လာပြန်ပြီ ခေါင်းစဉ်ကြီးတစ်ခုအနေနဲ့  ဘာရယ်တော့မဟုတ်ပါဘူးဗျာ အများကြီး
မပြောပါဘူး Blogspot.com တွေကို ကိုယ်ပိုင်ဒိုမိန်းဝယ်စေချင်လို့ ပါ ဘာလို့ ဝယ်စေ
ချင်၇တာလဲဆိုတော့ မြန်မာပြည်ကလူတွေကြည့်လို့  ဖတ်လို့  အဆင်ပြေအောင်ပေါ့
အခုတိုင်းသာ ဘလော့စပေါ့ကိုသုံးရင် ပြည်ပကလူတွေအတွက် အဆင်ပြေပြီးပြည်တွင်း
မှာ နေတဲ့သူတွေကတော့ ဘန်းထားတဲ့အတွက် ဖွင့်လို့ ရဖို့  လမ်းစမလွယ်ပါဘူး
ကျော်ဖွင့်ဖို့ ဆိုတာကလည်း အင်တာနက်သုံးတတ်ခါစလူတွေမှာဖြစ်နိုင်မယ်မထင်ပါဘူး
ကိုယ်ပိုင်ဒိုမိန်းနဲ့  ဆိုရင်တော့ သူငယ်ချင်းတို့ ရေးတဲ့စာတွေကို ပြည်တွင်းမှာနေတဲ့
သူတွေ ဖတ်မှတ်လေ့လာလို့ ရကြမှာ ဖြစ်ပါတယ် ပြောသင့် မပြောသင့် တော့မသိ
ဘူးပေါ့ဗျာ တိုက်တွန်းကြည့်တာပါ co.cc ကတော မြန်မာပြည်မှာပွင့်ပါတယ် အဲ့ဆိုရင်
သူငယ်ချင်းရေးတဲ့ ကဗျာတွေ စာတွေ နည်းပညာတွေကို အလွယ်တကူ ဖတ်မှတ်
လေ့လာလို့  အဆင်ပြေပါတယ် အပျော်တမ်း လုပ်တဲ့သူတွေကိုတော့ မဆိုလိုပါဘူး
ဘလော့ဂါတွေထဲမှာ တကယ် စာရေးကောင်းတဲ့သူတွေ တွေ့ ရပါတယ် နာမည်နဲ့ 
ပြောရရင်တော့ အများကြီးပေါ့ဗျာ တချို့ ဆို အတော်လေး လူကြိုက် များကြပါတယ်
အဲ့လိုလူတွေကို ပိုပြီးတော့ ဒိုမိန်း ၀ယ်ယူစေချင်ပါတယ် ဈေးလည်းကြီးတာ မဟုတ်
တော့ ၀ယ်နိုင်မှာပါ ၀ယ်ယူချင်ရင်တော့ အခုကျနော်ဝယ်တဲ့ဆိုဒ်မှာ အဆင်ပြေပါတယ်
မြန်မာပြည်ကို ငွေလွှဲပေးရုံပဲ ခဏလေးနဲ့  အားလုံး အဆင်ပြေနိုင်ပါတယ် အခုသတင်း
လေးကို ပြောပြချင်တာရယ် မြန်မာပြည်က နည်းပညာ အခက်ခဲ ရှိတဲ့သူတွေ အတွက်
အဆင်ပြေစေချင် တာရယ်ကြောင့် ညီအကိုမောင်နှမများ ၀ယ်ကြပါစေလို့  ဆုတောင်း
ပါတယ် ဆုပဲတောင်း ရဲတယ်ဇွတ်တော့မပြောချင်ဘူးဗျာ ဘာလို့ လည်းဆိုတော့လူတိုင်း
မှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ်မလား အဲ့တော့ နှိုင်းယှဉ် စဉ်းစားလို့  ရအောင်သာ
ရေးပြတာပါ blogspot ဆိုဖွင့်ရတာ အတော်လေး ကြိုးစားရပါတယ် procxy ကျော်
ရတာပေါ့ မရတဲ့သူလည်းမရကြပါဘူး သေချာရစေချင်ရင်တော့ .com လေး၇အောင်
ဒိုမိန်းဝယ်လိုက် ပြည်ပမှာနေတဲ့သူတွေပါ ကျနော်တို့  မလေးရှားက လူတွေတောင်
ဝယ်နိုင်ရင် ကျနော်တို့ ထက် လစားအများကြီးရတဲ့ အကိုတို့  အမတို့  ညီလေးတို့ 
ဝယ်နိုင်မှာပါ တစ်နှစ်စာကိုတော့ ကိုဇောင်း နဲ့  ဖုန်းဆက်တော့ 9500 ကျပ်လို့ ပြော
ပါတယ် အသေးစိတ်ကိုတော့ ကိုဇောင်းဆီမှာ ဆက်သွယ် စုံးစမ်း နိုင်ပါတယ်
ဘာမှကြာပါဘူး ပိုက်ဆံကလည်း ရန်ကုန်ကိုလွှဲရမှာပါ ထိုင်းမှာနေတဲ့သူကတော့
ကိုဇောင်း ကိုသာမေးကြည့်ကြပါ သူကထိုင်းမှာမလို့  ထိုင်းကလူတွေလည်း အဆင်ပြေ
ချင်ပြေမှာပါ .com, net,org .info ဈေးမတူ ပါဘူး ဆက်သွယ်ကြည့်လိုက်ပါ..........
ကိုဇောင်းသို့ ဆက်သွယ်ရန်ု ....+66805033034
mail@zmyanmar.com( gtalk တွင်အက်ပြီး မေးနိုင်ပါတယ်)
http://www.zmyanmar.com/
ဘလော့ဂါညီအကိုမောင်နှမများကို အဆင်ပြေစေချင်သော စေတနာဖြင့်........။
မောင်(စွယ်စုံကျမ်း)
No comments:
Post a Comment