက်တစ်ဝက်ကို ကြိတ်ခြေထားတဲ့ သင်္ဘောသီး ထမင်းစားဇွန်း သုံးဇွန်းနဲ့ ရောမွှေပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။

၃။ အိမ်တွင်းလုပ် အရေးပြားချေးချွတ်နည်းသုံးပါ
သကြားနဲ့ အဆီတွေကိုရောပြီး ခြောက်သွေ့တဲ့ အရေပြားပေါ်မှာ လိမ်းပြီး ကြေးချွတ် ပေးတာက အသားအရေကို ချောမွေ့ကာ သန့်စင်စေပါတယ်။ ပြုလုပ်နည်းကတော့ အညိုရောင်သကြားမှုန့်နဲ့ အဆီတစ်မျိုးကို ညီတူမျှတူ ရောမွှေကာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ကြေးချွတ်ပေးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် အပိုရရှိစေဖို့ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းရောထည့်ပြီး သံပရာရည် တစ်စက်-နှစ်စက်လောက် ထည့်ပေးနိုင်ပါတယ်။

၎။ ပျားရည်၏ အနာကျက်စွမ်းအားကို အသုံးပြုပါ
ပျားရည်ဟာ အက်ကွဲနေတဲ့ နှုတ်ခမ်းသားတွေကို ကောင်းကောင်း အနာကျက် စေနိုင်ပါတယ်။ မအိပ်ခင်မှာ နှုတ်ခမ်းသားတွေပေါ်ကို ပျားရည်စစ်စစ် အနည်းငယ် လိမ်းပေးလိုက်ပါက နိုးလာချိန်မှာ ချောမွေ့ပြည့်တင်းတဲ့ နှုတ်ခမ်းသားတွေကို ရရှိစေပါတယ်။ ပျားရည်ဟာ အက်ကွဲနေတဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်တွေကိုလည်း ချောမွေ့စိုပြည်စေပါတယ်။

၅။ ဆံကေသာ ခြောက်သွေ့မှုအတွက် သဘာဝကုထုံးကို သုံးပါ
သင့်ဆံပင်တွေ ခြောက်သွေ့နေရင် ကြက်ဥ ဒါမှမဟုတ် ဘဲဥအနှစ်တစ်လုံးကို ဆံပင်သားနဲ့ ဦးရေပြားပေါ်ကို လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒါဟာ ဆံပင်ကျွတ် သက်သာ စေပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။ ရေဆေးပြီးရင် ခေါင်းလျှော်ရည်နဲ့ လျှော်ကာ သံလွင်ဆီနဲ့ ထောပတ်သီးရောမွှေထားတဲ့ အရောအနှောကို ဆံပင်သားပေါ် လိမ်းပါ။ ခေါင်းစွပ်စွပ်ထားရင်း အချိန် ၁၅ မိနစ်ခန့်ထားပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။

၆။ အတွင်းအရေပြားကို ကုသရန် မမေ့ပါနှင့်
မဂ္ဂနီဆီယမ်၊ မရှိမဖြစ် ဖက်တီးအက်စစ် (Essential Fatty Acid)၊ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်း စတာတွေ ပါဝင်တဲ့ အစားအသောက်တွေ စားတာက ခန္ဓာကိုယ်ထဲက အရေပြားကိုပါ ကျန်းမာစိုပြည်စေပြီး အရေပြားခြောက်သွေ့မှု လျော့နည်းစေပါတယ်။ အမည်းရောင် ချောကလက်၊ ဆယ်လ်မွန်ငါးလို အဆီများတဲ့ငါး၊ လိမ္မော်သီး၊ သရက်သီးနဲ့ မုန်လာဥနီစတဲ့ အစားအသောက်တွေနဲ့ အသားအရေ စိုပြည်ကျန်းမာအောင် ဂရုစိုက်သင့် ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit : Good Health

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ



ြဲု့ ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။

 ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင် ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက် ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေ ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲ လာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တ ကယ်ပါပဲ။ ကမ္ဘာကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲ တာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာအရေး ကြောင်းတွေ ကိုပါ ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သား ကို လျော့တွဲလာ စေပါ တယ်။

၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ
၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း
ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစား ထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီးခေါင်း ကတော့ အောက် ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ
ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း
သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

