Internet for Myanmar : Powered by KK

ဟာသ


======
ဟောပြောတဲ့သူက ပြောင်မြောက်တဲ့ ဟာသတစ်ခုကိုပြောလိုက်တယ်... လူတွေ ခွက်ထိုးခွက်လှန်ရယ်ကြတာပေါ့....

နည်းနည်းကြာပြီးတဲ့အခါ ခုနက ဟာသကိုပဲ သူကထပ်ပြောတယ်... ဒီတစ်ခါတော့ လူအနည်းငယ်ကပဲ လိုက်ရယ်ကြတယ်....

သူက ဒီဟာသကိုပဲ နားထောင်တဲ့လူအုပ်ထဲက ရယ်သံလုံးဝထွက်မလာတော့တဲ့အထိ ထပ်ခါထပ်ခါ ထပ်ပြောတယ်...

ပြီးတော့မှ သူပြုံးပြီးပြောတယ်...
"ဟာသပြက်လုံးတစ်ခုထဲကို ထပ်ခါထပ်ခါပြောတဲ့အခါမှာ ခင်ဗျားတို့အတွက် မရယ်ရတော့ဘူးမလား... ဒါနဲ့များတောင် တူညီတဲ့အကြောင်းအရာတစ်ခုထဲအတွက်နဲ့ ဘာလို့ ထပ်ခါထပ်ခါငိုကြွေးနေကြရတာလဲ...."

"အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး ရှေ့ဆက်သွားကြပါစို့"

-နှိုင်းရင့်နွေ

No comments:

Member ၀င်ရန်