Internet for Myanmar : Powered by KK

Firefox မှာဖွင့်ထားတဲ့ Web Site တွေများနေရင် Tabs တွေကို Click နှိပ်စရာမလိုဘဲ Review အနေနဲ့ ကြည့်လို့ရတဲ့ Add-ons

ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ Mozilla Firefox မှာကိုယ်ဖွင့်ထားတဲ့ Web Site တွေများနေရင် Tabs တွေကို Click တစ်ချက်ထောက်ပြီး ကြည့်စရာမလိုပဲ ကိုယ်ကြည့်ချင်တဲ့ Web Site ရဲ့ Tab နေရာလေးကို Mouse ထောက်လောက်ယုံဖြင့် Review အနေဖြင့် ကြည့်ရှု့နိုင်တဲ့ Firefox ရဲ့ Add-ons လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ 
အဲ့ဒီ ကောင်လေး က သုံးရတာလဲ လွယ်သလို သူငယ်ချင်းတွေ အတွက်လဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော်ကတော့ အဲ့ဒီ ကောင်လေး ကို ကြိုက်လို့ ကျွန်တော် ကြိုက်သလို သူငယ်ချင်းတွေလဲ ကြိုက်မယ် ထင်လို့ တင်ပေးလိုက်ပါတယ်ဗျာ။ 
ကျွန်တော် အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။ သွားယူလိုက်ပါဦးနော်။Download မယူခင် ကျွန်တော် တင်ပေးထားတဲ့ အောက်ကပုံလေးတွေ ကို ကြည့်သွားလိုက်ပါဦးဗျာ။ အောက်က ပုံလေးတွေ အတိုင်းပေါ့ဗျာ။


ကဲ မမိုက်ဘူးလားဗျ။Firefox ရဲ့ Add-ons တော်တော်များများ Install လုပ်နည်းကို ကျွန်တော် Post တော်တော်များများမှာ တင်ပေးထားပါတယ်။ဒါမဲ့ သူငယ်ချင်းတွေ သိပ်မမှတ်မိမှာ စိုးလို့ ကျွန်တော် အောက်မှာ Firefox ရဲ့ Add-ons မှာ Install လုပ်နည်း Download လုပ်နည်းလေးကို ပြန်တင်ပြပေးလိုက်ပါတယ် ဗျာ။ အောက်မှာ ပေးထားတဲ့ Download Link လေးကို အရင်သွားလိုက်ပါဗျာ။

 (ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)

အဲ့ဒီ အပေါ်က Link လေးကို သွားပြီးရင်တော့ အောက်ကပုံလေး အတိုင်း ဆက်လက် မြင်ရမှာ ဖြစ်ပါတယ် ဗျာ။ပြီးရင် ကျွန်တော် ၀ိုင်းပြထားတဲ့ Add To Firefox ဆိုတာလေးကို Click လိုက်ပါ။

ပြီးရင် အောက်ကပုံလေး အတိုင်း ဆက်ပြီး တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Download ဆွဲနေတာ ဖြစ်တဲ့ အတွက် ခဏလေးစောင့်နေလိုက်ပါ။

ပြီးရင် Restart Now ဆိုတဲ့ စာလေးရယ် Undo ဆိုတဲ့ စာလေးရယ် ပြပါလိမ့်မယ်။Restart Now ဆိုတဲ့ စာလေးကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။

ပြီးရင် မိမိရဲ့ FireFox တစ်ခုလုံး ခေတ္တခဏ ပိတ်သွားမှာ ဖြစ်ပါတယ်ဗျာ။ပြန်ပွင့်လာရင် အောက်ကပုံလေး အတိုင်း မိမိ Firefox လေးရဲ့ Tab လေးမှာ Review အနေနဲ့ ကြည့်လို့ရသွားမှာပါဗျာ။

ကဲ....သူငယ်ချင်းတွေ အားလုံး သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။













www.internetformm.com

Member ၀င်ရန်