 ဖိုးသူတော်(www.phothutaw.com)
Credit : Myawady News
 
Share on Facebook Share on Twitter
 

ကုသိုလ်ပြုလုပ်ငန်းအတွက် ဘီကနီဝတ်ပြီး အသားအနာခံကာ အလှူငွေရှာသူ


ကုသိုလ်ပြုလုပ်ငန်း တစ်ခုအတွက် ၀င်ငွေမြင့်စေဖို့ ရည်ရွယ်ပြီး အမျိုးသမီး
တစ်ဦး ဘီကနီဝတ်ကာ အမျိုးသားတစ်စုဆီက ဒေါ်လာ ၁၀၀ တောင်း တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ စက္ကန့်အနည်းငယ်ပဲကြာတဲ့ ဗွီဒီယိုဟာ ဒီနေ့ပဲ Youtube မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၂သိန်းခွဲကျော် ရှိခဲ့ပါတယ်။

ဒီ ၃၈စက္ကန့်ကြာ ဗွီဒီယိုမှာတော့ ဘီကနီ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ယောက်ကြားမှာ မတ်တပ်ရပ် အနေအထားနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသား နှစ်ဦးစလုံး ID မရှိပေမယ့် တစ်ဦးကတော့ တရားရေးရာ ၀န်ထမ်းကဲ့သို့ ၀တ်စုံ ၀တ်ထားပါတယ်။

လူများစွာ သူတို့သုံးဦး အနောက်မှာ ရှိနေပါတယ်။ အများစု ကတော့ ကင်မရာတွေ လက်ကိုင်ဖုန်းတွေနဲ့ ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်နေကြတာ တွေ့ရပါတယ်။

အမျိုးသားနှစ်ဦးက အဆိုပါ ဘီကနီဝတ် အမျိုးသမီးရဲ့ လက်မောင်းကို ဆွဲထားပြီး နောက်တစ်ဦးကတော့ မရည်ရွယ်ဘဲ သူမကို Taser (ယာယီနာကျင်စေရန် ရည်ရွယ်ပြီး ပစ်ခတ်သည့် လက်နက်) နဲ့ ပစ်ဖို့အတွက် အနောက်မှာ ရပ်နေပါတယ်။

သူမကို ချုပ်ထားသူ အမျိုးသားနှစ်ဦးက သူမအနောက်မှာ ရပ်နေသူကို Taser နဲ့ ပစ်ခိုင်းပါတယ်။

သူမနာကျင်စွာ အော်ဟစ်ပြီး ကြမ်းပြင်ပေါ်က အခင်းပေါ်ကို လဲကျသွားပါတယ်။ ခဏအကြာမှာတော့ သူမပြုံးရယ်ပြီး အခင်းပေါ်က ပြန်ထလာခဲ့တာကို တွေ့ရပါလိမ့်မယ်။

သူမဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းနဲ့ ဘယ်လို ကုသိုလ်ပြုလုပ်ငန်းအတွက် အလှူငွေရဖို့ လုပ်ကိုင်နေကြောင်းနဲ့ အလှူငွေ ဘယ်လောက်တိုးတက်လာပြီ ဆိုတာနဲ့ ဒီအခန်းထဲက အမျိုးသားတွေက ဘယ်သူတွေလဲ ဆိုတာ မသိရသေးပါဘူး။

ဗွီဒီယိုမှာတော့ မှတ်ချက်အမျိုးစုံပေးကြပါတယ်။ ဒါဟာ ကောင်းတဲ့ အတွေးအခေါ်လို့ ဘယ်သူပြောလဲ။

တုံးအတဲ့ အတွေးအခေါ်ဖြစ်ပေမယ့် သတ္တိရှိတဲ့ မိန်းကလေးစသဖြင့် မှတ်ချက်အစုံပဲလို့ သိရပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit: World Myanmar
 
