Internet for Myanmar : Powered by KK

လိုချင်တာ , သိချင်တာကို အလွယ်တကူရှာဖွေနည်း



မင်္ဂလာပါ..... လာရောက်လည်ပတ် အားပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်....:)
မသိတာ , မရှိတာလေးတွေကို C-box မှာ ရေးပြီး မေးနိုင် တောင်းဆိုနိုင်ပါတယ် .... သိတာရှိရင် ပြန်ဖြေပေးနိုင်သလို (မသိတာ ဆိုရင်တော့ ဟီးးးးးး ဆောရီးပေါ့ဗျာ)  မရှိသေးတဲ့ (သို့) Link သေသွားတဲ့ Software တွေကို ဘေးက C-box မှာ(သို့) Comment မှာ ရေးပြီး အသိပေးသွားနိုင်ပါတယ် သိတာနဲ့ ပြန်တင်ပေးထားပါ့မယ် ...

(Software တွေတောင်းဆိုတဲ့ နေရာမှာ Software နာမည်အပြည့်အစုံ Version အတိအကျ ဘယ်နေရာမှာ အသုံးပြုဖို့ ဆိုတာလေးတွေ ပြည့်စုံအောင် ရေးသားပြီး တောင်းဆိုပေးစေချင်ပါတယ် ...:)


  ( ရှိရင်,အဆင်ပြေရင် ချက်ချင်း တင်ပေးပါတယ်... အဆင်မပြေရင်တော့ တစ်ရက်နှစ်ရက် အချိန်ပေးရပါတယ် )
 အဲ့ဒီလို Software တစ်ခုကို မတောင်းဆိုသေးခင် ...  C-box အောက်က Search box လေးထဲမှာ အရင်ဆုံး မိမိ သိချင်တဲ့ အကြောင်းအရာ , Software နာမည်လေး တစ်လုံးစ နှစ်လုံးစ ရေးပြီး ရှာကြည့်ပါဦး ....

Software တောင်းဆိုသူ တော်တော်များများဟာ သေချာ ရှာမကြည့်ကြပဲ ဆက်တိုက်ဆိုသလိုတောင်းဆိုနေကြလို့ပါ.... ပြန်မဖြေပြန်ရင်လည်း တစ်မျိုးထင်သွားမှာကြောင့် ပြန်ဖြေပေးနေရတာလဲ အလုပ်တစ်ခုလိုဖြစ်နေပါတယ်..။ တကယ်တမ်း လူသုံးများတဲ့ Softwareတော်တော်များများကို နောက်ဆုံး Update တွေကိုမှ ရွေးပြီး အမြဲတမ်းသုံးလို့လည်းရအောင် Keygen , Patch , Serial , Crack အပြည့်အစုံနဲ့ လိုအပ်သူများ အလွယ်တကူ ဒေါင်းလို့ရအောင် တင်ပေးထားပါတယ် ..။
တနေ့ တနေ့ C-box ကိုကြည့်လိုက်ရင် ရှိပြီးသားတွေပဲ တောင်းဆိုနေကြလို့ ဒီပို့စ် ကို တင်ပေးရခြင်းပါ...။
 Software တစ်ခု Free ရဖို့ဆိုတာ မလွယ်ပါဘူး အချိန်တွေ အများကြီးပေးရပါတယ် ... အလွယ်တကူရလာပြန်တော့လဲ အမြဲတမ်းသုံးဖို့ အတွက်, စက်မှာ Run နိုင်ဖို့အတွက်  Keygen , Patch , Serial Key , Crack  စ,တာတွေကို အဆင်ပြေအောင် မွှေနှောက် ရှာဖွေရပြန်ပါတယ် ... ဒီကြားထဲ Software ကို စမ်းသပ်ရင်း ဗိုင်းရပ် ပါသွားလို့ Window ပြန်တင်ရတဲ့အထိလည်းဖြစ်တတ်ပါသေးတယ်.... စမ်းကြည့်လို့ အဆင်ပြေပြီ ဆိုရင်.... တခါ အားလုံးဒေါင်းယူနိုင်ဖို့အတွက်  Upload ပြန်တင်ပေးရပါတယ်.... ဖိုင်လ်ဆိုက်ဒ်သေးရင်တော့ ခဏပေါ့လေ.... တချို့ Software တွေကျတော့ ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ အတွက် အချိန်ပေးပြီး တင်ရပါတယ်... ကျနော့ရဲ့ မျှဝေဖေါ် မျှဝေဘက် ကိုလတ်(ကျွဲဆင်း) ဆိုရင် ဟိုနေ့က  Roxio Creator 2012 Pro ကို C-box မှာအော်သွားလို့ 1GB  ကျော်ရှိတဲ့ Software ကို ဒေါင်းယူပြီး စမ်းသပ် ... ပြီးတော့ Upload ပြန်တင်ပေးတာ နှစ်ည နဲ့ တစ်ရက်တောင် အချိန်ပေးလိုက်ရပါတယ်....:)
ဒီလောက်ဆိုရင် အားလုံး နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်မျာ.....။

လိုချင်တဲ့ Software , သိချင်တဲ့ အကြောင်းအရာလေးတွေကို Search Box မှာ  ရေးပြီး  အရင်ဆုံးရှာကြည့်ပေးကြပါလို့ ထပ်ပြီး မေတ္တာရပ်ခံပါရစေ....:)
ဥပမာ အောက်ကပုံထဲကလို  IDM လို့ရေးပြီး အနီရောင်မျှားပြထားတဲ့  Search ကို နှိပ်လိုက်ပါ...


 IDM နဲ့ ပါတ်သက်ပြီး နီးစပ်တာလေးတွေဟာ New Tab မှာ ခုလို ထွက်လာပါလိမ့်မယ် သိချင်တာ , ရှာနေတာကို (နီးစပ်ရာ)Click လိုက်ရုံပါပဲ....




အောက်နားက နံပါတ်  1 2 3 4 5 6 7 8 9 10 တွေကိုနှိပ်ပြီး IDM နဲ့ ပါတ်သတ်တာတွေ ဆက်ရှာနိုင်ပါတယ်..။


 ဒေါင်းမရဘူး , ဒေါင်းလော့ Link ရှာမတွေ့ဘူးချည်းပြောနေကြတဲ့ သူငယ်ချင်းများကတော့ ကျေးဇူးပြုပြီး ဒီမှာဖတ်ပေးပါ.. ဒေါင်းရတာ လုံးဝ အဆင်ပြေသွားစေရပါ့မယ်.....:)

No comments:

Member ၀င်ရန်