Internet for Myanmar : Powered by KK

iOS 7 မှာ ကိုယ်လက်မခံချင်တဲ့ phone call နဲ့ massage တွေကို Block ကြမယ်

iPhone ရဲ့ နောက်ဆုံး iOS version ဖြစ်တဲ့ iOS 7 မှာ ကိုယ်လက်မခံချင်တဲ့  phone call နဲ့ massage တွေကို 
ဘာ application မှမသုံးပဲ system မှာပါလာတဲ့ function လေးအသုံးပြုပြီးblock လုပ်တဲ့နည်းလမ်းလေး တင်ပေးလိုက်ပါ တယ်ဗျာ။ သိပြီးသားမိတ်ဆွေအတွက် မရည်ရွယ်ပေမဲ့ မသိသေးတဲ့သူတွေအတွက်တော့ နည်းလမ်းလေးသိသွားအောင်  လို့ပါ။ ရေးသာရေးရပါတယ်။ အောင်ကိုထက် မင်းဟာက ငါတို့ သိပြီးသားပဲအလကားပါလို့အပြောခံရမှာလည်း
 ကြောက်တယ်ဗျ။ေိေိ :D

ကဲစမယ်ဗျာ.........

1 . ပထမဦးဆုံး phone call ကို block မဲ့အကြောင်းစရေးမယ်ဗျာ။ Phone ရဲ့ application ကိုဖွင့်ပြီး Call  Log ကိုနှိပ်လိုက်ပါ။

2 . အဲ့ဒီထဲကမှ ကိုယ် block လုပ်ချင်တဲ့ phone number လေးရဲ့ညာဘက် ဘေးမှာ i ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ ပြီးရင် စာသားတွေပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲကမှ အောက်နားလေးထိကို စွဲချပြီး block this caller  ဆိုတဲ့စာသားလေးကိုရှာလိုက်ပါ။ အောက်ပုံလေးကိုကြည့်ပြီးလေ့လာနိုင်ပါတယ်


3. အဲ့ဒီစာသားလေးကိုနှိပ်ပြီးသွားရင်တော့ ကိုယ်လက်မခံချင်တဲ့ phone number ကို block  လုပ်ချင်းပြီးဆုံးသွားပါပြီ။ 

4. Block လုပ်တာကိုပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းတွေအတိုင်းသွားပြီးတော့ Block this caller ဆိုတဲ့စာသားနေရာ Unblock this caller ဆိုတဲ့စာသားလေးကိုပြန်နှိပ်ပေးလိုက်ရင် unblock လုပ်ခြင်းပြီးဆုံးသွားပါလိမ့်မယ်ဗျာ။

ဒါဆိုရင်တော့ iOS 7 မှာ ကိုယ်မလိုချင်တဲ့ phone number နဲ့ messages တွေကို block လုပ်နိုင်ပြီဖြစ်ပါတယ်ဗျာ။အားလုံးအဆင်ပြေကြပါစေ..........

No comments:

Member ၀င်ရန်