Internet for Myanmar : Powered by KK

Manboker apk new version

ခဲပန်းချီ ဓာတ်ပုံလေးတွေကို မိမိတို့ ဖုန်းထဲကနေ အလွယ်တကူ ဖန်တီးကြမယ်

အခုတစ်လော အသုံးများနေတဲ့ ခဲပန်းချီ ပုံစံလေးတွေကို ဖန်တီးလို့ရတဲ့ Android Manboker APK ဖြစ်ပါတယ်။ အားလုံး တရုတ်စာတွေ ရေးထားပါတယ်။ လူတိုင်း သုံးလို့ အဆင်ပြေပြီး အတော်လန်းပါတယ်။ 

ကိုယ့်ဓာတ်ပုံကို ကင်မရာနဲ့ ရိုက်ယူပြီး လည်းထည့်လို့ ရသလို ရိုက်ပြီးသား ဓာတ်ပုံတွေကိုလည်း ချစ်စရာ ကာတွန်းပုံတွေထဲ ထည့်လို့ရပါတယ်။ ကိုယ့်မျက်နှာကို တစ်ထေရာတည်းတူအောင် ခဲပန်းချီဆွဲပေးပြီး ကိုယ်လုံး အနေထားများကို ကာတွန်းပုံတွေနဲ့ တွဲလို့ရတယ်။ 

မျက်နှာ အနေအထား ရှည်တာ ၊ တိုတာ ၊ ချွန်တာ ၊ ပုတာ ၊ စတာတွေနဲ့ နှုတ်ခမ်းမွေးတွေလည်း ထည့်လို့ရတယ်။ မျက်မှန်လည်း တတ်လို့ရတယ်။ နောက်တစ်ခုက ရည်းစားမရှိသူတွေအတွက် အသုံးဝင်ပါတယ်။ ကောင်မလေးတွေ ၊ ကောင်လေးတွေနဲ့ တွဲပြီးထည့်လို့ရတယ်။ အခုတစ်လော ရည်းစား မရှိသေးတဲ့ အပျိုကြီး လူပျိုကြီးတွေ  ဆော့ဝဲလ်ထဲက ကောင်လေးတွေ ကောင်မလေးတွေနဲ့ အတွဲတွေ လုပ်နေကြပြီနော် ... မြန်မြန်လေး ယူထား ....:P

ဆိုက်က 15.MB ပဲရှိပါတယ်။ ယူထားနော် ... အဆင်ပြေတယ် ကြိုက်တယ်ဆိုရင် လက်ခုပ်သံလေး ကြားချင်တယ်။ အဲ .... မှားလို့ .... ဟီးးးး .... အောက်ကလိပ်စာမှာ ဝင်ယူပါလို့ .... ခိခိ .... 

http://www.malaysiaonlineradiomedia.com/2013/11/blog-post.html

အားလုံး အဆင်ပြေ ကြပါစေဗျာ ။။။။။ 

နဇော်လင်း 
Live Free Online Radio Media (Malaysia) 

No comments:

Member ၀င်ရန်