Internet for Myanmar : Powered by KK

Showing posts with label iOS Tutorials. Show all posts
Showing posts with label iOS Tutorials. Show all posts

iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်း



iOS app များကိုရယူရန် => www.internetformm.com/search/label/iOS%20applications

iOS game များကိုရယူ၇န် =>www.internetformm.com/search/label/iOS%20Games

iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်းကို iDevice Beginner Users တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ အခုပြောပြမယ့်နည်းက Jailbreak လုပ်ထားတဲ့ iDevices တွေအတွက်ပဲဖြစ်ပါတယ်။ Cracked app တွေသွင်းဖို့ပါ။ အရင်ဆုံး iPhone/pad/pod ထဲသို့ဆော့ဝဲလှမ်းသွင်းဖို့အတွက် ကွန်ပျူတာမှာ iTools လို့ခေါ်တဲ့ ဆော့ဝဲလေးရှိရပါမယ်။ အောက်က link မှာရယူပါ။
Download Here:

Mirror Download link: iTools Download
download ရယူပြီးပြီဆိုရင်တော့ ရလာတဲ့ zip ဖိုင်လေးကိုဇစ်ဖြည်ထားပြီး အတွင်းထဲကရလာတဲ့ folder လေးကို desktop ပေါ်မှာထားလိုက်ပါ။ ပြီးရင် အဲဒီ folder ထဲက iTools .exe ကို run လိုက်ပါ။ run ပြီးရင် မိမိရဲ့ iPhone/Pad/Pod touch ကို usb ကြိုးကိုအသုံးပြု၍ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်လိုက်တာကို iTools ဆော့ဝဲကသိပြီး iTools ဆော့ဝဲထဲမှာ မိမိရဲ့ device ပေါ်လာပါမယ်။ iTools ရဲ့ မိမိ device ကဏ္ဍအောက်က Apps ထဲကိုဝင်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


Apps ကဏ္ဍထဲသို့ရောက်သွားပြီဆိုပါက Install ကိုနှိပ်၍ မိမိတို့ install လုပ်လိုသော ကွန်ပျူတာထဲမှ iOS app,game ဖိုင်ကိုရွေးချယ်ရပါမယ်။ အောက်ပုံအတိုင်းပါ။



ကွန်ပျူတာထဲရှိ မိမိတို့သွင်းလိုသော iOS app (.ipa) ဖိုင်ရှိသောနေရာကိုသွားပြီး မိမိတို့သွင်းလိုသော app ပေါ်တွင် click တစ်ချက်နှိပ်၍ Import ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



iPhone/Pad/Pod touch ထဲသို့ app/game စတင်သွင်းနေပြီကိုမြင်ရပါမယ်။



100% ပြီးသွားပါက မိမိတို့ iPhone/Pad/Pod touch ထဲတွင်ယခုသွင်းလိုက်သော iOS

iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်း

Share This
Tags


iOS app များကိုရယူရန် => http://www.myanmarmobileapp.com/category/iosapp/
iOS game များကိုရယူ၇န် => http://www.myanmarmobileapp.com/category/iosgame/
iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်းကို iDevice Beginner Users တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ အခုပြောပြမယ့်နည်းက Jailbreak လုပ်ထားတဲ့ iDevices တွေအတွက်ပဲဖြစ်ပါတယ်။ Cracked app တွေသွင်းဖို့ပါ။ အရင်ဆုံး iPhone/pad/pod ထဲသို့ဆော့ဝဲလှမ်းသွင်းဖို့အတွက် ကွန်ပျူတာမှာ iTools လို့ခေါ်တဲ့ ဆော့ဝဲလေးရှိရပါမယ်။ အောက်က link မှာရယူပါ။
Download Here:

Mirror Download link: iTools Download
download ရယူပြီးပြီဆိုရင်တော့ ရလာတဲ့ zip ဖိုင်လေးကိုဇစ်ဖြည်ထားပြီး အတွင်းထဲကရလာတဲ့ folder လေးကို desktop ပေါ်မှာထားလိုက်ပါ။ ပြီးရင် အဲဒီ folder ထဲက iTools .exe ကို run လိုက်ပါ။ run ပြီးရင် မိမိရဲ့ iPhone/Pad/Pod touch ကို usb ကြိုးကိုအသုံးပြု၍ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်လိုက်တာကို iTools ဆော့ဝဲကသိပြီး iTools ဆော့ဝဲထဲမှာ မိမိရဲ့ device ပေါ်လာပါမယ်။ iTools ရဲ့ မိမိ device ကဏ္ဍအောက်က Apps ထဲကိုဝင်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


