Internet for Myanmar : Powered by KK

Showing posts with label Facebook နည်းပညာများ. Show all posts
Showing posts with label Facebook နည်းပညာများ. Show all posts

Facebook ကို ခဏတာ Block လုပ်နိုင်မယ့် Tools လေးခု

 

Facebook ကို ခဏတာ Block လုပ်နိုင်မယ့် Tools လေးခု
Social Media တွေကို အသုံးပြုသူတွေဟာ တစ်ဖြည်းဖြည်း မြင့်မားနေပါတယ်။ စမတ်ဖုန်ုး အသုံးပြုသူတွေ များပြားလာတာနဲ့ အမျှ Facebook အသုံးပြုသူ အရေအတွက်ဟာလည်း ကျွန်တော်တို့နိုင်ငံမှာ တဟုန်ထိုးမြင့်မားလာနေပါတယ်။ Social Media တွေက လူတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ ဖမ်းစား စွဲဆောင်နေကြပါတယ်။ အဲဒီအတွက် Facebook ကို အသုံးပြုသူတွေထဲမှာ အလွန်အကျွံ စွဲလမ်းပြီး အသုံးပြုနေသူတွေလည်း များပြားလာပါပြီ။ တစ်ချို့ဆို အလုပ်ပျက် ၊ အကိုင်ပျက် ဖြစ်တဲ့ အထိအောင် စွဲလမ်းစွာ အသုံးပြုနေကြပါတယ်။ သူတို့ကိုယ် သူတို့လည်း မထိန်းချုပ်နိုင်တော့ပါဘူး။ အဲဒီလို လူတွေအတွက် Facebook ကို အချိန်နဲ့ ကန့်သတ်ပြီး အသုံးပြုနိုင်ဖို့ ထိန်းကျောင်းပေးနိုင်တဲ့ Tools တွေကို တီထွင်လာကြတာ ဖြစ်ပါတယ်။
LeechBlock (Firefox)
LeechBlock က Firefox ဘရောက်စာ အတွက် Addon ဖြစ်ပါတယ်။ LeechBlock ကို အင်စတော လုပ်ပြီးရင် အသုံးပြုမှုကို ခဏတာ ပိတ်ထားချင်တဲ့ ၀က်ဆိုက်တွေကို သတ်မှတ်ဖို့ ကဏ္ဍ ခြောက်ခုကို ပံ့ပိုးပေးထားပါတယ်။ တစ်ပတ်မှာ Facebook အသုံးပြုမှုကို ပိတ်ထားချင်တဲ့ နေ့ရက်တွေကို သတ်မှတ်နိုင်ပါတယ်။ အချိန် အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး ပိတ်ထားလို့လည်း ရပါတယ်။ သတ်မှတ်ထားတဲ့ နေ့ရက်တွေကို Repeat လုပ်နိုင်ပါတယ်။
ကဏ္ဍတစ်ခုချင်းစီကို Customize လုပ်နိုင်တဲ့အတွက် လူမှုကွန်ရက်တွေကို နေ့ဘက်မှာ ပိတ်ထားပြီး အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တွေကို ညဘက်မှာ ပိတ်ထားနိုင်ပါတယ်။ Porn Site တွေကို အမြဲတမ်း ပိတ်ထားနိုင်ပါတယ်။ Firefox အသုံးပြုသူတွေအတွက် LeechBlock က တန်ဖိုးရှိတဲ့ အချိန်တွေ ထွက်ရှိလာစေမှာပါ။
1
StayFocusd (Chrome)
StayFocusd ကလည်း LeechBlock လို စွမ်းဆောင်နိုင်ပေမယ့် Chrome အတွက် ဖြစ်ပါတယ်။ သင် အလွန်စွဲလမ်းပြီး အလုပ်ပျက် ၊ အကိုင်ပျက် ဖြစ်လောက်အောင် ကြည့်ရှုလေ့ရှိတဲ့ ၀က်ဆိုက်တွေကို ခဏတာ ပိတ်ပင်ထားချင်ရင် StayFocusd က သင့်အတွက်ပါ။
သဘောတရားချင်းကတော့ အတူတူပါပဲ။ ခဏတာ ပိတ်ထားချင်တဲ့ ၀က်ဆိုက်တွေကို နေ့ရက်၊ အချိန် အပိုင်းအခြားများနဲ့ ပိတ်ပင်ထားနိုင်ပါတယ်။ LeechBlock နဲ့ မတူတာက StayFocusd မှာ ၀က်ဆိုက်များ သတ်မှတ်ဖို့ ကဏ္ဍတစ်ခုပဲ ပါရှိတာပါ။
“Max Time Allowed” Setting ပါရှိပြီး ပိတ်ထားတဲ့ ၀က်ဆိုက်တွေကို ခဏတာ ကြည့်ရှုနိုင်ပါတယ်။ ဥပမာ အားဖြင့် Facebook အသုံးပြုမှုကို ပိတ်ထားပေမယ့် “ Max Time Allowed” Setting မှာ မိနစ် သုံးဆယ်သတ်မှတ်ထားရင် Facebook ကို ပိတ်ထားတဲ့ နေ့ရက်၊ အချိန်အပိုင်းအခြား အတွင်းမှာတောင် မိနစ် သုံးဆယ်ကြာ အသုံးပြုနိုင်မှာပါ။
2
ColdTurkey (Windows)
ColdTurkey က Desktop Program ဖြစ်တဲ့အတွက် Browser Level ထက်ပိုပြီး Computer Level အထိပါ ပိတ်ပင်မှုတွေ လုပ်ပေးနိုင်ပါတယ်။ သင် ဘယ်ဘရောက်စာကို သုံးသုံး ColdTurkey က ၀က်ဆိုက်တွေကို ပိတ်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် Steam လို Video Game Program တွေကိုလည်း ပိတ်ပေးထားနိုင်ပါတယ်။ ၀က်ဆိုက်တွေ သာမက Program တွေကိုပါ ပိတ်ပေးထားနိုင်တာပါ။ ColdTurkey ကို Task Manager, System Tray တို့ကနေ ပိတ်လို့ မရသလို Uninstall လုပ်ဖို့လည်း သင့်ခွင့်ပြုချက် ရရှိမှ လုပ်နိုင်မှာပါ။
3
xMinutesAt (Website)
xMinutesAt က Facebook နဲ့ အခြား ၀က်ဆိုက်များ အသုံးပြုချိန်ကို သတိပေးနိုင်တဲ့ Web Tool တစ်ခု ဖြစ်ပါတယ်။ xMinutesAt ၀က်ဆိုက်ကိုသွားပြီး Facebook လိပ်စာကို ထည့်ပေးပြီး အချိန် သတ်မှတ်ပေးပါ။ သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားရင် သင့်ကို သတိပေးပါလိမ့်မယ်။
xMinutesAt က Bookmarklet ပြုလုပ်ပေးထားပြီး သင့် ဘရောက်စာရဲ့ Bookmark Bar ပေါ်တင်ထားနိုင်ပါတယ်။ Bookmarklet ကိုနှိပ်ရင် လက်ရှိ အသုံးပြုနေတဲ့ ၀က်ဆိုက်အတွက် အချိန် အကန့်အသတ်ကို လျှင်မြန်စွာ သတ်မှတ်နိုင်မှာပါ။
4 
 
Credit to http://mobilechannelteam.blogspot.com
 
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )

အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ ကျေးဇူးတင်ရင် ဖုန်းဘေကဒ်လှမ်းပို့ပေးနိုင်ပါတယ်ခင်ဗျာ  :P

 
 
 
 

အကို ...Facebook A/C ဖွင့်နည်းတွေ နောက်ထပ်ရှိသေးလားဟင်???

