Internet for Myanmar : Powered by KK
Showing posts with label Computerလေးနေတာကိုမြန်ချင်ရင်. Show all posts
Showing posts with label Computerလေးနေတာကိုမြန်ချင်ရင်. Show all posts
ကွန်ပျုတာကို မြန်ဆန်သွက်လက်စေဖို့ ဒီနည်းနဲ့ ပုံမှန်ရှင်း( Tup Unt 2013 )
ဒီဆော့ဝဲလေးက ကွန်ပျုတာကို မြန်ဆန်သွက်လက်စေဖို့   ပြုပြင်ရမယ့်နည်းအားလုံး
ထည့်ပေးထားပါတယ်။ အသေးစိတ် တစ်ခုချင်း သေသေချာချာ သုံးပါ။ ရှင်းလင်းတဲ့
နည်းလမ်းအပြင်  ပြုပြင်ဖို့ လည်း ပါပါတယ် ။ ဆော့ဝဲတွေ  ဖျက်ထုတ်ချင်တာလည်း
ဒီဆော့ဝဲကနေ  တိုက်ရိုက်ဝင်ဖို့ ပေးထားတယ် ။  ကွန်ပျုတာကို ပုံမှန် သွက်လက်ဖို့ 
ဒီဆော့ဝဲ ရှိသင့်တယ်လို့  ယူဆမိပါတယ် လိုအပ်နေသူများအတွက် မျှဝေလိုက်ပါ၏
မြန်မာကဆို ဒီကယူ - http://www56.zippyshare.com/Tun 2013
ဒီလင့်မှာ Download ယူပါ - TUP unt 2013
မူရင်းလင့်ကယူချင်ရင် - http://inamsoftwaress.blogspot.com
အထူးသတိပေးချက်
Path ဖိုင်ပါနေလို့  ဒေါင်းလုပ်ယူစဉ် Install လုပ်နေစဉ်မှာ Anti virus ပိတ်ထားပါ
Install လုပ်ပြီးလျှင် Path လုပ်ပေးမှ အပြည်သုံးလို့ ရမှာပါ
အင်တာနက် Virus တွေရန်ကို ကာကွယ်ဖို့  Malware Fighter Full Version
ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ၀င်နေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းပေးနိုင်သလို
အင်တာနက်က  ကူးစက်လာမယ့် Malware , Spyware ,Trojrans , Keylogger နဲ့ 
worm,..etc Virus တွေ ကူးစက်လာခြင်းကို ကာကွယ်ပေးပါတယ် ။။အင်တာနက်က
ကူးစက်လာတဲ့  gtalk Virus ပုံစံမျိုး ၊ ချက်တင်ကနေ  စာတွေ အလိုလို ပို့ နေတဲ့ပုံစံ
ဖေ့ဘွတ်ချက်တင်ကနေ   စာအလိုလိုပို့ နေတဲ့   Virus တွေကို  ရှင်းထုတ်ဖို့ အတွက်
ရမ်း အသုံးဝင်ပါတယ် ။ Malware ကြောင့် File extension တွေြေ ပာင်းကုန်တာကို
ဒီဆော့ဝဲက ရှင်းနိုင်ပါတယ် ။ ကွန်ပျုတာ မျက်နှာပြင်က ဖိုဒါတွေအားလုံး Adobe ပုံစံ
ဖြစ်ကုန်ပါတယ် ။ အဲ့တော့ malware ဟာ ကွန်ပျုတာကို ဒုက္ခပေးနိုင်တာမို့  သာမာန်
အသုံးပြုနေတဲ့ End user တွေအတွက်  ဒီဆော့ဝဲလေးက  ကာကွယ်ပေးပါလိမ့်မယ်
ဒီလင့်မှာ Download ယူပါ - မော်Obit Malware Fighter Full Version
မူရင်းလင့်ကယူချင်ရင် - http://inamsoftwaress.blogspot.com.