Apps ကဏ္ဍထဲသို့ရောက်သွားပြီဆိုပါက Install ကိုနှိပ်၍ မိမိတို့ install လုပ်လိုသော ကွန်ပျူတာထဲမှ iOS app,game ဖိုင်ကိုရွေးချယ်ရပါမယ်။ အောက်ပုံအတိုင်းပါ။



ကွန်ပျူတာထဲရှိ မိမိတို့သွင်းလိုသော iOS app (.ipa) ဖိုင်ရှိသောနေရာကိုသွားပြီး မိမိတို့သွင်းလိုသော app ပေါ်တွင် click တစ်ချက်နှိပ်၍ Import ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



iPhone/Pad/Pod touch ထဲသို့ app/game စတင်သွင်းနေပြီကိုမြင်ရပါမယ်။


100% ပြီးသွားပါက မိမိတို့ iPhone/Pad/Pod touch ထဲတွင်ယခုသွင်းလိုက်သော iOS app,game လေးရောက်နေပြီဖြစ်ပါတယ်။


Credit - www.myanmarmobileapp.com






app,game လေးရောက်နေပြီဖြစ်ပါတယ်။

Appsync For iOS 7 ကြောင့်ဖြစ်တဲ့ stock app crash ဖြစ်တဲ့ problem ကိုရှင်းပေးမယ့် “Stock App Crash Fix”

 
 
 
 
 
 
 
 
 
 
 
 
 
 
iOS 7 Jailbreak လုပ်ပြီးတဲ့အခါ Appsync For iOS 7 ကြောင့်ဖြစ်တတ်တဲ့ Stock Apps (Safari/Mail/Calendar etc) တွေဝင်လိုက်ရင် crash ဖြစ်သွားတဲ့ problem ကိုဖြေရှင်းဖို့ အတွက် “Stock App Crash Fix” ဆိုတဲ့ cydia tweak လေးလုပ်ပြီး ကျနော့် repo မှာတင်ပေးထားပါတယ် “Stock App Crash Fix”
Compatibility – Only for iOS 7
Source – http://thethmuswe.myrepospace.com/
၎င်း fix ကို install မလုပ်ခင်မှာ သွင်းပြီးသား “Appsync For iOS 7″ ကို အရင် remove လုပ်ဖို့ အရေးကြီးပါတယ် သူ့ ကို remove လုပ်ပြီးမှသာ “Stock App Crash Fix” ကို install လုပ်ရပါမယ်
“Stock App Crash Fix” ကို install လုပ် reboot ချပြီးရင် “Appsync For iOS 7″ ကိုပြန်သွင်းလို့ ရပါပြီ
crash ဖြစ်သွားတဲ့ App တွေကို ဝင်ကြည့်လိုက်ပါ crash မဖြစ်တော့တာတွေ့ ရပါလိမ့်မည်
အဆင်ပြေသွားပြီဆိုရင် “Stock App Crash Fix” ကို remove ပြန်လုပ်ချင်လုပ် remove မလုပ်ချင်ရင်လည်းရပါတယ်
PS: Safari Crash က Appsync For iOS 7 ကြောင့်လည်းဖြစ်တတ်သလို iOS 7 အတွက် update မထွက်သေးတဲ့ Safari Download Manager တို့  Safari Upload Enabler တို့  ကိုသွင်းထားမိရင်လည်းဖြစ်တတ်ပါတယ်
Myanmar Mobile Users များအားအစဉ်လေးစားလျက်
Thet Hmu Swe

