၁. Flashtool ကို ဖွင့်လိုက်ပါ။ ၂. မိုးကြိုးပုံလေးနဲ့ icon ကိုနှိပ်လိုက်ပါ။ ၃. box လေး၂ခု တတ်လာရင် Flashmode ဆိုတာလေး ကို ရွေးလိုက်ပါ။ ၄. မိမိ ရေးမဲ့ firmware ဖိုင်ကို C:\Flashtool\firmwares အောက်မှာထည့်ထားကပါမယ်။ မိမိ ရေးမဲ့ ဖုန်းရဲ့ model နံပတ်နဲ့ တိုက်ညီမှု ရှိမရှိကိုစစ်ဆေးပီး ရွေးပေးပါ။ No final verification လေးကို အမှန်ခြစ်လေး ခြစ်ထားပေးပါ။ အကုန်လုံးရွေးပီးရင် Flash ဆိုတာလေးကို နှိပ်ပေးပါ။ ၅. ပီးရင် လိုအပ်တဲ့ဖိုင်တွေကို ပြန်စီဖို့ အချိန်ခဏစောင့်ခိုင်းပါလိမ့်မယ်။ ၆. ဖိုင်တွေ စီတာ ပီးသွားရင် တော့ ဖုန်းနဲ့ PC ကိုချိတ်ဖို့ ( Flashmode ၀င်ဖို့ ) ပြပါလိမ့်မယ်။ Flashmode ၀င်တဲ့ key တွေကိုတော့ ( https://www.facebook.com/notes/sony-mobile-users-group/%E1%80%90%E1%80%90%E1%80%B9-%E1%80%9E%E1%80%B1%E1%80%9C%E1%80%AC%E1%80%80%E1%80%B9-%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%9E%E1%80%B1%E1%80%9C%E1%80%AC%E1%80%80%E1%80%B9-firmware-%E1%80%B1%E1%80%9B%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%82%94-sony-flashmode-key-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/455869464512978 ) မှာကြည့်နိုင်ပါတယ်။ ၇. Flashtool မှာ error တတ်တယ် ဆိုတဲ့ အနီရောင်စာတန်းလေး နဲ့ စာလေးတွေ တတ်လာပါလိမ့်မယ်။ အဲ့စာတန်းလေး တွေ ပေါ်လာရင် ၅စက္ကန့်လောက် ချိတ်ထားလိုက်ပါ။ ခဏကြာမှ ပြန်ဖြုတ်ပီး နံပတ် ( ၂ ) ကအတိုင်း ပြန်လုပ်လိုက်ပါ။ အဲလို မလုပ်ချင်ရင်တော့ flashtool ဖွင့်ပီးတာနဲ့ ဖုန်းကို Flashmode ၀င်ပီးချိတ်ထားလိုက်ပါ။ လိုအပ်တဲ့ drivers ဖိုင်တွေ မရှိတာကြောင့် error တတ်တာ ဖြစ်ပါတယ်။ ၈. flashmode drivers အဆင်ပြေသွားပီ ဆိုရင်တော့ စတင်ပီး firmware ရေးနေပါပီ။ ၉. အစိမ်းရောင် ဘားတန်းလေး အဆုံးထိ ပြည့်သွားပီးတော့ အမဲရောင် box လေးထဲကလို စာ ( ၄ ) ကြောင်းပြရင်တော့ firmware တင်တာ အဆင်ပြေသွားပီ ဖြစ်ပါတယ်။ ဒီအဆင့်ထိ ပီးသွားရင်တော့ firmware ရေးတာ အောင်မြင်သွားပါပီ။
Internet for Myanmar : Powered by KK
Flashtool သုံးပြီး Sony ဖုန်းတွေ firmware ရေးနည်း

Subscribe to:
Post Comments (Atom)

No comments:
Post a Comment