 
အားလုံး တင်ပေးထားပြီးသားပါ
မေးလွန်းအားကြီးလို့ ပါ အများကြီးလို့ပြောပါရစေ ဘာ browser  \ ဟိုကျော် ဒီကျော် ၊ ဟိုဟာသုံး ၊ ဒီဟာသုံး ၊ ဟိုဟာ  ၊ ဒီဟာ ကျွန်တော့်နည်းတွေကကျွန်တ်ာအရင်ဆုံး ကြိုပြောပါရစေဗျာ ကျွန်တော်ဘာမှမသိ မတတ်ဘူးဆိုတာပါပဲ .. ကျွန်တော်တင်သောပို့စ်တွေက အခုမှ ၁၅၀၀ sim card ၀ယ်ကိုင်တဲ့ သူများအတွက်ပါ ဆရာကြီးများနှင့်ဆရာ့ ဆရာ့ကြီး များ နားလည်ပေးပါနော် ဘာလို့လဲဆိုတော့ ကျွန်တော်အရင်က အလုပ်တစ်ဖက်ကျောင်းတစ်ဖက်ဖြစ်လို့ ပို့စ်တင်ခြင်းကိုပစ်ပယ်ထားပါတယ် အားရင်တော့တစ်မျိုးပေါ့ အခုစာမေးပွဲဖြေပြီးတော့ ကျွန်တော်ပို့စ်တွေ ပြန်တင်ပေးပါတယ် FB Group တွေ မှာ မတင်ပေးတာ မဖြေပေးတာ အကြောင်းရှိပါတယ် အကောင့်က သတင်းစုံ Soware ဖြစ်နေလို့ပါ (ဖတ်ပဲဖတ်status ပဲရေး)ရှေ့လဆို ပြန်ရပြီ ကျွန်တော် မအားတဲ့ အလုပ်ကြားက မကောင်းတဲ့ connection ကြားက တစ်မိနစ်၂ ကျပ်ပေးပြီး တင်ပေးနေရတာပါ ကျွန်တော်ပျော်ပါတယ် ကျွန်တော်ဖုန်းနံပါတ်နဲ့ဖုန်းဆက်ပြီးမေးလို့ရပါတယ်ဆိုတာကျွန်တော့်ပင်ပန်းတာလေးတွေကို ကျေနပ်စေလို့ပါ ။အချို့ ကတော့ ပညာစမ်းတယ်ဗျာ အဲ့မော်ဒယ်မှာ လိုင်းမတတ်တာကို ဘယ်လိုလုပ်ရမလဲမမေးဘူး CMD ကတော့ Firmware ဘယ်လိုတင်လဲတဲ့ ဆရာကျလို့နေမှာပေါ့ ထားလိုက်ပါ  ဒါပေမဲ့ကျွန်တော်ဘာမှ မတတ်ဘူးနော် ဟိုလိုလို ဒီလိုလိုပေါ့ ကျွန်တော့်ဆရာပြောသလိုပေါ့  သိတော့သိတယ်မကျွမ်းဘူးဆိုတာကိုပေါ့ (But ဘာမှမသိပါဘူး လေ့လာဆဲပါ)

ကဲမသိသေးသောသူများအတွက်ပါ 

Telenor နဲ့ဖွင့်မယ်





 
 
ဒါက နောက်တစ်နည်း
 
 ထမဆုံး ကိုယ့်မှာ Facebook Account မဖွင့်ရသေးတဲ့ Gmail သစ် တစ်ခု ရှိထားရပါမယ်..  မရှိရင် Gmail အမြန်ဖွင့်နည်း ပြောပြပါမယ်..
1. ဖုန်းမှာ Chrome Browser ရှိရပါမယ်.. အခြား Browser တွေက အချိန်ကြာပြီး အဆင်မပြေတာ များလို့ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ..
Chrome Browser : 2. ဖုန်း အင်တာနက်ကို ဖွင့်ပြီး Chrome Browser ရဲ့ အပေါ်ဆုံးက Address Bar ထဲမှာ https://mail.google.com လို့ရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်ပါ..
Screenshot_2014-07-30-00-46-18

3. ပြီးရင် Create an account ကိုနှိပ်. ဖုန်းနံပတ်ကလွဲလို့ ဖြည့်စရာရှိတာ ဖြည့်ပြီး Continue ဆိုတဲ့ အပြာတန်းကြီးကိုနှိပ်လိုက်ပါ.. အဲဒီမှာ ဖုန်းနံပတ်တောင်းလိမ့်မယ်.. တစ်ခါတစ်လေ မတောင်းဘူး.. တောင်းခဲ့ရင် အကွက်လေးရဲ့ ဘေးက အလံလေးကို တစ်ချက်နှိပ်လိုက်ပြီး Myanmar +95 ကိုရှာပြီးရွေးလိုက်.. ပြီးရင် ကိုယ့်ဖုန်းနံပတ်ကို 09 ကစပြီးဖြည့်လိုက်.. ကျွန်တော် ဖြည့်ပြထားတယ်.. How do we Send you codes? ရဲ့ အောက်နားမှာ Voice Call ကိုရွေး.. ပြီးရင် Continue ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-00-50-59

ဖုန်း တစ်လုံး( နံပတ်ကတော့ ဘာမဆိုဖြစ်နိုင်ပါတယ်.. ) ခေါ်လိမ့်မယ်.. သူပြောတဲ့ ဂဏန်း ၆ လုံးကို ဖြည့်ရမယ့် အကွက်ထဲဖြည့်လိုက်ပြီး Confirm ကိုနှိပ်လိုက်ပါ..
4. Profile ဖြည့်ခိုင်းမှာဖြစ်ပါတယ်.. ကျော်သွားလို့လည်း ရပါတယ်.. ပြီးရင်တော့ Gmail ထဲကိုရောက်သွားပြီး Gmail Team က ပို့တဲ့ အီးမေး တွေ တွေ့ပါမယ်.. ဒီအတိုင်းထားလိုက်ပါ..

Screenshot_2014-07-30-00-55-53

ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်ပါ.. ( Home Key ဆိုတာ Huawei နဲ့ HTC မှာဆိုရင် အိမ်ပုံလေး.. ဖုန်းရဲ့ အောက်နားလေးမှာရှိတယ်. Samsung မှာဆို အောက်နားက Button အကြီးကြီး. )
ဒီမှာ Gmail ဖွင့်တာ ပြီးသွားပြီ... Gmail ရှိပြီးသားဆိုရင် အဆင့် 3 နဲ့ 4 ကို လုပ်စရာမလိုဘူး.. Sign in ဝင်ထားပြီး Home နဲ့ ထွက်ထားလိုက်ပါ....
Facebook Account ဖွင့်နည်း
1. ဖုန်းမှာ UC Browser တင်ထားလိုက်ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်ထားလိုက်ပါ..
UC Browser : 2. UC Browser ကိုဖွင့်ပါ.. သူ့မှာပါတဲ့ Facebook ကိုနှိပ်ပါ.
Screenshot_2014-07-30-00-58-06 

ပြီးရင် Create New Account ကိုနှိပ်ပါ..
Screenshot_2014-07-30-00-58-43

3. ဖြည့်ရမယ့် အကွက်တွေထဲမှာ ဖြည့်ပါ.. ဒါကိုတော့ အသေးစိတ် မပြောတော့ပါဘူး.. Email မှာ ခုနက ဖွင့်ထားတဲ့ Email ကို ဖြည့်လိုက်ပါ.. ဆက်နှိပ်သွားရင်တော့ confirm code တောင်းတဲ့အဆင့်ကို ရောက်သွားပါမယ်..
Screenshot_2014-07-30-01-13-10

 ဘာမှ မလုပ်ဘဲ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ..

4. ခုနက ပြန်ထွက်ထားခဲ့တဲ့ Chrome Browser ကိုဖွင့်လိုက်ပါ.. အီးမေးထဲမှာ Facebook က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်.. မတွေ့သေးရင် မျဉ်းတို သုံးချောင်းရဲ့ ညာဘက်က မျဉ်းကွေးလေးကို တစ်ချက်နှိပ်လိုက်ပါ.. Facebook က အီးမေးကို တွေ့ရင် နှိပ်လိုက်ပါ.. အဲဒီမှာ Code 5 လုံး ပို့ထားတာကို မှတ်လိုက်ပါ.. ပြီးရင် Home Key ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ..
Code

5. UC Browser ကိုဖွင့်လိုက်ပါ... Code ဖြည့်ရမယ့် အကွက်ထဲမှာ ခုနက မှတ်ထားတဲ့ ဂဏန်း ၅ လုံးကိုဖြည့်ပြီး Confirm ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-01-13-48

6. ဒီအဆင့်မှာ Profile Information ဖြည့်ရပါမယ်.. ကျွန်တော် ပြထားသလို ဖြည့်လိုက်ပါ.. ဒါက အလွယ် ပြောတာပါ.. အကွက်တွေထဲမှာ ကိုယ်ဖြည့်ချင်တာကို ဖြည့်လို့ရပါတယ်.. Facebook က အသိအမှတ်ပြုထားတာကိုလိုချင်ရင်တော့ မြို့နာမည်၊ ကျောင်းနာမည်တွေကို ရေးပြီး ညာဘက်က Search ကိုနှိပ်.. ပေါ်လာတဲ့ မြို့၊ ကျောင်း တွေကို ရွေးထည့်နိုင်ပါတယ်.. ပြီးရင်တော့ Save ပေါ့..
Screenshot_2014-07-30-01-15-53
7. နောက်တစ်ဆင့်ကတော့ Friend တွေကို Add ပေးရပါမယ်. အနည်းဆုံး Friend 5 ယောက်ကို Search Box ထဲမှာ ရှာပြီး Add လိုက်ပါ.. လက်ခံမယ့်သူဆို ပိုအဆင်ပြေပါတယ်.. ၂၄ နာရီအတွင်း ၅ ယောက်လုံးက Friend အဖြစ် လက်ခံရင် ပိုကောင်းပါတယ်..
Screenshot_2014-07-30-01-16-17

8. နောက်အဆင့်တွေမှာတော့ Skip တွေကိုနှိပ်ပြီး ကျော်နိုင်ပါပြီ.. အားလုံးပြီးသွားရင်တော့ Facebook Account တစ်ခု လွယ်လွယ်ကူကူ ရပြီးသွားပါပြီ...