ပန်းသီးတွေမှာ Mobile Terminal ကိုအသုံးပြုနည်း (ပထမပိုင်း)


image

ကျနော်တို့ ပန်းသီးယူဇာတွေ ထောင်ဖောက်ပြီးရင် ကလိဖို့ရွေးချယ်စရာ cydia tweak တွေအများကြီးရှိပါတယ် အဲ့ဒီ tweak တွေအနက် command line utilitiy တစ်ခုဖြစ်တဲ့ “Mobile Terminal” ဆိုတဲ့ cydia tweak ဟာ တော်တော်အသုံးဝင်တယ်လို့ပြောလို့ရပါတယ် OS X က Terminal လိုမျိုးပါပဲ command lines အသုံးပြုရတယ်ဆိုပေမယ့် end-user တွေအတွက်ပါ useful ဖြစ်ပါတယ်
Mobile Terminal ကိုအသုံးပြုပြီး မိမိ iDevice ကို respring, reboot ပြုလုပ်တာကစပြီး cydia tweak (deb) development အထိလုပ်ဆောင်နိုင်ပါတယ် ဒီ tutorial မှာတော့ အသုံးဝင်ဆုံး command lines တွေကိုပဲဖော်ပြပေးသွားပါမယ်
“Mobile Terminal” cydia tweak ကို repo တော်တော်များများမှာ FREE ရယူနိုင်ပါတယ် Mobile Terminal ကို install လုပ်ပြီးပြီဆိုရင် SpringBoard ပေါ်က Terminal ကိုဖွင့် ပထမဆုံး su လို့ရိုက်ထည့်ပါမယ် ပြီးရင် return ကိုနှိပ်ပြီး password အတွက် alpine ကိုရိုက်ထည့်ပေးရပါမယ် (alpine က default root password ဖြစ်ပါတယ် password အသစ်ပြောင်းချင်တယ်ဆိုရင်လည်း alpine ရိုက်ထည့်ပြီး root access ရတဲ့အခါ Terminal မှာ passwd ကိုရိုက်ထည့်ပြီး password အသစ် change လို့ရပါတယ်)
terminal
Password အတွက် alpine ကိုရိုက်ထည့်ပြီး return ကိုနှိပ်ပြီးပြီဆိုရင် root access ကိုရပါပြီ ကဲ အသုံးဝင်တဲ့ commnad lines တွေကိုလေ့လာကြည့်ရအောင်
To respiring your iDevice, type “killall SpringBoard” without quotes and click return.
To reboot your iDevice, type “reboot” without quotes and click return.
To refresh cydia changes, type “apt-get update” without quotes and click return.
(apt-get update သုံးပြီး cydia refresh လုပ်တာဟာဆိုရင်ဖြင့် Cydia>>Changes>>Refresh လုပ်တာထက်စာရင် အချိန်တော်တော်လေး သက်သာပါတယ်) To install a cydia application, type “apt-get install Package ID” without quotes and click return. (Package ID မှာ သက်ဆိုင်ရာ cydia applications တွေရဲ့ Package ID ကိုရိုက်ထည့်ပေးရမှာပါ ဥပမာ Cydia က ModMyi Repo မှာရှိတဲ့ BytaFont 2 ကို install လုပ်ချင်တယ်ဆိုရင် apt-get install com.bytafont.bytafont2 လို့ရိုက်ပေးရမှာဖြစ်ပြီး တစ်ခြား repo တစ်ခုကနေ install လုပ်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ repo က BytaFont 2 ရဲ့ Package ID ကိုရိုက်ထည့်ပေးရမှာပါ repo တွေမှာ host လုပ်ထားတဲ့ package တွေရဲ့ ID က တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး အရမ်း specific ဖြစ်ပါတယ် Package ID ကို Cydia က ကိုယ် install လုပ်မယ့် cydia application ရဲ့ page အောက်ခြေမှာ တွေ့နိုင်ပါတယ်)
To uninstall/remove a cydia application, type “apt-get uninstall/remove Package ID” without quotes and click return.
ကျန်တဲ့ command lines များ ကို ပန်းသီးတွေမှာ Mobile Terminal အသုံးပြုနည်း (ဒုတိယပိုင်း) မှာဆက်လက်ဖော်ပြပေးသွားပါမယ်
Myanmar Mobile Users များအားအစဉ်လေးစားလျက်
Thet Hmu Swe

website တွင် download ဆွဲလိုသော ipa များအား မိမိ IOS devices မှ တိုက်ရိုက် download and install လုပ်နည်း အဆင့်ဆင့်

