Internet for Myanmar : Powered by KK

အွန်လိုင်း မော်တော်ယာဉ် အရောင်းအ၀ယ် ဈေးကွက်Motors.com.mmမှ အာကာသလွန်းပျံယာဉ် ဈေးကွက်သို့ ၀င်ရောက်



Motors.com.mm တွင် Listings အရေအတွက်များ တိုးမြှင့်လာခြင်းနှင့်အတူ ယခုအခါတွင် ပထမဦးဆုံးသော အာကာသလွန်းပျံယာဉ်ကိုလည်း Motors.com.mm ရှိ Listings များထဲတွင် တွေ့ရှိနိုင်တော့မှာဖြစ်ပါတယ်။ အာကာသပို့ဆောင်ရေးယာဉ် လေးစင်းနှင့် အထက်ကိုလည်း ပါကစ္စတန်၊ ဂျာမနီ နှင့် အာရပ်စော်ဘွားများနိုင်ငံ(UAE) နိုင်ငံတို့၌ တွင်ရှိသော အွန်လိုင်း Platform များတွင် ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်ပါတယ်။ တင်ရှိထားသော အာကာသယာဉ်များထဲမှ ၁၉၈၅ မော်ဒယ်
အာကာသလွန်းပျံယာဉ်မှာ တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၂၈သန်း မှစတင်၍ ၀ယ်ယူရရှိနိုင်ပြီး ၂၀၁၃ နှင့်အထက်မော်ဒယ်များကို မကြာခင်အချိန်အတွင်း မှာယူရရှိနိုင်တော့မှာဖြစ်ပါတယ်။

၎င်းအာကာသယာဉ်များတင်သွင်းရခြင်းမှာ ကျွန်တော်တို့ Motors.com.mm ကားအရောင်းအ၀ယ်ဈေးကွက် မြန်မာနိုင်ငံရှိယာဉ်အရောင်းအ၀ယ်ဈေးကွက်အတွင်းပိုမိုကျယ်ပြန့်လာစေရန်၊မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းတစ်ခုဖြစ်လာစေရန်၊ ခရီးသွားပြည်သူတို့ မိမိတို့ အားလပ်ရက်
တွေကို အကျိုးရှိရှိ အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်ပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အာကာသလွန်းပျံယာဉ်ထုတ်လုပ်ရေးအဖွဲ့အစည်း(ISSTF)ဥက္ကဋ္ဌ Dr. Nod Riley-Truxman ရဲ့ပြောကြားချက်အရ မကြာမှီရောက်ရှိလာတော့မည့် လွန်းပျံယာဉ်များ ကို ဘေးကင်းလုံခြုံမှုမြင့်မား စေရန် ရည်ရွယ်၍  စတင်စမ်းသပ်မောင်းနှင်နေပြီဖြစ်ပါတယ်။

 အာကာသလွန်းပျံယာဉ်များ၏အသေးစိတ်အချက်အလက်ကို သိရှိလိုပါက မြန်မာနိုင်ငံရဲ့ နံပါတ် တစ်ကားအရောင်းအ၀ယ် ၀က်ဆိုဒ် ဖြစ်တဲ့ www.motors.com.mm တွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။    

No comments:

Member ၀င်ရန်