ကျွန်တော်တို့ TGP ရဲ့ အထူးအစီအစဉ်တခုကို ကြေညာချင်လို့ပါ ===
၂၁ ရက်နေ့ တပ်မတော် ခန်းမမှာ 5th Mobile Fair မှာ ကျွန်တော်တို့ TGP အနေနဲ့ ပါဝင်ဆင်နွဲမှာ ဖြစ်ပါတယ်။ အဲဒီရက်မှာ အထူးအစီအစဉ်အနေနဲ့
- Going Full Platforms: ကျွန်တော်တို့ ဂိမ်းအားလုံးကို Platform အားလုံး*
(PC, Android, iOS) ၃ မျိုးလုံးမှာ ဆော့နိုင်အောင် ထုတ်လုပ်သွားမှာ
ဖြစ်ပါတယ်။ အားလုံး စောင့်မျှော်နေတဲ့ Chinlone နဲ့ Sittuyin iOS version
ကို ၂၁ ရက်နေ့ ပြပွဲမှာ ပွဲလာသူ အားလုံးကို အခမဲ့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
- New Cloud Save Feature: မိမိ Save file တွေကို device ပေါ်မှာ မဟုတ်ပဲ၊
Cloud ပေါ်မှာ save လုပ်တဲ့ function ကို ဂိမ်းအားလုံးမှာ
ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် PC ပေါ်မှာ ဆော့ဆော့၊ Phone
ပေါ်မှာ ဆော့ဆော့ save file အတူတူ ဖြစ်နေမှာ ဖြစ်ပါတယ်။
- Game Coins
Feature: ကိုယ့် FaceBook profile နဲ့ ချိတ်ဆက်လိုက်ရင် Chinlone game က
ပိုက်ဆံနဲ့ စစ်တုရင်မှာ အရုပ်ဝယ်လို့ရသလို၊ နောက်ပိုင်း လမ်းမတော်ဖိုးတုတ်၊
သမိန်ပေါသွပ် ဂိမ်းတွေမှာပါ၊ ကိုယ်ရှာထားတဲ့ ပိုက်ဆံကို အသုံးချလို့ရမှာ
ဖြစ်ပါတယ်။
- Chinlone Version 1.2: ခြင်းလုံးဂိမ်း version အသစ်မှာ
အရုပ်သစ်တွေ၊ ခြင်းလုံး အသစ်တွေ အပြင်၊ အခြား features အသစ်တွေ
ပါဝင်လာမှာဖြစ်ပါတယ်။
- Sittuyin Version 1.1: ဇယ်၊ ကျား ဂိမ်းတွေ update လုပ်ထားပြီး၊ features အသစ်တွေ အများကြီး ပါဝင်လာမှာ ဖြစ်ပါတယ်။
- သမိန်ပေါသွပ် PREVIEW!!!
- အားလုံး အထူးကြိုက်နှစ်သက်မဲ့၊ စိတ်ဝင်စားဖွယ် ကောင်းသော လို့ဝှုက် အစီအစဉ် သစ်တခု ပါဝင်မှာ ဖြစ်ပါတယ် B)
အစီအစဉ် အသေးစိတ်တွေကို ၂၁ ရက်မတိုင်ခင် အသေးစိတ် ထပ်မံကြေညာပါအုန်းမယ် ခင်ဗျား

No comments:
Post a Comment