Internet for Myanmar : Powered by KK

နောက်တစ်ခေါက် ထပ်စီး ရအောင်

jok







ကားတစ်စီးထဲမှာ သူငယ်ချင်း ၃ ယောက် အတူပါလာပြီး ခရီးသွားကြပါတယ်။ တစ်ယောက်က ရူပဗေဒ ပညာရှင်၊ တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ပရိုဂမ်မာ။ လမ်းတစ်နေရာရောက်တော့ ကား ဘရိတ်ပေါက်လေရော။ အရှိန်က ထိန်းမရတော့ပဲ ပိုပိုလို့ မြန်လာ ပါတယ်။

ချောက်ထဲ ကျခါနီးနီးကားကို ကြိုးစားပန်းစားနဲ့ ပြန်မောင်းယူရပြီး အသက်ဘေးမှ သီသီလေး လွတ်သွားပါတယ်။

( မသီသီလေးကို ဆိုလိုခြင်းမဟုတ်ပါ) ဒီလို ရင်တမမနဲ့ ပြီးသွားတော့
ရူပဗေဒ ပညာရှင် လူငယ်က - “ဘရိတ်ပေါက်တယ်ဆိုတာ Brake pad မှာ ပွတ်တိုက်မှု - Friction များပြီး အပူလွန်ကဲလို့။ အဲဒါကို လျော့ချနိုင်အောင် ပြန်ပြင်ရမယ်”

အင်ဂျင်နီယာ လူငယ်က - “ကားနောက်မှာ Spanner တွေ ငါထည့်လာတယ်။ အဲဒါသုံးပြီး ဘာအမှားအယွင်းရှိလဲ ပြန်ကြည့်ရအောင်”

ပရိုဂမ်မာ က ယခုလို ပြောပါတယ်။ “နောက်တစ်ခါ ထပ်စမ်းပြီး စီးရအောင်။ သေချာတဲ့ Error တွေ့မှ တို့တွေ ပြန်ပြင်ကြတာပေါ့” .

Ref:techjoke

Thihahtike

Welcome From My Blog






www.internetformm.com

Member ၀င်ရန်