ဒီကောင်လေးကတော့ အားလုံးနဲ့ အဆင်ပြေတဲ့နည်းလေးပါခင်ဗျာ…..
ကျွန်တော်တို့ ယခင်က မိမိ လိုချင်သော ဖိုင်ကို ဒေါင်းလုပ်ဆွဲရာတွင် safari မှာ safari download manager ကို သုံးပြီး အလွယ်တကူ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ယခု ios 7 တွင် safari download manager အဆင်မပြေသေးပါ။ ထို့ကြောင့် အလွယ်တကူ download and install လုပ်နိုင်ရန် ဤနည်းကို share လိုက်ပါသည် ခင်ဗျားးးး
လိုအပ်သောဖိုင်များ
1.    maxthon browser ( app store မှ ဒေါင်းလုပ်ပါ။ free ပေးပါတယ်။  သိုမဟုတ့် ဒေါင်းလုပ်
         အခက်အခဲ ရှိပါက  အောက်ကလင့်ကနေ ipa ယူနိုင်ပါတယ်ခင်ဗျား )
2.    crack app and games သွင်းဖို့အတွက်   Appsync 7+ ကို install ထားပါ ။ မရှိသေးရင်
       ( cydia.myrepospace.com/kyawzinthet) မှ install ပါ။
3.   App Center ( မရှိသေးပါက  အောက်ပါလင့်မှ  ipa ဖိုင်ကို install ပါ။)
      For Ipad
      ( Vshare ရှိလဲရပါသည် . vshare ရှိပါက အဆင့် (၈) တွင် vshare ကိုရွေးပေးလိုက်ပါ ။ ဒေါင်းလုပ်
ဖိုင်ကိုမပြပါ…  direct install လုပ်သွားပါသည်၊ တစ်ခါတစ်လေ install မလုပ်ပါ (၂) ခါ(၃) ခါ
ပြန်လုပ်မှ ရပါသည်)  ထို့ကြောင့်  tongbu ကို recommend ပေးပါသည်
ဒီ ၃ ခုရှိတာနဲ့ အဆင်ပြေပါပြီဗျာ… 
အောက်ပါအဆင့်အလိုက် လုပ်သွားပါခင်ဗျား
 ၁။      maxthon browser ကိုဖွင့်ပါ။ မိမိဒေါင်းလိုသော file link အား ဖွင့်ပြီး၊ download နှိပ်ပါ။
 (ပုံတွင်ကြည့်ပါ)     ဥပမာ  ကျွန်တော် mmas က application  ဖိုင်တစ်ဖိုင်၏ download page
 http://www.myanmarmobileapp.com/2013/10/05/ifunface-pro-create-funny-hd-videos-from-photos-fun-face-for-iphone-ipad-and-ipod-21mb/ ) အား အောက်ပါအတိုင်းဖွင့်လိုက်ပါသည်။
၂။    ဒေါင်းလုပ်မလားလို့ မေးရင် download လုပ်ပါ။  (ပုံတွင်ကြည့်ပါ)
၃။   download နှိပ်ပြီးပါက  download  percentage  အား ကြည့်နိုင်ရန် အတွက် maxthon browser ၏ ညာဘက်အောက်ဒေါင့် မျဉ်း ၃ ကြောင်း ပြထားသော နေရာအားနှိပ်ပါ (ပုံတွင်ကြည့်ပါ)
၎။   page တစ်ခုပေါ်လာလိမ့်မည်။ ပေါ်လာသော page မှ  အောက်ကို မြှားစိုက်နေသောပုံအား နှိပ်လိုက်ပါ ။ (ပုံတွင်ကြည့်ပါ)
၅။   ပေါ်လာတော့ page တွင် မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်အား downloading ပြနေလိမ့်မည်။
      ဒီအဆင့်တွင် သတိထားရန် ( ဒေါင်းလုပ်ဆွဲနေပါက maxthon အား ဖွင့်ထားပါ။ home ဖြင့် မထွက်ပါ
      နဲ့။  မိမိ download ဆွဲနေသော ဖိုင်သည် home ဖြင့် ထွက်လိုက်သည်နှင့် pause ဖြစ်သွားလိမ့်မည်)
      (ပုံတွင်ကြည့်ပါ)
၆။   ဒေါင်းလုပ်ပြီးပါက မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်၏ ဘေးတွင် အမှန်ခြစ် ပြနေလိမ့်မည်။
      (ပုံတွင်ကြည့်ပါ)
၇။   မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်သည် အမှန်ခြစ်ပြနေပါက ထိုဖိုင်အား နှိပ်လိုက်ပါ။
      page နောက်တစ်ခုသို့ရောက်သွားပါလိမ့်မည်. ပေါ်လာသော page မှ ညာဘက်အပေါ်ဒေါင့်မှာ ရှိတဲ့
      မြှားအပေါ်ကိုပြနေတာကို နှိပ်ပါ။  (ပုံတွင်ကြည့်ပါ)
၈။  ပေါ်လာသော page မှ  အောက်ပါပုံတွင် မြှားပြထားသော open in ကို နှိပ်ပါ။ (ပုံတွင်ကြည့်ပါ)
၉။     နှိပ်ပြီးပါက tong bu app အား သွားရောက်ဖွင့်နေပြီး အောက်ပါပုံတွင် ပြထားသလို မိမိ ဒေါင်းလုပ်
        လုပ်ထားသော application အား ပုံနှင့်တကွ တွေ့နေလိမ့်မည်။ ဒေါင်းလုပ် လုပ်ထားသော
         application အား  install လုပ်ချင်ပါက  ပုံတွင် မြှားပြထားသော တရုတ်စာအား နှိပ်လိုက်ပါ။
        နှိပ်ပြီးပါက home screen တွင် မိမိ download and install ထားသော app အား ဝမ်းမြောက်
       ဖွယ်ရာ မြင်တွေ့ရပါပြီ။။
       သတိမှတ်ရန်  (  မိမိ  download and install  လုပ်ချင်တော application သည် ios 7 တွင်
                            support လုပ်/ မလုပ် ဦးစွာ စစ်ဆေးသင့်ပါသည် )
မိမိ download လုပ်ပြီး install လုပ်ချင်တော့ app အား IDevices တစ်ခုတည်းမှ အဆင်ပြေစွာ install လုပ်ပြီး ဖြစ်ပါကြောင်း
Thanks to Kyaw Zin Thet (MMUG)

