
Cbox မှာ တောင်းထားတဲ့ naymawin နဲ့ အခြား လိုအပ်သူတွေ ရအောင် Galaxy Mega 5.8 GT-I9152 ကို Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်..
ကွန်ပျူတာမှာ Driver တင်ထားဖို့ မပြောတော့ပါဘူး..
ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ထားဖို့ မမေ့ဘူးမဟုတ်လား.. ဒါဆို စရအောင်..
အောက်ကလင့်မှာ ဖိုင် ၂ ခု ဒေါင်းလိုက်ပါ..
1. Download Odin3 v3.07
2. Download I9152-JB_4.2.2-boot.tar
-
ရပြီဆိုရင် Odin ကို ဖြည်ပြီး Run လိုက်ပါ..
ဖုန်းကို ပါဝါပိတ်ပြီး Vol Down + Home + Power တွဲနှိပ်ပြီး Warning တက်လာရင် Volume Up ကိုတစ်ချက်နှိပ်ပြီး Download Mode ဝင်လိုက်ပါ.. ပြီးရင် ဖုန်းနဲ့ကွန်ပျူတာကိုချိတ်လိုက်ပါ..
Odin ရဲ့ဘယ်ဘက်အပေါ်ထောင့်နားက ID:COM ရဲ့အောက်မှာ အရောင်လေးသမ်းလာရင် ဖုန်းကို Odin ကသိပါပြီ..

ဒါဆိုရင် Odin ရဲ့ PDA မှာ ခုနက ဒေါင်းထားတဲ့ I9152-JB_4.2.2-boot.tar ကိုရွေးလိုက်ပါ..
Option အောက်က Auto Reboot နဲ့ F.Reset Time ကို အမှန်ခြစ်ထားခဲ့ပေးပါ..
ပြီးရင် Start ကိုနှိပ်ပေးလိုက်ရင် Root နေတာကိုမြင်ရပါမယ်..
ပြီးသွားရင်တော့ Odin ရဲ့ဘယ်အပေါ်ထောင့်မှာ PASS ဆိုပြီး အစိမ်းရောင်ပြပါလိမ့်မယ်.. Odin ရဲ့ Exit ကိုနှိပ်ထွက်ပြီးကို ဖြုတ်နိုင်ပါပြီ..

ဒါဆိုရင် App Drawer ထဲမှာ SuperUser လေးရောက်နေပြီး မိတ်ဆွေရဲ့ Galaxy Mega 5.8 GT-I9152 ကို Root ခြင်း ပြီးဆုံးပါပြီခင်ဗျာ..
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Source : Form XDA
No comments:
Post a Comment