Advanced SystemCare Pro 7.1 Full for PC
Windows PC သုံးသူတွေဟာ နေ့စဉ်အသုံးပြုနေတဲ့ Windows တွေရဲ့ ပျက်စီးမှု၊ ပြောင်းလဲမှု၊ တိုက်ခိုက်ခံရမှုတွေကို တစ်ခုချင်း လိုက်ပြီး ပြုပြင်နေဖို့ ဆိုတာ မလွယ်ကူပါဘူး.. သာမန် user တစ်ယောက်အနေနဲ့ မပြောနဲ့. အဆင့်မြင့် user တွေတောင် ကိုယ့် Windows ကြီး ကောင်းမွန်နေဖို့ ကိုယ်တိုင် ပြုပြင်နေဖို့ မလွယ်ကူပါဘူး.. ဒါကြောင့် System Utilities တွေကို အသုံးပြုကြရပါတယ်.. Advanced SystemCare ကတော့ နာမည်ကြီး System Utilities တစ်ခုဖြစ်ပြီး Windows တွေကို အကောင်းဆုံးပြုပြင်ပေးပါတယ်.. Error တွေကို ရှင်းလင်းပေးပြီး မှန်မှန်ကန်ကန်နဲ့ အမြန်ဆန်ဆုံးဖြစ်အောင် ပြုပြင်စောင့်ရှောက်ပေးပါတယ်..  Feature တွေကို ရေးပြရရင် ဒီစာမျက်နှာတောင် ဆံ့မှာမဟုတ်တော့ မပြောပြတော့ပါဘူး.. အသုံးပြုကြည့်လိုက်ပါ..
Advanced SystemCare Pro 7.1 Full
သတိ- ကီးဖြည့်စဉ်မှာ အင်တာနက်ပိတ်ထားပါ..
 With improved real-time optimization technology, Advanced SystemCare 7 PRO is your best choice to boost your slow PC and internet up to 300% faster. And new Real-time Protector is now included to protect your PC against malware and other threats. Whenever you run your computer, your privacy is guaranteed with enhanced cleaning technology.
Quick Feature :
  • Boosts your Registry, system, and Internet for top performance
  • Optimizes, cleans, and fixes all kinds of PC problems with just 1 click
  • Detects and removes spyware, adware and other malware
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Download : 33.99 MB
Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Computer သုံးရတာ နှေးနေသောသူများအတွက် Advanced System Care Pro-7.0.1 with Key( 2014 အတွက်)
အရင်6. .0 Version ကနေ အခု7.0ထွက်လာပါပြီ ။အရင်ထက်ပိုပြီးအဆင်ပြေတယ်
ကွန်ပျူတာတွေမှာ ရှိထားသင့်တဲ့ ဆော့ဝဲကောင်းလေးတစ်ခုပါ ။ စနစ်အမှားတွေနဲ့ 
Virus တွေကိုရှင်းထုတ်ပေးဖို့  အရမ်းသင့်တော်ပါတယ်။ ကွန်ပျူတာဘာကြောင့်
လေးနေတာလဲလို့ သိချင်ရင်ဒီဆော့ဝဲလေးနဲ့ စစ်ကြည့်အဖြေသိလာလိမ့်မယ်...။
နေစဉ် သုံပီးတိုင်း   အိပ်ခါနီးတိုင်း  ရှင်းပေးလို့ ရတယ် ။ စောင့်နေစရာမလိုပါဘူး
ရှင်းပီးရင် Auto shutdown လုပ်ပေးထားဖို့ ပါလာတယ် ။  2014အတွက်  အသစ်
ထွက်လာတဲ့ဟာလေးမလို့   အသုံးလိုသူများ ယူလိုက်ပါ ။  Full Version ဖြစ်ဖို့ 
Key ပါတယ်နော်...........။ သုံးကြည့်တာ Version အသစ်က လန်းတယ်။
Setting ကို နှိပ်လိုက် အထဲရောက်ရင် Auto Clean ကိုရွေးပီးရင်
Automatically Sweep ဆိုတာ အမှန်ချစ်လိုက်တာနဲ့ Key ဖြည့်
အောက်နားမှာ Key ဖြည့်စရာ အကွက်လေးပါလာပါလိမ့်မယ်
Text file ထဲက ကီးကို ဖြည့်လိုက် ။ အဲ့ဆိုရင် Full version ဖြစ်ပါပြီ...