IOS 7 lock screen မှ မိမိ အသုံးများသော app သို့ တိုက်ရိုက်သွားနိုင်ရန်




tweak name  :   jellylock7
sources        :   bigboss,  cydia.myrepospace.com/kyawzinthet
compatible   :   ios7+
file size        :  145 KBs.

အသုံးဝင်ပုံ

IOS 7 lock screen မှ မိမိ အသုံးများသော application များသို့ တိုက်ရိုက်အသုံးပြုနိုင်သော shortcut ပြုလုပ်ထားနိုင်ပါသည်။ အများဆုံး ၅ ခု ထားနိုင်ပါသည်။

အသုံးပြုနည်း

၁။  cydia မှ jellylock7 ကိုဒေါင်းပါ
၂။  setting >> jellylock7 >> app shortcuts တွင် #1, #2, #3, #4, #5 နေရာတွင် မိမိ shortcut
ထားချင်သော application များအား တစ်ခုချင်းစီ select လုပ်ထားပါ။ ( ပုံတင်ကြည့်ပါ.)



၃။  respring လုပ်ပါ။
၎။  home screen တက်လာသည်နှင့် မိမိ select လုပ်ထားသော application များသည် အလည်အဝိုင်း
ကို ဖိပြီး တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်သည်။


cydia မှ ယူရန် အဆင်မပြေသူများ အောက်ပါလင့်တွင် .deb ဖိုင်ဖြင့် ရယူနိုင်ပါသည်။ 
.deb  ကို မိမိ device သို့ မသွင်းတတ်သေးသော ဘော်ဒါများအတွက် 
ဘော်ဒါများအဆင်ပြေပါစေ..
thanks all,    KZT (mmug)

PPTV တွင် အရည်သွေးမြင့် VIP movies များကို ကြည့်ရှုနည်း (for iOS)

ရုပ်ရှင်နှစ်သက်သူတိုင်း အတွက် နောက်ဆုံးထွက် ရုပ်ရှင်များအပြင် တီဗီစီးရီးများကိုပါ ကြည့်ရှုနိုင်အောင် ပြသပေးနေတဲ့ တရုပ် application တစ်ခုဖြစ်သော PPTV App လေးကို ရင်နှီးပြီသား ဖြစ်ကြပါလိမ့်မယ်။

AppStore မှာ "Free" အနေနှင့် ရယူနိုင်ပြီး ပုံမှန်အားဖြင့် ရုပ်ရှင် တော်တော်များများကို Free ကြည့်ရှုနိုင်ပါတယ်။ အရည်အသွေးမြင့် HD, Blu-ray ဇာတ်ကားများ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ Documentary များ၊ နည်းပညာ သင်ခန်းစာများ ကိုတော့ "VIP" section အဖြစ် ခွဲခြား သတ်မှတ်ထားပါတယ်။ "VIP" member အဖြစ် ဝယ်ယူမှသာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်..

