ကျွန်တော်အောင်ကိုထက် နည်းပညာလောကထဲကို www.itstudier.blogspot.com လေးနဲ့ စတင်အခြေခြနေတာ အခုဆိုရင် ခြောက်လ တင်းတင်းပြည့်လာခဲ့ပါပြီ။ ဒီအတောအတွင်းမှာ ကျွန်တော်သိသလောက်နည်းလမ်းလေးတွေနဲ့ တွေ့သမျှ application & software တွေကို ကျွန်တော့် blog လေးကနေ တတ်နိုင်သလောက် ပြန်လည်မျှဝေပေးခဲ့ပါတယ်။
အခုဆိုရင် နည်းပညာ မျှဝေတဲ့ site တွေလည်း တော်တော်များလာတာရယ်၊ ပေါ်ပေါက်လာသမျှ site တွေကလည်း software & application တွေကို မျှဝေတဲ့ site တွေများလာပြီ ဖြစ်ပါတယ်။ ကျွန်တော့်မှာလည်း အားတဲ့အချိန်က အရမ်းနည်းသွားတာရယ်၊ ပြီးတော့ ကိုယ်တက်နေတဲ့သင်တန်းကလည်းရှိနေသေးတော့ ကျွန်တော့်ရဲ့ blog လေးကို အရင်ကလောက် အချိန်ပေးနိုင်တော့မှာမဟုတ်တဲ့အတွက်ကြောင့် software & application ပိုင်းတွေကို ပြန်လည်မျှဝေပေးနိုင်တော့မှာမဟုတ်ပါဘူး။
ကျွန်တော်တက်နေတဲ့ သင်တန်းကလည်း web design ပိုင်းဆိုတော့ ကျွန်တော် developing ပိုင်းတွေကိုပဲ စိတ်ပါတော့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော် developing ပိုင်းကို အချိန်ပေးပြီးလေ့လာနေပါတယ်။ Developing ပိုင်းကိုလေ့လာရင်း တတ်နိုင်သလောက်တွေကို www.itstudier.com လေကနေ ပြန်လည်မျှဝေပေးသွားဖို့ စဉ်းစားထားပါတယ်။
ကျွန်တော်မအားတဲ့အတွက်ကြောင့် ကျွန်တော်အရင်တုန်းက Author လုပ်တဲ့ site တွေမှာ ကျွန်တော်သူတို့အတွက်ဘာမှ မလုပ်ပေးနိုင်ပေမဲ့လည်း ကျွန်တော့်ရဲ့ site လေးကို ဘာမှ ညည်းညူခြင်းမရှိပဲ လာရောက်တင်ပေးနေတဲ့ ကျွန်တော့်ရဲ့ အချစ်ရဆုံး အစ်ကိုတွေဖြစ်တဲ့ ကိုစိုင်းသူ၊ ကိုစပါယ်ရှယ်ဝမ်း ၊ ရန်ကုန်သား တို့ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
အစ်ကိုတို့ရဲ့ site တွေမှာ ကျွန်တော်ဘာမှ မလုပ်ပေးနိုင်တဲ့အတွက်လည်း အများကြီး စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်တော့် blog လောက ကကိုစတင်ဝင်ရောက်လာတုန်းက Author အဖြစ် လိုက်ရေးခဲ့တဲ့ site တွေကတော့ ကျွန်တော့်ကို အခုချိန်ထိ ညီတစ်ယောက်လို blog နဲ့ပတ်သက်သမျှတွေကို သင်ကြားပြသပေးနေတဲ့ အစ်ကိုကြီး ကိုမောင်ပေါက်ရဲ့ (www.maungpauk.org) ၊ ကျွန်တော် အားအကျဆုံး ၊ ကျွန်တော်ကို သူ့အကြောင်းတွေနဲ့ပတ်သက်ပြီး ပြောပြ အားပေးတဲ့ အစ်ကိုကြီး ကိုဝင်းကမ္ဘာကျော်ရဲ့ (www.winkabarkyaw.net) ၊
Blogger တစ်ယောက်ရဲ့ အိပ်မက်ဖြစ်တဲ့ Domain လေးကို လှူခဲ့တဲ့ အောင်ကျော်ခိုင်ရဲ့ (www.aungkyaw.net) ၊ အချင်းချင်း အပြန်အလှန် သူ့ site ငါရေး ငါ့ site သူရေး နဲ့ခင်မင်မှုရရှိခဲ့တဲ့ ကိုစိုင်းသူရဲ့ (www.saithu102.blogspot.com) ၊ ကလေးတစ်ဖက် ၊ မိန်းမတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ သူ့ site အတွက်တောင် အချိန်မပေးနိုင်ပဲ ကျွန်တော့်ဆီမှာလာရောက် မျှဝေပေးနေတဲ့ ချစ်စရာကောင်းတဲ့ မလေးရှား Rapper လေး ကိုစပါယ်ရှယ်ဝမ်းရဲ့ (www.aungzaylatt.net) တွေပဲဖြစ်ပါတယ်။
အားလုံးသော သူငယ်ချင်းတို့တစ်ခုတောင်းဆိုချင်တာက ကျွန်တော်ရဲ့ site လေးနဲ့ ကျွန်တော့်ရဲ့ Fanpage လေးကို ကျွန်တော်ကိုယ်တိုင် မလုပ်နိုင်ပေမဲ့လည်း ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကို အကူညီတောင်းထားတဲ့အတွက်ကြောင့် ကျွန်တော့်ရဲ့ site လေးကို အရင်ကလိုပဲ လာရောက်လေ့လာ အားပေးကြဖို့တောင်ဆိုအပ်ပါတယ်ဗျာ။ အရင်လို အချိန်မပေးနိုင်တော့ပေမဲ့ ကျွန်တော် itstudier နဲ့အတူတူရှိနေအုံးမှာဖြစ်ပါတယ်။ ပြောမဲ့သာပြောရတာပါ ကျွန်တော်ဒီစာကို ရေးပေမဲ့လည်း ကျွန်တော်
ကဘာကောင်မှမဟုတ်တော့ ဘာမှထူးလာမှာမဟုတ်ပါဘူး..
ဒါလေးကတော့ ကျွန်တော် စတင်ပြုလုပ်ထားတဲ့ HTML အကြောင်း vedio tutorial လေးပါဗျာ။ ကျွန်တော် မတောက်တခေါက်လေးနဲ့လုပ်ထားတာဆိုတော့ ပြောသာပြောရတယ် အဆင့်မရှိဘူးလို့တောင်ထင်မိပါတယ်။ ဘာပဲပြောပြောပါ site လေးကို လာရောက်လေ့လာအားပေးကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
http://youtu.be/rBPjZWD4oQk
ကျွန်တော့်ရဲ့ www.itstudier.com နဲ့
Facebook page ဖြစ်တဲ့ https://www.facebook.com/pages/It-Studier/136405539896270 ကိုလည်း ဆက်လက်အားပေးကြဖို့ တောင်းဆိုပါတယ်ဗျာ။
Aung Ko Htet (www.itstudier.com) — with Aung Kyaw Khaing and 3 others.
No comments:
Post a Comment