Samsung Ativ S ကိုအမြင့် ၅.၄၀ လက်မ၊ အကျယ် ၂.၇၈ လက်မနဲ့ထုတ်လုပ်ထားပြီး ကိုယ်ထည်အထူ ၀.၃၄ လက်မသာရှိတာကြောင့် Windows Phone 8 စမတ်ဖုန်းတွေထဲမှာ အပါးလွှာဆုံးလို့ ဆိုနိုင်ပါတယ်။ ၄.၈ လက်မအရွယ် HD Super AMOLED display တပ်ဆင်ထားပြီး screen အရွယ်အစားကြီးမားတဲ့ ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။
အလူမီနီယမ်ကိုယ်ထည် အသုံးပြု ထုတ်လုပ်ထားတာကြောင့် ဒီဇိုင်းသေသပ်လှပပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ Screen resolution ကောင်းမွန်တဲ့အပြင် screen ရဲ့တုံ့ပြန်နိုင်စွမ်းကလည်း အထူးကောင်းမွန်တာ တွေ့ရပါတယ်။ Physical Windows ခလုတ်ကို display ရဲ့အောက်ခြေမှာ မြင်တွေ့ရမှာဖြစ်ပြီး touch စနစ်နဲ့အသုံးပြုနိုင်မယ့် back နဲ့ search ခလုတ်တွေကိုတော့ ဘေးတစ်ဖက်စီမှာ ထည့်သွင်းထားပါတယ်။ ဖုန်းကနေ ဖယ်ထုတ်နိုင်တဲ့ ဘက်ထရီကို ထည့်သွင်းပေးထားရုံသာမက ကိုယ်ထည်ပါးလွှာခြင်းနဲ့ screen အရွယ်အစားကြီးမားခြင်းတို့က ပြိုင်ဘက် Windows Phone 8 စမတ်ဖုန်းတွေထက် ပိုမိုသာလွန်စေပါတယ်။ 1.5 GHz dual-core ပရိုဆက်ဆာ တပ်ဆင်ပေးထားပြီး LED flash ပါဝင်တဲ့ 8 megapixel autofocus ကင်မရာတစ်ခုနဲ့ 1.9- megapixel front-facing ကင်မရာတစ်ခုတို့ ထည့်သွင်းထုတ်လုပ်ထားပါတယ်။ MicroSD card slot ပါဝင်တာကြောင့် memory တိုးပြီးအသုံးပြုနိုင်မှာဖြစ်ကာ NFC feature နဲ့ Windows Phone 8 ဆော့ဖ်ဝဲအသစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ 2,300mAh ဘက်ထရီအမျိုးအစား ထည့်သွင်းထုတ်လုပ်တာကြောင့် ဘက်ထရီသက်တမ်း ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ RAM 1GB ပါဝင်ပြီး internal memory ကို 16GB နဲ့ 32GB ဗာရှင်းနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ MicroSD card အသုံးပြုပြီး memory ကို 32GB အထိ တိုးပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ GSM 850/900/1800/1900 ကွန်ရက်တွေနဲ့ HSDPA 850/900/1900/2100 စတဲ့ ကွန်ရက်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး accelerometer, gyro, proximity, compass စတဲ့ sensor တွေလည်း ထည့်သွင်းထုတ်လုပ်ထားပါတယ်။
အားသာချက် – အရွယ်ကြီးမားတဲ့ screen ကိုတပ်ဆင်ပေးထားပြီး ဘက်ထရီသက်တမ်းလည်း ကောင်းမွန်ပါတယ်။ အလူမီနီယမ်ကိုယ်ထည် အသုံးပြုထုတ်လုပ်ထားပြီး ကိုယ်ထည်ပါးလွှာပါတယ်။
အားနည်းချက် – ဈေးနှုန်းမြင့်မားနေပြီး Windows Phone 8 ဆော့ဖ်ဝဲတွေကို ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း ရှိ/မရှိကိုလည်း မသိရှိရသေးပါဘူး။
@credit to Internet Journal
No comments:
Post a Comment