Internet for Myanmar : Powered by KK

Showing posts with label Bluestacks Root. Show all posts
Showing posts with label Bluestacks Root. Show all posts

Bluestacks App Player Beta 1 ကို Root လုပ်ပြီးတော့ မြန်မာစာထည့်မယ်။




မင်္ဂလာပါဗျာ.. ဒါကတော့ ကွန်ပျူတာမှာ Android ဖုန်းတစ်လုံးကဲ့သို့ အသုံးပြုလို့ရတဲ့ဆော့ဝဲလ်လေးပါ..
သိတဲ့သူလည်း သိပြီးသားဖြစ်မှာပါ Bluestacks ဆိုတဲ့ဆော့ဝဲလ်လေးပါ .. ကျွန်တော်ရေးပေးမှာကတော့ ဒီဆော့ဝဲလ်လေးကို မြန်မာလိုဖတ်လို့ရေးလို့ရဖို့ Root လုပ်တဲ့နည်းလမ်းလေးပါ.. သိပြီးသားသူများရှိရင် ကျော်သွားလိုက်ပါနော်.. မသိသေးသောသူတွေအတွက်ရည်ရွယ်ပါတယ်။

လိုအပ်တာတွေကို အရင်ဒေါင်းလိုက်ပါ ( Zippyshare ::: Miloshare ::: TusFiles  )

ဒေါင်းပြီးသွားရင် ဖွင့်လိုက်ပါ အထဲမှာ Bluestacks install မလုပ်ရသေးမယ် install လုပ်လိုက်ပါ။ လုပ်ပြီးသားသူများကတော့ MoeNyoThar Bluestacks ဆိုတဲ့ဖိုင်ကို Desktop ပေါ်ကိုတင်လိုက်ပါ။
နောက်ပြီးတော့ MoeNyoThar Bluestacks ဖိုင်ကိုဖွင့်ပါ .. အထဲမှာ BSMultiTool ဆိုတဲ့ဖိုင်ကိုထပ်တွေ့ရမှာဖြစ်ပြီး BSMultiTool ဖိုင်လိုက်ကိုပါ Desktop ပေါ်မှာ ထားပေးပါ
ပြီးသွားရင် BSMultiTool ကိုဖွင့်ပြီးတော့ BSMultiTool.exe ကို Double Click ခေါက်ပြီး Runလိုက်ပါ။ အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်




တက်လာပြီဆိုရင် ဘာမှစဉ်းစားမနေပါနဲ့ 1 ကိုသာနှိပ်ပေးလိုက်ပါ .. သူ့ဘာသာ အလုပ်သွားပါလိမ့်မယ် ပြီးသွားပြီဆိုရင် အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ် Q ကိုနှိပ်ပြီးထွက်လိုက်ပါ..




ကဲအခုဆိုရင် Bluestacks မှာ Root လို့ပြီးပါပြီ။။ Superuser ခေါင်းပြတ်ကလေးနဲ့ လန်းနေပါပြီ..



မြန်မာဖောင့် ရဖို့ကတော့ MM Aio font changer ကိုသုံးလိုက်ပါ အထဲမှာထည့်ပေးထားပါတယ် Right click ခေါက်ပြီး Open With နဲ့ဖွင့်ပါ.. Bluestack နဲ့ရွေးပေးလိုက်ရင် Bluestacks မှာ install လုပ်ပြီးသားတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းမှာလုပ်သလိုပါပဲ ဖွင့်ပြီးတော့ Superuser တောင်းလာရင် Allow ပေးပြီး 4.3 နဲ့ install လုပ်ပါ ပြီးသွားရင် Bluestacks ပိတ်သွားပါလိမ့်မယ် ပြန်ဖွင့်လိုက်ပါ ပြန်တက်လာရင် မြန်မာစာကို ကောင်းစွာမြင်ရပြီဖြစ်ပါတယ်။



ကီးဘုတ်ကိုတော့ထုံးစံအတိုင်း Setting မှာသွားရွေးပေးပါ ။.. အကယ်၍စာရေးဖို့ ကီးဘုတ်တက်မလာရင် အောက်ပါအတိုင်းလုပ်လိုက်ပါ..






ကီးဘုတ်ပုံလေးကို နှိပ်ပါ



ပြီးရင် Use physical Keyboard ဆိုတဲ့နေရာက ON ကို ကလစ်နှိပ်ပြီး OFF ပေးလိုက်ပါ ကီးဘုတ်တက်လာပါလိမ့်မယ်..



အားလုံးပဲအဆင်ပြေကြပါစေဗျာ..

အဆင်မပြေတာရှိရင် Comment ပေးခဲ့ပါဗျာ။

Member ၀င်ရန်