Screenshot_2014-07-30-01-32-33

 Home Key နှိပ်ပြီး ပြန်ထွက်ကာ Facebook Application ဖွင့်ပြီး ကိုယ့်အကောင့်ကို Log in ဝင်နိုင်ပါပြီ...
ဒီ Facebook App ထဲမှာလည်း မြို့နာမည်၊ ကျောင်းနာမည်တွေ မေးပါတယ်.. အကောင့်လုပ်တုန်းကအတိုင်း ဖြည့်ပေးလိုက်ပါ.. ဒုတိယ အဆင့်နဲ့ တတိယအဆင့်ကို Skip လုပ်ပြီး ကျော်လိုက်ပါ.. ဒါဆို သုံးလို့ရပြီ.. အစ အဆုံး အကောင့်ဖွင့်တာ ၁၀ မိနစ်ပဲကြာပါတယ်.. လိုင်း စုတ်လို့ စောင့်နေရတာတော့ မသိဘူးနှော်...

Screenshot_2014-07-30-03-02-57


Screenshot_2014-07-30-03-03-18


အကောင့်ရပြီဆိုပြီး အားရဝမ်းသာ ဖြစ်မနေခင် သိထားရမယ့် စည်းကမ်းလေးတွေ ပြောပြပါအုံးမယ်..
1. ၂၄ နာရီအတွင်း Friend ၁၀ ယောက်ထက် ပိုပြီး Request မပို့ပါနဲ့
2. အကောင့်သစ်မှာ ပို့စ် အနည်းဆုံး ၃ ခု တင်ပါ.. ပို့စ်မှာ လင့်တွေ မထည့်ပါနဲ့အုံး.. နောက် သက်တမ်း ကြာလာမှ လင့်တွေပါတဲ့ စာတွေ တင်လို့ရပါပြီ..
3. သူများ ရေးထားတာတွေကို အနည်းဆုံး ၅ ခု Like လုပ်ပါ..
4. အကောင့်သစ်ကို ခု ဖုန်းနဲ့ သုံး၊ ခဏနေ ကွန်ပျူတာနဲ့သုံး မလုပ်ပါနဲ့အုံး.. အနည်းဆုံး ၂၄ နာရီတော့ ဖုန်းနဲ့ပဲ သုံးနေလိုက်ပါ...

ဒါဆိုရင်တော့ အဆင်ပြေပါပြီ.. ဘယ်တော့ ဖုန်းနံပါတ်နဲ့ ကုဒ်တောင်းမလဲဆိုတာ မသိပါဘူး....

နောက်တစ်ခုက မိတ်ဆွေတွေကို သေသေချာချာ ရှင်းပြထားပါလျက်နဲ့ Facebook အကောင့်လေး ဖွင့်ပေးပါ.. Facebook အကောင့် ဝယ်ချင်လို့ပါဆိုပြီး လာမပြောပါနဲ့.. ကျွန်တော် အဲဒီဝန်ဆောင်မှု မလုပ်ပေးပါခင်ဗျာ..

အထက်ပါနည်းအတိုင်း တစ်နေ့ကို အရေအတွက်အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်.. ဖုန်းရဲ့ Setting> Application> Manage Application သို့မဟုတ် Setting> More> Application Manager ကိုနှိပ်.. Chrome ကိုနှိပ်.. Clear Data လုပ်.. UC Browser ကိုလည်း Clear Data လုပ်ပြီး အကောင့်သစ် နောက်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်...
Screenshot_2014-07-29-16-23-52


Screenshot_2014-07-29-16-25-00




ဒါက နောက်ထပ်တစ်နည်း

ဒီ Add-ons လေး ကို Firefox Browser ထဲကိုInstall လုပ်လိုက်ပါ။

Add-on Link - https://addons.mozilla.org/en-US/firefox/addon/anonymox/?src=search


Add-ons ကို install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။

ပြီးရင် Firefox add-ons Manager ထဲက Anonymox add-ons ကိုတွေ့ပါမယ်

Enable လုပ်လိုက်ပါ
ပြီးရင် ip address ကို www.whatismyip.com မှာသွားစစ်လိုက်ပါ။

Country မှာ USA လို့ပြရင်ရပါပြီ။

Firefox မှာ Error တက် နေ ရင်
Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting ကို အမှန်ခြစ်ပါ။

www.facebook.com မှာAccount အသစ်အလွယ်တကူဖွင့်လို့ရပါပြီ။

မှတ်ချက်

Lock ကျ နေတဲ့ Account များလဲဒီနည်းနဲ့ ဖြည်လို့ရပါတယ်။

Country ကို Myanmar ရွေးပေးပါ။
Ph no- 959xxxxxxx(eg- 9595196032 ကိုယ်ဖုန်းနံပါတ်ထည့်ပါ။)
SMS ပို့တာမရွေးပဲ ဖုန်းခေါ်တာကိုရွေးပါ။FaceBook ကဖုန်းခေါ်ပြီး Code no ပြောပါလိမ့်မယ်။

ဒါနောက်တစ်နည်း



၁။ အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။

၂။ ကျွန်တော်တို့ က Mail အသစ်လုပ်မှာ မို့လို့ Sign Up ကို ရွေးပါ။


၃။ First Name…….စတာတွေ ဖြည့်ပေး လိုက်ပါ။ New E-Mail မှာ ကိုယ်လို ချင်တဲ့ လိပ်စာ ထည့်ပါ။
@mail.ru ကိုနှိပ်လိုက်ပါ။ အဲ့ဒီ ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည် ရွေးလို့ ရပါတယ်။ ကျွန်တော်
ကတော့ @mail.ru ကိုပဲ ယူလိုက်ပါပြီ။ ( အောက်နားလေးက I agree ဘာညာ ဘာညာ ဆိုကို အမှန်
ခြစ်ပေးလိုက်ပါ)။

ပီးရင် Next ကိုနှိပ်ပါ။



၎။ နောက် တစ်ဆင့်မှာ Ph no တောင်းပါ လိမ့်မယ်။ ကျွန်တော်တို့ က ဖုန်း နံပါတ်ကို မထည့်ဘူး ဆိုတဲ့
အတွက် “I don’t have cell phone” ကို ရွေးပါမယ်။



၅။ ပြီးရင် Security Question ကို ထည့်ခိုင်း ပါလိမ့်မယ်။ အဆင်ပြေရာ ထည့်ပါ။ မှတ်တော့ မှတ်ထား
ဦးနော်။ သူ့ ပုံမှာပေး ထားတဲ့ code လေးကို မှန်အောင် ရိုက်ပေး လိုက်ပါ။ ပြီးရင် DONE ကိုနှိပ်ပါ။



၆။ ဒါဆိုရင် mail အသစ် လုပ်တာ ပြီးပါပြီ။ Facebook မဖွင့်ခင် အခုဖွင့် ထားတဲ့ mail အကောင့်ကို ပြန်
ဝင် ထားပါ။



၇။ နောက် တစ်ဆင့် ကတော့ Facebook အကောင့် ဖွင့်ဖို့ ပဲ ကျန်တော့တယ်။ ကဲ…….Facebook app
ထဲဝင် လိုက်ပါ။ အသစ် လုပ်မှာဖြစ်တဲ့ အတွက် Sign Up ကိုရွေးပါ။



၈။ နာမည် ထည့်ခိုင်း ပါလိမ့်မယ်။ ကိုယ်သုံး ချင်တဲ့ နာမည် ထည့်ပေး လိုက်ပါ။ ပီးရင် Continue ပေါ့။



၉။ Password ပေးလိုက်ပါ။

၁၀။ ပြီးရင် Profile ပုံတို့ ၊ကျောင်းတို့ နေရပ် လိပ်စာတို့ ထည့်ပေး လိုက်ပါ။

၁၁။ ဒီလို အ၀ိုင်းလေးလည် ပြီးလို့ ကိုယ့်ဖေ့ဘွတ်လေး ပွင့်သွားရင်တော့ FB အကောင့် လုပ်တာ 80%
လောက်တော့ပြီးပါပြီ။



၁၂။ပြီးရင် Mail ထဲကို FB က Code ပို့ထား ပါလိမ့်မယ်။ အဲ့ဒီထဲ ၀င်လိုက်ပါ။ Confirm Your Account
ကိုနှိပ်ပါ။ ပီးရင် Facebook app ကို ရွေးပေး လိုက်ပါ။ ဒါဆို account confirm လုပ်တာ ပြီး သွားပြီဖြစ်
တဲ့ အတွက် Facebook Account ကို ဖုန်းနံပါတ် မလိုပဲ ၁၀၀% ဖွင့်တာ ပြီးဆုံး သွားပါပြီ။ 
နောက်ဖွင့်နည်းတွေ အများကြီးရှိသေးတယ်ဗျာ ဒါပေမဲ့ အားလုံးက ခေါင်းစဉ်တစ်ခုအောက်မှာပဲ ရှိတာပါ ..