Share on Facebook Share on Twitter

April Fool အေပရယ်ဖူး အကြောင်း သိကောင်းစရာ

အေပရယ်ဖူး အကြောင်း သိကောင်းစရာ အေပရယ်ဖူး ဖြစ်လာတာ ကတော့ Julian calendar ကနေ Gregorian calendar ကို ပြောင်း သုံးတဲ့အခါ April လ ၁ ရက်နေ့ကနေ January ၁ ရက်နေ့က နှစ်သစ် ဖြစ်လာ ပါတယ်။ ၁၅၈၂ ခုနှစ်က စတင်ခြင်း ဖြစ်ပါတယ်။
ရောမက ပြည်သူတွေက အပြောင်း အလဲကို လက်မခံ နိုင်သေးပဲ April 1 ရက်နေ့ ရောက် တိုင်း နှစ်ကူးပွဲ ကျင်းပပါတယ်။ ဒါနဲ့ ရောမ ဘုရင်က ပြောမရတဲ့ ပြည်သူတွေကို April 1 မှာ နှစ်ကူးပွဲ ကျင်းပသူတိုင်းကို အရူးတွေ (Fool) တွေလို့ ဝေဖန် ပြောခဲ့ ပါတယ်။ ဘုရင်ကိုလည်း ကြောက်တာကြောင့် ပွဲကို ပေါ်ပေါ် ထင်ထင် မကျင်းပတော့ပေမယ့် အချင်းချင်း စနောက်တဲ့ အေပရယ်ဖူး က ရေပန်းစား ပေါ်ပေါက်ခဲ့ ပါတယ်။
ယနေ့တိုင်လည်း ဥရောပ၊ အမေရိက တို့မှာ အေပရယ်ဖူး ခေတ်စားပြီး အာရှအထိပါ ကူးဆက် ပါတယ်။ ကမ္ဘာ့ အကြီးဆုံး မီဒီယာများ ဖြစ်တဲ့ ဘီဘီစီ၊ စီအန်အန်န်၊ မယ်ရာ၊ ဒေးလီမေး တို့ အပြင် အခြားသော အွန်လိုင်း၊ ပုံနှိပ်မီဒီယာများက April 1 ရောက်တိုင်း April Fool လုပ်ဖို့ အတွက် သတင်းတွေ လျှောက်ရေးကြ ပါတယ်။
နောက်ရက်ရောက်မှပဲ ဒါဟာ အေပရယ်ဖူး ဘာလို့ ပြန်ပြောပြီး စာဖတ်သူနဲ့ မီဒီယာကြား ပျော်ရွှင် စရာ၊ ရယ်စရာ မှတ်သား စရာ တစ်ခုအဖြစ် ကျန်ရှိစေခဲ့ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

ATM ကဒ်ဖြင့် အလွယ်တကူငွေထုတ်နည်း

ATM ကဒ်ဖြင့် အလွယ် တကူငွေထုတ်နည်း

ယနေ့ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်အမြောက်အများကို နိုင်ငံတော်မှ လုပ်ကိုင်ခွင့် ချထားပေး ပြီးနောက်ပိုင်း တွင်ကျယ်လာသော
ငွေကြေး ပိုင်းဆိုင်ရာ ၀န်ဆောင်မူကို သူသူ ငါငါ အပြိုင် အဆိုင်လုပ်ကိုင်လာကြရာတွင် ATM ကဒ်သည် တစ်ခုအပါအ၀င် ဖြစ်သည်။

မိမိအပါအ၀င် နှစ်ပေါင်းများစွာ အဆိုပါ ကဒ်သုံးငွေကြေးထုတ်ယူမူ စနစ်များဖြင့် အတော့်ကို အလှမ်းကွာဝေးခဲ့ရပါတယ်။ ထို့ကြောင့်
စာဖတ်သူ မိဘပြည်သူအများ ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


(၁) ပထမဦး ဆုံး ( Welcome Screen )ကြိုဆိုပါ၏ စာသားကိုမြင်ရသော အခါတွင် ကဒ်ကိုထည့်သွင်းရန်ပြထားပါမည်။

(၂) မိမိ၏ ကဒ်တွင်ပါရှိသော မြှားပုံပါအတိုင်း ထည့်သွင်းရမည်။

(၃) အင်္ဂလိပ် / မြန်မာ နှစ်ဘာသာ အနက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။

(၄) ဘာသာစကား ရွေးပြီးပါက ( Personal Identification Number - PIN NO )ရိုက်ထည့်ပါ။

(၅) PIN NO ရိုက်ထည့်ပြီးပါက ခေတ္တစောင့်ဆိုင်းရ ပါမည်။

ထို့နောက် မိမိလုပ်ဆောင်လိုသော လုပ်ငန်းကို ရွေးချယ်ပေး ရပါမည်။
(က) ငွေထုတ်ယူလိုပါက ( ငွေထုတ်ယူမည်) ကိုရွေးချယ်ပေးပါ။
(ခ) ငွေလက်ကျန်သိလိုပါက ( ငွေလက်ကျန်ကြည့်ရူမည် ) ကိုရွေးပေးပါ။
(ဂ) ငွေလွှဲပြောင်း မည်ဆိုပါက ( ငွေလွှဲပြောင်းမည် ) ကိုရွေးပေးရမည်။
(ဃ) မိမိကဒ်၏ PIN NO ပြောင်းလိုပါက ( PIN နံပါတ် ပြောင်းမည် ) ကိုရွေးပေးရမည်။
(င) မိမိကဒ်၏ အကြောင်းအချက်အလက်ကို သိလိုပါက ( Mini Statement ) ကိုရွေးလိုက်ပါ။

