
စတိဗ်ဂျော့ရဲ့  အိုင်ဒီယာလည်း ပါဝင်တဲ့ Apple ရဲ့  ရုံးအသစ် Spaceship Campus ကို ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် အနောက်ပိုင်းက Curpertino မြို့ငယ်လေး မှာပဲ ဖြစ် ပါတယ်။ ဝန်ထမ်းပေါင်း ၁၄၂၀၀ ဦးရေဆံ့မယ့် ယင်း စက်ဝိုင်းပုံစံ အဆောက်အအုံကြီး အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅ ဘီလျံရှိမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ဈေးသက်သာမယ့် အဆောက်အအုံ မဟုတ်ကြောင့်လည်း စတိဗ်ဂျော့ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ ဖူး ပါတယ်။ မြေဧက ၁၇၅ ဧက အကျယ်မှာ နေရာယူ တည်ဆောက်မှာ ဖြစ် ပါတယ်။ ခုံအလုံးရေ ၁ထောင် ပါဝင်တဲ့ ခန်းမ၊ စတုရန်းပေ ၃ သိန်း ကျယ်ဝန်းတဲ့ သုတေသန ဌာနများနဲ့ အားကစားခန်းမ၊ အပန်းဖြေခန်းမ အပြင် အခြားသော အခန်းပေါင်း မြောက်များစွာလည်း ပါဝင်လာမှာ ဖြစ်ပါ တယ်။ တည်ဆောက်ဖို့အတွက် မြို့ မှတာဝန်ရှိသူတွေနဲ့ရော၊ Apple ကုမ္မဏီမှ အီရာရှိများနဲ့ရော သဘောတူညီမှု ရယူပြီးသွားပါပြီ။ Apple အတွက် Creative idea, innovative idea များ အများဆုံး ထုတ်လုပ်ပေးမယ့် နေရာ တစ်ခု ဖြစ်လာမယ်လို့ စီအီးအို Tim Cook မှ ပြောကြားခဲ့ပါတယ်။ တည်ဆောက်မှုကို ယခုနှစ်ကုန်မှာစတင်ပြီး ၂၀၁၅-၂၀၁၆ ကာလအတွင်း ဖွင့်လှစ် အသုံးပြုမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: pocketlinCredit-smart.com.mm
Thihahtike
Welcome From My Blog
www.internetformm.com