Internet for Myanmar : Powered by KK
www.e-ayeyarwady News
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်ချက်များနှင့် အညီ တိုင်းဒေသကြီးအတွင်း ပြည်သူတို့အတွက် နည်းပညာအသုံးပြုလူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်လာစေရန် e-Government to e-Society အီလက်ထရွန်နစ် ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှု မှ သည် အီလက်ထရွန်နစ်အခြေခံ လူမှုအသိုင်းအ၀န်းဆီသို့ ဦးတည်ချက်ဖြင့် e-Ayeyarwady Expo 2014 ပြပွဲကြီးကို e-Ayeyarwady နည်းပညာအဖွဲ့အစည်းက ယခု လာမည့် ဖေဖေါ်ဝါရီလ (၂)ရက်နေ့ မှ (၄)ရက်နေ့ အထိ ပုသိမ်မြို့၊ မြို့တော်ခန်းမကြီးတွင် (၃)ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပါမည်။
ပြပွဲတွင် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်မည့် အစိုးရဌာနများ၏ e-Government လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်သော၊ တိုင်းဒေသတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၏ ဒေသထုတ်ကုန်များကို ပြည်တွင်းပြည်ပဈေးကွက်များသို့ ချိတ်ဆက်ရောင်းချနိုင်ရန် ဆောင်ရွက်နေသည့် e-Commerce လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်သော၊ ပညာရေးကဏ္ဍတွင် တက္ကသိုလ်နှင့် အခြေခံပညာသင်ကြားရေးတွင် အထောက်အကူဖြစ်စေရန်ဆောင်ရွက်နေသည့် e-Education, e-Learning များတွင် အသုံးပြုနိုင်သော၊ ခေတ်မှီရုံးသုံးပစ္စည်းများ၊ ရုံးသုံးအီလက်ထရွန်နစ်ပစ္စည်းများ၊ ကွန်ယက်ချိတ်ဆက်မှု၊ ဆက်သွယ်ရေးနည်းစနစ်များနှင့် ပစ္စည်းများ၊ လုံခြုံရေးစနစ်နှင့် ပစ္စည်းများ၊ ပညာရေးသုံးကွန်ပျူတာစနစ်နှင့် ပစ္စည်းများ၊ ကျန်းမာရေးသုံးကွန်ပျူတာစနစ်နှင့် ပစ္စည်းများ၊ အင်တာနက်ပေါ်မှ ကူးသန်းရောင်းဝယ်မှုစနစ်များနှင့် ငွေပေးချေမှုစနစ်များ၊ GPS စနစ်နှင့် ပစ္စည်းများ၊ Mobile Phone များ၊ Tablet များ၊ Smart Phone များ၊ နေ့စဉ်လူမှုဘ၀အတွက် အီလက်ထရွန်နစ်ပစ္စည်းများ၊ စသည့် နောက်ဆုံးထွက်ရှိသော အသုံးချဆော့ဝဲများ၊ ပစ္စည်းများ၊ ၀န်ဆောင်မှုများ(Software, Hardware, Service) ကို တနေရာတည်းတွင် စုစည်းပြသ ရောင်းချပေးမည် ဖြစ်ပါသည်။ ပြပွဲလာ ပြည်သူများအတွက် (Stage show) ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များ၊ စားသောက်ဆိုင်များလည်း ပြပွဲ ၀န်းအတွင်း ထားရှိပေးထားပါမည်။
ပြပွဲကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၉)နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး၊ ဖေဖေါ်ဝါရီလ(၄)ရက်နေ့ အထိ (၃)ရက်တိုင်တိုင် နေ့စဉ် နံနက် (၉း၃၀)နာရီ မှ ညနေ(၇း၀၀)နာရီအထိ ဖွင့်လှစ် ပြသသွားပါမည်။
Posted by Maung Maung Oo in facebook
No comments:
Post a Comment