Internet for Myanmar : Powered by KK

မနေ့ညက လန်ဒန်မှာ ကျင်းပခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ


မနေ့ညက လန်ဒန်မှာ ကျင်းပခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲမှာ Steve McQueen ရိုက်ကူးတဲ့ "Twelve Years a Slave " က အကောင်းဆုံး ဇာတ်ကားဆု ရသွားပါတယ်။
အဲဒီကားက မင်းသား Chiwetel Ejio က အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ရခဲ့ပြီး အာကာသ ဟင်းလင်းပြင် ဇာတ်ကား 'Gravity' ရိုက်ကူးသူ Alfonso Cuaron က ဒါရိုက်တာဆု ဆွတ်ခူးခဲ့ပါတယ်။
မင်းသမီး ဆုကိုတော့ ဝူဒီ အယ်လန် ရိုက်ကူးတဲ့ Blue Jasmine ကားက မင်းသမီး Cate Blanchett က အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ဆိုမာလီဖွား အမေရိကန်မှာ နေထိုင်သူ Barkhad Abdi က ပင်လယ်ဓားပြ ရုပ်ရှင် 'Captain Philips' ကားမှာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ဆွတ်ခူးခဲ့ပါတယ်။
အော်စကာ ဆုပေးပွဲ မတိုင်ခင် နှစ်ပတ်အလိုမှာ ကျင်းပလေ့ရှိတဲ့ ဒီ BAFTA ရုပ်ရှင်ဆုတွေဟာ အော်စကာပွဲအတွက် ကြိုတင် ဟောကိန်း သဘောမျိုး ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူလေ့ ရှိကြတာ ဖြစ်ပါတယ်။

No comments:

Member ၀င်ရန်