iOS 7+ ကို Jailbreak လုပ်ပြီးနောက်တွင် အခြေခံအားဖြင့် မဖြစ်မနေ
ဆက်လက်သွင်းယူရမည့် sources နှင့် App များကို ဖော်ပြပေးလိုက်ပါတယ်...
အဆိုပါ App များကို သွင်းယူထားမှသာလျှင် Jailbreak လုပ်ခြင်း၏ အနှစ်အရသာကို အပြည့်အဝရရှိနိုင်မှာ ဖြစ်ပြီး ထပ်မံ၍ မိမိစိတ်ကြိုက် သွင်းယူလိုသော Tweaks များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အဆင်သင့် ဖြစ်နေပါလိမ့်မည်....
afc2Add
iOS 7+ တွင် Jailbreak လုပ်ပြီးသော်လည်း third-party software
များဖြစ်ကြသော iTools, iFunBox, iExplorer အစရှိသော software များနှင့်
ချိပ်ဆက်သော အခါတွင် Jailbreak မဖြစ်သေးပါဟု ပြသနေပြီး "Cydia App Install"
မပေါ်တာမျိုး ဖြစ်ပါလိမ့်မည်။
Cydia -> Search တွင် "afc2Add" ဟု ရိုက်ရှာပြီး Install လုပ်ပါ။
Appsync for iOS 7.0+
Cracked App များကို မိမိ၏ Jailbreak device တွင် သွင်းယူ
အသုံးပြုနိုင်ရန်နှင့် iTunes တွင်ထည့်သွင်းပြီး အဆင်ပြေပြေ Sync
လုပ်ရန်နိုင်ရန် သွင်းထားရပါလိမ့်မည်။
Manage -> Sources -> Edit -> Add ( http://cydia.appaddict.org ) သွင်းယူပြီး "Appsync for iOS 7.0+" ကို Install လုပ်ပါ။
LocalIAPStore
App များ Games များအတွင်းတွင် ဆက်လက်ဝယ်ယူရသော In App Purchase
တော်တော်များများကို ပိုက်ဆံမကုန်ပဲ ဝယ်ယူလိုသည့်အခါတွင်
အသုံးဝင်ပါလိမ့်မည်။
Manage -> Sources -> Edit -> Add ( http://system.in-appstore.com/repo/ ) သွင်းယူပြီး "LocalIAPStore" ကို Install လုပ်ပါ။
>> မြန်မာဖောင့် သွင်းယူနည်း
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား
No comments:
Post a Comment