လက်ရှိ ပြည်တွင်းက အွန်လိုင်း ဈေးရောင်းဈေးဝယ် ပြုလုပ်တဲ့ ဝဘ်ဆိုဒ်များမှာ ကြုံတွေ့ နေရတဲ့ အခက်အခဲ တစ်ခု ကတော့ မြန်မာစာ စံနှုန်း အသုံးပြုမှု ဖြစ်ကြောင်း လေ့လာ တွေ့ရှိ ရ ပါတယ်။
ဝဘ်ဆိုဒ်ပေါင်း များစွာ ပေါ်လာပြီး မြန်မာ ဗားရှင်းကို ဖန်တီးကြတဲ့အခါ အဓိက ကြုံတွေ့ ရတဲ့ ပြဿနာက မြန်မာမှု ပြုခြင်း ဖြစ်ပါတယ်။ ဥပမာ -All Rights Reserved, Terms & Condition, Feature, List, Sign in, Log in အစရှိသဖြင့် အသေးစိတ် စကားလုံးများ ဖြစ်ပြီး တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် ဖော်ပြပုံ ဖော်ပြနည်းများက ကွဲလွဲ နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စကားလုံး ကို မြန်မာလို တိုက်ရိုက် ဘာသာပြန်ပေးလို့ ရပေမယ့် စကားလုံး သတ်မှတ်တဲ့အခါ ကျတော့ အတိုဆုံး ဖြစ်အောင် ဖန်တီးရတာကြောင့် အခက်ကြုံရခြင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အဆင်ပြေသလို ဘာသာပြန်ပြီး ဖော်ပြလာကြ ပါတယ်။ အချို့ ကျတော့လည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတာ တွေ့ရတော့ ယင်းကနေလည်း စံနမူနာ ယူပြီး ဖန်တီးလို့လည်း ရပါတယ်။ ဥပမာ www.ads.com.mm, www.house.com.mm တို့မှာ ဝင်ရောက် လေ့လာ နိုင်ပြီး မြန်မာမူကို အနီးစပ်ဆုံး ဖြစ်အောင် ပြုလုပ်ထားပါတယ်။ သို့ပေမယ့် မပြည့်စုံ ပါဘူး။
အခြားသော အွန်လိုင်း ဈေးရောင်း ဈေးဝယ် ဝဘ်ဆိုဒ်များလည်း ယခုလို ကြိုးစား ဖန်တီးလျက် ရှိပါတယ်။ မြန်မာစာ စံနှုန်း တစ်ခု ယူနီကုဒ် အောင်မြင် သွားရင် တောင်မှ အသုံးအနှုန်း ကိစ္စကလည်း ရင်ဆိုင်စရာ အခက်အခဲ တစ်ခု ဖြစ်လာ နိုင်ကြောင့် ခန့်မှန်းထားကြ ပါတယ်။
.

No comments:
Post a Comment