Internet for Myanmar : Powered by KK

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်စတင်ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း


ဒီနေ့  သိုင်းအကြောင်းတွေ ရှာပြီး စုပေးတာ မူရင်းရေးတဲ့ ဆိုဒ်မှာ အပြည့်အစုံဖတ်ပါ

ရှာရတာ မောဒယ်... တ၀က်ပဲ ကူးလာဒယ်......သွားဖတ်ကြည့်............................

 
 မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ကို ၁၉၆၆ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။  မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် တရားဝင်မဖွဲ့စည်းမှီကတည်းက မြန်မာ့သိုင်းပညာ သည် မြန်မာ့တို့၏ ကိုယ်ပိုင်ရိုးရာ ခုခံကာကွယ် တိုက်ခိုင်နိုင်သော ပညာရပ်တစ်ခုအဖြစ် တည်ရှိနေခဲ့ပြီးဖြစ်ပါသည်။
 
 မြန်မာနိုင်ငံတွင် ကိုယ်ခံပညာရပ်များသည် ရှေးလွန်ခဲ့သော (၈)ရာစုကတည်းက တည်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ပထမမြန်မာနိုင်ငံတော်ကို ခရစ် သက္ကရာဇ် (၁၀၄၄)ခုနှစ်တွင် အနော်ရထားမင်းမှ စတင်တည်ထောင်ခဲ့ပါသည်။ အနော်ရထားမင်းမတိုင်မီ ပုဂံခေတ်တွင် သြဇာလွှမ်းမိုးခဲ့ကြသော ပွဲကျောင်းဆရာများသည် သိုင်း ပညာကိုအခြေခံ၍ သြဇာအာဏာ  လွှမ်းမိုးမှုများရှိခဲ့ကြသည်။  ရှေးမြန်မာမင်းများလက်ထက်   မြန်မာစစ်သည်များကို   မြန်မာ့သိုင်းပညာကို  အသုံးပြု၍   နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက်ခဲ့ကြသည်မှာ သမိုင်းအထောက်အထားများ ခိုင်လုံစွာတွေ့ရှိရပါသည်။ မြန်မာမင်းများလက်ထက် မင်းခမ်းမင်းနား အဆောင်အယောင်များတွင် သိုင်းတုတ်ကို ကိုင်ဆောင်၍ ရှေ့မှစောင့်ရှောက်ကာကွယ်ပေးရသူကို “ရှေ့သိုင်းကိုင်” ဟူ၍လည်းကောင်း၊ နောက်မှ သိုင်းတုတ်သိုင်းကိုင်၍ စာင့်ရှောက်ပေးရသူကို “ နောက်သိုင်းကိုင်” ဟူ၍ ခေါ် ဆိုခဲ့ကြပါသည်။
 
 

No comments:

Member ၀င်ရန်