Credit to မူလစာရေးသူများအားလုံး 

Thiha Htike(THT)
thihahtike.it@gmail.com
0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ :P

Welcome From My Blog

Facebook ကိုဘယ်လို Hack မလဲ???

မင်္ဂလာပါ ခင်ဗျာ ကျွန်တော်အခုတင်ပြမယ့် Post နဲ့ ပတ်သက်ပြီး နည်းနည်းလေးပြောကြားချင်ပါတယ်
ဒီပို့ စ်နာမည်က How To Hack Facebook ပါ..ဒါပေမယ့် ဘယ်လို Hack မှာလဲ လို့ တော့ ကျွန်တော်တင်ပြဆွေးနွေးမှာမဟုတ်ပါဘူး..ဘယ်လိုတွေ Hack နည်းတွေရှိလဲ. ဘယ်လိုကာကွယ်ရမလဲဆိုတာကို အလေးပေးဖော်ပြမှာဖြစ်ပါတယ်..ခင်ဗျာ!!!

ပထမဆုံးအနေနဲ့  ဘယ်လိုတွေတိုက်ခိုက်ခံရနိုင်လဲဆိုတာ ဦးစားပေးဖော်ပြပါ့မယ်
ထို့ နောက် ဒုတိယပို့ စ်အနေနဲ့  ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်..
Facebook ဆိုတာ တကယ်တော့ Social Media တစ်ခုပါပဲ သင်ဘာလုပ်လဲ သင်ဖော်ပြနိုင်တယ် သင်ဘယ်လို စိတ်ခံစားနေရလဲ သင်ဖော်ပြနိုင်တယ် သင်ဘာကိုလိုချင်နေလဲ ဘာကိုစိတ်ဝင်စားလဲ သင်စိတ်ထဲက ခံစားချက်တွေ သင့်Activity တွေကို သင့်သူငယ်ချင်းတွေနဲ့  သင်မျှဝေနိုင်တယ်
ဒါမှမဟုတ် သင်ဟာ ဘာသာရေးသမားလား..သင်ဟာနိုင်ငံရေးစိတ်ဝင်စားတာလား..သင့်ဘာသာရေးနိုင်ငံရေးအမြင်တွေလဲ သင်ဖော်ပြခွင့်ရှိတယ် သို့ မဟုတ်သင်ဟာစီးပွားရေးတခုလုပ်နေတာလား ဒါမှမဟုတ် သတင်းနဲ့ ပြန်ကြားရေး ရုပ်ရှင်အနုပညာဂီတရသပေးတဲ့ Page တစ်ခုကိုထောင်ထားတာလား…
ဘာမဆိုပေါ့ ကျွန်တော်တို့ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးချကြပါတယ်..သို့ ပေမယ့်
တခါတလေ သင်နဲ့ စိတ်အကြောင်းမတိုက်ဆိုင်သူများ..သင့်ကိုမကျေနပ်သူများ သင့်ကို မဟုတ်ကဟုတ်က မသမာချင်သူများ..သို့ မဟုတ် သမီးရည်းစားချင်းသင်္ကာမကင်းဖြစ်တဲ့အခါ.
ကျွန်တော်တို့ ကြားရတဲ့စကားသံတစ်ခုကတော့ ကျွန်တော်/ကျွန်မတို့ ရဲ့  Facebook အကောင့်ခိုးခံထိသွားပါပြီး..Hacked ခံထိပါပြီး..ဆိုတဲ့စကားသံတွေ ခနခန Social Media လောကမှာမြင်နေကြားနေကြရပါတယ်..
ကျွန်တော်/ကျွန်မတို့ ဘယ်လိုနည်းနဲ့  အကောင့်ပြန်ယူရမလဲ ဒါမှမဟုတ်နောက်တစ်ခါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ..အထွေထွေသော ပြသနာတွေမြင်နေကြားနေရပါတယ်…ဒါဘာကြောင့်လဲ ကျွန်တော်တို့  အိုင်တီလောကနဲ့ အကျွမ်းတ၀င်ထိတွေ့ နေတဲ့ လူတချို့ တောင်မှာ အခန့်မသင့်ရင် Hacked ခံရပါတယ် ..သာမန် အသုံးပြုသူအနေနဲ့ ကတော့
hacked ခံထိဖို့ က ၈၅% လောက်ကို သေချာနေပါတယ်…IT နဲ့ ပတ်သက်ပြီး ဗဟုသုတပိုင်းဆိုင်ရာနည်းပါးမှုဟာလဲ ကျွန်တော်တို့ ကို ခြိမ်းခြောက်နေတဲ့ လက်နက်ကြီးပါပဲ…Online ပေါ်မှာမည်သူမဆို သားကောင် (Victim) ဖြစ်သွားနိုင်တဲ့သဘောရှိပါတယ်..
အမှန်တကယ်တော့ facebook ဆိုတဲ့အရာကြီးဟာ တကယ်ကို လုံခြုံမှုရှိလွန်းတဲ့ Website တစ်ခုပါပဲ..Facebook ရဲ့  Security System ကိုချိုးဖောက်ဖို့ ဆိုတာ တကယ်ကိုမလွယ်ကူပါဘူး..
ဒါဆိုရင် မေးခွန်းတော့ရှိလာပါပြီး…
ဘာကြောင့် ဒီလောက်လုံခြုံတဲ့ Facebook အကောင့်ဟာ ဘာလို့  အခိုးခံရပါသလဲ?
ဒီမေးခွန်းကိုမဖြေခင်မှာ ကျွန်တော် အောက်ပါ အချက် (၆) ချက်ကို ဆွေးနွေးပေးပါ့မယ်…
တစ်ချက်ချင်းစီမှာ အပေါ်ကမေးခွန်းကိုအဖြေပေးမယ့် အကြောင်းအရာတွေ၇ှိပါတယ်..
1- Keylogging – Installing Keylogger ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
2-Phishing – Creating Fake Facebook Login Page ( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
3-Using Victims Mobile ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
4-Stealing facebook cookies of victim( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
5- Revealing saved Facebook passwords on web-browsers( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
6-Bypassing Facebook’s Security Question( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
——————-
အပေါ်က အချက်တွေထဲမှ နံပါတ် ၃နဲ့  ၆ ကတော့ Password Reserting နဲ့ တူပါတယ် Password Reserting ဆိုတာက သင် ဖေ့ဘွတ်ပတ်စ်ဝက်မေ့တဲ့အခါ ပတ်စ်ဝက်အသစ်ကိုထည့်သွင်းရာတွင် လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်စွက်ပြီးအသစ်ပြန်လည်ရယူတဲ့နည်းဖြစ်ပါတယ်..(မိမိခိုးယူမယ့်လူရဲ့ နဂိုမူလ Password ကိုသိဖို့ မလိုပဲ Password Reset အနေနဲ့ ခိုးယူခြင်းဖြစ်ပါတယ်)
ပထမနည်း ၁နဲ့ ၂ ကတော့ ပိုင်ရှင်လုံးဝမသိပဲ သူ့ ၏ facebook ကိုဝင်တဲ့အီးမေးလ်နဲ့  facebook password ကို အသုံးပြုပြီးဝင်ရောက်တဲ့နည်းဖြစ်ပါတယ် မူလ password ကို Hack လိုက်တဲ့နည်းဖြစ်ပါတယ်
ဒါဆိုတစ်ချက်ချင်းလေ့လာကြည့်ရအောင်ဗျာ..
1-KeyLogging- For Hacking Facebook Account *
ဒီနည်းက ရိုးရှင်းပြီး အလွန်ကိုထိရောက်တဲ့ နည်းလမ်းပါပဲ တိုက်ခိုက်မယ့်လူအနေနဲ့  မည်သည့်  Hacking Knowledge မှ ကောင်းကောင်းမွန်မွန် သိဖို့ မလိုပါဘူး ကွန်ပျူတာကိုအခြေခံကျွမ်းကျင်မှုရှိရင် Hack နိုင်ပါပြီး…
Keylogger Software ဆိုပြီး နာမည်ကြီးပျံ့ နှံ့ နေတဲ့ အတိုင်းပါပဲ မိမိအသုံးပြုမယ့် ကွန်ပျူတာမှ ဒီSoftware ကိုမသမာသူက ကြိုတင် Install လုပ်ထားလိုက်ပါတယ်..
သင်ထိုကွန်ပျူတာကို အသုံးပြုတဲ့အခါ သင့်ရဲ့ ဖေ့ဘွတ် Username and Password ကိုရိုက်ထည့်လိုက်တာနဲ့  ဒီဆော့ဝဲလ်က နောက်ကွယ်ကနေ အကုန်လုံးကိုမှတ်သားထားမှာဖြစ်ပါတယ်..
သင်အသုံးပြုပြီးပြန်သွားတဲ့အခါ မသာမာသူမှ ထိုဆော့ဝဲလ်အားဖွင့်လှစ်ပြီး သင့်ရဲ့  Data တွေကို ရယူသွားပါလိမ့်မယ် ထိုဆော့ဝဲလ်ဟာ သင်(သာမန် User) မမြင်နိုင်တဲ့ Background Process အနေနဲ့  ကွန်ပျူတာမှာ Processing လုပ်နေပါတယ်
Keylogger software ကိုယနေ့ခေတ်မှာ Facebook အကောင်ခိုးယူဖို့တင်မကပဲ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်..