ယခုနည်းလေးကတော့ "VIP" member အဖြစ်နဲ့ VIP section ထဲက movies များကို ကြည့်ရှုနိုင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။

Requirements:
  - Jailbrake
  - iFile (or) iFunBox (or) iTools

Downloads:
  >> PPTV App
  >> PPTV (VIP)@moethagyar.info.rar

>>လုပ်ငန်းစဉ်<<

  ၁) ပထမဦးစွာ "http://www.pptv.com" သို့ PC မှ ဖြစ်စေ iDevice မှ ဖြစ်စေ ဝင်ရောက်ပြီး SignUp/Register လုပ်ပါ။
     (Chrome Browser ကိုသုံး၍ Translate လုပ်နိုင်ပါသည်)

  ၂) iDevice ၏ AppStore မှနေ၍ "PPTV" App ကို Free download ရယူပါ။

  ၃) iDevice တွင် "PPTV" App ကို ဖွင့်ပြီး SignIn ဝင်ပါ။





  ၄) ထို့နောက် App ကို ပိတ်လိုက်ပါ။ (Multitesk ထဲမှာပါ ဝင်ပိတ်ပါ)

  ၅) Download ပေးထားသော "PPTV(VIP)@moethagyar.info.rar" ကို ဖြည်ပါ။
     Folder ထဲတွင် ("PPTV.dylib" နှင့် "PPTV.plist") file နှစ်ခုကို တွေ့ရပါမည်။

  ၆) iFile, iFunBox, iTools တစ်ခုခုကို အသုံးပြု၍
     "library/MobileSubstrate/DynamicLIbraries" လမ်းကြောင်းထဲသို့ Copy/Paste နှင့် ထည့်ပါ။

      
  • iFile View


      
  • iFunBox View



  ၇) Device ကို Reboot လုပ်ပါ။

PPTV App ကိုဖွင့်ပြီး SingIn ဝင်လိုက်တာနှင့် မိမိ၏ account တွင် VIP အဖြစ် ဖော်ပြနေပါလိမ့်မည်။


အခုဆိုရင် VIP video များကို အတားအဆီးမရှိ ကြည့်ရှုနိုင်သွားပါပြီ...


PPTV ကို WiFi အသုံးပြု၍ အခြားမည်သည့် Device မှ ကြားရန်ခံမလိုပဲ Smart TV ပေါ်သို့လည်း တိုက်ရိုက် ထုတ်ယူ ကြည့်ရှုနိုင်ပါသည်။


အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..




Credit to : ******


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...


မိုးသိကြား

Cydia Crash အတွက် နောက်ထပ် ဖြေရှင်းနည်းသစ် (for iOS)


အကြောင်းအမျိုးမျိုးကြောင့် Jailbreak လုပ်ထားသော iDevice များတွင် "Cydia" ပျောက်ဆုံးသွားခြင်း၊ ဝင်၍မရတော့ခြင်းများကို ဖြေရှင်းရန်အတွက် နောက်ထပ်နည်းလမ်း အသစ်တစ်ခု ဖြစ်ပါတယ်..


ယခု Tutorial ကိုရေးသားသူမှာ ကိုဘုန်းမြင့်ဝင်းထွန်း ဖြစ်ပြီး PDF အဖြစ်ဖန်တီးကာ အခက်အခဲဖြစ်နေသူများ အားလုံးတွက် ပြန်လည်ဝေငှနိုင်ရန် ကျွန်တော့်ထံသို့ email မှတစ်ဆင့် ဆက်သွယ်ပေးပို့ထားခြင်းဖြစ်ပါတယ်...


