ပထမဆုံး Kingo Android ROOT ကို Download ဆွဲပါ။
Original download link (or) Download link 1
ပြီးလျှင် Computer တွင် install လုပ်ပါ။ run ပါ။
Run ပြီးပါက Root လုပ်လိုသော device နှင့် Computer ကို USB cable မှတဆင့် connect လုပ်ပါ။ Computer နှင့်မချိတ်ဆက်မီ ဖုန်း၏ USB debugging ကို enable လုပ်ထားရန်လိုအပ်ပါသည်။ ဖုန်း၏ USB debugging ကို enable လုပ်ထားရန်အောက်မှပုံကို ကြည့်ပါ။
Setting >> Developer Option >> USB Debugging
အကယ်၍ Developer Option ရှာမတွေ့ပါက အပေါ်ပုံတွင် မြှားပြထားသည့် About device ကိုနှိပ်ပါ၊ ပြီးလျှင် About device ထဲမှ Build number ကို ၅ ချက် ၆ ချက်ခန့် ဆက်တိုက် Touch လုပ်ပါ။ About device ပေါ်တွင် Developer Option ပေါ်လာပါမည်။ USB Debugging တွင် အမှန်ခြစ်လေးပေါ်လာအောင် တစ်ချက်နှိပ်ပါ။ ပြီးလျှင် Ok နှိပ်ပါ၊ (အောက်ပုံ)

Computer နှင့်ချိတ်ဆက်လိုက်ပါ။ Computer တွင် Run ထားသော Kingo Android ROOT မှ driver install လုပ်ပါလိမ့်မည်။ Computer သည် အင်တာနက် Connection ရှိရပါမည်။
ပြီးလျှင် အောက်တွင် ပြထားသည့်အတိုင်း Device name နှင့် Root ဆိုသော Button လေးပေါ်လာပါက Root ကိုနှိပ်ပါ။ သူ့အလိုအလျှောက် download ဆွဲကာ Root လုပ်သွားပါမည်။
ပြီးလျှင် အောက်ပုံတွင် ဖေါ်ပြထားသည့်အတိုင်း Root succeeded ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။ ဖုန်း Restart ကျသွားပါမည်။ Root ဖြစ်သွားပါပြီ။
Android 4.3 version များ Root လုပ်နေစဉ်တွင်ဖုန်းအကြိမ်ကြိမ် restart ကျနိုင်ပါသည်။ သတိပြုရန်မှာ ဖုန်း Screenအား အမြဲတမ်း on ထားရန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးအကြိမ် restart ကျအပြီးတွင် Superuser request : ADB shell (2000) ဟု superuser request တောင်းပါလိမ့်မည်။(အောက်ပုံ) Grant ကိုနှိပ်ပါ။ ၈ စက္ကန့်ခန့်သာနှိပ်ရန်အချိန်ရပါသည်။ ပြီးလျှင် restart တစ်ကြိမ်ကျပါလိမ့်မည် အောင်မြင်စွာ Root လုပ်ပြီးပါပြီ။
Knox security ပါသော firmware များတွင် Root လုပ်ပြီးသော်လဲ Root access မရဘဲဖြစ်တတ်ပါသည်။ Superuser update လုပ်ပေးလျှင် အဆင်ပြေသွားပါမည်။ အောက်တွင်ပေးထားသော link မှ Superuser update download ရယူပါ။ ပြီးလျှင် ဖုန်းတွင် install လုပ်ပါ။ Superuser update လုပ်နေစဉ် ဖုန်းတွင် internet connection ရှိရပါမည်။
Superuser update download link 1 (or) Superuser update download link2
UNROOT ပြုလုပ်နည်း
အကယ်၍ unroot ပြုလုပ်လိုပါက Kingo Android ROOT ကို computer တွင် Run ပါ။ ပြီးလျှင်အောက်ပုံတွင် ပြထားသည့်အတိုင်း Remove Root ကိုနှိပ်ပါ၊
မှတ်ချက်။ ။ Kingo Android ROOT ကိုအသုံးပြုမည် ဆိုပါက Computer တွင် အင်တာနက် ကွန်နက်ရှင် ရှိရန်လိုအပ်ပါသည်။
Warning။ ။မိမိ device နှင့် ကိုက်ညီမှုရှိမရှိကို အပေါ်တွင်ပေးထားသည့် Link မှ သွားရောက်စစ်ဆေးနိုင်ပါသည်။ Root လုပ်သောကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို Shwe Myanmar Lay မှတာဝန်ယူဖြေရှင်း ပေးမည်မဟုတ်ပါ။ အသုံးပြုသူ၏တာဝန်သာဖြစ်ပါသည်။ သို့ပါ၍ Root မလုပ်ခင်တွင် အရေးကြီးသော Data များကို back up လုပ်ထားရန် နှင့် မိမိ device ၏ Bulid number ကို မှတ်သားထားရန်အကြံပြုပါသည်။
Source : http://www.kingoapp.com/

Kaung Khant