Download -Advanced System Care Pro- 7-0-1 with Key
မူရင်းလင့် နဲ့ ကီးထည့်နည်း- http://www.youtube.com/watch
ကွန်ပျူတာနှေးနေရင် မြန်ဆန်သွက်လက်အောင် ရှင်းလင်းပေးမယ့် CCleaner 2014 Full Version exe
 အပြည့်အ၀ သုံးလို့ ရတာမို့  ပြန်တင်ပေးလိုက်ပါ Registered Version မလို့  Free
မဟုတ်တော့ပဲ Advanced Setting ကို ၀င်သုံးလို့ ရပါလိမ့်မယ် ။ စက်ကို သန့် ရှင်းဖို့ 
Registery ကို ရှင်းဖို့  အဆင်ပြေတယ် စက် လေးသူများ ယူသုံးကြည့်လိုက်ပါ......။
Auto clean ဖြစ်အောင် setting မှာဝင်ပြင် စက်ဖွင့်တိုင်း နေ့ စဉ်အော်တိုရှင်းတယ်
ဆောဝဲကို install ပြီးရင် အင်တာနက်ကွန်နက်ရှင် ပိတ်ပြီး key ထည့်ပါ။ Key 
ထည့်ပုံကတော့ Ccleaner ကို ဖွင့်ပါ။ ပြီးရင် Options / About ထဲမှာ Key 
ကို အင်တာနက်ခန ပိတ်ပြီး Key ကိုထည့်ပါ။ ပြီးရင်တော့ Full Version ဖြစ်ပါပြီ။ 
စိတ်ဝင်စားသောသူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။ 
ကွန်ပျူတာကိုမြန်ဆန်သွက်လက်စေရန်နှင့်Virus မ၀င်အောင်လုပ်ဆောင်နည်းများ
လိုက်နာရန်။  ။ pen drive လို့ ခေါ်တဲ့ စတစ်တွေမထိုးပါနဲ့ အများဆုံးဝင်လာတဲ့လမ်းကြောင်း ကတော့ memory stick ပါပဲဒါပေမယ့်ကွန်ပျူတာတိုင်းလိုလိုကတော့စတစ်တွေနဲ့ မကင်းနိုင်ပါ ဘူး မဖြစ်မနေသုံးရမယ်ဆိုရင်လည်း မိမိရဲ့ စက်မှာAuto Run ကိုပိတ်ထားပြီးAnti Virus  softwere တစ်ခုခုနဲ့ scan ဖတ်ပြီးမှသာသုံးစွဲသင့်ပါတယ်။
လုပ်ဆောင်ရန်။   ။ အဲဒါတွေကတော့ System Tool ထဲမှာ ရှိတဲ့ Disk Cleanup , Disk Defragmenter တွေဖြစ်ပါတယ်။ အဲဒါတွေအပြင် Temp File တွေ ဖျက်ဖို့အတွက် Run Box ကနေ Prefetch တို့၊ %temp% တို့ ရိုက်ဖွင့်ပြီး Shift + Delete ပါ
ကွန်ပျူတာ သုံးစွဲသူတိုင်း စက်မြန်ဆန်စေဖို့ အမြဲတမ်းလိုက်နာဖို့ကတော့
၁) Software တိုင်း Install မလုပ်ရန်၊ (မိမိတို့အတွက် အသုံးဝင်မှသာ Install လုပ်ရန်)
၂) Memory Stick သုံးစွဲမှုကို လျော့ချရန် (Virus ကို အလွယ်တကူ သယ်ဆောင်နိုင်သည်)
၃) တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် Disk Defragmenter လုပ်ရန်၊ (Window XP တွင် ပါဝင်သည်)
၎) Error များ စစ်ဆေးရန် စသည်တို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။
Auto Run ကို ပိတ်ထားပါတယ်။ CD ရော Memory Stick ရော Auto မဖတ်အောင် ပိတ်ထားပါတယ်။ ပိတ်တဲ့ နည်းလမ်းကတော့
၁) Start မှ Run Box ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) ပေါ်လာလျှင် Computer Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၎) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။
၅) အထက်ပါအတိုင်းပင် User Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ
၆) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။ဒါဆိုရင် Memory Stick ပဲ သုံးသုံး၊ CD ပဲ သုံးသုံး Auto မပေါ်တော့ပါဘူး။ Auto အပေါ်တဲ့အတွက် My Computer က ဖွင့်ရမှာ ဖြစ်ပါတယ်။ လက်တွေ့ လုပ်ကြည့်ပါ နားမလည်ပါကပြန်လည်မေးမြန်းနိုင်ပါတယ် 
အားလုံးပျော်ရွှင်နိုင်ပါစေ.......