ထို Keylogger ကို (၂)မျိုးထပ်မံခွဲခြားနိုင်ပါတယ်
-Software Keylogger
-Hardware Keylogger -zပါပဲ…
*Software Keylogger ဆိုတာကတော့အပေါ်ကကျွန်တော်ပြောသလိုပဲ ကွန်ပျူတာထဲသွင်းပြီး အသုံးပြုရတဲ့နည်းလမ်းပါပဲ သူက ဆော့ဝဲလ်တခုအနေနဲ့ တည်ရှိပါတယ် (အားနည်းချက်အနေနဲ့ ကတော့-နားလည်သူတွေကဒီSoftware Run ထားခြင်းရှိမ၇ှိကို သိရှိနိုင်ကြပါတယ်)
*Hardware KeyLogger ကတော့ Hardware တခုအနေနဲ့ ရပ်တည်ပါတယ် သူက USB Pen Drive လိုပါပဲ သူ့ မှာ အချက်အလက်တွေမှတ်ဖို့  Internal Memory တပ်စင်ထားပါတယ်..
သူ့ ကို ကွန်ပျူတာနဲ့  keyboard ချိတ်ဆက်ပေးမယ့် ကြိုးရဲ့ ခေါင်းနဲ့  ကွန်ပျူတာ System ပုံးအနောက်မှ ကီးဘုတ်ချိတ်ဆက်မယ့် USB Port သို့ မဟုတ် PS2 Port ကြားမှာ ကြားခံအနေနဲ့ တပ်ဆင်ထားပါတယ်..
သူ့ ရဲ့အလုပ်လုပ်ပုံကတော့ ကီးဘုတ်ကနေရိုက်သမျှ စာအားလုံးကို ကွန်ပျူတာတဲ့ Instruction အနေနဲ့ မ၀င်ခင်မှာ အကုန်ကြားခံဖမ်းယူမှတ်သားခြင်းပဲဖြစ်ပါတယ်..
ဒီပစ္စည်းလေးတပ်ဆင်ထားတာကိုတော့ ကွန်ပျူတာ System ပုံးကိုသတိထားနိုင်မှသိနိုင်ပါတယ်…
——————————————-
2-Phishing – For Hacking Facebook Account *
Hacked နည်းတွေထဲက နည်းလမ်းဟောင်းတစ်ခုဖြစ်ပြီး Facebook အကောင့်တခုတည်းသာမက password protected လုပ်ထားတဲ့ မည်သည့်အကောင့်ကိုမဆို( e.g Gmail,yahoomail)
Hackတဲ့အခါမှာအသုံးချနိုင်ပါတယ်…သင်ဘယ်လောက်ပဲ Phising နဲ့ ပတ်သက်ပြီးတိုက်ခိုက်လာနိုင်တဲ့ နည်းလမ်းတွေကိုနားလည်သိ၇ှိထားပါစေအုံး မထင်မှတ်တဲ့ အမှားလေးတစ်ခုကနေသင့်ရဲ့  Facebook ကို အခိုးခံရနိုင်ပါတယ်..
ဘာလို့ လဲဆိုတော့ ဒီနည်းလမ်းက လှည့်ကွက်တွေများတယ် သင့်ရဲ့ စိတ်အာရုံက ဖမ်းစားနိုင်မယ့် မက်လုံးတစ်ခုခုနဲ့ သင့်ကို တိုက်ခိုက်သူ တွေက တိုက်ခိုက်ရန်အကွက်ဆင်နေမှာဖြစ်ပါတယ်..ပုထုဇဉ်လူသားတွေပီပီ..တခါတလေ သတိမမူလို့ ဂူမမြင်လိုက်တဲ့ သာဓကတွေလဲရှိသားလား..
Popular အဖြစ်ဆုံး Phishing Hack နည်းကတော့.. Facebook ရဲ့  Login Home Page အတုကို ဖန်တီးပြီး Hack တဲ့နည်းပါပဲ…
မသမာသူဟာ သင့်ဆီသို့ နည်းအမျိုးမျိုးနဲ့  Fake Facebook Login Link Address တစ်ခုကိုမရောက်ရောက်အောင်ပို့ မှာဖြစ်ပါတယ်.အဲဒီ အတုဟာ တကယ့်အစစ်နီးပါ တူညီပါတယ်..
အဲဒီလို လင့်တစ်ခုသင့်ဆီေ၇ာက်လာပြီဆိုပါတော့ သင်ကလဲ အတု မှန်းမသိလိုက်ဘူးဆိုပါတော့..
သင်ပုံမှန်အတိုင်း သင့်ရဲ့  username and password ပေးပြီး…
Enter တစ်ချက် Click တစ်ကလစ်မှာပဲ…သင့်ရဲ့ username နဲ့  password မှန်မမှန်တိုက်ဆိုင်စစ်ဆေးပြီးဝင်ခွင့်ပေးဖို့  ပုံမှန်လုပ်ငန်းစဉ် Facebook ရဲ့  Database Information Server ကို မပို့ တော့ပဲ မသမာသူဆီပို့ ပေးလိုက်ပါတယ်…
ထိုအခါ မသမာသူက သင့်ရဲ့  Username နဲ့  Password ကိုလက်ခံရရှိပြီးဖြစ်ပါတယ်…..
ကျွန်တော်ဒီပို့စ်နဲ့ အတူ တင်ထားပေးတဲ့ ပုံမှာ ကြည့်ရှုပြီး အလွယ်တကူနားလည်သိမြင်နိုင်ပါတယ်..
ပုံမှာမြင်တဲ့အတိုင်းပါပဲ…Hacker ကတော့ Trick တွေသုံးပြီးသူ့ ရဲ့ သားကောင်ကို Login Page အတု ပို့ ပြီး…လှည့်စားနေပါပြီး..
ဒီနည်းလမ်းကိုသုံးတဲ့သူက ဘာကြောင့် ခက်ရလဲဆိုတော့ Fake Facebook Login page တခုကိုတည်ဆောက်ရတာအရမ်းမခက်ခဲပေမယ့် လူတွေဟာ အခုတော့ဒီ Phishing ရဲ့ နည်းလမ်းသဘောသဘာဝကို အတိုင်းအတာတခုထိနားလည်လာကြတဲ့အခါ
တော်တန်ရုံလှည့်စားလို့ မရတော့ပါဘူး..ဒါကြောင့်ခက်ခဲတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..သင့်ရဲ့ လိမ်ညာလှည့်ဖျားမှု Trick သုံးနိုင်တဲ့အခြေအနေအပေါ်မူတည်ပါတယ်..အထူးသဖြင့် Mobile ပေါ်က Facebook User တွေကို တိုက်ခိုက်မယ်ဆိုရင်တော့အနည်းစယ်ခက်ခဲပါလိမ့်မယ်
ဘာလို့ လဲဆိုတော့ Mobile ပေါ်မှာ URL Link တွေကို အလွယ်တကူ checks လုပ်ဖို့ ခက်ခဲလို့ ပါပဲ မဟုတ်လား??
———————————
*Using Victims Mobile to Hack Facebook Account
ဒီနည်းက ကျွန်တော်ကနဦးတင်ပြခဲ့သလိုပဲ Password Reserting နည်းပါပဲ နကိုမူလ password ကို Breaking လုပ်ပြီး..၀င်ရောက်တဲ့သဘောပါပဲ..
ဒီနည်းတွေက ချစ်သူကြား သူငယ်ချင်းတွေကြား.မှာရေပန်းစားပါတယ်..လွယ်လွန်းပါတယ်Forgot Password လို့ လုပ်ပီး
ကြိုးစားရုံပါပဲ..ဒါပေမယ့် သင်ရဲ့ သားကောင်ဖုန်းနံပါတ်ကိုသိဖို့ လို သလို Facebook ကြီးကပြန်ပို့ လာမယ့် sms ထဲက Code ကိုဖတ်ဖို့  သင်ဟက်မယ့် သူငယ်ချင်း သို့ မဟုတ်ချစ်သူရဲ့ အနားမှာနေဖို့ တော့လိုမှာပေါ့နော်..
နည်းလမ်းကို တော့ ကာကွယ်တဲ့နည်းပို့ စ်ကိုတင်ပြတဲ့အခါ ထည့်ရေးပေးပါ့မယ် ဒါပေသိ…သင်မြန်မာနိုင်ငံမှာနေထိုင်သူဆိုလျှင်တော့ ဒီနည်းလမ်းကို လက်ရှိမှာ အသုံးချလို့ မရပါဘူး..မြန်မာပြည်ကို sms ပို့ လို့ မရလို့ ပါပဲ
(*တခါတလေမြန်မာပြည်မှာလူဖြစ်ရတာ ကျေနပ်စရာတွေထဲက တစ်ခုပေါ့..သင့်အကောင့်ကိုလုံခြုံမှုတခုပေးနိုင်လို့ လေ :P )
—————————————————-
-Stealing Facebook Cookies of your Victim *
တိမ်မယောင်နက် လွယ်မယောင်နဲ့ ခက်တယ်လို့ ပဲဆိုရလိမ့်မယ့် နည်းလမ်းပေါ့…
ဒီနည်းလေးကိုမပြောခင်မှာ – What is Cookie?
စားစရာတော့မဟုတ်ဘူးနော်…အဲဒါ Danger !!
Cookie သို့ မဟုတ် HTTP Cookie( Hyper Text Transfer Protocal), Web Cookie, Browser (firefox,Chrome,Internet Explore,Safari,Opra,Maxthon) Cookie
ဒါတွေအားလုံးက text File လေးတစ်ခုပါပဲ ဘယ်လို File လဲ www.google.com ကို ကြည့်မယ်ဆိုပါတော့..ဒါဆို google web server ကနေ သင့်ရဲ့  browser ကိုပို့ လိုက်တဲ့ text File ကို cookie လို့ ခေါ်ပါတယ်..
သင့်ရဲ့  Browser ကတော့ ဒီဖိုင်လေးကို သိမ်းပြီး သင်ဒီweb site ကို ကြည့်နေသမျှ သင်နဲ့ ဒီဆိုဒ်ကိုbrowser က ဒီဖိုင်လ်လေးကိုပြန်ပို့ ခြင်းဖြင့်ဆက်သွယ်ပေးနေမှာဖြစ်ပါတယ်..
ဒါဆိုရင် ဒီ Cookie တွေက ဘယ်လိုအသုံးကျတာလဲ…သူကတော့ user Authentication,identification တွေကိုလုပ်ပေးတာဖြစ်တယ်..