(၆) ငွေထုတ်ယူ မည်ကိုရွေးချယ် ခဲ့သည်ဖြစ်ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေပမာဏ ဥပမာ။ ။ ၅၀၀၀ ၊ ၁၀၀၀၀၊ ၃၀၀၀၀... စသည့်ဖြင့် ရွေးလိုက်နိုင်သလို
မိမိ စိတ်ကြိုက်ရွေးချယ်လိုပါက ( အခြား) ဟူသော စာသားကို ရွေးပြီး မိမိထုတ်ယူလိုသော ပမာဏကို ရိုက်ထည့်နိုင်ပါသည်.။

(၇) မိမိထုတ်ယူလိုသော ငွေသားပမာဏကို ရွေးပြီးပါက ခေတ္တစောင့်ဆိုင်း ရမှာဖြစ်ကာ များမကြာမှိ သင့်ငွေသားများ စက်အတွင်းမှ ထုတ်ပေးပါလိမ့်မယ်။

(၈) ငွေသားလက်ခံ ပြေစာကို ရယူလိုပါက ( သဘောတူပါသည်) ကိုရွေးပေး လိုက်ခြင်းဖြင့် စလစ်ကလေးတစ်ခု ထုတ်ပေးပါလိမ့်မည်။

(၉) အခြား သောဝန်ဆောင်မူများကိုဆက်လက် လုပ်ဆောင်ခြင်းမပြုလုပ်လို တော့ပါက (မပြုလုပ်ပါ) ကိုရွေးချယ် လိုက်ပါ။ ထို့နောက် သင့်၏ ATM ကဒ်ထွက်လာ ပါလိမ့်မည်။

သတိပြုရန်အချက်။ ။ ( မိမိကဒ် အားသတ်မှတ်ထားသော (၁) မိနစ်အတွင်း မထုတ်ယူမိပါက စက်မှ အလိုအလျေက် ကဒ်ကို သိမ်းယူသွားမှာ ဖြစ်တဲ့ အတွက် သတိပြုစေချင်ပါသည်။ )

အထက်ပါ လုပ်ဆောင်မူများသည် CB Bank ATM ကဒ် စနစ်သုးံပြုခဲ့ခြင်းဖြစ်ကာ အခြားသော ဘဏ်များ၏ လုပ်ဆောင်မူများမှာလည်း အလားတူ ဖြစ်ကာ ထင်သာမြင်သာလောက်အောင်
ခြားနားမူသိပ်မရှိ ကြောင်းသတင်းပေးလိုက်ပါတယ်။

 
ကချင်း (MM Social Sky )

ဆန်းသစ်လာတဲ့ အနာဂတ် စားသောက်ဆိုင် ၀န်ဆောင်မူ များ

concept






အရင်လို စားသောက်ဆိုင်တွေမှာ နှုတ်နဲ့ မှာကြားခြင်းတွေကို ကျော်လွှားနိင်မဲ့ အနာဂတ် Concept တစ်ခု ဖြစ်ပါတယ်။ ဒီ လို စားသောက်ဆိုင် နဲ့ ပတ်သက်တဲ့ တီထွင်မူနည်းပညာတွေကိုတော့ နည်းပညာ တိုးတက်လှတဲ့ ဂျပန်နိင်ငံမှာ တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ စားပြီးတာနဲ့ အဆင်ပြေစွာ ငွေရှင်းနိင်တဲ့ ၀ိုင်ယာလစ် ငွေပေးချေခြင်းတွေ ၊ စားခင်မှာ Interface တွေကိုသုံးကာ ခြေဟန်လက်ဟန်တွေကို သုံးပြီး အစားအစာ မှာကြားနိင်မဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ အခု ထို နည်းပညာတွေကို ဖြစ်ထွန်းလာအောင်လို့ ကြိုးပမ်းနေတုန်း ဖြစ်ပါတယ်။ 