ကွန်ပျူတာနှေးနေလျှင်မြန်လာအောင်လုပ်နည်းများ
ကားမောင်းတဲ့သူကားပြင်တတ်မှကောင်းသလိုကွန်ပျူတာသုံး
နေတဲ့သူတွေလည်းကွန်ပျူတာပြင်တတ်ဖို လို မယ်လို့ ထင်ပါ
တယ်အားလုံးမသိတောင်အနဲအပါးသိကို  သိထားသင့်ပါတယ်
အဲ ကြောင့်မျှဝေချင်တာလေးကဒီလိုပါကျွန်တော်လည်း လက်ရှိ
သုံးနေပါတယ်ရုံးမှာဆိုကွန်ပျူတာ တွေနှေးကွေးနေတာ ခဏ ခဏဟမ်းဖြစ်တာ(ဖွင့်လိုက်ရင်ချက်ချင်းပွင့်မလာတာ)တွေကိုသိ   သလောက်လုပ်ပေးပါတယ်ငှက်မရှိတဲ့တောတောင်မှာစာထီးက
ငါအကြီးပေါ့ဗျာကျွန်တော်နဲ့ သိတဲ့အခုရုံးကတစ်ယောက်ဆိုစာစီ 
စာရိုက်လုပ်သက်13နှစ်ရှိပါပြီ အခုပြောမယ့် အောက်ပါအချက် လက်တွေကိုမသိပါဘူးသတိမမူဂူမမြင်သတိမူတော့မြူတောင် 
မြင်တယ်တဲ့ ကျွန်တော်လည်းလေ့လာနေတာကြာပါပြီတကယ့်လက်တွေ့ 
သုံးတယ်အချိန်ပေါင်းရင်သူအစွန်းထွက်ပဲရှိပါသေးတယ်ဒါပေမယ့်လေလာမှု အားပါပဲရုံးပိုင်းဆိုင်ရာစာရင်းဇယားရေးဆွဲ နည်းတွေလည်းသူ့ ဆီကသင်ရပါ 
တယ်စာရင်းဇယားကတော့သူသင်ပေးလို့ တတ်တာတွေအများကြီးပါသူများ
ရေးတဲ့ စာအုပ်တွေ ဘလော့တွေဖတ်မှ သိလာလို မျှဝေတာနော်ဆရာကြီး မဟုတ်သလိုကျွန်တော်ရည်ရွယ်ပြောပြ တာက Beginner လေးတွေလူအ 
သစ် ကလေးတွေအတွက်ပါကဲလက်တွေ့ လုပ်ကြည့်လိုက်ပါဒါကလည်းသူ
များရေးပြီးသားတွေပါလုပ်ပုံအတူတူပါပဲ.......