ဒီCookie တွေဟာ software မဟုတ်ဘူး သူတို့ တွေဟာ Virus တွေကိုမသယ်ဆောင်နိုင်ဘူး..ဒါပေမယ့်သူတို့ တွေဟာ Keylogger တွေလိုပဲ သင်ဒီBrowser မှာ ဘယ်တွေ သွားပီးဘာတွေကြည့်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာတွေကို ဒီ Cookie တွေကနေ
လိုက်လို့ ရပါတယ်.ဒီ cookie file လေးဟာ မသမာသူတွေရဲ့ ခိုးယူမှုသင်ခံရပြီးဆိုပါစို့  သူကတော့ သင့်ရဲ့  web access တွေကို ရရှိသွားပါပြီးဒါကို cookiestealing.
အတိုချုံးပြောရမယ်ဆိုလျှင်တော့ သင်ဖေ့ဘွတ်အကောင့်ကိုlog out မလုပ်ရသေးပဲ သင်ကွန်ပျူတာရှေ့ကနေ အတော်တန်ကြာ away from PC လေးလုပ်နေတယ်ဆိုပါတော့ သေချာတယ် ကျွန်တော်ကတော့ သင့်မုန့်ကိုခိုးစားတော့မှာပဲ :P
ဒါပေမယ့် တကယ်လို့များသင်ဟာfacebook ကို HTTPS ဆိုတဲ့ secure ပိုဖြစ်တဲ့ protocol နဲ့ သုံးနေမယ်ဆိုရင်တော့ ကျွန်တော်အတွက်တော့ဘယ်လိုမှခိုးယူဖို့ မဖြစ်နိုင်ပါဘူး…
—————————————————–
-Revealing saved Facebook passwords from web browsers*
တူးမယ်ဆွမယ်..ခင်ဗျားတို့ သိမ်းထားတဲ့ Password တွေကို..မယုံမရှိနဲ့ ကျွန်တော်ထိဖူးတယ် အဖြစ်အပျက်က ဒီလို ကိုယ်ရဲ့ ပေါ့ဆမှုပေါ့ သူကခိုးတာမဟုတ်ဘူး ကိုယ်က ပေးလိုက်မိတာပါ…ကိုကိုရယ် Firefox ကသုံးလို့ မကောင်းဘူး ဗီဒီယိုကြည့်ရတာအဆင်မပြေဘူးဆိုလို့  ကဲဘေဘီရေ ရော့ ဆိုပြီး ကျွန်တော်သုံးနေတဲ့ Chrome ကိုပို့ ပေးလိုက်တယ်..ကျွန်တော်ကလူပျင်းလေ ကိုယ့်ပါစင်နယ် Laptop မှာဆိုတော့ Password တွေ အကောင့်တွေ Auto Save ထားတာ
အကုန်ပါလေရော ကိုယ်တောင်မမှတ်မိတော့တဲ့အကောင့်တွေ သူဖွင့်လို့ ရပါလေရော အဲဒီမှာ ကွိုင်တာပေါ့ အရင်က past chat တွေနဲ့  :P တော်ပါသေးတယ် ချစ်သူက အကုန်သိပြီးသားကိစ္စတွေမို့ လို့ ပေါ့ နားလည်ပေးတယ်)
အဲဒီလို ထိတာ…အင်ဒီနည်းကတော့ ဒီလိုဗျ..သူကတော့ သင်သာ ကျွန်တော့်လိုအပျင်းကြောထူနေရင်တော့ ခံရပါလိမ့်မယ်..
ဖြစ်နိုင်ရင် မသိမ်းထားပါနဲ့ တခါသိမ်းထားခဲ့ရင် Clear Browse History မလုပ်မချင်း လုပ်ခဲ့ရင်တောင် Save Password ကိုပါ မဖျက်မိရင် ပြန်ဖော်နိုင်ပါတယ်…
ဒါကတော့ ဖော်လို့ ရတဲ့နေရာတွေပါ..
Chrome: Goto tools >> Options >> Personal Stuff >> Manage saved Passwords
FireFox: Goto tools >> Options >> Security >> saved Passwords
Internet Explore >> ကိုတော့ထည့်မပြောတော့ပါဘူး .ဘယ်သူမှသူ့ ကိုကရုမစိုက်တာ :) :)
————————————
နောက်ဆုံးနည်းကတော့ Bypassing Facebooks Security Question *
Facebook ရဲ့  အဓိက Security အားနည်ချက်တစ်ခုပေါ့..အဲလိုမြင်လို့ လဲရသလို အဲလိုမဟုတ်ပဲတကယ်လို့ များမိမိအကောင့်ပတ်စ်ဝေါ့ မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်ဖို့  ကူညီထားတဲ့ အခန်းကဏ္ဍတခုပဲ..
ဒါကိုပဲ မသမာသူတွေက အသုံးချ..ယုံကြည်မှုကို နားလည်ပါးရိုက်လုပ်စားတဲ့အကွက်လို့ ပြောရရင်ပိုမှန်မယ်..
တချို့ ချို့ က ဒါကို Social Engineering Attack လို့ လဲခေါ်ပါတယ်..
သူကဘယ်လိုလဲတခါတလေ သင့်ပတ်စ်ဝက်မေ့တဲ့အခါ Forgot your password ကိုနှိပ်ပီး အသစ်တစ်ခုResert လုပ်ပြီဆိုပါတော့
သင့်သူငယ်ချင်းနာမည်တွေကိုမေးမယ် ဓာတ်ပုံတွေကို ဘယ်ဟာက ဘယ်သူလဲဆိုပီး Multiple Choice ခိုင်မယ်…ဒါမှမဟုတ် Security Question တွေမေးမယ်..
ဒါဆိုရင်တော့ သင်ဖောက်လို့ ရလောက်ပါပီ သင့်သူငယ်ချင်း သို့ မဟုတ်ချစ်သ မောင်နှမ တွေရဲ့  အကောင့်ဆိုလျှင် သင် သူငယ်ချင်းတချို့ လဲသိနိုင်သလို Photo တွေလဲသိနိုင်မှာပဲ…Security Question တွေကိုလဲသိနိုင်ခန့်မှန်းနိုင်မှာပါ…
နောက်လာမယ့် ကာကွယ်နည်းပို့ စ်မှာ ပိုအသေးစိတ်ရှင်းလင်းပေးပါ့မယ်
—————————–
ကဲဒါဆိုရင် ကနဦးကျွန်တော်မေးထားတဲ့ မေးခွန်းကိုပြန်လည်ဖြေကြည့်ရအောင်ဗျာ..
Facebook ရဲ့ Security System ဟာအရမ်းကို ခိုင်မာလွန်းပါတယ် ဒါဆိုဘာလို့ အခိုးခံရလဲ?
ရှင်းပါတယ် ခိုးဖို့ ကြိုးစားသူက ၇၀% အားထုတ်မှု၃၀%သော အားနည်းချက်ကတော့ကျွန်တော်တို့ User တွေရဲ့ ဗဟုသုတနည်းပါးမှုနဲ့ သတိလျော့မှုတွေကြောင့်ပဲဖြစ်ပါတယ်
အသေအချာပြောနိုင်တာကတော့ ဘယ်လောက်တော်တဲ့ Hacker ဖြစ်ပါစေအုံး..Facebook ရဲ့  username & password တွေကို သိုလှောင်ထားတဲ့ Database Server ထဲကို ချိုးဖျက်ဝင်ရောက်ပြီး ကျွန်တော်တို့ ရဲ့  Username and Password ကို မရယူနိုင်ဘူးဆိုတာပါပဲ..
Facebook ရဲ့  Security Credential တွေကတော့ တကယ် Strong ဖြစ်ပါတယ်….
စကားချပ်အနေနဲ့ Hack ချင်သူတွေကိုသတိပေးချင်တာကတော့
သင်ဟာအချိန်မရွေး မုဆိုးကနေ သားကောင်ဘ၀ကိုရောက်သွားနိုင်တယ်ဆိုတာပါပဲ
ဘယ်လိုအခြေအနေမျိုးလဲ ….Ready Made Software တွေပေါ့ Facebook Recovery Software ,Faceboook Hacking Software တွေရှိတယ် ရမယ် ၁၀၀%အာမခံတယ် ပိုက်ဆံပေးပြီးသာဝယ်လိုက် ရစေရမယ်ဆိုတဲ့
စွဲဆောင်မှုတွေကြေငြာချက်တွေကိုယုံစားမိတဲ့အခါ သင်ဒီဆော့ဝဲလ်တွေကို ၀ယ်ယူဖို့  အွန်လိုင်းပေါ်ကနေ ၀ယ်ယူတော့မယ်ဆိုပါဆို သင့်ID နဲ့  Password က အချိန်မေ၇ွး..ပါသွားနိုင်တယ်ဆိုတာကိုသတိချပ်သင့်ပါတယ်..
ဥပမာ -သင့်က Hack ချင်ပီ hack နည်းရှာရင်းနဲ့  ဒါလေးကိုတွေတယ်ဆိုပါတော့ သူကတောင်းတော့မယ်
သင့်ရဲ့  Facebook Login email and password နဲ့  သင်ဟက်ချင်တဲ့လူရဲ့  profile link ကိုပေးပါဆိုပြီးတော့ပေါ့ ကိုယ်ကလဲငမ်းငမ်းတက်ရချင်စောနဲ့ ပေး..အဲဒီမှာအေးတာပါပဲ..ကဲ သူခိုးလက်ဓားရိုးကမ်းတယ်ဆိုတာပါပဲ..
အဲဒီလူတွေကလဲလည်တယ် သင်ယုံချင်အောင်ပေးပို့ ရမယ်အီးမေလ်ကိုဒီလိုနာမည်တွေပေးတယ်ဗျ..
password.recovery@facebook.com အစသဖြင့်ပေါ့ ကဲဘယ်လောက်ပုံမှားရိုက်တတ်တယ်ဆိုတာပါပဲ..သေချာဆုံးတစ်ခုကတော့ Hack ချင်သူများ အနေနဲ့ခေါင်းထဲထည့်ရမှာကတော့ Facebook အကောင့်ကို ဟက်ဖို့  ဆော့ဝဲလ် လုံးဝလုံးဝမရှိသေးဘူးဆိုတာပါပဲ…..