အဆိုပါ စမ်းသပ်မူတွင်
Apple ရဲ့ iBeacon နည်းပညာ လည်းပါဝင်ခဲ့ပါတယ်။ စားပွဲများကြားထဲကနေ စားပွဲတစ်ခုချင်းစီရဲ့ မှာကြားမူတွေကို တိကျမြန်ဆန် စေမဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ i Device ထဲမှာ ဘလူးတုမ့်လ် ထောက်ကူမူတွေနဲ့ အတူ Manu App တွေမှ တစ်ဆင့် အော်ဒါတွေကို မှာ ကြားနိင်မှာ ဖြစ်ပါတယ်။ ထို App ဟာ i Beacon ကနေတစ်ဆင့် မိတ်ဆွေရဲ့ စားသောက်မူ ပြီးဆုံးပါက ငွေပေးချေမူတွေကို လည်း အလွယ်တကူ ဆောင်ရွက်နိင်စေမှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းတစ်ခုကတော့ စားပွဲပေါ်က touch PC ဖြစ်ပါတယ်။ 

2D မျက်နှာပြင်ထက်မှာ စားစရာတွေကိုရွေးချယ်နိင်မှာ ဖြစ်ပြီး စားသောက်ဖွယ်ရာတွေက အမယ်တွေ အရသာအကြောင်းတွေကိုပါ အသေးစိတ်ဖတ်ရူနိင်မှာ ဖြစ်ပါတယ်။ ထိုသို့ ဖြစ်ဖို့ကို စားပွဲပေါ်မှာရှိတဲ့ ဖယောင်းတိုင်မီးခွက်ကို ကွန်ပျုတာ မြှားလို့ အသုံးပြုပြီးထောက်ညွှန်နိင်မှာ ဖြစ်ပါတယ်။ ထို စားပွဲဟာ HDMI ဆက်သွယ်ထားတဲ့ TV set တစ်ခု ဖြစ်ပြီး ထို PC ထိုစားပွဲရဲ့ အပေါ်မှာ ရှိတဲ့ အနီအောက်ရောင်ခြည် ဖြတ်သန်းထားတဲ့ Wii Remote ကိုအသုံးပြုထားပြီး စားပွဲပေါ်ကို အလင်းသက်ရောက် ထားတာ ဖြစ်ပါတယ်။ ကောင်းမွန်တိုးတက်ကာ အဆင်ပြေလှတဲ့ နည်းပညာတွေပါပဲ။ 




Thihahtike

Welcome from My Blog


Mobile နည်းပညာများကိုမေးမြန်းလိုပါက thihahtike.it@gmail.com ကိုမေးမြန်းနိုင်ပါတယ်နော်....



Credit-smart pro journal










၂၀၁၄ ခုနှစ်အတွင်း မြန်မာစာစနစ်ကို တရားဝင်သတ်မှတ်ပြဌာန်းပေးနိုင်ဖွယ်ရှိ


ပြည်တွင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သောစံမြန်မာစနစ်ကို ၂၀၁၄ခုနှစ်အတွင်း သတ်မှတ်ပြဌာန်း ပေးဖွယ်ရှိကြောင်းကွန်ပျူတာနည်းပညာရပ်ဝန်း မှတစ်ဆင့်သိရှိရသည်။

လက်ရှိကာလတွင် ဇော်ဂျီမြန်မာစာစနစ်၊ စံမြန်မာစာစနစ်၊ Myanmar 3 စနစ် အပါအ၀င် များစွာသော မြန်မာစာစနစ်များ ပြည်တွင်းနည်းပညာရပ်ဝန်းအတွင်း အသုံးပြုလျက်ရှိသည်။ 
 
စံမှီသော မြန်မာစာစနစ်ကို သတ်မှတ်ပြဌာန်းပေးနိုင်ခြင်းမရှိခြင်းကြောင့် Internet ပေါ်မှတစ်ဆင့် ဗဟုသုတများရှာဖွေရာတွင်များစွာ အခက်အခဲရှိကြောင်း သိရှိရသည်။ ““ တကယ်ဆို Data အားနည်းတဲ့ အပိုင်းလည်းပါတယ်။ Web ပေါ်မှာရှာလိုက်ရင် English နဲ့ရေး ထားတာတွေများပါတယ်။ 
 
ဒါက မြန်မာစာစနစ်ကို စံအနေနဲ့သတ်မှတ်ထားခြင်းမရှိလို့ပါ။ နောက်ပိုင်းကာလတွေမှာ မြန်မာစာကိုရေးချင် သလိုရေးလိုက်တဲ့အတွက် ကလေးသူငယ်တွေအနေနဲ့ ဗဟုသုတရှာ ဖွေရာမှာ များစွာအားနည်းစေတာကိုတွေ့ရပါတယ် ”” ဟု သာကေတ မြို့နယ်နေ ကိုသီဟနောင်က ပြောကြားခဲ့သည်။