၁။ Desktop ပေါ်ကMy ComputerကိုRight Clickလုပ်ပါ။ Propertiesကိုရွေးပါ။
၂။ System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃။ Performance အောက်က Settings ကို ရွေးပါ။
၎။ Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅။ Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok
ကွန်ပျူတာ စဖွင့်ရာမှမြန်ဖို့အတွက် မလိုအပ်တဲ့ဆော့ဝဲတွေကိုလျော့ချ ရပါလိမ့်မယ်။ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံ     စစ်နေရတဲ့ အတွက်ကြာလှပါတယ်။ဒါကြောင့် မလိုအပ်တဲ့ဆော့ဝဲလ်တွေ ပိတ်သင့်တာကိုပိတ်ရပါလိမ့်မယ်။
၁။ gttask
၂။ Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃။ Adobe Reader, Adobe Gammaစတာတွေဖြစ်ပါတယ်။တခြားမိမိအင်စတော
သာလုပ်ထားတယ်။အသုံးနည်းတယ်ဆိုရင်ပိတ်ထားနိုင်ပါတယ်။အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁။ Start မှ Run ကို ရွေးပါ။
၂။ Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃။ System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင်အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများဖြုတ်၍ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင်စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်း လဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့မေးခွန်း message ပါ။ Don’t Show this စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ်စတက်တဲ့အချိန်မှာမစစ်အောင်ပဲ ပိတ်ထားတာပါ။မိမိလိုအပ်တဲ့    အချိန် Start မှနေ၍ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ပြန်လည်အသုံးပြု၍ရပါတယ်။အကယ်၍ မိမိ သည် အဆိုပါ ဖိုင်တို့ကို ပိတ်ထား ရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက် တစ်ရွက်တွင်ရေးမှတ်         ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ အဲ့နည်းလေးက စက်အဖွင့်အပိတ် ကိုမြန်စေပါတယ်ခဏလေးနဲ့ ပွင့်ပြီးshut down လုပ် တဲ့အခါလည်းအတော်    လေးမြန်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁။ Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂။ Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃။ Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁။ Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။
Properties ကိုရွေးပါ။ startup type အကွက်တွင်Disable ကိုရွေးပါ။ ပြီးလျှင်Apply , Ok ။
၂။ အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider ,  IMAPI CD-Burning တို့ကို ပိတ်ပါ။နောက်တစ်ခုက လူတိုင်းမထင်မှတ်   ထားတဲ့အရာလေးပါ။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။တကယ်တမ်း ကိုယ်သုံး နေရတာက ၁၀ ခုတောင် မကျော် ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲထားပြီးမလိုဘူးထင်တာတွေကို ဖျက်ပစ်ပါ။တစ်ခုလောက်တော့ သတိပေးချင် ပါတယ်။ဖောင့်တွေဖျက်တဲ့ နေ ရာမှာ Character Map မှာ ကိုယ် သုံးနေ တဲ့ font တွေ ကို တော့ မဖျက်ပစ်မိ ဖို့ဖြစ်           ပါတယ်။နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁။ My Computer ကိုဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂။ Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃။ Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ DiskDefragmenter လုပ်တာပါ။ဒီနည်းလမ်းကိုနေ့စဉ်စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁။ Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂။Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။။။ Local Disk (D:) ကိုလဲထိုနည်းအတိုင်း ပြုလုပ်ပါ။ 
ဒါတွေဟာwindow XP အခြေခံပြောပြတာပါ  window 7 မှာတော့ 
လုပ်ပုံမတူနိုင်ပါဘူး window 7ကxp ထက်သာတာတွေရှိသလို အားနည်း 
တာ တွေလည်းရှိပါတယ်ကားဘယ်လောက်မ်ာဒယ်မြင့်ပြီး ကောင်းနေ
ပါစေမောင်းနေကျ ကားလောက်တော့သွက်အောင်မမောင်းနိုင်သလို
သုံးနေကျXP လေးကပဲရိုး ရှင်းစွာရှိနေပါတယ်လို့ အကြံပေးချင်ပါတယ်
အားလုံးပျော်ရွှင်နိုင်ပါစေ........
