Internet for Myanmar : Powered by KK

သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုသာ သီးသန့်ရရှိမည်

1604553_688166041227340_1335072588_n



သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှု အတွက်သာ သီးသန့်ရရှိမည်ဖြစ်ပြီး အင်တာနက်အသုံးပြုမှုနှင့် မက်ဆေ့ဂ်ျဝန်ဆောင်မှုအတွက် မိမိဖုန်းဘေဖြင့် ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဧပြီ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဖုန်းငွေဖြည့်ကတ် ထည့်သွင်းသူများအား ၂၀ ရာခိုင်နှုန်း အပိုငွေ ထည့်သွင်းပေးကာ ယင်းအပိုငွေကို သတ်မှတ်ရက်အတွင်းသာ အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ဧပြီ ၁၂ ရက်နေ့မှာ ငွေဖြည့်တယ်။ ငွေစစ်ကြည့်တော့ ၅၀၀၀ + အပို ၁၀၀၀ ဆိုပြီး မက်ဆေ့ဂ်ျပြန်တယ်။ အင်တာနက်သုံးပြီး ငွေစစ်ကြည့်တော့ ကိုယ်ထည့်ထားတဲ့ ဖုန်းဘေကပဲ ဖြတ်တယ်။ ဘောနပ်စ်ငွေက မဖြတ်ဘူး” ဟု ဧပြီ ၁၂ ရက်နေ့တွင် ငွေဖြည့်ကတ် ၅၀၀၀ ဖြည့်သွင်းသည့် မစန္ဒာမင်းက ဆိုသည်။
အဆိုပါ အပိုငွေထည့်သွင်းပေးခြင်းအား မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် GSM, WCDMA များအပြင် တန်ဖိုးနည်း ဖုန်းများတွင်လည်း ရရှိမည်ဖြစ်သည်။




Ref:Eleven Media Group

Credit to-Eleven Media Group


Thihahtike

Welcome From My Blog 

















  






www.internetformm.com/2014/04/android_10.htmlwww.internetformm.com/2014/04/iphonepadpod-appgame-iphonepadpod.html    



Member ၀င်ရန်