Internet for Myanmar : Powered by KK

Showing posts with label Windows Error အဖြေရှာမယ်. Show all posts
Showing posts with label Windows Error အဖြေရှာမယ်. Show all posts

Windows နဲ့ဆိုင်တဲ့ error တွေကို ဘယ်လိုအဖြေရှာမလဲ

မေးသူအဆင့်မှ ကိုယ်တိုင်ရှာဖွေသူအဆင့်သို့ တက်ကြပါစို့

Computer သုံးသူ user တော်တော်များများက Windows ပဲအသုံးများတဲ့အတွက် Windows နဲ့ဆိုင်တဲ့ error တွေကို ဘယ်လိုအဖြေရှာမလဲဆိုတဲ့ အကြောင်းလေး မမိုးရေးပေးလိုက်ပါတယ်။



group တွေမှာ အမြဲတမ်း တွေ့နေရတယ်။ error ပုံတွေနဲ့ပေါ့။ ဖြေတဲ့သူတွေလဲ ဖြေပေးကြပါတယ်။ ဒါပေမယ့်ပေါ့... မေးတဲ့အဆင့်ကနေ ကိုယ်တိုင်ရှာဖွေနိုင်တဲ့သူတွေ အဖြစ် တဆင့် တက်စေလိုသော စေတနာဖြင့် ဤပို့စ်အား ရေးသားလိုက်ရပါသည်။



Internet သုံးနိုင်ပြီး၊ Computer ကိုလဲ အနည်းငယ်သုံးတတ်ပြီဆိုရင် မိမိComputerရဲ့ error တွေကို ကိုယ်တိုင် အဖြေရှာနိုင်ဖို့ အင်္ဂလိပ်စာတော့ အနည်းငယ်တတ်ရမယ်နော်။ အများကြီးမလိုဘူးနော်။ စပြီးရှာရအောင်။ Comment ပေးလာတဲ့ error ကို notepad ဖွင့်ပြီး သေချာစွာရိုက်ပါ။ ပြီးရင် Browser ဖွင့်ပြီး www.google.co.uk (ဒါက မမိုးသုံးနေကျမို့ထည့်လိုက်တာနော် www.google.com နဲ့ အတူတူပါပဲ)ကိုရိုက်ပြီး Enter နှိပ်လိုက်ပါ။ Google Search Box တွင် ခုဏnotepad တွင်ရိုက်ထားသော စာများအား copy ကူးပြီး paste လုပ်လိုက်ပါ၊ ပြီးရင် Enter နှိပ်ပါ။ သက်ဆိုင်ရာ website link တွေ အများကြီးကျလာပါလိမ့်မယ်။ အပေါ်ဆုံးတခုကို Right Click >> New Tab နဲ့ ဖွင့်လိုက်ပါ။ Forum တွေထဲမှာ ဖြေထားတာကို မကြည့်နဲ့အုံး။ အောက်က comment တွေကို အရင်ဖတ်ပါ။ အဆင်ပြေသည်မပြေသည်ကို ပေးထားကြပါတယ်။ အဆင်ပြေတယ်ဆိုရင်တော့ အဲအဖြေအတိုင်း ကြိုးစားကြည့်ရုံပေါ့။ ကဲ ဒီတခုအဆင်မပြေဘူးဆိုရင် ခုဏ Website link အောက်က နောက် site တစ်ခုကို Right Click >> New Tab နဲ့ ထပ်ဖွင့်ပြီး ယခင်နည်းအတိုင်း စုံစမ်းပေါ့။ ဒီလိုပဲ ကြိုးစားကြည့်ရင်း တဖြည်းဖြည်းနဲ့ google ကို အသုံးတတ်သွားသလို၊ ကိုယ်တိုင်ရှာဖွေနိုင်လာသလို မိမိ computer ရဲ့ error တွေကို ကိုယ်တိုင် ဖြေရှင်းလာနိုင်တာပေါ့။ ကိုယ်တိုင်ရတဲ့ အဖြေက ပီတိဘယ်လောက်ရလဲ ဆိုတာ စမ်းကြည့်ကြရအောင်နော်။





လက်ရှိ နည်းပညာအသိထက် တဆင့် တိုးတက်ကြပါစေ





Credit - မိုး (နည်းပညာများ)

Member ၀င်ရန်