မြန်မာစာစနစ်နှင့်ပတ်သက်၍ IT ပညာရှင်ကိုဇော်ဇော်မျိုးလွင်မှ ““ ဘယ်လမ်းကိုပဲသွားသွား အဆင်ပြေတဲ့ လမ်းကိုသွားရမှာပဲ၊Unicode ဆိုတာကရှိကိုရှိရမယ်။ ဒါပေမယ့် Unicode မှာလည်းအား နည်းချက်တွေရှိသေးပေမယ့် အဲ့ဒီအားနည်းချက်တွေကိုသာဖြေရှင်း ပေးနိုင်မယ် ဆိုရင်တော့ မကြာခင်မှာပဲတရားဝင်သတ်မှတ်ထားတဲ့ စံ မြန်မာစနစ်ထွက်လာမှာပါ။ ဆိုလိုတာက အသုံးပြုသူတွေက ဘာစနစ် ကိုပဲသုံးသုံး အစိုးရအနေနဲ့ စံမြန်မာစနစ်ကိုတော့ သတ်မှတ်ပြဌာန်း ပေးဖို့လိုပါတယ်။ 
 
အဲ့ဒီအတွက်လည်း အစိုးရကပြင်ဆင်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်တွင်း Developer များအနေဖြင့် မြန်မာစာစနစ်ဖြင့် ပတ် သက်၍ စနစ်ပေါင်း မြောက်များ စွာရေးသားဖြန့်ချိလျက်ရှိခြင်းကြောင့် အသုံးပြုရာတွင်လွယ်ကူ၍လူသုံးများသောမြန်မာစာစနစ်ကို အသုံးပြုလျက်ရှိ ကြောင်း နည်းပညာရပ်ဝန်းမှတစ်ဆင့် ကြားသိရသည်။


Ref:
Myanmar Digital Life journal






Apple ဈေးသက်သာ 8GB iPhone 5c ထွက်နိင်ဖွယ်ရှိ

Talkband B1 



 Apple ဟာ iPhone 5c ကိုရောင်းချမူနဲ့ ပတ်သက်ပြီး ဘယ်လောက်လောက်ရောင်းချခဲ့ရတယ်ဆိုတာ ပြောကြားခြင်း မရှိခဲ့ပါဘူး။ ကြားနေရတဲ့ အတိုင်း ဆိုရင် 5C လိုပဲ ဈေးသက်သာ 5c ဖုန်း မထုတ်ဘူးလို့ ဆိုလိုတမာ မဟုတ်ပါဘူး။ ဂျာမနီနိင်ငံကနေ ပေါက်ထွက်လာတဲ့ သတင်းအရ ယခုလက်ရှိ 16GB မော်ဒယ်လ် ထက် ယူရို ၆၀ လောက်သက်သာတဲ့ 8GB ဗားရှင်းကို ဖြန့်ချဖို့ ရှိတယ်လို့ သိရပါတယ်။ တိကျစွာ ပြောကြားနိင်ခြင်းမရှိသေးသော်လည်း ဂျာမနီမှာ ဖြစ်နေတဲ့ ဟတ်ဝဲလ် ချုံထားခြင်းကိစ္စဟာ အမှန်ဆိုလျှင် ကမ္ဘာ့ တစ်ဝှမ်းကိုလည်း ရောင်းချနိင်မှာ ဖြစ်ပါတယ်။




Thihahtike

Welocme From My Blog

Ref&Credit-smart pro journal(www.smart.com.mm)














www.internetformm.com

HD ဗီဒီယိုတွေကို 4K သို့ပြောင်းလဲနိင်သော HDMI ကြိုး

cable 



Seiki ရဲ့ U-Vision HDMI ကြိုး ဖြစ်ပါတယ်။ ဒေါ်လာ (၅၀) ရှိပြီး ဈေးကွက်ပေါ်မှာ ၀ယ်ယူနိင်နေပါပြီ။ မိတ်ဆွေလိုအပ်တဲ့  ပိုမိုကြည်လင်သော 4K ဗီဒီယိုတွေကို Cable box မှာတပ်ဆင်ထားရုံနဲ့ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ 720p ရှိတဲ့ ရုပ်ထွက်တွေကို 1080p သို့လည်း ပြောင်းပေးနိင်ပါ
တယ်။ Amazon နဲ့ Newegg တို့တွင်လည်း ၀ယ်ယူနိင်နေပါပြီ။   