 Download Cydia Crash New solution (PDF)



ယခုတစ်လောမှာ iDevice ကို Jailbreak လုပ်ပြီး (အထူးသဖြင့် iOS 6.1.3 တွင်) Cydia ကို ဖွင့်လိုက်တဲ့ အချိန်မှာ မပွင့်ပဲ ပြန်ပြန်ပိတ်သွားတဲ့ ပြဿနာကို မကြာခဏ ကြုံဆုံနေရတတ်ပါတယ်။ ဒီအခါမှာ Jailbreak ပဲ ပြန်လုပ်ရမလား Cydia ပဲ install ပြန်လုပ်ရမလား စသည်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။

ယခုလို ပြဿနာမျိုးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး တစ်ခုကို တင်ပြပေးလိုက်ပါတယ်...

Download Software

>> Download iExplorer 3.2.3.3
>> Download iFunBox 2.6

ပထမဦးစွာ iExplorer (သို့) iFunBox ကို download လုပ်ပြီး စက်မှာ install လုပ်ပါ။

အဆင့် ၁)
Cydia crash ဖြစ်နေသော iDevice ကို PC နှင့် ချိပ်ဆက်ပြီး iExplorer/iFunBox ကို Run ပါ။

အဆင့် ၂)
" /var/lib/apt/lists " လမ်းကြောင်းကို ရှာသွားပါ။
(မှတ်ချက်။ ။ iFunBox မှာ ဆိုရင် iFunBox Classic Tab ကို သွားပြီး"Raw File System" အောက်မှာ ရှာပါ)



အဆင့် ၃)
"lists" folder ထဲမှ "partial" folder ကို ချန်ခဲ့ပြီး ကျန်ဖိုင်များကို ဖျက်ပစ်ပါ။



အဆင့် ၄)
" /var/lib/dpkg/updates " လမ်းကြောင်းကို ထပ်ရှာသွားပါဦး...

အဆင့် ၅)
"updates" folder ထဲကို စစ်ပါ။ file တွေရှိနေရင် အားလုံး ဖျက်ပစ်လိုက်ပါ။

အဆင့် ၆)
သင့်၏ iDevice ကို Reboot လုပ်ပါ။
ပြန်တက်လာပါက Cydia ကောင်းစွာ ပြန်လည် အလုပ်လုပ်ပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Cydia Icon ကို IOS 7 စတိုင် Cydia Icon ဒီဇိုင်းပြောင်းနည်း


iOS 7 မှာ Jailbreak ရသွားပြီဖြစ်ပေမယ့် Cydia icon ဒီဇိုင်းကတော့ iOS 7 ရဲ့အသွင်အပြင်နဲ့လိုက်ဖက်ညီခြင်းမရှိသေးပါဘူး ။ ဒီတော့ မိမိတို့ရဲ့ Jailbreak လုပ်ထားပြီးသား iPhone/Pad/Pod touch တွေရဲ့ Cydia icon လေးကို iOS 7 flat UI ဒီဇိုင်းနဲ့ Cydia icon လေးအဖြစ်ပြောင်းလဲနည်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းကို iclarified.com မှဖတ်ရှုလုပ်ဆောင်အောင်မြင်ထားတဲ့အတွက် iclarified ကနည်းကိုပဲ Myanmar Mobile App Store ရဲ့ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။ အောက်မှာဆက်လက်ဖတ်ရှုပါ။
ဒီနည်းလမ်းကိုလုပ်ဆောင်၇န်အတွက် မိမိတို့ရဲ့ iDevices သည် Jailbreak လုပ်ပြီးသားဖြစ်ရပါမယ်။
အရင်ဆုံး မိမိတို့ iDevices ရဲ့ Home Screen ပေါ်က Cydia icon ကိုနှိပ်ပြီး Cydia ထဲသို့ဝင်ပါ။

Selection ဆိုတဲ့ Tab ထဲကိုနှိပ်ပြီးဝင်ပါ။

Selection ဆိုတဲ့ List ထဲက System folder ထဲကိုဝင်ပါ။


System folder ထဲကိုရောက်ပြီဆိုရင် iFile ထဲကိုဝင်ပါ။

Screen ရဲ့ညာဘက်ထိပ်ဆုံးနားက Install ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။ ပြီးလျှင် Confirm ကိုနှိပ်၍ install လုပ်လိုက်ပါ။