Credit By http://itgroupmyanmar.com 



Thiha Htike(THT)
thihahtike.it@gmail.com
0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ :P


Welcome From My Blog

Facebook ဖွင့်နည်း by THT

Image result for facebook  image 











မေးလွန်းလို့ ရေးပြီနော် သိပြီးသားတွေပါေ၀၀ါးနေကြတာပါ
ဖုန်းဆက်မေးတဲ့အထဲမှာအများဆုံးကတော့ Facebook ဖွင့်နည်းပဲများတယ်ဗျ ပြောမယ်နော် Facebook ဖွင့်တာ အခြားသူတွေပြောပြောနေတာ ဘာတဲ့  Browser နဲ့ဖွင့် mail နဲ့ဖွင့် proxy ကျော် ဖုန်းနံပါတ်နဲ့ဖွင့် အခြားဘာ ပိုက်ပိုက်ပေးတဲ့နည်းရှိသေးပါတယ် အဲ အဲံနည်းနဲ့ဖွင့်နေကြတာ ကျွန်တော် ကတော့ ဘယ်ကျော်နည်းမှ လည်းမကြည့် ဘူး ဘာမှလဲ update နည်းလည်းမရှာဘူး ကျွန်တော် သုံးတဲ့နည်းက ၂၀၁၃ တည်းကနည်းပေါ့ အခုထိသုံးနေဆဲပါ အာမခံပြီဆိုင်မှာ ရောင်းပါတယ် တစ်ကောင့်ကို xxx ပေါ့ ခင်ဗျားတို့lock ကျတယ် ဆိုတဲ့ mailနဲ့မှ အဆင်ပြေတယ်ဗျ ခိခိ တစ်ခုပြောမယ် မှားရင် ခွင့်လွှတ် အတွေ့အကြုံများတဲ့သူများရည်မယ် ခိခိ ပြောရအုံးမယ် ကျွန်တော့်ဆရာ လက်သက် xxx ရျှိပြီ သူ့တပည့်တွေ သင်တန်းတွေပေးနေပြီ xxx အခုတောင် mobile ကိုစိတ်ကုန်လို့ ခဏနားပြီး တိုင်ထောင်နေတယ် ခင်ဗျားတို့ပဲ လုပ်သက်နှစ်ဆယ် ရှိတာဟုတ်ဘူး ခိခိ အားလို့ပါ ပြောချင်တာလေးလဲပါလို့ပေါ့ ကဲစမယ် 

Facebook ဖွင့်မည်ဆိုပါက proxy website ဖွင့်နည်းနဲ့ outlook မေးလ်နဲ့ဖွင့်နည်းပဲသုံးပါတယ်


outlook နဲ့ဖွင့်နည်း
==========


1. Microsoft account ဖွင့်နည်း

Microsoft account ပြုလုပ်နည်း အဆင့်ဆင့်ကို အောက်မှာ ပုံ နှင့် တကွ ဖော်ပြ ထားပါတယ်။
1...Microsoft account ပြုလုပ်ရန်  >> ....... ဒီနေရာကို ကလစ်ပါ...
Sign up now ကိုကလစ်ပါ
အောက်မှာ ဖော်ပြမဲ့ နံပါတ်စဉ်  အဆင့်ဆင့်တိုင်းကို ကျွန်တော် ပြောပြ ထားသလိုပဲ ပြုလုပ်ပေးပါ။