Thihahtike

Welocme From My Blog


Ref&Credit-smart pro journal(www.smart.com.mm)














www.internetformm.com

Facebook ပေါ်မှာ တစ်စုံတစ်ယောက်ကို ဘလော့ လိုက်ရင် ဘာတွေ ဖြစ်သွားမလဲ

Block someone



လွယ်လွယ်ပြောရရင် ပျော်သွားမှာပေါ့။ အဲလေ ပျောက်သွားမှာပေါ့။ :) ဖေ့ဘုတ်က သူငယ်ချင်းတွေ မိတ်ဆွေတွေကို တွေ့ဆုံနိင်ဖို့ ဆိုရှယ်နက်ဝပ်လ်တစ်ခုအနေနဲ့ ပေးစွမ်းထားပေမဲ့လို့ သင့်ကို စိတ်အနှောက်အယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်အောင်လုပ်စေခဲ့ရင် အဲဒီလူကို မမြင်ရအောင် ဘလော့ပစ်ခွင့်ကိုလည်း ပေးထားပါတယ်။ ဒီနေရာမှာတော့ အဲလို ဖြစ်လာခဲ့ရင် ဘယ်လို ဘလော့ရမယ်ဆိုတာနဲ့ ဘလော့ ပစ်လိုက်ပြီးဆိုတာနဲ့ ဘယ်လို အဓိပ္ပာယ် သက်ရောက်သွားတာကို အနည်းငယ် ရှင်းပြထားပါတယ်။ ဘလော့ပစ်တာနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်မှာ နည်း(၃) မျိုး ရှိပါတယ်။

၁) ဖုန်းပေါ်မှာဆိုရင် အမြန်ဆုံးကတော့ Homepage ရဲ့ ဘယ်ဘက်အပေါ်ဆုံးက ( newfeed) ပေါ်က (သော့ခလောက်ပုံ) လေးကို
Select လုပ်ပြီး နာမည် (သို့) ဘလော့စေချင်သူရဲ့ မေးလ်ကို ထည့်ရုံပါ


၂) နောက်တစ်ခုက setting ထဲမှာ ရှိတဲ့ Blocking ကနေ၀င်ပြီး အောက်ဆုံးက Block user နေရာမှာ နာမည် (သို့) ဘလော့စေချင်သူရဲ့ မေးလ်ကို ထည့်ရုံပါပဲ။

၃) နံပါတ်(သုံး) အချက်က သူရဲ့ ဖေ့ဘုတ်ပရိုဖိုင် ဆီကိုသွားကာ ညာဖက်မှာ ရှိတဲ့ စက်ဝိုင်း ပုံကိုနှိပ်ကာ Report/Block ကိုရွေးရုံပါ။ ဒါဆိုရင်တော့ ရွေးချယ်ဖို့ Option တစ်ခုရမှာ ဖြစ်ပါတယ်။ ဒီထဲမှာမှ Unfriend လုပ်မှာလား၊ အပြီးအတိုင် ဘလော့မှာလား၊ ဆိုပြီး ရွေးနိင်ပါတယ်။ တကယ်လို့သင့်ဟာ တစ်ယောက်ယောက်ကို ဘလော့ခဲ့ပြီးဆိုရင် ဖေ့ဘုတ်ရဲ့ search ရလဒ်မှာ ထိုပုဂ္ဂိုလ်ဟာ ပေါ်မှာ မဟုတ်တော့ပါဘူး။

Google Search မှာနာမည်နဲ့ + facebook ကို တွဲရိုက်ပြီး ရှာမယ်ဆိုရင်တော့ ရှာနိင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ။။။။ ဖေ့ဘုတ်ပေါ်ရောက်ရင်တော့ Page not available ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ တကယ် အဲဒီလူကိုတွေ့ချင်ပါတယ်ဆိုရင်တော့ ဖေ့ဘုတ်မှာ ရှိတဲ့ ကိုယ်အကောင့်ကို Sign out လုပ်ပြီး ရှာရင်တော့ တွေ့နိင်ပါတယ်။ သင့်ကိုလည်း အခုလိုသူများတွေက လုပ်ပြီး ရှာနိင်နေတဲ့အတွက် Privacy Setting ထဲက Who can look me up ? ဆိုတဲ့ နေရာကို my friends လို့ပြောင်းပြီး ကာကွယ်ထားနိင်ပါတယ်။ သင့်မှာ တကယ်လို့ mutual သူငယ်ချင်းရှိလို့ရှိလျှင် ထို သူငယ်ချင်းရဲ့ ပို့စ်ပေါ်မှာ ဘလော့ထားတဲ့လူတစ်ယောက်ဟာ သင့်ရဲ့ ကွန်မန့်တွေကို မြင်နိင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဘလော့တော့မယ်ဆိုရင်တော့ သတိထားဖို့လိုပါတယ်။ 






