Internet for Myanmar : Powered by KK

Folder တွေ File တွေကို ဘယ် Computer မှာမှ ကြည့်လို့ မရအောင်ကို ဖျောက်ထားချင်ရင်

WinMend ဆိုတာ ကတော့ ကျွန်တော်တို့ တွေ ရဲ့ USB Pen Drive တွေကို တစ်ခြားသူတွေ သုံးတဲ့ အခါ မှာ သူတို့ကို မမြင်စေချင်တဲ့ Folder တွေ ၊ File တွေကို ၀ှက်ထားဖို့ အတွက် သုံးလို့ ရတဲ့ Free Tool သေးသေးလေးပါ။ဒါလေးက ကျွန်တော် တို့ရဲ့Computer မှာ သာမက Removable Drive မှာပါ File တွေ ၊ Folder တွေကိုဝှက်ဖို့လည်း အရမ်းကိုကောင်းပါတယ်။

ဒီ Application လေးမှာ ရိုးရှင်းတဲ့ ဒီလို Interface လေးပဲပါလို့ သုံးရတာလည်း အရမ်း အဆင်ပြေပါတယ်။ပိုပြီးတော့ အကြိုက်တွေ့စေတဲ့ အချက်ကတော့ ဒီ Tool လေးနဲ့ ၀ှက်ထားတဲ့ File တွေရှိတဲ့ USB Drive ကို တစ်ခြား Operating System မှာ ဒါမဟုတ် တစ်ခြား Computer မှာ သုံးရင်လည်း လုံးဝကို ယုံကြည် စိတ်ချရစွာ ကို ၀ှက်ထားပေးပါတယ်။

ဒီ Tool လေးကို သုံးပြီး File တွေ၊ Folder တွေ ဖျောက်ဖို့ကတော့ ပထမဆုံး Password ပေးရမှာပါ။
သုံးရတာလည်း လွယ်ကူပြီး ဒီလို ရိုးရှင်းတဲ့ Window လေးနဲ့မို့ ဒီ Free Utility လေးနဲ့ ကိုတို့ ရဲ့ File တွေ ၊ Folder တွေကို ၀ှက်ထား လိုက်ကြရအောင်….

လိုချင်ရင်တော့ ဒီမှာ ယူပါ…

အား လုံး အဆင် ပြေကြ ပါစေ...













www.internetformm.com

Member ၀င်ရန်