ကွန်ပျူတာSystem အမှားတွေကိုအော်တိုပြင်ပေးနေတဲ့ ASC
 အခုတင်ပေးလိုက်တဲ့ဆော့ဝဲလေးကတော့အရမ်းကောင်းပါတယ်
ကွန်ပျူတာရှိတဲ့သူတိုင်းတင်ထားသင့်တဲ့  ဆော့ဝဲလေးပါအမှားတွေ Tempဖိုင်တွေကိုလည်းဖျက်ပေးပါတယ်စက်ကိုမသုံးတဲ့အချိန်ဒီဆော့ဝဲ
လေးကိုဖွင့် ပေးထားလိုက်သူ့ ဟာသူအားလုံးရှင်းပေးပါတယ်ဗိုင်းရပ်စ်
လည်းရှင်းပေးပါတယ် အင်တာနက်မှာလည်း free ယူ လို့ ရပါတယ်မသိရင်
လည်းဒီနေရာကနေယူလိုက်ပါ  free version ဖြစ်လို့  Registor လုပ်စရာ
မလိုပါဘူးအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာတဲ့အမှားတွေကို သူ့ ဟာသူ
ပြင်သွားပါလိမ့်မယ် စက်သုံးရတာနှေးကွေးလေးလံမှုမဖြစ်ရအောင်စက်ပိတ်
ခါနီးတွင်Run ပေးသင့်ပါတယ်
အားလုံးပျော်ရွှင်နိုင်ပါစေ........မောင်(ခေတ္တလူ့ ပြည်)
ရင်ခုန်မျှော်လင့်စောင့်စား ၂၀၁၄ မှာ ထွက်ရှိမဲ့ အိုင်တီပစ္စည်းများ
စတိဗင်စ်ဂျော့ရဲ့ Apple ကပဲစရပါလိမ့်မယ်။
အခု Apple ရဲ့ iPhone 5S ပြီးတော့ iPhone 6 အလှည့်ပါ။
၂၀၁၄ ခုနှစ် အစောပိုင်း မေလလောက်မှာ မှန်းထားပါတယ်။
Screenအကျယ်ကိုတော့ Apple ရဲ့ ထုတ်ခဲ့ပြီးသမျှ ထဲမှာ အကြီးဆုံးဖြစ်မယ်လို့ သတင်းရထားပါတယ်။
အကြီးဆုံးဆိုပေမဲ့
(၅)လက်မထဲမှာ ဖြစ်ဖို့ရှိပါတယ်။
Processor အနေနဲ့ 20nm ကိုသုံးပြီး A8 Chip ကိုထည့်သွင်းပေးထားမှာ လို့ သတင်းတွေထွက်နေပါတယ်။
အထူးသဖြင့် iphone 6 က iOS 8 နဲ့လာမှာ ဆိုတာကိုပါ။
iPad Pro
သူကလည်း ၂၀၁၄ အောက်တိုဘာလောက်မှာ ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။
iPad Air ထက်ကို မျက်နှာပြင်ဆိုက်ဒ်ကြီးမှာ ဖြစ်ပြီး 12.9 လက်မလောက်
နဲ့လာမှာ ဖြစ်ပါတယ်။ Memorry အနေနဲ့ 128GB လောက်ကိုအသာလေးပေးထားမှာ ဖြစ်ပါတယ်။
ပိုပြီးကောင်းမွန်တဲ့ စွမ်းအားတွေနဲ့လာ မှာ ဖြစ်ပြီး
ပိုပြီးဈေးကြီးဖို့ရှိပါတယ်။
Samsung Galaxy S5
နောက်ထွက်ရှိလာမဲ့ S5 က မျက်နှာပြင် အကျယ် (၅.၂၅)လက်မနဲ့
Android 4.4 KitKat Snapdragon 800 2.5GHz ဖြစ်ပြီး
Resolution အနေနဲ့ (2,560×1,440) 2KHD,ကင်မရာက 16 Megapixel, 3GB RAM ဖြစ်မယ်လို့ဆိုကြပါတယ်။
ထွက်ရှိမဲ့နေ့ကိုတော့ ဇန်န၀ါရီ (သို့) ဖေဖော်ဝါရီ(သို့)မတ် လို့ဆိုလျက်ရှိပြီး S5 ကို Galaxy F လို့လည်းခေါ်မှာ ဖြစ်တယ်လို့ အမျိုးမျိုးသတင်းထွက်ရှိနေပါတယ်။
ယခင်လာနေကြ ကာဗွန်ဖိုင်ဘာသားဖြင့်မဟုတ်ဘဲ သတ္တုသားဖြင့်လာမှာ လို့ဂျပန်ဝက်ဆိုဒ်တစ်ခုကလည်းဆိုခဲ့ပြန်ပါတယ်။
ဒီလိုေ၀၀ါးမူတွေနဲ့ S5 မထွက်ရှိသေးသရွေ့တော့ စိတ်ဝင်စားသူတို့ အဖို့ စောင့်ကြည့်စရာတစ်ခုဖြစ်နေမှာ အသေချာပါပဲ။
Credit to smart pro journal
Aung Min Han
Member ၀င်ရန်