Thihahtike

Welcome From My Blog


Ref&Credit-smart pro journal(smart.com.mm)









www.internetformm.com

လူသုံးများ Programming ပညာ အခမဲ့လေ့လာရာ ဝဘ်ဆိုဒ် w3school

W3



အပြင်မှာ Programming အတွက် သင်တန်းကြေးတွေ ဘယ်လောက် ကုနတယ် ဆိုတာ အားလုံးသိထားတဲ့အတိုင်းပါပဲ။ ဒါကြောင့် အကောင်းဆုံး ကျော်ဖြတ်နည်းကတော့ Self Study ပါ။ ဒီလို Self Study လုပ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ရှင်းလင်းပြသပေးထားတဲ့ ဆိုဒ်တွေ ရှိဖို့လိုပါတယ်။ ယခု Share ပေးမယ့် ဆိုဒ်လေးကတော့ တကယ်ရှင်းလင်းပါတယ်။ မြန်မာပြည်က Beginner အတော်များများလည်း အသုံးပြုနေကြ ပါတယ်။ အွန်လိုင်း အခမဲ့ Programming ပညာသင်ကြားရေးဝဘ်ဆိုဒ်တွေ အများကြီး ရှိပါတယ်။ အများစုက Basic ကို အခမဲ့ သင်ကြားနိုင်ပြီး နောက်ထပ် Level တွေအတွက် ပိုက်ဆံ သွင်းရပါတယ်။ ဒီဆိုဒ်လည်း ပိုမြင့်တဲ့ level တွေအတွက် ငွေပေးရမယ် ထင်ပါတယ်။ beginner ရော၊ Expert ဖြစ်အောင် လေ့လာလို့ရတယ်လို့ဆိုပါတယ်။ ကိုယ်ပိုင် ဝဘ်ဆိုဒ် တစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံ ပညာရပ်တွေအားလုံးကိုပါ လေ့လာလို့ရတယ်လို့ ဆိုပါတယ်။ ကိုယ်တိုင် လည်း ဆန်းသပ်လို့ရအောင် ဖန်တီးပေးထားပါတယ်။ HTML, Java, PHP, SQL အစရှိသဖြင့် Programming language များကို စုံစုံလင်လင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုဒ် လခ့်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

www.w3schools.com 


Thihahtike

Welcome From My Blog


Ref&Credit-smart pro journal(smart.com.mm)














www.internetformm.com

ဘောင်းဘီအိပ်ကပ်ကို ဘက်ထရီအဖြစ်ပြောင်းပေးမယ့် Vodafone






တိန် Vodafone မှ ဖန်တီးတဲ့ နည်းပညာလို့ဆိုသတဲ့။ ဂျင်းဘောင်း ဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်း မယ်လို့ ဆိုပါ တယ်။
ဒီအတွက် ဘက်ထရီအတုံးကြီး ထည့်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အပူကို ယင်းအိပ်ကပ်မှာ စုစေပြီး Thermo Electric အနေနဲ့ အပူကို လျှပ်စစ်အဖြစ် ပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီ အတွက် ပျော့ပြောင်းတဲ့ သတ္တုကို အသုံးပြုမှာပါ။ Android User များအတွက်ပါ။ အခြား မိုဘိုင်း OS များအတွက် မရနိုင် သေးပါဘူး။ သို့ပေမယ့် ပေါက်ပေါက်ရှာရှာ အိပ်ကပ်ကို ဘာလို့ တင်ပါးမှာ လုပ်ရ သလဲလို့ မေးခွန်းထုတ်ကြပါတယ်။ တင်ပါးပူအောင် ထိုင်ရသူတွေ၊ ပစ်ကနစ် ထွက်တဲ့သူတွေ၊ နိုက်ကလပ်ကဲတဲ့ သူတွေအတွက် ပိုပြီး အဆင်ပြေစေ မတဲ့လေ။
ယခုနှစ်အတွင်း Vodafone မှ ပြသမယ့် နည်းပညာသစ် ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog

Member ၀င်ရန်