Internet for Myanmar : Powered by KK

ဧရာဝတီတိုင်းဒေသကြီးဒေသထွက်ကုန်ပြပွဲနှင့် ဈေးကွက်ရရှိရေးစားသုံးသူကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ


ဧရာဝတီတိုင်းဒေသကြီးဒေသထွက်ကုန်ပြပွဲနှင့် ဈေးကွက်ရရှိရေး စားသုံးသူကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ



ဧရာဝတီတိုင်းဒေသကြီးကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန က ကျင်းပပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းပြပွဲနှင့် ဈေးကွက်ရရှိရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ပုသိမ်ဟိုတယ်တွင် ပြခန်း (၅၀) ကျော် ဖြင့် 24-2-2014 မှ 25-2-2014 အထိ နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်လျှက်ရှိပါတယ်။ အဆိုပါပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်ပစ္စည်းများဖြစ်ကြသော ဆန်လုပ်ငန်းပြခန်း၊ ဆားလုပ်ငန်းပြခန်း၊ စားသောက်ကုန်လုပ်ငန်းများ၏ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပုသိမ်ထီးအရောင်းပြခန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းပြခန်း၊ ကြိမ်လုပ်ငန်းပြခန်း၊ ဒေသတွင်းစက်မှုလုပ်ငန်းရှင်များ၏ ပြခန်းများ၊ ဒေသထွက်သဘာဝဓါတ်မြေသြဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းပြခန်းများအားခင်းကျင်းပြသခဲ့ပါသည်။ e-Ayeyarwady အဖွဲ့မှလည်း ပြခန်းတစ်ခန်းပါဝင် ပြသပြီး မြန်မာနိုင်ငံထွက်ကုန်များကို ပြည်ပဈေးကွက်ရှာဖွေရောင်းချပေးနိုင်မည့် “e-Myanmar Business Portal” အပါအ၀င် မိုဘိုင်းဖုန်းပေါ်မှာ ဈေးရောင်းချနိုင်သည့် စနစ်များ၊ Internet နည်းပညာအခြေခံလျှက် စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက်ရှာဖွေရေးနှင့် အရောင်းအ၀ယ်ပြုလုပ်သည် e-Commerce System များအားပါဝင်ပြသခဲ့ပါသည်။ ထို့အပြင်ပါဝင်ပြသသည့် ကုမ္မဏီများ၊ အသင်းအဖွဲ့များရဲ့ ထုတ်ကုန်များကို စာရင်းဖွင့်ပြီး ပြည်ပဈေးကွက်သို့ ချိတ်ဆက်ရောင်းချနိုင်ရေးကိုပါ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အဆိုပါအခမ်းအနားအား နံနက် (၉း00) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးတို့တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ၀န်ကြီးနှင့် အဖွဲ့ဝင်များသည် ပြခန်းများအတွင်းသို့ လှည့်လည်ကြည့်ရှု့လေ့လာခဲ့ကြပါသည်။ ထို့နောက် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များကို ဆွေးနွေးခဲ့ပါတယ်။









www.internetformm.com

Member ၀င်ရန်