1. user name ထည့်ရပါမယ်...အင်္ဂလိပ် နာမည် ထည့်ပါ၊ ကျွန်တော်ကတော့ ခုလေးတင် ဒေါင်းလုဒ်ဆွဲထားတဲ့ ဂျိမ်းဘွန်း007 ကား သစ်      နာမည်  sky fall ကိုထည့်လိုက်တယ်.
2. မွေးလ၊ မွေးရက်၊မွေးခုနှစ် ရွေးထည့်ပေးပါ။
3.boy ဆို male ၊ girl ဆိုရင် female ကို ရွေးပါ။
4. ကိုယ်သုံးချင်တဲ့Microsoft account နာမည် ရေးပါ ၊ ကျွန်တော်က user name နဲ့တူအောင်ပဲ skyfall.skyfall123  လို့ထည့်လိုက်ပါတယ်..အပြည့်အစုံက skyfall.skyfall123@outlook.com ပေါ့
မှတ်ချက် - ( နာမည် မကြိုက်ဘူး အနီရောင်ပြ ရင် ပြန်ပြောင်းပေးပါ)

5. လျိုဝှက် စာလုံးထည့်ပါ ( 8 လုံးပြည့်ရပါမယ်)

6. တူညီတဲ့
လျိုဝှက် စာလုံးပြန်ထည့်ပါ ။။

-----------------------------------------------------------------

               
.............
7. ..နိုင်ငံကို မြန်မာနိုင်ငံ ပြောင်းလိုက်ပါ Myanmar
8.  ဖုန်းနံပါတ် တခုခု ထည့်ပေးလိုက်ပါ -  ကျွန်တော်က တော့ 0988888888  ဆိုပြီး ထည့်ချင်ရာ ထည်ပလိုက်ပါတယ်..( ကိုယ်ပိုင် ဖုန်းမှ မကိုင်နိုင်သေးတာကိုး-  :))
9. မိမိ မှာ ရှိပြိးသား Email ( or) Gmail အကောင့် တခုခု ထည့်ပါ။ -----------------------------------------------------------------
 ...........
10
. နိုင်ငံကို  မြန်မာနိုင်ငံ Myanmar ပြောင်းပါ။ အောက်က ZIP code ဆိုတာ ပျောက်သွားပါလိမ့်မယ်

11. စာလိမ်ကို မှန်အောင် ဖြည့်ပါ။
12.  အပေါ် မှာ ဖြည့်ခဲ့တာတွေ အမှားအယွင်း ရှိ၊ မရှိသေချာ ပြန်စစ်ဆေးပါ၊ ပြီးရင် I accept ကို နှိပ်လိုက်ပါ--(-11. စာလိမ်  မှားနေတယ်. အနီရောင်ပြ ရင် သေချာ ပြန်ဖြည့်ပါ)
ခဏလေးစောင့် လည်နေတာ ပြီးသွားရင်..အကောင့်ရရှိပါပြီ။
Continue to inbox ကို ဆက်ကလစ်လိုက်ပါ။
...........
အဆင်ပြေမယ်ထင်ပါတယ်နော်.....ဒီတိုင်းထားလိုက်ပါTabအသစ်ဖွင့် ပြီး www.Facebook.com မှာ အကောင့်ဆက် ပြုလုပ်ကြရ အောင်.....

2. Facebook account ဖွင့်နည်း

facebook အကောင့်ဖောက်နေကြ သူငယ်ချင်းတွေ ကတော့ ကြည့်လိုက်ရုံ နဲ့ လုပ်တတ်မှာပါ။
www.Facebook.com  ကိုသွားပါ။  အောက်မှာ ပုံနှင့် တကွ ဖော်ပြ ထားပါတယ်.
နာမည်ကို..အင်္ဂလိပ်နာမည် ပေးပါဥပမာskyfall/askingalexandria( မြန်မာနာမည်မပေးပါနှင့်ဥပမာkyawkyaw)
email ကို - မိမိ မှာ မရှိတာထည့်..အင်္ဂလိပ် ဝေါဟာရပဲနော်- ဥပမာ- askingalexandria9@gmail.com
               ကျွန်တော် က skyfall.lover3@gmail.com ဆိုပြီး စိတ်ထဲရှိရာ ထည့်ပေးလိုက်တယ်

passwordကို- 8 လုံးလောက်ထည့်ပါ။ ဖြစ်နိုင်ရင် @#!$%  ဒီစာလုံးလေးတွေ ပါအောင်ထည့်ပေးပါ
မွေးလ.မွေးနှစ် မွေးရက် ထည့်
Female  - Male ရွေးပြီး  Sign Up ကို ကလစ်လိုက်ပါ

2.

အပေါ်ကစာလုံးကို အောက်က အကွက်ထဲမှာ မှန်အောင်ဖြည့်ပါ...ပြီးရင်  Sign Up ကို ကလစ်လိုက်ပါ

3.
........ ဒီလို ပေါ်လာရင် Skip this step ကို ကလစ် >> Skip ကို ဆက်ကလစ်

4.

ကျောင်း. နေရပ်မြို့ အလုပ်အကိုင် .. ပြည့်စုံအောင်ထည့်ပြီး  Save & Contine ကို နှိပ်

5.
သူငယ်ချင်းအပ်ပြီး Save & Contine ကို နှိပ်ပါ။
6. ...............
Page သုံးလေး ခုလောက် LIke လိုက်ပါ ပြီးရင် Save & Contine ကို နှိပ်ပါ။

7.

.. Upload a Photo ကို ကလစ်ပြီး ပုံတင်ပါ ပြီးရင် Save & Contine ကို နှိပ်ပါ။
8...

Passwod တောင်းရင် ဘာမှ မထည့်ပါနှင့် Find Friends ကို သာ ကလစ်လိုက်ပါ။
နောက်တဆင့်မှာ .Microsoft account နှင့် Facebook account  ချိတ်ပါတော့မယ်..


.
3.Microsoft account နှင့် Facebook account  ချိတ်ဆက် နည်း

Find Friends နှိပ်လိုက်သည်နှင့် ဒိလိုပေါ်လာမယ်..
မေးလ် ကိုမရွေးပဲ..အလယ်ကအပြာရောင်စာအိပ်ပုံကိုရွေး ပြီအောက်ကအကွက်ထဲမှာပထမ ပြုလုပ်ထားတဲ့ Microsoft account အကောင့်  skyfall.skyfall123@outlook.com ကိုရေးထည့်လိုက်ပါ

ပြီးရင် Find Friends ကို နှိပ်
------------------------------------------------------------- အပေါ်ကလို ပုံ ပေါ်လာရင် အဆင်ပြေပြီ လို့သာ မှတ်လိုက်တော့ဗျာ  ဆက်ပြီးတော့ Home ထဲကို ၀င်လိုက်ပါ
------------------------------------------------------------- ...
ကဲအခုFacebookအကောင့်သစ်အသုံးပြုလို့ရပါပြီ။  ပြုလုပ်လို့ပြီးပါပြီး..ဒီနည်းနဲ့ကျွန်တော်ဖွင့်သုံးနေတာ...လော့မကျပါဘူး



Proxy Servers Site လေးတစ်ခုကို အရင်ဖွင့်လိုက်ပါ။ ပြီးရင် အဲ့ဒီ Site တက်လာတဲ့အချိန်မှာ အဲ့ဒီ Site ထဲမှာ Address ရိုက်ဖို့နေ၇ာ Address Bar လေးကိုတွေ့ပါလိမ့်မယ်။ အဲ့ဒီနေ၇ာမှာ ကြည့်ချင်တယ့် Site ကို ရိုက်ထည့်ပြီး Enter သာနှိပ်လိုက်ပါတော့ဗျာ.။ ရသွားပါလိမ့်မယ်..။ အောက်မှာ Proxy Servers Site လေးတွေကို Link ပေးထားပါတယ်..။


www.btunnel.com
www.polysolve.com
www.mmglite.awardspace.com
www.hoooe.com
www.manybanana.com
www.proxyking.com
www.yeehert.com
www.glite.sayni.net.mm
www.shinesnow.com
www.zend2.com
www.web4proxy.com





မှတ်ချက်။ ။ outlook နဲ့ဖွင့်ခြင်းတွင် ဖုန်းဖြင့် browser ကို Clear လုပ်ပြီးဖွင့်တာ ပိုအဆင်ပြေပါတယ် 
proxy website နဲ့ဖွင့်ခြင်းတွင် zend2.com ဖြင့်ဖွင့်ခြင်းဖြင့်ပိုအဆင်ပြေစေပါတယ် 
ဖွင့်ပြီးပြီးခြင်း app နဲ့ဆို App နဲ့ ပဲအရင်ဖွင့်ပါ broxy နဲ့သွားမ၀င်မိပါစေနဲ့ Lock ကျပါမယ် ကိုယ်မကျရင်အေးဆေးနေပါ သိသောဆရာသမားများ..

Thiha Htike(THT)
thihahtike.it@gmail.com
0973151297




ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ :P

Welcome From My Blog
post ထဲမှာ လုပ်ဆောင်ချက်များသည် အချို့ ဆိုဒ်များမှမအားသဖြင့် သုံးထားပါသည် နားလည်ပေးပါ

Member ၀င်ရန်