Internet for Myanmar : Powered by KK

ကွန်ပျူတာမှ Adware တွေနဲ့ Browser Toolbars တွေကိုဖယ်ရှားဖို့

Adware ဆိုတာကတော့ Internet Explorer, Google Chrome , Mozilla Firefox စတဲ့ Internet Browsers တွေကို သူတို့ဘာသာ တွယ်ဆက်လာတဲ့ Software တွေရဲ့ မလိုလားအပ်တဲ့ Extension အပိုင်းအစ များဖြစ်ပီး ကျွန်တော်တို့ ကွန်ပျူတာ နဲ့ Data တွေကို ခြိမ်းခြောက်ရုံသာမက အနှောက် အယှက်တွေပေးတဲ့ Pop-ups တွေနဲ့ မလိုလားအပ်တဲ့ ads တွေကို လည်းပြလေ့ရှိပါတယ်။

ကျွန်တော်တို့ freewares တွေကို Install လုပ်တဲ့ အခါမှာ တစ်ခါတစ်လေ Internet Browser တွေမှာ Tool bars တွေကို Add သွားပီး အဲဒီလို Adware တွေကို Window မှာ Install လုပ်လိုက်ပါတယ်...။ဒါကြောင့် freeware တွေကို Run တဲ့အခါမှာ မလိုလားအပ်တဲ့ Tool bars တွေ ၊Adware တွေ Install လုပ်တာကို ရှောင်ရှားနိုင်စေဖို့ သူရဲ့ Installation အဆင့်တိုင်းကို ဂရုတစိုက် ကြည့်ရှုရမှာပါ။

ကျွန်တော်တို့ရဲ့ ကွန်ပျူတာမှာ Uninstall လုပ်လို့ မရတဲ့ tool bars တို့ နဲ့ Adware တစ်ချို့ တွယ်ကပ်နေပါတယ်ဆိုရင်တော့ free လည်းရတဲ့ Portable Tool လေးတစ်ခု နဲ့ မိတ်ဆက်ပေးပါမယ်။

ဒီ freeware လေးကတော့ AdwCleaner ပါ။ Adware တွေ ၊ မလိုလားအပ်တဲ့ Browsers Tool bars တွေ၊ Software တွေ ၊ကိုတို့ Browser Home page ကို ပြောင်းလဲလိုက်တဲ့ Browser homepage hijackers တွေကို ဖယ်ရှားဖို့ အတွက် ပေါ့ပါးတဲ့ Tool လေးပါ။

စမ်းသပ်ကြည့်ချင်ရင်တော့

1. သူကို Run လိုက်တဲ့ အခါမှာဒီလို ရိုးရှင်းတဲ့ Interface လေးတွေ့မှာပါ..။ Search Button လေးကို နှိပ်ပီး ရှာဖွေလိုက်ပါ...။


2. ပီးတဲ့ အခါမှာ Notepad နဲ့ တွေ့ရှိလာတာကို တွေ ပြပါလိမ့်မယ်..။


3. နောက်ဆုံးမှာ ကိုက တွေ့ရှိတာတွေကို ဖျက်ချင်တယ်ဆိုရင်တော့ Delete Button ကို နှိပ်ရမှာပါ..။


4.ဒီအဆင့်မှာတော့ သူက ဖျက်ပီးတဲ့ အခါမှာ ကွန်ပျူတာ ကို Restart ချမှာမို့ ကိုယ်တို့လုပ်နေတဲ့ လုပ်လက်စ အလုပ်တွေကို Save ဖို့တော့ သတိထားရပါလိမ့်မယ်။



လိုချင်ရင်တော့


Developed by Raymond

အဆင်ပြေကြပါစေ













www.internetformm.com

Member ၀င်ရန်