(အကယ်၍ System folder ထဲက iFile ကို သွင်းရတာအဆင်မပြေဘူးဆိုလျှင် နောက်ထပ် Cydia Source တစ်ခုဖြစ်တဲ့ thethmuswe.myrepospace.com ကို add ပြီး ယင်း repo ထဲကနေလည်း iFile ကိုရယူနိုင်ပါတယ်)
iFile ကို installation လုပ်လို့ပြီးသွားပြီဆိုရင်တော့ Return to Cydia ကိုနှိပ်ပြီးပြန်ထွက်ပါ။


ပြီးလျှင် Home Screen ပေါ်ထိပြန်ထွက်ပြီး Safari Browser ထဲသို့ဝင်ပါ။ ပြီးလျှင် Safari browser ရဲ့ address bar တွင် http://www.iclarified.com/files/cydia/cydia-icon.zip ဟူ၍ ရိုက်ထည့်ပါ။ ပြီးလျှင် keyboard ပေါ်က Go ကိုနှိပ်ပါ။


ညာဘက်ထိပ်ဆုံးနားက Open in iFile ကိုနှိပ်ပါ။


iFile ထဲသို့ရောက်သွားပြီဆိုလျှင် Unarchiever ကိုနှိပ်ပြီး ခုနတုန်းက download လုပ်ခဲ့တဲ့ ဇစ်ဖိုင်လေးကိုဖြည်ပါ။


ဇစ်ဖိုင်ကိုဖြည်လိုက်တဲ့အခါ Cydia Icon All Devices ဆိုတဲ့အမည်နဲ့ Folder လေးတစ်ခုရလာပါတယ်။ ယင်း Folder ထဲသို့ဝင်ပါ။


Edit Button လေးကိုနှိပ်ပြီး Folder ထဲမှာပါတဲ့ icon file တွေအကုန်လုံးကို select လုပ်ပါ။


ညာဘက်ဒေါင့် အောက်ဆုံးနားက ClipBoard ခလုတ်လေးကိုနှိပ်၍ Copy/Link ကိုနှိပ်ပါ။


ပြီးလျှင် လက်ရှိရောက်နေတဲ့ Cydia Icon All Devices folder ထဲကနေ iFile ရဲ့ Main Directory (root (‘/’))ထဲထိရောက်အောင်ပြန်ထွက်ပါ။ Root Directory (root (‘/’)) ထဲကိုရောက်ပြီဆိုရင် Applications ဆိုတဲ့ Folder ထဲကိုဝင်ပါ။ ပြီးရင် Cydia.app ထဲကိုဝင်ပါ။


Cydia.app ထဲကိုရောက်ပြီဆိုလျှင် icon ဖိုင်တွေရှိတဲ့နေရာကို Scroll ဆွဲပါ။ icon ဖိုင်တွေကိုနာမည်ပြင်ရပါမယ်။ ပြင်ရမယ့် icon ဖိုင်တွေကတော့ ပုံထဲမှာပြထားတဲ့အတိုင်း icon-72.png ကနေ iconClassic.png အထိပါ။ ဘယ်လိုပြင်ရမလဲဆိုတော့ icon တစ်ခုချင်းစီရဲ့ဘေးက မြှားတွေထဲကိုဝင်ပြီး icon နာမည်တွေရဲ့နောက်မှာ .bak တွေလိုက်ထည့်ပေးရမှာပါ။ icon ဖိုင်တစ်ခုချင်းစီကိုအဲဒီလိုလိုက်လုပ်ပါ။


ပြီးရင်တော့ ညာဘက်ထိပ်ဆုံးက Edit ခလုတ်ကိုနှိပ်ပြီး ညာဘက်အောက်ခြေနားက ClipBoard ခလုတ်လေးကိုနှိပ်ပါ။ ပြီးရင် Paste ကိုနှိပ်ပါ။ ပြီးလျှင် Done ကိုနှိပ်ပါ။ ဖုန်းကိုပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။


ဖုန်းက ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ Home Screen ပေါ်က Cydia icon နေရာမှာ အခုအသစ်ထည့်ခဲ့တဲ့ iOS 7 စတိုင် Cydia icon လေးနဲ့လန်းနေပြီဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
သက်နိင်စိုး (Myanmar Mobile App Store)
http://www.facebook.com/thetnaing.mmas

Member ၀င်ရန်