မြန်မာတွေရေးတဲ့ iOS Game လေးတွေ
ငထက်ပြားgameလို့ ပြောလိုက်ရင် မြန်မာမှု့အပြည့်အဝနဲ့ design လုပ်ထားတဲ့ iOS Game လေးဆိုတာ တော်တော်များများသိကြပါတယ်။ တကယ်တမ်း သတိမထားမိကြလို့ပါ။ ဒီငထက်ပြားရေးဆွဲခဲ့တဲ့ Rival Edge Pte Ltd စင်္ကပူအခြေစိုက်အဖွဲလေးကပဲ ငထက်ပြား game ၂ခု အပါအဝင် iOS Games တော်တော်များများကိုထုတ်ခဲ့ဘူးပါတယ်။ ဒီ Rival Edge ကို Ko Aung Sithu Kyaw နဲ့ Ko Thet Naing Swe တို့ကနေ့ Unity ကိုအသုံးချပြီး ရေးဆွဲခဲ့ကြတယ်လို့ဆိုပါတယ်။ Unity ဆိုတော့ Cross Platform ပါ။ Android, iOS, Web အားလုံးမှာ တပြိုင်တည်း အသုံးပြုလို့ရအောင် ရေးဆွဲလို့ရပါတယ်။ ဒါကြောင့် ၂၀၁၂ထဲမှာထွက်ခဲ့တဲ့ ငထက်ပြားဟာ Android မှာ လည်း android version အနေနဲ့ ရှိပါတယ်။ သူတို့ရေးဆွဲခဲ့တဲ့ game တွေထဲမှာ Candy Pop Saga ဆိုတဲ့ game လေးလဲပါတယ်။ ဒါဟာ အများသိကြတဲ့ iOS Game Candy Style လေးပါ။ ကမ္ဘာကျော် game တွေကိုတော့ မမှိပေမယ့် ကြိုးစားပြီးရေးထားကြပါတယ်။ iOS Game အားလုံးလည်း App Store မှာ Free ရရှိနိုင်ပါတယ်။ တခြားနံမည်ကြီး Game တွေနဲ့ မယှဉ်နိုင်ပေမယ့် မြန်မာတွေရေးထားတဲ့ game ဆိုတဲ့ အသိလေးနဲ့ အားပေးလိုက်ကြပါဦး။ ။
No comments:
Post a Comment